နိုင်ငံများစွာသို့ အလင်းဆောင်သွားသူ
ဘဝအတ္ထုပ္ပတ္တိ
နိုင်ငံများစွာသို့ အလင်းဆောင်သွားသူ
ဂျော့ခ်ျယန်း၏ဘဝအတ္ထုပ္ပတ္တိကို ရုသ် ယန်း နစ်ကိုလ်စန်ပြောပြသည်
“ဒီလိုဆိုရင် တရားဟောပလ္လင်ပေါ်မှာ ဘာကြောင့်ဒီလိုငြိမ်နေကြတာလဲ။ . . . ကျွန်တော်ရေးတဲ့စကားတွေ မှန်တယ်ဆိုတာကို သက်သေထူပြပြီးတဲ့နောက် ငြိမ်နေကြမယ်ဆိုရင် ကျွန်တော်တို့ဟာ ဘယ်လိုလူစားတွေ ဖြစ်သွားကြမလဲ။ လူတွေကို အသိဉာဏ်မဲ့တဲ့အခြေအနေမှာ ဆက်မနေစေဘဲ အမှန်တရားကို ခယတောင်းပန်၊ ဖုံးကွယ်လျှို့ဝှက်တဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ ကြေညာကြရအောင်။”
ဒီစကားတွေက ချာ့ခ်ျမှတ်တမ်းစာအုပ်ထဲကနေ အဖေ့ရဲ့နာမည်ထုတ်လိုက်ဖို့ တောင်းဆိုတဲ့ ၃၃ မျက်နှာရှိတဲ့အဖေ့နုတ်ထွက်စာထဲမှာပါတဲ့ အကြောင်းတချို့ဖြစ်ပါတယ်။ ခုနှစ်ကတော့ ၁၉၁၃ ခုနှစ်ကပါ။ အဲ့ဒီအချိန်ကစပြီး နိုင်ငံအတော်များများမှာ အလင်းဆောင်သူတစ်ဦးအဖြစ် အမှုဆောင်ဖို့အကြောင်းပေါ်စေတဲ့ ဘဝအတွေ့အကြုံများတဲ့လုပ်ငန်းကို စလုပ်ဆောင်ခဲ့တယ်။ (ဖိလိပ္ပိ ၂:၁၅-၁၆) ကျွန်မ ကလေးအရွယ်ကတည်းက ဆွေမျိုးတွေဆီကနေ အဖေရဲ့အတွေ့အကြုံတွေနဲ့ သမိုင်းအဖြစ်မှန်တွေကို စုဆောင်းပြီး မိတ်ဆွေတွေအကူအညီနဲ့ တစ်ခုချင်းဆက်စပ်ပြီးတော့ အဖေ့ဘဝဇာတ်ကြောင်းကို ပြန်ပုံဖော်ကြည့်ခဲ့တယ်။ အဖေ့အသက်တာဟာ တမန်တော်ပေါလုနဲ့ ခပ်ဆင်ဆင်ပဲ။ ‘တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော ထိုတမန်တော်’ လိုပါပဲ အဖေဟာ နေရာတိုင်းကျွန်းတိုင်းမှာရှိတဲ့သူတွေဆီ ခရီးထွက်ပြီး ယေဟောဝါရဲ့သတင်းပြောပြဖို့ အမြဲအဆင်သင့်ရှိခဲ့တယ်။ (ရောမ ၁၁:၁၄; ဆာလံ ၁၀၇:၁-၃) ကျွန်မရဲ့အဖေ၊ ဂျော့ခ်ျ ယန်းအကြောင်းကို ပြောပြပါရစေ။
အစောပိုင်းနှစ်များ
အဖေဟာ စကော့တလန်လူမျိုး ပရက်စ်ဘီတေးရီးယန်းဘာသာဝင် ဂျွန်နဲ့ မာဂရက် ယန်းတို့ရဲ့သားထွေးဖြစ်တယ်။ ၁၈၈၆၊ စက်တင်ဘာ ၈ ရက်နေ့မှာအဖေမွေးဖွားပြီး မကြာခင်မှာပဲ သူ့မိသားစုဟာ စကော့တလန်နိုင်ငံ အဲဒင်ဗာ့ဂ်မြို့ကနေ ကနေဒါအနောက်ပိုင်း ဗြိတိသျှကိုလံဘီယာကို ပြောင်းသွားခဲ့တယ်။ အဖေ့ရဲ့အစ်ကိုသုံးယောက်—အလက်ဇန္ဒား၊ ဂျွန်နဲ့ မာလ်ကန်—တို့ဟာ အစောပိုင်းက စကော့တလန်မှာ မွေးဖွားခဲ့ကြတယ်။ နယ်လီလို့ချစ်စနိုးနဲ့ခေါ်ခဲ့ကြတဲ့ ညီမအငယ်မေရီယန်က အဖေ့ထက် နှစ်နှစ်ငယ်တယ်။
ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗစ်တိုးရီးယားမြို့ကနေ သိပ်မဝေးတဲ့ စာနစ်မြို့က စိုက်ပျိုးရေးခြံတစ်ခုမှာ ကြီးပြင်းလာခဲ့ကြတဲ့ ဒီကလေးတွေဟာ တကယ်ပျော်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ တာဝန်သိတတ်လာခဲ့ကြတယ်။ ဒါကြောင့် မိဘတွေ ဗစ်တိုးရီးယားကပြန်လာတဲ့အခါ အိမ်အလုပ်တွေပြီးနေပြီး အိမ်လည်း သပ်သပ်ရပ်ရပ်ရှိတယ်။
