သတင်းကောင်းကို စိတ်အားထက်သန်စွာကြေညာလော့
သတင်းကောင်းကို စိတ်အားထက်သန်စွာကြေညာလော့
“စိတ်အားထက်သန်စွာ သခင်ဘုရား [ယေဟောဝါ] ၏အမှုတော်ကို ဆောင်ရွက်ကြလော့။”—ရောမ ၁၂:၁၁၊ သတင်းကောင်း။
၁၊ ၂။ ခရစ်ယာန်များသည် သတင်းကောင်းဟောပြောသူများအနေနှင့် အဘယ်သဘောထားကို ထိန်းသိမ်းဖို့ကြိုးစားကြသနည်း။
အလုပ်အကိုင်အသစ်တစ်ခုနှင့်ပတ်သက်၍ လူငယ်တစ်ဦး စိတ်လှုပ်ရှားနေသည်။ အလုပ်စဆင်းသည့်နေ့တွင် အလုပ်ရှင်၏ညွှန်ကြားချက်များကို စိုးရိမ်တကြီးဖြင့် သူစောင့်မျှော်နေသည်။ ဦးဦးဆုံးလုပ်ကိုင်ရမည့်အလုပ်ကို သူစောင့်မျှော်၍ ယင်းကိုအလွန်အလေးအနက်ထားသည်။ အကောင်းဆုံးပြုလုပ်ရန် သူစိတ်ထက်သန်လျက်ရှိသည်။
၂ အလားတူ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို လုပ်သားသစ်များအဖြစ် ရှုမြင်နိုင်သည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်မှာ ထာဝစဉ်အသက်ရှင်ဖို့ဖြစ်သောကြောင့် ယေဟောဝါ၏အမှုတော်ကို စထမ်းခါစသာရှိသေးသည်ဟုဆိုနိုင်ပါသည်။ ကျွန်ုပ်တို့ ထာဝစဉ်အလုပ်များနေရမည့် လုပ်ငန်းတာဝန်များကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ကြံစည်ထားနှင့်မည်မှာအမှန်။ သို့သော် ကျွန်ုပ်တို့ ဦးဆုံးရရှိထားသောတာဝန်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာခြင်းဖြစ်သည်။ (၁ သက်သာလောနိတ် ၂:၄) ဘုရားသခင်ထံမှရသော ဤတာဝန်ကို ကျွန်ုပ်တို့မည်သို့ယူမှတ်ကြသနည်း။ လူငယ်ကဲ့သို့ပင် ယင်းကို ကျွန်ုပ်တို့စွမ်းဆောင်နိုင်သမျှဇွဲလုံ့လ၊ ရွှင်လန်းစွာဖြင့် ဆောင်ရွက်လိုကြပေမည်!
၃။ သတင်းကောင်း၏အမှုဆောင်တစ်ဦးအဖြစ် အောင်မြင်ရန် အဘယ်အရာလိုအပ်သနည်း။
၃ ယင်းသို့သောအပြုသဘောထားကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် အမှန်တကယ်ပင် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏အမှုဆောင်ခြင်းအပြင် အခြားတာဝန်ဝတ္တရားများစွာရှိ၍ အချို့တို့မှာ ကာယရေးနှင့် စိတ္တရေးအရ အားစိုက်စရာလိုသည့် အလုပ်များဖြစ်ပေမည်။ အများအားဖြင့်ဆိုလျှင် အမှုတော်ကိုကျေပွန်စွာဆောင်ရွက်နေစဉ် ထိုအရာများကို ကျွန်ုပ်တို့အတော်အတန်ဂရုစိုက်ပြုလုပ်နိုင်ကြပါသည်။ သို့တိုင် အဆက်မပြတ်ကြိုးစားရုန်းကန်နေကြရပေမည်။ (မာကု ၈:၃၄) ခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့အောင်မြင်ရန် ပြင်းထန်စွာဝီရိယစိုက်ထုတ်ဖို့လိုလိမ့်မည်ဖြစ်ကြောင်း ယေရှုအလေးပေးဖော်ပြခဲ့သည်။—လုကာ ၁၃:၂၄။
၄။ နေ့စဉ်စိုးရိမ်ပူပန်မှုများက ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမြင်အပေါ် မည်သို့အကျိုးသက်ရောက်နိုင်သနည်း။
