မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်ပတ်လည်အစည်းအဝေး အောက်တိုဘာ ၇၊ ၂၀၀၀

နှစ်ပတ်လည်အစည်းအဝေး အောက်တိုဘာ ၇၊ ၂၀၀၀

နှစ်ပတ်လည်​အစည်းအဝေး အောက်တိုဘာ ၇၊ ၂၀၀၀

ပဲ​င်​စီ​လ်​ဘေး​နီး​ယား ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်းသားများ​၏ နှစ်ပတ်လည်​အစည်းအဝေး​ကို ၂၀၀၀၊ အောက်တိုဘာ ၇ တွင်​အမှတ် ၂၉၃၂၊ ကယ်​နီ​ဒီ ဘိုလီဗတ်၊ ဂျာ​စီ​စီးတီး၊ န​ယူး​ဂျာ​စီ​ရှိ ယေဟောဝါသက်သေ​များ​၏​စည်းဝေး​ခန်းမ​၌ ကျင်းပ​ကြ​မည်။ အသင်းဝင်​သူများ​အတွက်သာ​ဖြစ်သည့် ပဏာမ​အစည်းအဝေး​ကို နံနက် ၉:၁၅ အချိန်တွင်​စပြီး နှစ်ပတ်လည်​အထွေထွေ​အစည်းအဝေး​ကို နံနက် ၁၀:၀၀ တွင်​ဆက်လက်​ကျင်းပ​ပါ​မည်။

ဤ​ကော်ပိုရေးရှင်း​၏​အသင်းဝင်​သူများ​သည် လွန်ခဲ့သော​နှစ်​အတွင်း မိမိတို့​လိပ်စာ​အပြောင်းအလဲ​ရှိပါက အတွင်းရေးမှူး​ရုံး​သို့ အကြောင်းကြားစာ​များ ကြိုတင်​ပို့​ထား​မှ​သာ​လျှင် ဇူလိုင်​လ​အတွင်း ပုံမှန်​နို့တစ်စာ​များနှင့်​လွှဲစာများ ရောက်ရှိ​နိုင်​ပါ​လိမ့်​မည်။

နှစ်ပတ်လည်​အစည်းအဝေး​နို့​တစ်​နှင့်အတူ အသင်းဝင်​သူများ​ထံ ပူးတွဲ​ပေး​ပို့​မည့်​လွှဲစာများ​ကို အသင်းမ​၏​အတွင်းရေးမှူး​ရုံး​သို့ ဩဂုတ်​လ ၁ ရက်​နေ့​ထက် နောက်​မကျ​ဘဲ ပြန်ပို့​ပေး​ရန်ဖြစ်​သည်။ အသင်းဝင်​သူ​တစ်ဦးစီ​သည် မိမိ၏​လွှဲစာ​ကို​ဖြည့်စွက်​ပြီး ချက်ချင်း​ပြန့်​ပို့ပေး​သင့်​သည်။ စည်းဝေး​သို့ ကိုယ်တိုင်​ရောက်​မ​ရောက် အကြောင်းကြား​ပါ။ ဤ​အချက်​ကို လွှဲစာ​တွင် အတိအကျ​ဖော်ပြ​ပေး​ရမည်။ ယင်း​အပေါ်​အမှီပြု၍ မည်သူ​တို့ ကိုယ်တိုင်​ရှိ​မည်၊ မရှိ​မည်​ကို ဆုံးဖြတ်​နိုင်​မည်​ဖြစ်သည်။

လုပ်ထုံး​အရ လုပ်ငန်း​ဆိုင်ရာ​စည်းဝေး​နှင့် ပြန်တမ်း​များ​အပါအဝင် စည်းဝေး​အစီအစဉ်​တစ်ခုလုံး​သည် မွန်းလွဲ ၁:၀၀ အချိန်၊ သို့​မဟုတ် ယင်း​ပတ်ဝန်းကျင်​တွင် ပြီးဆုံး​လိမ့်​မည်​ဟု မျှော်လင့်​ပါ​သည်။ မွန်းလွဲပိုင်း​တွင် အခြား​အစီအစဉ်​ရှိ​မည်​မဟုတ်ပါ။ နေရာ​ထိုင်​ခင်း​အကန့်အသတ်​သာ​ရှိသည့်​အတွက် လက်မှတ်​ဖြင့်​သာ တက်ရောက်ခွင့်​ရှိပါ​သည်။ အခြား​ခန်းမ​များ​သို့ တယ်လီဖုန်း​ဖြင့် နှစ်ပတ်လည်​အစည်းအဝေး​ကို ဆက်သွယ်​ပေး​ရန် အစီအစဉ်များ ပြုလုပ်​မည်​မဟုတ်ပါ။