အချိန်ကြာလာတဲ့အခါ အဖေနဲ့ အဖေ့ရဲ့ညီအစ်ကိုတွေဟာ သတ္တုတွင်းလုပ်ငန်းအပြင် သစ်လုပ်ငန်းကိုလည်း စိတ်ဝင်စားလာခဲ့ကြတယ်။ ယန်းညီအစ်ကိုတွေဟာ သစ်ထွက်ခန့်မှန်းသူတွေ (သစ်ထွက်နိုင်သည့်တောများကို ရှာဖွေစစ်ဆေးသူများ) အဖြစ်နဲ့ သစ်ရောင်းဝယ်သူတွေအဖြစ် နာမည်ကျော်ကြားလာခဲ့ကြတယ်။ အဖေကတော့ ငွေကြေးကိစ္စတွေကို ဦးစီးကွပ်ကဲခဲ့တယ်လေ။
နောက်ဆုံးတော့ ဝိညာဉ်ရေးကိုစိတ်ဝင်စားတဲ့အဖေဟာ ပရက်စ်ဘီတေးရီးယန်း တရားဟောဆရာဖြစ်ဖို့ စိတ်ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်လောက်မှာ ဇိအုန်ကင်းမျှော်စင်ဝေစာအသင်းရဲ့ ပထမဆုံးဥက္ကဋ္ဌဖြစ်သူ ချားလ်စ် တေ့ဇ် ရပ်စဲလ်ရဲ့ သတင်းစာထဲမှာပါတဲ့ တရားဟောပြောချက်ဟာ အဖေ့ရဲ့အသက်တာကို အကြီးအကျယ်သြဇာညောင်းခဲ့တယ်။ အဲဒီကနေ အဖေသိလာရတဲ့အကြောင်းတွေကြောင့် အစမှာဖော်ပြခဲ့တဲ့ နုတ်ထွက်စာကို သူရေးပို့ခဲ့တာ။
အဖေဟာ ဝိညာဉ်မသေနိုင်အယူနဲ့ ဘုရားသခင်ဟာ လူ့ဝိညာဉ်တွေကို မီးငရဲထဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်စတဲ့ ချာ့ခ်ျသွန်သင်ချက်တွေမှားကြောင်းကို သက်သေပြဖို့ ကျမ်းချက်တွေကို ကြင်ကြင်နာနာနဲ့ ရှင်းရှင်းလင်းလင်း ထောက်ပြခဲ့တယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကိုလည်း သူပြစ်တင်ရှုတ်ချခဲ့ပြီး အဲဒီအယူဟာ ခရစ်ယာန်မဟုတ်တဲ့သူတွေဆီကနေ အစပြုခဲ့တာရယ်၊ ကျမ်းစာက လုံးဝမထောက်ခံတာကိုပါ သက်သေပြပေးခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ယေရှုခရစ်ကို အတုယူတဲ့အနေနဲ့ ခရစ်ယာန်ဓမ္မအမှုမှာ အဖေပါဝင်ခဲ့ပြီး ယေဟောဝါရဲ့ဘုန်းအတွက် သူ့ရဲ့စွမ်းရည်တွေ၊ ခွန်အားတွေအားလုံးကို နှိမ့်ချစွာနဲ့အသုံးပြုခဲ့တယ်။
၁၉၁၇ ခုနှစ်မှာ ကင်းမျှော်စင်အသင်းရဲ့ ညွှန်ကြားမှုအောက်မှာ အဖေဟာ အဲ့ဒီအချိန်တုန်းက ယေဟောဝါသက်သေများရဲ့ နယ်လှည့်ကိုယ်စားလှယ်တွေကိုခေါ်ခဲ့တဲ့အတိုင်း ခရီးလှည့်ဆရာတစ်ဦးအဖြစ် စအမှုဆောင်ခဲ့တယ်။ ကနေဒါတစ်ဝန်းက မြို့ကြီး၊ မြို့ပြတွေမှာ အဖေဟောပြောချက်တွေပေးခဲ့ပြီး “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” လို့ခေါ်ခဲ့ကြတဲ့ ရုပ်ရှင်၊ ရုပ်သေအစီအစဉ်ကို တင်ဆက်ခဲ့တယ်။ အဖေရောက်လာတိုင်း ပြဇာတ်ရုံတွေ လူကြိတ်ကြိတ်တိုးနေတာပဲ။ အဖေ့ရဲ့နယ်လှည့်ခရီးစဉ် အစီအစဉ်ဇယားကို ၁၉၂၁ ခုနှစ်အထိ ကင်းမျှော်စင်မှာ ဖော်ပြပေးခဲ့တယ်။
ဧဝံဂေလိသတင်းဟောသူ ယန်းဟာ လူပေါင်း ၂,၅၀၀ ကိုဟောပြောခဲ့တယ်၊ ခန်းမထဲမှာ လူပြွတ်သိပ်နေတဲ့အတွက် လူအတော်များများ အထဲမဝင်နိုင်ခဲ့တဲ့အကြောင်းကို ဝင်နီပက်သတင်းစာတစ်စောင်က ဖော်ပြခဲ့တယ်။ အိုတာဝါမြို့မှာ “ငရဲသို့သွားပြီးပြန်လာခြင်း” အကြောင်းကို အဖေဟောပြောခဲ့တယ်။ အဲ့ဒီမှာ လူကြီးတစ်ယောက်က ဒီလိုပြောခဲ့တယ်– “ဂျော့ခ်ျ ယန်းဟောပြောပြီးတဲ့အခါ ဒီအကြောင်းကို သူနဲ့ဆွေးနွေးကြဖို့အတွက် ဓမ္မဆရာအုပ်စုကို စင်မြင့်ပေါ်လာဖို့ ဖိတ်ခေါ်ပေမဲ့ ဘယ်သူမှမသွားကြဘူး။ အဲ့ဒီအချိန်မှာ ဒါဟာ အမှန်တရားပဲဆိုတာကို ကျွန်တော်သိခဲ့ရတယ်။”