၄ ပြုလုပ်စရာများစွာရှိသည့်အတွက် တစ်ခါတစ်ရံ ဖိစီးခံရသည် သို့မဟုတ် ဝန်ပိနေသည်ဟုခံစားရဖို့လွယ်ကူသည်။ “လော[က]စိုးရိမ်ခြင်း” က သီအိုကရက်တစ်လုပ်ဆောင်မှုများအတွက် ကျွန်ုပ်တို့၏ဇွဲနှင့် တန်ဖိုးထားလေးမြတ်မှုကို ဟန့်တားစေနိုင်သည်။ (လုကာ ၂၁:၃၄၊ ၃၅; မာကု ၄:၁၈၊ ၁၉) ကျွန်ုပ်တို့၏မစုံလင်သောလူ့သဘာဝကြောင့် “ရှေးဦးစွာသောချစ်ခြင်းမေတ္တာ” လျော့နည်းသွားနိုင်ပေသည်။ (ဗျာဒိတ် ၂:၁-၄) ယေဟောဝါ၏အမှုဆောင်ခြင်းဆိုင်ရာ အချို့သောအပိုင်းကဏ္ဍများသည် ကျွန်ုပ်တို့အတွက် လုပ်ရိုးလုပ်စဉ်သာဖြစ်လာနိုင်သည်။ အမှုတော်အတွက် ကျွန်ုပ်တို့၏ဇွဲကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်သောအားပေးမှုကို ကျမ်းစာကမည်သို့ရရှိစေသနည်း။
ကျွန်ုပ်တို့၏နှလုံး၌ “လောင်သောမီး” ကဲ့သို့
၅၊ ၆။ တမန်တော်ပေါလုသည် ဟောပြောခြင်းဆိုင်ရာ သူ၏အခွင့်ထူးကို မည်သို့ရှုမြင်ခဲ့သနည်း။
၅ ကျွန်ုပ်တို့ကို ယေဟောဝါအပ်နှင်းထားသောအမှုတော်သည် သာမန်အရာဖြစ်လာစေဖို့ အဖိုးထိုက်လွန်းလှသည်။ တမန်တော်ပေါလုသည် သတင်းကောင်းဟောပြောခြင်းကို အလွန်ကြီးမားသောအခွင့်ထူးအဖြစ်ယူမှတ်ခဲ့ပြီး ၎င်းကိုမထိုက်မတန် မိမိအားအပ်နှင်းထားပြီဟု သူရှုမြင်ခဲ့သည်။ သူကဤသို့ဆိုခဲ့သည်– “စစ်၍မကုန်နိုင်သော ခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားတို့အား ဟောပြောခြင်းငှာလည်းကောင်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသောဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံးဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့်စပ်ဆိုင်သောသာသနာသည် အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူထက်သာ၍ငယ်သော ငါ့အား ထိုကျေးဇူးတော်ကိုပေးတော်မူပြီ။”—ဧဖက် ၃:၈၊ ၉။
၆ အမှုဆောင်ခြင်းနှင့်ပတ်သက်သော ပေါလု၏အပြုသဘောရောမ ၁:၁၅၊ ၁၆) သူ၌သဘောထားမှန်ရှိပြီး အမှုတော်ကိုဆောင်ရွက်ရန် စိတ်အားထက်သန်ခဲ့သည်။
သည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးပုံနမူနာဖြစ်သည်။ ရောမမြို့သားများထံ သူရေးသောစာတွင် ဤသို့ဆိုသည်– “ငါတတ်နိုင်သမျှအတိုင်း . . . ဧဝံဂေလိတရားကိုဟောခြင်းငှာ စေတနာစိတ်ရှိ၏။” ထိုသတင်းကောင်းကိုဟောပြောရန် သူမရှက်မကြောက်ခဲ့ပါ။ (၇။ ရောမမြို့သားများထံ ပေါလုရေးသောစာတွင် အဘယ်အရာကိုသူသတိပေးထားသနည်း။
၇ စိတ်အားထက်သန်သောအမြင်ကို ဆက်ထိန်းသိမ်းထားဖို့လိုကြောင်း တမန်တော်ပေါလုအသိအမှတ်ပြုခဲ့သည့်အတွက် ရောမမြို့ရှိခရစ်ယာန်များကို ဤသို့တိုက်တွန်းခဲ့သည်– “မပျင်းမရိဘဲ အလုပ်ကိုကြိုးစားအားထုတ် လုပ်ကိုင်ကြလော့။ စိတ်အားထက်သန်စွာ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်ကြလော့။” (ရောမ ၁၂:၁၁၊ သတင်းကောင်း) ‘ပျင်းရိ’ ဟုပြန်ဆိုထားသော ဂရိစကားလုံးမှာ “ထိုင်းမှိုင်းသော၊ ဖင့်နွှဲသော” ဟူသည့်သဘောသက်ရောက်သည်။ ကျွန်ုပ်တို့၏အမှုဆောင်ခြင်း၌ အမှန်ပျင်းရိမည်မဟုတ်ကြသော်လည်း ဝိညာဉ်ရေးထိုင်းမှိုင်းမှု၏ လက္ခဏာများ ပေါ်လာသည်နှင့် ကျွန်ုပ်တို့အားလုံးသတိရှိရန်လိုသည်၊ ယင်းလက္ခဏာများကို ကျွန်ုပ်တို့၌တွေ့မြင်လျှင် မိမိတို့သဘောထားကို သင့်လျော်စွာပြုပြင်ဖို့လိုသည်။—သု. ၂၂:၃။
၈။ (က) အဘယ်အရာသည် ယေရမိ၏နှလုံးတွင် “လောင်သောမီး” ကဲ့သို့ဖြစ်လာသနည်း၊ အဘယ်ကြောင့်နည်း။ (ခ) ယေရမိ၏တွေ့ကြုံမှုမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။
၈ ကျွန်ုပ်တို့စိတ်ပျက်အားလျော့သောအခါ၌လည်း ဘုရားသခင့်ဝိညာဉ်တော်က ကျွန်ုပ်တို့ကိုထောက်မပေးနိုင်သည်။ သာဓကအနေနှင့်၊ တစ်ကြိမ်က ပရောဖက်ယေရမိသည် စိတ်ပျက်အားလျော့ခဲ့ပြီး သူ၏ပရောဖက်တာဝန်ကို ရပ်နားဖို့စဉ်းစားခဲ့သည်။ ယေဟောဝါနှင့်ပတ်သက်၍ သူကဤသို့ပင်ပြောခဲ့သည်– “ငါသည် နှုတ် [မြွက်စကား] ယေရမိ ၂၀:၉) ဘုရားသခင့်သစ္စာရှိကျေးကျွန်များသည် မကြာခဏစိတ်ပျက်အားလျော့ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ယေဟောဝါထံ အကူအညီတောင်းဆိုကြသောအခါ ယေရမိကဲ့သို့ သူတို့၏နှလုံး၌ ကိုယ်တော်၏နှုတ်မြွက်စကားတော်ရှိမည်ဆိုလျှင် ကိုယ်တော်သည် သူတို့၏နှလုံးကိုဖတ်ရှု၍ မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို လွတ်လပ်စွာပေးသနားတော်မူလိမ့်မည်။—လုကာ ၁၁:၉-၁၃; တမန်တော် ၁၅:၈။
တော်ကိုမကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်။” ယင်းက ယေရမိသည် ဝိညာဉ်ရေးအလွန်အားနည်းသည့် အထောက်အထားလော။ မဟုတ်ပါ။ အမှန်ဆိုလျှင် ယေရမိ၏ဝိညာဉ်ရေးသန်မာမှု၊ ယေဟောဝါကိုချစ်သည့်မေတ္တာနှင့် အမှန်တရားအတွက် သူ၏ဇွဲတို့က သူ့ကိုဆက်၍ပရောဖက်ပြုစေခဲ့သည်။ သူကဤသို့ရှင်းပြသည်– “[ယေဟောဝါ၏စကားတော်သည်] ငါ့အရိုးတို့၌ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ် [မြွက်စကား] တော်သည် ငါ့နှလုံး၌ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့်အောင့်၍မနေနိုင်။” (“ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်”
၉။ ကျွန်ုပ်တို့၏အကျိုးအတွက် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုကို အဘယ်အရာကအတားအဆီးဖြစ်စေနိုင်သနည်း။
၉ တမန်တော်ပေါလုက သက်သာလောနိတ်မြို့သားများကို ဤသို့တိုက်တွန်းခဲ့သည်– “ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။” (၁ သက်သာလောနိတ် ၅:၁၉) မှန်ပါသည်၊ ဘုရားသခင်ရေးရာမူများနှင့် ဆန့်ကျင်သောလုပ်ရပ်များ၊ သဘောထားများသည် ကျွန်ုပ်တို့အကျိုးအတွက် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုကို အတားအဆီးဖြစ်စေနိုင်သည်။ (ဧဖက် ၄:၃၀) မျက်မှောက်ခေတ်ခရစ်ယာန်များ၌ သတင်းကောင်းဟောပြောဖို့ တာဝန်ရှိသည်။ ဤအခွင့်ထူးကို ကျွန်ုပ်တို့အလေးအနက်သဘောထားကြသည်။ ဘုရားသခင်ကိုမသိသူများသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို အထင်အမြင်သေးကြခြင်းသည် ကျွန်ုပ်တို့အတွက်အံ့အားသင့်စရာမဟုတ်ပါ။ သို့သော် ခရစ်ယာန်တစ်ဦးသည် သူ၏အမှုဆောင်ခြင်းကို တမင်တကာပျက်ကွက်သည့်အခါ ဘုရားသခင်၏လှုံ့ဆော်ပေးသော ဝိညာဉ်တော်မီးကို ငြိမ်းစေရာရောက်ပေမည်။
၁၀။ (က) လူလူချင်းရှုမြင်ပုံက ကျွန်ုပ်တို့ကိုမည်သို့ထိခိုက်နိုင်သနည်း။ (ခ) ၂ ကောရိန္သု ၂:၁၇ တွင် ကျွန်ုပ်တို့၏အမှုဆောင်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်မြင့်မြတ်သောရှုမြင်ပုံကို ဖော်ပြထားသနည်း။