အဖေ ခရီးလှည့်လည်တဲ့အခါ ဝိညာဉ်ရေးလုပ်ဆောင်ချက်တွေကို အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့တယ်။ အဲ့ဒီနောက် စီစဉ်ထားတဲ့ နောက်တစ်နေရာကိုရောက်ဖို့ ကပျာကယာရထားပေါ်တက်ခဲ့ရတယ်။ ကားနဲ့ခရီးသွားတဲ့အခါ နောက်တစ်နေရာကို နံနက်စာမစားမီ စောစောကတည်းက ထွက်ခွာသွားတတ်တယ်။ အဖေဟာ ဇွဲရှိတဲ့အပြင် ထောက်ထားစာနာတတ်တဲ့သူလို့ နာမည်ကောင်းရပြီး သူ့ရဲ့ခရစ်ယာန်အမူအကျင့်နဲ့ ရက်ရောမှုကို လူအများသိခဲ့ကြတယ်။
အဖေတက်ခဲ့တဲ့ အစောပိုင်းခရိုင်စည်းဝေးတွေထဲမှာ အထူးအမှတ်တရဖြစ်ခဲ့တဲ့စည်းဝေးက ၁၉၁၈ ခုနှစ်၊ အဲလ်ဘာတာပြည်နယ်၊ အဲဒ်မွန်တန်မြို့မှာကျင်းပခဲ့တဲ့ စည်းဝေးပဲ။ နယ်လီနှစ်ခြင်းခံဖိလိပ္ပိ ၃:၁၄။
တဲ့အတွက် တစ်မိသားစုလုံး အားပေးတက်ရောက်ခဲ့ကြတယ်။ အဲ့ဒီအချိန်ဟာလည်း ညီအစ်ကိုတွေအားလုံး အတူတကွရှိခဲ့တဲ့ နောက်ဆုံးအကြိမ်ပဲ။ နှစ်နှစ်ကြာတော့ မာလ်ကန်ဟာ အဆုတ်ရောဂါနဲ့ ဆုံးသွားတယ်။ သူ့ရဲ့ညီအစ်ကိုသုံးယောက်နဲ့ သူ့အဖေလိုပဲ မာလ်ကန်လည်း ကောင်းကင်အသက်တာမျှော်လင့်ချက်ရှိခဲ့ပြီး သူတို့အားလုံး သေတဲ့အထိ ဘုရားသခင်အပေါ်သစ္စာရှိခဲ့ကြတယ်။—နိုင်ငံခြားလယ်ကွင်းများဆီသို့
၁၉၂၁၊ စက်တင်ဘာမှာ ကနေဒါနိုင်ငံတစ်လျှောက် ဟောပြောခြင်းခရီးစဉ်ပြီးနောက် အဲ့ဒီအချိန်တုန်းက ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က ကရစ်ဘီယံကျွန်းတွေကိုဆက်သွားဖို့ အဖေ့ကိုညွှန်ကြားခဲ့တယ်။ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုအဖေတင်ဆက်ပြသခဲ့တဲ့ နေရာတိုင်းမှာ လူတွေကောင်းကောင်းလက်ခံခဲ့ကြတယ်။ ထရီနီဒက်ကနေ အဖေဒီလိုစာရေးခဲ့တယ်– “နေရာပြည့်ကျပ်နေလို့ လူအတော်များများ ပြန်သွားခဲ့ကြရတယ်။ ဒုတိယညမှာ အဆောက်အအုံထဲ လူတွေကြိတ်ကြိတ်တိုးပဲ။”
အဲ့ဒီနောက် ၁၉၂၃ ခုနှစ်မှာ ဘရာဇီးကိုအဖေသွားဖို့ တာဝန်ရခဲ့တယ်။ အဲ့ဒီမှာ ပရိသတ်ကြီးတွေရှေ့ အဖေဟောပြောခဲ့ရပြီး တစ်ခါတလေ စကားပြန်ငှားခဲ့ရတယ်။ ၁၉၂၃၊ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် မှာဒီလိုဖော်ပြခဲ့တယ်– “ဇွန် ၁ မှ စက်တင်ဘာ ၃၀ အထိ ညီအစ်ကိုယန်းသည် စုစုပေါင်းတက်ရောက်သူ ၃,၆၀၀ ရှိလူထုအစည်းအဝေး ၂၁ ခု; တက်ရောက်သူ ၁,၁၀၀ ရှိအသင်းတော်အစည်းအဝေး ၄၈ ခုကိုကျင်းပခဲ့ပြီ; ပေါ်တူဂီဘာသာစကားဖြင့် စာပေစာတမ်းစောင်ရေ ၅,၀၀၀ ကိုအခမဲ့ဝေငှခဲ့သည်။” “ယခုအသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှမသေကြရ” ဟောပြောချက်ကို အဖေဟောတဲ့အခါ စိတ်ဝင်တစားနားထောင်သူ အတော်များတယ်။