၁၀ ခရစ်ယာန်အသင်းတော်ပြင်ပမှသူအချို့က ကျွန်ုပ်တို့၏အမှုဆောင်ခြင်းကို စာပေစာတမ်းဖြန့်ဝေခြင်းအဖြစ်သာ ရှုမြင်ကြပေမည်။ အခြားသူတို့ကမူ အလှူငွေများရရှိဖို့အတွက်သာ ကျွန်ုပ်တို့တစ်အိမ်မှတစ်အိမ်သွားကြသည်ဟု မှားယွင်းစွာယူဆကြပေမည်။ ယင်းသို့သော အဆိုးမြင်သဘောထားများ၏လွှမ်းမိုးမှုကို ကျွန်ုပ်တို့ခံလျှင် အမှုဆောင်ခြင်းတွင် ထိရောက်မှု လျော့နည်းသွားနိုင်သည်။ ထိုသို့သောအတွေးအခေါ်၏ ထိခိုက်မှုကိုခံမည့်အစား ကျွန်ုပ်တို့၏အမှုဆောင်ခြင်းအပေါ် ယေဟောဝါနှင့်ယေရှုရှိကြသည့်အမြင်ကို ဆက်ထိန်းသိမ်းထားကြပါစို့။ တမန်တော်ပေါလုက ဤသို့ကြေညာခဲ့သောအခါ ထိုမြင့်မြတ်သောရှုမြင်ပုံကို ထုတ်ဖော်ခဲ့သည်– “ဘုရားသခင်၏နှုတ် [မြွက်စကား] တော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏အလိုတော်နှင့်အညီ၊ ဘုရားသ၂ ကောရိန္သု ၂:၁၇။
ခင့်ရှေ့တော်၌ ခရစ်တော်၏တရားကိုဟောပြောကြ၏။”—၁၁။ နှိပ်စက်ညှဉ်းပန်းမှုကြား ကနဦးခရစ်ယာန်များကို စိတ်အားထက်သန်စေသည်ကား အဘယ်အရာနည်း၊ သူတို့၏ပုံသက်သေက ကျွန်ုပ်တို့ကိုမည်သို့အကျိုးသက်ရောက်စေသင့်သနည်း။
၁၁ ယေရှုသေဆုံးပြီးမကြာမီလေးတွင် ယေရုရှလင်မြို့ရှိတပည့်တော်များသည် နှိပ်စက်ညှဉ်းပန်းမှုကို တစ်ခဏတွေ့ကြုံခဲ့ရကြသည်။ သူတို့ခြိမ်းခြောက်ခံခဲ့ကြရပြီး ဆက်မဟောပြောဖို့ အမိန့်ပေးခံခဲ့ရသည်။ သို့သော်၊ သမ္မာကျမ်းစာက သူတို့သည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏နှုတ် [မြွက်စကား] တော်ကို ရဲရင့်စွာဟောပြောကြ၏” ဟုဆိုသည်။ (တမန်တော် ၄:၁၇၊ ၂၁၊ ၃၁) နှစ်အနည်းငယ်ကြာပြီးနောက် တိမောသေကိုပေါလုရေးသည့်စကားက ခရစ်ယာန်များဆက်ထိန်းသိမ်းသင့်သော အပြုသဘောထားကိုဖော်ပြသည်။ ပေါလုကဤသို့ဆိုသည်– “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏။ ထို့ကြောင့်၊ ငါတို့သခင်ဘုရား၏သက်သေကိုလည်းကောင်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါ့ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသောတန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့်ဆက်ဆံ၍ ဆင်းရဲ . . . ကိုခံလော့။”—၂ တိမောသေ ၁:၇၊ ၈။
ကျွန်ုပ်တို့၏အိမ်နီးချင်းအပေါ် အဘယ်တာဝန်ရှိသနည်း
၁၂။ သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရသည့် အဓိကအကြောင်းရင်းကား အဘယ်နည်း။
၁၂ ကျွန်ုပ်တို့၏အမှုဆောင်ခြင်းနှင့်ပတ်သက်၍ လျောက်ပတ်သောသဘောထားရှိဖို့ ရည်ရွယ်ချက်မှန်ရှိရမည်။ ကျွန်ုပ်တို့အဘယ်ကြောင့်ဟောပြောကြသနည်း။ အဓိကအကြောင်းရင်းကို ဆာလံဆရာ၏ဤစကား၌တွေ့ရသည်– “ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။ နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့်၊ တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အားဖော်ပြကြပါ၏။” (ဆာလံ ၁၄၅:၁၀-၁၂) မှန်ပါသည်၊ ယေဟောဝါအားလူသိရှင်ကြားချီးမွမ်းရန်နှင့် လူသားအားလုံးရှေ့ ကိုယ်တော်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေဖို့ရန် ကျွန်ုပ်တို့ဟောပြောကြသည်။ လူနည်းစုသာနားထောင်ကြသည့်အခါ၌ပင် ကယ်တင်ခြင်းသတင်းကို သစ္စာရှိစွာကြေညာခြင်းက ယေဟောဝါအားဂုဏ်တင်ချီးမွမ်းစေသည်။
၁၃။ ကယ်တင်ခြင်းမျှော်လင့်ချက်အကြောင်းကို သူတစ်ပါးအားပြောပြဖို့ အဘယ်အရာကစေ့ဆော်ပေးသနည်း။
၁၃ လူတို့ကိုချစ်သည့်မေတ္တာကြောင့်လည်းကောင်း၊ သွေးပြစ်ကိုရှောင်ဖို့လည်းကောင်း ကျွန်ုပ်တို့ဟောပြောကြသည်။ (ယေဇကျေလ ၃၃:၈; မာကု ၆:၃၄) ခရစ်ယာန်အသင်းတော်ပြင်ပရှိသူတို့နှင့်စပ်လျဉ်းသည့် ပေါလုပြောခဲ့သောစကားက ယင်းနှင့်ပတ်သက်သည်– “ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။” (ရောမ ၁:၁၄) “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်” ဖို့ ဘုရားသခင်အလိုရှိသောကြောင့် လူတို့ကိုသတင်းကောင်းကြေညာရန် မိမိ၌တာဝန်ရှိသည်ဟု ပေါလုယူမှတ်ခဲ့သည်။ (၁ တိမောသေ ၂:၄) ယနေ့ ကျွန်ုပ်တို့၏အိမ်နီးချင်းအပေါ် အလားတူမေတ္တာထား၍ ထပ်တူတာဝန်ရှိသည်ဟု ကျွန်ုပ်တို့ယူမှတ်ကြသည်။ လူသားတို့ကို ယေဟောဝါချစ်သည့်မေတ္တာက လူတို့အတွက်အသေခံရန် မိမိ၏သားတော်ကိုမြေကြီးသို့စေလွှတ်ဖို့ ကိုယ်တော်အားလှုံ့ဆော်ပေးခဲ့သည်။ (ယောဟန် ၃:၁၆) ယင်းသည် တကယ့်စွန့်လွှတ်မှုကြီးတစ်ခုဖြစ်၏။ ယေရှု၏ပူဇော်သကာအပေါ်အခြေပြုသော ကယ်တင်ခြင်းသတင်းကောင်းကို အခြားသူများအားပြောပြရန် ကျွန်ုပ်တို့အချိန်သုံးကာ၊ လုံ့လစိုက်ထုတ်ခြင်းဖြင့် ယေဟောဝါကိုကျွန်ုပ်တို့တုပကြသည်။
၁၄။ ခရစ်ယာန်အသင်းတော်ပြင်ပရှိလောကကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။
၁၄ ယေဟောဝါသက်သေများသည် လူသားချင်းတို့ကို ခရစ်ယာန်အသင်းအပင်းဝင်များ ဖြစ်လာနိုင်ကြသူများအဖြစ် ရှုမြင်ကြသည်။ ကျွန်ုပ်တို့ရဲရင့်စွာဟောပြောကြရမည်ဖြစ်သည်၊ သို့သော် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ပါ။ အမှန်မှာ ယေဘုယျလောကအကြောင်းပြောသောအခါ သမ္မာကျမ်းစာသည် ပြင်းထန်သည့်အသုံးအနှုန်းများကို အသုံးပြုထား၏။ ‘လောကပညာ’ နှင့် ‘လောကတပ်မက်ခြင်း’ အကြောင်းပေါလုပြောသည့်အခါ ‘လောက’ ဟူသောစကားလုံးကို မလိုလားအပ်သည့်အဓိပ္ပာယ်မျိုးဖြင့် သူအသုံးပြုထားသည်။ (၁ ကောရိန္သု ၃:၁၉; တိတု ၂:၁၃) ဧဖက်ခရစ်ယာန်များသည် ‘လောကတရားသို့လိုက်’ သောအခါ ဝိညာဉ်ရေးအရ သူတို့ “သေ” လျက်ရှိကြောင်း သူတို့ကို ပေါလုသတိပေးခဲ့သေးသည်။ (ဧဖက် ၂:၁-၃) ဤဖော်ပြချက်များနှင့် အလားတူဖော်ပြချက်များသည် တမန်တော်ယောဟန်၏ ဤစကားများနှင့်ညီညွတ်သည်– ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြ၏။’—၁ ယောဟန် ၅:၁၉။
၁၅။ ခရစ်ယာန်အသင်းတော်ပြင်ပရှိသူတို့နှင့်စပ်လျဉ်း၍ အဘယ်အရာကို ကျွန်ုပ်တို့မပြုကြသနည်း၊ အဘယ်ကြောင့်နည်း။