၁၉၉၇၊ မတ် ၈ ရက်နေ့မှာ ဘရာဇီးအဆောက်အဦအသစ်တွေကိုအပ်နှံတဲ့အခါ အပ်နှံပွဲဘရိုရှာထဲမှာ ဒီလိုဖော်ပြတယ်– “၁၉၂၃– ဂျော့ခ်ျ ယန်းသည် ဘရာဇီးသို့ရောက်ရှိလာသည်။ သူသည် ရီယိုဒီဂျနေရိုမြို့လယ်တွင် ဌာနခွဲရုံးတစ်ခုကို စီစဉ်ဖွဲ့စည်းခဲ့သည်။” ကျမ်းစာစာပေစာတမ်းတွေကို စပိန်ဘာသာစကားနဲ့ ရရှိနိုင်ပေမဲ့ ဘရာဇီးနိုင်ငံရဲ့ အဓိကဘာသာစကားဖြစ်တဲ့ ပေါ်တူဂီဘာသာစကားနဲ့လိုအပ်နေတယ်။ ဒါကြောင့် ၁၉၂၃ အောက်တိုဘာ ၁ ကင်းမျှော်စင်ကစပြီး ပေါ်တူဂီဘာသာစကားနဲ့ ထွက်လာခဲ့တယ်။
အဖေဟာ ဘရာဇီးမှာ အမှတ်တရဖြစ်စရာ ဆက်သွယ်မှုအတော်များများရတယ်။ တစ်ခုကတော့ သူ့ရဲ့အိမ်ကို အစည်းအဝေးတွေလုပ်ဖို့ အသုံးပြုခွင့်ပေးတဲ့ ဂျာစီင်တူ ပီမဲန်တဲလ် ကာဘရာလ် လို့ခေါ်တဲ့ ပေါ်တူဂီသူဌေးကြီးတစ်ယောက်ဖြစ်တယ်။ မကြာခင်မှာ ဂျာစီင်တူဟာ ကျမ်းစာအမှန်တရားကို လက်ခံခဲ့ပြီး နောက်ပိုင်းမှာ ဌာနခွဲအမှုထမ်းဝင်တစ်ဦး ဖြစ်လာခဲ့တယ်။ နောက်တစ်ယောက်ကတော့ ပေါ်တူဂီဥယျာဉ်မှူး လူငယ်လေးတစ်ယောက်ဖြစ်တဲ့ မဲန်နွယ်လ် ဒါ စေလ်ဗာ ဂျော်ဒေးအိုဖြစ်တယ်။ အဖေ့လူထုဟောပြောချက်ကို သူကြားပြီးနောက် ပေါ်တူဂီကိုပြန်ပြီး အဲ့ဒီအချိန်တုန်းက ကော်လ်ပေါ်တာလို့ခေါ်တဲ့ ယေဟောဝါသက်သေများရဲ့ အချိန်ပြည့်အမှုဆောင်ဖြစ်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။
ဘရာဇီးနိုင်ငံတစ်လျှောက် ဝေးလံတဲ့နေရာတွေကို မီးရထားနဲ့အဖေသွားပြီး စိတ်ဝင်စားသူတွေရှာဖွေခဲ့တယ်။ ခရီးစဉ်တစ်ခုမှာ ဘိုနီနဲ့ ကာတာရီးနာ ဂရင်းတို့နဲ့ အဖေတွေ့ဆုံခဲ့တယ်၊ သူတို့နဲ့နှစ်ပတ်နီးပါးနေပြီး ကျမ်းစာအကြောင်းရှင်းပြပေးခဲ့တယ်။ ဒါနဲ့ပဲ မိသားစုထဲက ခုနစ်ယောက်လောက် ယေဟောဝါထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူခဲ့ကြတယ်။
၁၉၂၃ ခုနှစ်မှာ အဖေအဆက်အသွယ်ရခဲ့တဲ့ နောက်တစ်ယောက်က စဲရာ ဘဲလ်လိုနာ ဖာကစန်ဖြစ်တယ်။ ၁၈၆၇၊ ကလေးဘဝမှာ သူ့အစ်ကို အီရက်စ်မပ်စ် ဖလူတန် စမစ်နဲ့အတူ မိသားစုလိုက် အမေရိကန်ပြည်ထောင်စုကနေ ဘရာဇီးကို သူတို့ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ ၁၈၉၉ ခုနှစ်ကတည်းက သူဟာ ကင်းမျှော်စင်မဂ္ဂဇင်းတွေကို စာတိုက်ကနေ ပုံမှန်ရရှိခဲ့တယ်။ အဖေ့လည်ပတ်မှုက စဲရာ၊ သူ့ကလေးလေးယောက်နဲ့ အန်တီစဲလီလို့ အဖေခေါ်ခဲ့တဲ့သူတို့အားလုံးအတွက် နှစ်ခြင်းခံဖို့ အခွင့်အခါကောင်းပဲ။ ဒါကို သူတို့စောင့်မျှော်ခဲ့ကြတာ အတော်ကြာပြီ။ အဲ့ဒါ ၁၉၂၄၊ မတ် ၁၁ ရက်နေ့မှာဖြစ်တယ်။
အဲဒီနောက် မကြာခင်မှာ တောင်အမေရိကက တခြားနိုင်ငံတွေဆီ အဖေသွားဟောပြောခဲ့တယ်။ ၁၉၂၄၊ နိုဝင်ဘာ ၈ ရက်မှာ ပီရူးကနေ အဖေဒီလိုစာရေးခဲ့တယ်– “လီမာမြို့နဲ့ ကာယာအိုမြို့မှာ ဝေစာပေါင်း ၁၇,၀၀၀ ဝေပြီးပြီ။” အဲ့ဒီနောက် ဝေစာဝေငှဖို့အတွက် ဘိုလစ်ဗီးယားကို သွားခဲ့တယ်။ အဲ့ဒီကိုသွားတာနဲ့ပတ်သက်ပြီး အဖေဒီလိုစာရေးခဲ့တယ်– “ကျွန်တော်တို့ရဲ့ခမည်းတော်ဟာ ကြိုးစားအားထုတ်မှုကို ကောင်းချီးပေးနေတယ်။ အင်ဒီးယန်းလူမျိုးတစ်ယောက်က ကျွန်တော့်ကိုကူညီပေးတယ်။ သူ့အိမ်က အမေဇုန်မြစ်ဖျားမှာရှိတယ်။ သူနဲ့အတူ ဝေစာ ၁,၀၀၀ နဲ့စာအုပ်တချို့ကို ယူသွားပြီ။”
အဖေ့ကြိုးစားမှုကြောင့် ဗဟိုအမေရိကနဲ့ တောင်အမေရိက တစ်လျှောက်လုံးမှာရှိတဲ့ နိုင်ငံအတော်များများဆီကို ကျမ်းစာအမှန်တရားမျိုးစေ့ ပျံ့နှံ့သွားတယ်။ ၁၉၂၄၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင်က ဒီလိုဖော်ပြတယ်– “ဂျော့ခ်ျ ယန်းသည် တောင်အမေရိကသို့ ယခုနှစ်နှစ်ကျော်ရောက်ရှိနေပြီ။ . . . ဤချစ်လှစွာသောညီအစ်ကိုသည် မက်ဂျလန်ရေလက်ကြားရှိ ပွန်တာ အာရေးနားစ်မြို့သို့
အမှန်တရားသတင်း သယ်ဆောင်ခွင့် ရရှိခဲ့သည်။” ကော့စ်တာရီကာ၊ ပနားမားနဲ့ ဗင်နီဇွဲလားစတဲ့ နိုင်ငံတွေမှာလည်း ဟောပြောခြင်းလုပ်ငန်းကို အဖေစလုပ်ဆောင်ခွင့်ရခဲ့တယ်။ ငှက်ဖျားရောဂါရလာပြီး ကျန်းမာရေးထိခိုက်နေတာတောင် အဖေဆက်လုပ်ဆောင်ခဲ့တယ်။ဥရောပသို့
၁၉၂၅၊ မတ်လမှာ စပိန်နဲ့ပေါ်တူဂီမှာ ကျမ်းစာဝေစာ ၃၀၀,၀၀၀ ဝေငှဖို့ မျှော်လင့်ပြီး ညီအစ်ကို ရပ်သဖော့ဒ် လူထုကိုဟောပြောချက်ပေးဖို့အတွက် ကြိုတင်စီစဉ်ဖို့ ဥရောပကို သင်္ဘောနဲ့ အဖေခရီးထွက်ခဲ့တယ်။ ဒါပေမဲ့ စပိန်ကိုရောက်တော့ ဘာသာရေးသည်းမခံနိုင်မှုကိုတွေ့ရပြီး ညီအစ်ကိုရပ်သဖော့ဒ် ဟောပြောချက်ပေးဖို့မသင့်တော်ကြောင်း သူပြောခဲ့တယ်။
ညီအစ်ကိုရပ်သဖော့ဒ်က ဟေရှာယ ၅၁:၁၆ ကို ကိုးကားပြီး စာပြန်ခဲ့တယ်– “မိုးကောင်းကင်ကိုဆောက်၍၊ မြေကြီးကိုတည်စေခြင်းငှာလည်းကောင်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကိုပြောစေခြင်းငှာလည်းကောင်း၊ ငါ့စကားကို သင်၏နှုတ်ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကိုငါမိုးပြီ။” အဲဒီတော့ အဖေက “ဒါဟာ ငါရှေ့ဆက်လုပ်ဆောင်ပြီး အကျိုးကိုစောင့်ကြည့်ဖို့ သခင်အလိုတော်ရှိရမယ်” လို့ယူမှတ်ခဲ့တယ်။
၁၉၂၅၊ မေ ၁၀ ရက်နေ့မှာ ဗာစယ်လိုးနာမြို့က နိုဗီဒါးဒီစ်ပြဇာတ်ရုံမှာ ညီအစ်ကိုရပ်သဖော့ဒ်ဟာ စကားပြန်တစ်ဦးနဲ့ ဟောပြောချက်ပေးခဲ့တယ်။ စင်မြင့်ပေါ်မှာ အစိုးရအရာရှိတစ်ဦးနဲ့ အထူးကိုယ်ရံတော်တပ်သားတစ်ဦးအပါအဝင် တက်ရောက်သူ ၂,၀၀၀ ကျော်ရှိခဲ့တယ်။ ဒီလိုအစီအစဉ်ကို မဒရစ်မြို့မှာလည်းကျင်းပခဲ့တာ ၁,၂၀၀ တက်ရောက်ခဲ့တယ်။ ဒီဟောပြောချက်တွေကြောင့် စိတ်ဝင်စားမှုရှိလာလို့ ၁၉၇၈၊ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်ပြောသလို “ဂျော့ခ်ျ ယန်း၏ဦးဆောင်မှုအောက်” စပိန်နိုင်ငံမှာ ဌာနခွဲရုံးတည်ထောင်ခဲ့ရတယ်။