၁၅ သို့သော် ထိုသို့သောဖော်ပြချက်များသည် လူတစ်ဦးစီတို့နှင့်မဟုတ်ဘဲ ဘုရားသခင်နှင့်ကင်းကွာနေသော လောကသားအများစုကို ရည်ညွှန်းကြောင်းသတိရပါ။ ဟောပြောခြင်းလုပ်ငန်းကို လူတစ်ဦးအနေနှင့် မည်သို့တုံ့ပြန်လိမ့်မည်ဟူ၍ ခရစ်ယာန်များကြိုတင်မဆုံးဖြတ်ဝံ့ကြပေ။ မည်သူ့ကိုမျှ ဆိတ်များအဖြစ်ဖော်ပြရန်အခြေခံအကြောင်း သူတို့၌မရှိပါ။ “သိုး” နှင့် “ဆိတ်” ကိုခွဲဖို့ ယေရှုကြွလာသောအခါ မည်သို့ဖြစ်လိမ့်မည်ဟူ၍ ကျွန်ုပ်တို့ပြောဆိုစရာမဟုတ်ပါ။ (မဿဲ ၂၅:၃၁-၄၆) ခန့်အပ်ခံရသောတရားသူကြီးမှာ ယေရှုဖြစ်သည်; ကျွန်ုပ်တို့မဟုတ်ကြပါ။ ထို့အပြင် အလွန်အကျင့်ဆိုးခဲ့ကြသူအချို့သည် ကျမ်းစာသတင်းစကားကိုလက်ခံပြီး ပြောင်းလဲ၍ သန့်ရှင်းစွာနေထိုင်သည့် ခရစ်ယာန်များဖြစ်လာကြကြောင်း အတွေ့အကြုံကဖော်ပြသည်။ ထို့ကြောင့် အချို့သူတို့နှင့် ကျွန်ုပ်တို့အပေါင်းအသင်းလုပ်မည်မဟုတ်သော်လည်း အခွင့်အရေးရသည်နှင့် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်အကြောင်း သူတို့ကိုပြောပြရန် တွန့်ဆုတ်ကြမည်မဟုတ်ပါ။ မယုံကြည်သူများဖြစ်စဉ်ပင် ‘ထာဝရအသက်ကိုတလိုတလားရှိ’ သူအချို့အကြောင်း ကျမ်းစာစောင်များကဖော်ပြသည်။ ဤသူတို့သည် နောက်ဆုံးယုံကြည်သူများဖြစ်လာခဲ့ကြသည်။ (တမန်တော် ၁၃:၄၈၊ ကဘ) ကြိမ်ဖန်များစွာပင် ကျွန်ုပ်တို့သက်သေမခံမီ မည်သူသည် တလိုတလားရှိကြောင်း သိနိုင်မည်မဟုတ်ပါ။ ယင်းကိုစိတ်စွဲမှတ်ထားလျက် ကယ်တင်ခြင်းသတင်းကို လက်မခံရသေးသူအများမှ အချို့သည် အသက်ပေးသတင်းကို တုံ့ပြန်ကြဦးမည်ဟူသောမျှော်လင့်ချက်ဖြင့် သူတို့ကို “နူးညံ့သောသဘော” နှင့် ‘အလွန်လေးစား’ စွာဆက်ဆံကြပါမည်။—၂ တိမောသေ ၂:၂၅; ၁ ပေတရု ၃:၁၅။
၁၆။ ‘သွန်သင်ခြင်းအတတ်ပညာ’ ကိုတိုးတက်စေချင်ရသည့် အကြောင်းရင်းတစ်ခုကား အဘယ်နည်း။
၁၆ ဆရာသမားများအဖြစ် အရည်အသွေးများ တိုးတက်စေခြင်းက သတင်းကောင်းကို စိတ်အားထက်သန်စွာကြေညာလိုစိတ် တိုးပွားစေပါလိမ့်မည်။ သာဓကအနေနှင့် စိတ်လှုပ်ရှားဖွယ်ကစားပွဲ သို့မဟုတ် အားကစားတစ်မျိုးသည် မကစားတတ်သူတစ်ဦးအတွက် ငြီးငွေ့ဖွယ်ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် ၎င်းကိုကောင်းစွာကစားတတ်သူတစ်ဦးအတွက် ယင်းသည် ပျော်ရွှင်စရာဖြစ်သည်။ အလားတူ၊ ‘သွန်သင်ခြင်းပညာ’ ရှိသည့် ခရစ်ယာန်များသည် အမှုဆောင်ခြင်းမှပျော်ရွှင်မှုရရှိသည်။ (၂ တိမောသေ ၄:၂; တိတု ၁:၉) ပေါလုကတိမောသေကို ဤသို့အကြံပေးခဲ့သည်– “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ [အမှန်] တရားကိုမှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။” (၂ တိမောသေ ၂:၁၅) ကျွန်ုပ်တို့၏သွန်သင်ခြင်းစွမ်းရည်ကို မည်သို့တိုးတက်စေနိုင်သနည်း။
၁၇။ ကျမ်းစာအသိပညာကို “အလွန်လိုချင်သောစိတ်” မည်သို့ရှိစေနိုင်သနည်း၊ ယင်းအသိပညာသည် ကျွန်ုပ်တို့၏အမှုဆောင်ခြင်းကို မည်သို့အကျိုးပြုမည်နည်း။