၁၉၂၅၊ မေ ၁၃ ရက်နေ့မှာ ညီအစ်ကိုရပ်သဖော့ဒ်ဟာ ပေါ်တူဂီနိုင်ငံ လစ္စဘန်မြို့မှာ ဟောပြောချက်ပေးခဲ့တယ်။ တရားဟောဆရာတွေက အစည်းအဝေးပျက်ရအောင် အော်ဟစ်ဆူပူ၊ ထိုင်ခုံတွေကိုချိုးဖျက်ခဲ့ကြပေမဲ့ ရပ်သဖော့ဒ်ရဲ့လည်ပတ်မှုဟာ အကြီးအကျယ်အောင်မြင်ခဲ့တယ်။ ပေါ်တူဂီနဲ့စပိန်မှာ ညီအစ်ကိုရပ်သဖော့ဒ် ဟောပြောချက်တွေ ပေးပြီးတဲ့နောက် အဖေက “ဓာတ်ပုံပြဇာတ်” ကိုဆက်ပြပေးခဲ့တယ်၊ အဲ့ဒီနေရာတွေမှာ ကျမ်းစာစာပေတွေ ပုံနှိပ်ပြီး ဝေငှနိုင်ဖို့လည်း သူစီစဉ်ခဲ့တယ်။ ၁၉၂၇ ခုနှစ်မှာ သတင်းကောင်းကို “စပိန်နိုင်ငံရှိ မြို့ကြီးမြို့ငယ်တိုင်းမှာ ဟောပြောပြီးပြီ” ဆိုပြီး အဖေသတင်းပို့ခဲ့တယ်။
ဆိုဗီယက်ပြည်ထောင်စုတွင် ဟောပြောခြင်း
အဖေ့ရဲ့ ခရစ်ယာန်သာသနာပြုတာဝန်နောက်တစ်ခုကတော့ ဆိုဗီယက်ပြည်ထောင်စုမှာဖြစ်ပြီး အဲဒီကို ၁၉၂၈၊ ဩဂုတ်လ ၂၈ ရက်နေ့မှာ ရောက်သွားတယ်။ ၁၉၂၈၊ အောက်တိုဘာ ၁၀ ရက်စွဲတပ်ပြီးရေးတဲ့စာတစ်စောင်ထဲမှာ ဒီလိုပါတယ်–
က ၂၄ နာရီအတွင်း ထွက်သွားဖို့သတိပေးစာရခဲ့ပေမဲ့ ဒါကိုဖြေရှင်းနိုင်ခဲ့လို့ ဆက်နေနိုင်သေးတယ်။”
“ရုရှားကိုရောက်ကတည်းက ‘နိုင်ငံတော်လာပါစေ’ လို့နှလုံးအပြည့်နဲ့ ကျွန်တော်တကယ်ဆုတောင်းနိုင်တယ်။ ဘာသာစကားကို ကျွန်တော်သင်ယူနေပါတယ်၊ မြန်မြန်နဲ့တော့ မတတ်နိုင်ဘူး။ ကျွန်တော့်ရဲ့စကားပြန်က တကယ့်ကိုထူးခြားတဲ့ ဂျူးတစ်ယောက်ဖြစ်တယ်၊ သူက ခရစ်တော်ကိုယုံကြည်တယ်၊ ကျမ်းစာကိုလည်း မြတ်နိုးတယ်။ စိတ်ဝင်စားစရာတွေ့ကြုံမှုတွေရှိတယ်၊ ဒါပေမဲ့ ဘယ်လောက်ကြာကြာနေထိုင်ခွင့်ရမယ်ဆိုတာကို ကျွန်တော်မသိဘူး။ ပြီးခဲ့တဲ့အပတ်အခု ယူကရိန်းနိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ခါရ်ကော့ဖ်မြို့က ကျမ်းစာကျောင်းသားတချို့နဲ့ အဆက်အသွယ်ရခဲ့လို့ နွေးထွေးတဲ့အပြန်အလှန်အားပေးမှုကြောင့် ဝမ်းသာမျက်ရည်တွေကျခဲ့တယ်။ အစည်းအဝေးငယ်တွေကို ညတိုင်း သန်းခေါင်အထိ ကျင်းပခဲ့ကြရတယ်။ ညီအစ်ကိုတွေနဲ့ ဒီလိုတွေ့ဆုံခဲ့တဲ့အကြောင်းကို နောက်ပိုင်းမှာ အဖေက ဒီလိုစာရေးသတင်းပို့ခဲ့တယ်– “တကယ်သနားစရာကောင်းတယ်၊ ညီအစ်ကိုတွေရဲ့စာအုပ်အနည်းငယ် အသိမ်းခံရပြီး အာဏာပိုင်တွေနဲ့လည်း အဆင်မပြေတာတောင် သူတို့ပျော်ရွှင်ကြတယ်။”
ဆိုဗီယက်ပြည်ထောင်စုမှာ အဖေပြုလုပ်ခဲ့တဲ့အမှုဆောင်ခြင်းကို ၁၉၉၇ ခုနှစ်၊ ဇွန် ၂၁ ရက်မှာကျင်းပတဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့က ဌာနခွဲရုံးအသစ်အပ်နှံပွဲကို တက်ရောက်လာတဲ့ သူတွေအတွက် အထူးဘရိုရှာထဲမှာ ပေါ်လွင်စေခဲ့တယ်။ အဖေ့ကို မော်စကိုကိုစေလွှတ်ခဲ့ပြီး “ရုရှားတွင်ဝေငှရန်အတွက် လူတို့အဖို့လွတ်လပ်မှုနှင့် လူသေများအဘယ်မှာရှိသနည်း စာအုပ်ငယ်စောင်ရေ ၁၅,၀၀၀ ထုတ်ဝေရန်” အခွင့်ရရှိခဲ့တဲ့အကြောင်း ဘရိုရှာထဲမှာဖော်ပြခဲ့တယ်။
ရုရှားကပြန်လာပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ နယ်လှည့်လုပ်ငန်းလုပ်ဖို့ အဖေတာဝန်ရခဲ့တယ်။ တောင်ဒါကိုတာမှာ နယ်လီနာနဲ့ ဗာဒါ ပူးလ်လို့ခေါ်တဲ့ ညီအစ်မနှစ်ယောက်ဆီ အဖေလည်ပတ်ခဲ့တယ်၊ နောက်ပိုင်းမှာ သူတို့ဟာ ပီရူးမှာ ခရစ်ယာန်သာသနာပြုတွေဖြစ်လာခဲ့ကြတယ်။ အဖေရဲ့မနားမနေ အမှုဆောင်ရွက်တာကို သူတို့ကျေးဇူးတင်လေးမြတ်ကြောင်း ဒီလိုဖော်ပြခဲ့ကြတယ်– “အဲ့ဒီအချိန်ကညီအစ်ကိုတွေဟာ လောကပစ္စည်း နည်းနည်းပဲရှိကြပေမဲ့ ယေဟောဝါကိုချစ်တဲ့စိတ်အပြည့်နဲ့ နိုင်ငံခြားကို သွားခဲ့ကြတာ ရှေ့ဆောင်စိတ်ဓာတ် တကယ်ရှိကြလို့ပဲ။ အဲ့ဒီစိတ်ဓာတ်က သူတို့ပြုလုပ်နိုင်ခဲ့တာတွေကို လှုံ့ဆော်ပေးခဲ့တယ်။”
အိမ်ထောင်ပြုခြင်းနှင့် ဒုတိယခရီးစဉ်
နှစ်တွေတစ်လျှောက်မှာ အဖေဟာ အွန်တဲရီးယိုပြည်နယ်၊ မန်နီတိုးလင်းကျွန်းသူ ကလယ်ရာ ဟပ်ဘတ်နဲ့ စာအဆက်အသွယ်ရှိခဲ့တယ်။ ကျမ်းစာကျောင်းသားတွေက ယေဟောဝါသက်သေများဆိုတဲ့ နာမည်ကိုခံယူခဲ့ကြတဲ့ ၁၉၃၁၊ ဇူလိုင် ၂၆ ရက်၊ ကိုလမ်ဘတ်စ်၊ အိုဟိုင်အိုမှာကျင်းပခဲ့တဲ့စည်းဝေးကြီးကို အဖေတို့နှစ်ယောက်စလုံး တက်ရောက်ခဲ့ကြတယ်။ (ဟေရှာယ ၄၃:၁၀-၁၂) တစ်ပတ်အကြာမှာ အဖေတို့လက်ထပ်လိုက်ကြတယ်။ မကြာခင်မှာပဲ ကရစ်ဘီယံကျွန်းတွေတစ်လျှောက် ဒုတိယခရစ်ယာန်သာသနာပြုခရီးစဉ်ကို အဖေခရီးထွက်ရပြန်တယ်။ အဲ့ဒီမှာ အစည်းအဝေးတွေကိုစီစဉ်တတ်ဖို့နဲ့ တစ်အိမ်မှတစ်အိမ် အမှုဆောင်ခြင်းမှာပါဝင်ဖို့ တခြားသူတွေကို အဖေလေ့ကျင့်ကူညီပေးခဲ့တယ်။
အမေကတော့ စူရီနမ်၊ စိန့်ကစ္စနဲ့ တခြားဒေသတွေကနေ
ဓာတ်ပုံတွေ၊ ကတ်တွေနဲ့ စာတွေရရှိခဲ့တယ်။ စာတွေထဲမှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်တဲ့အကြောင်းနဲ့ တစ်ခါတလေ အဖေရောက်နေတဲ့နိုင်ငံတွေမှာရှိတဲ့ ငှက်တွေ၊ တိရစ္ဆာန်တွေနဲ့ အပင်တွေအကြောင်းပါတယ်။ ၁၉၃၂ ဇွန်မှာ ကရစ်ဘီယံမှာလုပ်ရမယ့်အလုပ်ပြီးသွားလို့ ထုံးစံအတိုင်း သင်္ဘောကုန်းပတ်ပေါ်စီးပြီး ကနေဒါကိုပြန်လာခဲ့တယ်။ အဲ့ဒီနောက် အဖေနဲ့အမေဟာ အတူတူအမှုဆောင်ခဲ့ကြတယ်။ ၁၉၃၂/၃၃ ဆောင်းတွင်းမှာ အိုတာဝါအရပ်က တခြားအချိန်ပြည့်အမှုဆောင်တွေနဲ့အတူ အမှုဆောင်ခဲ့ကြတယ်။မိသားစုဘဝအကြောင်း အကျဉ်းချုပ်
၁၉၃၄ မှာ ကျွန်မရဲ့အစ်ကို ဒေးဗစ်ကိုမွေးခဲ့တယ်။ သူကလေးအရွယ်မှာပဲ အမေ့ရဲ့ဦးထုပ်သေတ္တာပေါ်မှာရပ်ပြီး “ဟောပြောချက်တွေ” ပေးတန်းကစားခဲ့တယ်။ အဖေ့လိုပဲ သူ့ရဲ့အသက်တာတစ်လျှောက်လုံးမှာ ယေဟောဝါအတွက် ဇွဲရှိတာကိုတင်ပြခဲ့တယ်။ အဖေတို့သုံးယောက်ဟာ ကနေဒါအရှေ့ဘက်ကမ်းခြေကနေ အနောက်ဘက်ကမ်းခြေမှာရှိတဲ့ အသင်းတော်တွေဆီ အမိုးပေါ်မှာ အသံချဲ့စက်တပ်ထားတဲ့ကားနဲ့ လှည့်ပတ်ခရီးထွက်ခဲ့ကြတယ်။ ဗြိတိသျှကိုလံဘီယာမှာ အဖေတာဝန်ကျတုန်း ၁၉၃၈ ခုနှစ်မှာ ကျွန်မကိုမွေးဖွားခဲ့တယ်။ အဖေက ကျွန်မကိုအိပ်ရာပေါ်တင်ပြီး ကျွန်မအတွက်ကျေးဇူးတင်ကြောင်း အဖေ၊ အမေနဲ့ ဒေးဗစ်တို့က ကျွန်မပတ်ပတ်လည်မှာ ဒူးထောက်ဆုတောင်းခဲ့ကြတာကို ဒေးဗစ်မှတ်မိတယ်။