၁၇ နည်းတစ်နည်းမှာ တိကျမှန်ကန်သောအသိပညာကို ထပ်ဆင့်ရယူခြင်းအားဖြင့်ဖြစ်သည်။ တမန်တော်ပေတရုက ကျွန်ုပ်တို့ကိုဤသို့တိုက်တွန်းသည်– “ကယ်တင်ခြင်းအလိုငှာ နှုတ်[မြွက်]တရား၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊ ဖွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။” (၁ ပေတရု ၂:၃) ကျန်းမာသန်စွမ်းသောကလေးငယ်တစ်ဦးသည် သဘာဝအလျောက် နို့ကိုလိုချင်တောင့်တသည်။ သို့ရာတွင် ခရစ်ယာန်တစ်ဦးသည် ကျမ်းစာအသိပညာကို “အလွန်လိုချင်သောစိတ်” ရှိဖို့လိုပေမည်။ ကောင်းစွာလေ့လာ၊ ဖတ်ရှုသည့်အကျင့်ကို မွေးမြူခြင်းဖြင့် ထိုသို့ပြုနိုင်သည်။ (သု. ၂:၁-၆) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွမ်းကျင်စွာသွန်သင်ပေးသော ဆရာသမားများဖြစ်လာကြရမည်ဆိုလျှင် ကြိုးစားအားထုတ်မှုနှင့် ကိုယ့်ကိုယ်ကိုဆုံးမမှုရှိဖို့လိုသည်၊ သို့သော် ယင်းသို့သောကြိုးစားအားထုတ်မှုများက အကျိုးကျေးဇူးများရရှိစေသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆန်းစစ်ခြင်းမှရသော အားရမှုသည် ဘုရားသခင့်ဝိညာဉ်တော်ဖြင့် စိတ်အားကြီးကာ ကျွန်ုပ်တို့သင်ယူခဲ့ရာများကို သူတစ်ပါးအား ဝေမျှလိုစိတ်ပြင်းပြစေပေလိမ့်မည်။
၁၈။ အမှန်တရားကိုမှန်ကန်စွာပိုင်းခြားတတ်ရန် ခရစ်ယာန်အစည်းအဝေးများက မည်သို့ထောက်ကူပေးနိုင်သနည်း။
၁၈ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွမ်းကျင်စွာအသုံးပြုခြင်း၌ ခရစ်ယာန်အစည်းအဝေးများကလည်း အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ လူထုဟောပြောချက်များနှင့် ကျမ်းစာဆွေးနွေးခန်းများပြုစဉ်တွင် ကျမ်းချက်များကိုဖတ်ကြသည့်အခါ ကိုယ်ပိုင်ကျမ်းစာများ၌ လိုက်ဖတ်ကြည့်လျှင် ကောင်းပေသည်။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းနှင့် အထူးသက်ဆိုင်သည့် အစည်းအဝေးအပိုင်းများအပါအဝင် ၎င်းတို့ကို အလေးအနက်အာရုံစိုက်ခြင်းသည် ပညာရှိရာရောက်၏။ သရုပ်ပြခန်းများကို ဘယ်သောအခါမျှလျှော့မတွက်ဘဲ စိတ်ပျံ့လွင့်မသွားစေသင့်ပါ။ ဤတွင်တစ်ဖန် မိမိကိုယ်ကိုဆုံးမခြင်းနှင့် အာရုံစူးစိုက်ခြင်း လိုအပ်ပြန်သည်။ (၁ တိမောသေ ၄:၁၆) ခရစ်ယာန်အစည်းအဝေးများသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တည်ဆောက်ပေး၍ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အလွန်လိုချင်သောစိတ်ရှိစေကာ စိတ်အားထက်သန်စွာ သတင်းကောင်းကြေညာသူများဖြစ်စေရန် လေ့ကျင့်ပေးသည်။
ယေဟောဝါ၏ထောက်မကူညီမှုကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်
၁၉။ ဟောပြောခြင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၉ ‘ဝိညာဉ်တော်ဖြင့်စိတ်အားကြီး’ ၍ သတင်းကောင်းကိုကြေညာရန် စိတ်ပြင်းပြသည့်ခရစ်ယာန်များသည် အမှုဆောင်ခြင်း၌ မှန်မှန်ပါဝင်ရန်ကြိုးပမ်းကြသည်။ (ဧဖက် ၅:၁၅၊ ၁၆) အခြေအနေကွဲပြား၍ ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် လူတိုင်းတစ်မျိုးတစ်ပုံစံတည်း မပါဝင်နိုင်သည်မှာမှန်ပါသည်။ (ဂလာတိ ၆:၄၊ ၅) သို့သော် ဟောပြောခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့အသုံးပြုသောအချိန်စုစုပေါင်းထက် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို သူတစ်ပါးအားပြောပြသည့်အကြိမ်ပေါင်းက ပို၍အရေးပါပေမည်။ (၂ တိမောသေ ၄:၁၊ ၂) ကျွန်ုပ်တို့ဟောပြောလေလေ ဤလုပ်ငန်း၏အရေးပါမှုကို တန်ဖိုးထားလေးမြတ်လာလေလေဖြစ်မည်။ (ရောမ ၁၀:၁၄၊ ၁၅) ညည်းတွားငိုကြွေး၍ မျှော်လင့်ချက်ကင်းမဲ့နေသော စိတ်ရင်းမှန်သူတို့နှင့် ကျွန်ုပ်တို့အမြဲတွေ့ဆုံရသောအခါ ပိုမိုသနားကြင်နာ ညှာတာထောက်ထားတတ်လာပေမည်။—ယေဇကျေလ ၉:၄; ရောမ ၈:၂၂။