၁၉၃၉ ဆောင်းတွင်းမှာ ဗဲန်ကူးဗားနယ်မြေကအသင်းတော်တွေဆီ အဖေလည်ပတ်နေတုန်း အဲ့ဒီမြို့မှာကျွန်မတို့နေထိုင်ခဲ့ကြတယ်။ နှစ်တွေတစ်လျှောက် ကျွန်မတို့စုဆောင်းထားခဲ့တဲ့စာတွေထဲက ၁၉၃၉၊ ဇန်နဝါရီ ၁၄၊ ရက်စွဲတပ်ထားတဲ့စာကို ဗြိတိသျှကိုလံဘီယာခရိုင်၊ ဗာနွန်မြို့ကနေ အဖေရေးခဲ့တယ်။ အဖေက ကလယ်ရာ၊ ဒေးဗစ်နဲ့ ရုသ်လို့လိပ်မူပြီး “အဖေ့ရဲ့အနမ်းနဲ့ ပွေ့ဖက်မှုကိုပို့လိုက်တယ်” တဲ့။ အဲဒီစာထဲမှာ ကျွန်မတို့တစ်ယောက်စီအတွက် အမှာစကားတွေပါတယ်။ စပါးရိတ်စရာများနေပေမဲ့ ရိတ်တဲ့သူတွေနည်းတယ်လို့ အဖေပြောပြခဲ့တယ်။—မဿဲ ၉:၃၇၊ ၃၈။
ဗဲန်ကူးဗားမြို့မှာတာဝန်ထမ်းပြီးပြန်လာလို့ တစ်ပတ်အကြာ အစည်းအဝေးတစ်ခုမှာ အဖေရုတ်တရက်လဲကျသွားတယ်။ ရောဂါရှာဖွေတဲ့အခါ အဖေဟာ ဦးနှောက်မှာကင်ဆာအကျိတ်ရှိတယ်လို့ သိလိုက်ရတယ်။ ၁၉၃၉၊ မေ ၁ ရက်မှာ အဖေဟာ သူ့ရဲ့မြေကြီးအသက်တာ ပြီးဆုံးသွားခဲ့တယ်။ ကျွန်မက ကိုးလပဲရှိသေးတယ်၊ ဒေးဗစ်ကတော့ ငါးနှစ်ပြည့်ခါနီးပြီ။ ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ ကျွန်မတို့ချစ်ရတဲ့အမေဟာ သူသေဆုံးတဲ့ ၁၉၆၃၊ ဇွန် ၁၉ ရက်အထိ ဘုရားသခင်အပေါ်သစ္စာရှိခဲ့တယ်။
နိုင်ငံအတော်များများမှာ သတင်းကောင်းသယ်ဆောင်ဟောပြောခွင့်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး အဖေ့ရဲ့ခံစားချက်ကို အမေ့ဆီရေးတဲ့ စာတစ်စောင်ထဲမှာ တကယ်ကောင်းကောင်းဖော်ပြထားတယ်။ စာတစ်ပိုင်းမှာ သူဒီလိုဆိုတယ်– “ယေဟောဝါဟာ ဘုရားသခင့်နိုင်ငံတော်သတင်းသယ်ဆောင်တဲ့ အလင်းဆောင်သူတစ်ဦးအဖြစ် ဒီနိုင်ငံတွေကိုသွားဖို့ စေတနာနဲ့ခွင့်ပြုခဲ့တယ်။ သန့်ရှင်းမြင့်မြတ်တဲ့နာမတော် ချီးမွမ်းခံရပါစေ။ အပြစ်အနာအဆာ၊ အရည်အချင်းမပြည့်မီ၊ အားနည်းချို့ငဲ့တဲ့ကြား ကိုယ်တော့်ဘုန်း ထွန်းလင်းတောက်ပနေတယ်။”
အခုဆိုရင် ဂျော့ခ်ျနဲ့ကလယ်ရာ ယန်းတို့ရဲ့ကလေးတွေ၊ မြေးမြစ်တွေဟာလည်း မေတ္တာရှင်ဘုရားသခင် ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်နေကြပါတယ်။ အဖေဟာ “နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် [မတရားသော]အမှုကိုပြုတော်မူသည်မဟုတ်” လို့ဆိုတဲ့ ဟေဗြဲ ၆:၁၀ ကိုမကြာခဏကိုးကားခဲ့တယ်လို့ ကျွန်မသိခဲ့ရတယ်။ ကျွန်မတို့လည်း အဖေ့ရဲ့လုပ်ဆောင်မှုတွေကို မေ့လို့မရပါဘူး။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ညာဘက်ရှိအဖေနှင့် သူ့အစ်ကိုသုံးယောက်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ညီအစ်ကိုဝူ့ဒ်ဝေါ့သ်၊ ရပ်သဖော့ဒ်နှင့် မက္ခမီလန် နှင့်အတူအဖေ (ရပ်နေ)
အောက်ပုံ– ညီအစ်ကိုရပ်စဲလ်နှင့်အတူ အုပ်စုပါ အဖေ (ဘယ်စွန်)
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အဖေနှင့်အမေ
အောက်ပုံ– အဖေတို့လက်ထပ်သည့်နေ့
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
အဖေဆုံးပြီး နှစ်အနည်းငယ်အကြာ ဒေးဗစ်၊ အမေနှင့် ကျွန်မ