၂၀၊ ၂၁။ (က) ကျွန်ုပ်တို့ရှေ့တွင် အဘယ်လုပ်ငန်းရှိသေးသနည်း။ (ခ) ကျွန်ုပ်တို့၏ကြိုးပမ်းမှုများကို ယေဟောဝါမည်သို့ထောက်မနေသနည်း။
၂၀ ယေဟောဝါသည် ကျွန်ုပ်တို့ကိုသတင်းကောင်းပေးအပ်ထားသည်။ ယင်းသည် ကိုယ်တော်၏ ‘လုပ်ဖော်ဆောင်ဖက်ချင်းများ’ အဖြစ် ကျွန်ုပ်တို့ကိုဦးဆုံးပေးသည့်တာဝန်ဖြစ်သည်။ (၁ ကောရိန္သု ၃:၆-၉) ဘုရားသခင်ပေးသည့်ဤတာဝန်ကို စိုးလ်အကြွင်းမဲ့၊ ကျွန်ုပ်တို့အတတ်နိုင်ဆုံးပြီးပြည့်စုံစေလိုကြသည်။ (မာကု ၁၂:၃၀; ရောမ ၁၂:၁) ကမ္ဘာပေါ်တွင် အမှန်တရားကိုဆာမွတ်ကြသည့် တလိုတလားရှိသူများစွာရှိဆဲဖြစ်၏။ လုပ်ကိုင်စရာများစွာရှိသည်မှန်သော်လည်း ကျွန်ုပ်တို့၏အမှုဆောင်ခြင်းကို အပြည့်အဝဆောင်ရွက်နေစဉ် ယေဟောဝါ၏ထောက်မကူညီမှုကို ယုံကြည်စိတ်ချနိုင်ကြပါသည်။—၂ တိမောသေ ၄:၅။
၂၁ ယေဟောဝါသည် ကျွန်ုပ်တို့ကိုဝိညာဉ်တော်ပေးသနား၍ ဘုရားသခင့်နှုတ်မြွက်စကားတော်တည်းဟူသော “ဝိညာဉ်တော်၏ဓား” ပေးထားတော်မူ၏။ ကိုယ်တော်၏ထောက်မမှုဖြင့် “သတင်းကောင်း၏နက်နဲသောအနက်အဓိပ္ပာယ်ကို ရဲရင့်စွာ” ပြောဆိုနိုင်ရန် ကျွန်ုပ်တို့၏နှုတ်များကိုဖွင့်ဟနိုင်ကြသည်။ (ဧဖက် ၆:၁၇-၂၀၊ သတင်းကောင်း) သက်သာလောနိတ်မြို့ရှိခရစ်ယာန်များထံ တမန်တော်ပေါလုရေးသားခဲ့သော ဤစကားများသည် ကျွန်ုပ်တို့နှင့်လည်းသက်ဆိုင်နိုင်ပါစေ– “ငါတို့ဟောပြောသောဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ . . . အမှန်သိခြင်းနှင့်လည်းကောင်း ပြည့်စုံသောတရားဖြစ်၏။” (၁ သက်သာလောနိတ် ၁:၅) မှန်ပါသည်၊ သတင်းကောင်းကို စိတ်အားထက်သန်စွာ ကြေညာကြစို့လေ!
အကျဉ်းသုံးသပ်ချက်
• ဘဝ၏စိုးရိမ်ပူပန်မှုများကြောင့် အမှုဆောင်ခြင်း၌ကျွန်ုပ်တို့၏ဇွဲသည် မည်သို့ဖြစ်နိုင်သနည်း။
• သတင်းကောင်းကိုကြေညာလိုသော ကျွန်ုပ်တို့၏ဆန္ဒသည် အဘယ်နည်းဖြင့် နှလုံးထဲ၌ “လောင်သောမီး” ဖြစ်သင့်သနည်း။
• အမှုဆောင်ခြင်းနှင့်ပတ်သက်၍ အဘယ်အဆိုးမြင်သဘောထားများကို ရှောင်သင့်သနည်း။
• ယေဘုယျအားဖြင့်၊ ကျွန်ုပ်တို့နှင့် ယုံကြည်ချက်ချင်းမတူသူတို့ကို မည်သို့ ရှုမြင်သင့်သနည်း။
• ဟောပြောခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့၏ဇွဲကို ဆက်ထိန်းသိမ်းထားနိုင်ရန် ယေဟောဝါမည်သို့ထောက်ကူပေးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ယေရမိနှင့်ပေါလု၏ ဇွဲကိုတုပကြ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အမှုဆောင်ခြင်း၌ ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုသည် ဘုရားသခင်နှင့် အိမ်နီးချင်းကိုမေတ္တာရှိခြင်းက လှုံ့ဆော်ပေး