အတွင်းငြိမ်သက်မှုကို မည်သည့်နေရာတွင် သင်ရှာတွေ့နိုင်သနည်း
အတွင်းငြိမ်သက်မှုကို မည်သည့်နေရာတွင် သင်ရှာတွေ့နိုင်သနည်း
ယနေ့ အတွင်းငြိမ်သက်မှုရရှိနိုင်ပုံနှင့်ပတ်သက်၍ အကြံပေးချက်မပြတ်ရှိနေသည်။ စိတ်ပညာရှင်များနှင့် လမ်းညွှန်စာအုပ်များကို ရေးသားသူများ—သတင်းစာ ဆောင်းပါးရှင်များပင်—သူတို့၏အကြံဉာဏ်များကိုပေးကြသည်။ သူတို့၏အကြံပေးချက်မှာ ရေတိုအကူအညီသာဖြစ်ပေမည်; သို့သော် ရေရှည်ဖြေရှင်းချက်များအတွက် ထိုထက်လေးနက်ရန် လိုအပ်ပေသည်။ ယင်းက ရှေ့ဆောင်းပါးတွင်ဖော်ပြထားသူတို့ တွေ့ ရှိခဲ့ရာဖြစ်သည်။
အန်တိုနီအို၊ မာကော့စ်၊ ဂါဇန်၊ ဗန်နီးယား၊ မာစီလိုတို့သည် နောက်ခံခြင်းမတူကြသကဲ့သို့ အခက်အခဲတစ်မျိုးစီရှိခဲ့ကြ၏။ သို့သော် သူတို့၌ အနည်းဆုံးအရာသုံးခုတူညီကြသည်။ ပထမကား သူတို့တွင် “မျှော်လင့်ခြင်းမရှိ၊ လောက၌ဘုရားမဲ့နေကြ” သည့်အချိန်ရှိခဲ့သည်။ (ဧဖက် ၂:၁၂) ဒုတိယမှာ သူတို့သည် စိတ်နှလုံး၏အတွင်းငြိမ်သက်မှု ရလိုခဲ့ကြ၏။ တတိယမှာ သူတို့အားလုံးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာသင်အံမှုကို လက်ခံခဲ့ကြပြီးနောက် သူတို့အလိုရှိသောငြိမ်သက်မှုကို ရှာတွေ့ခဲ့ကြသည်။ သူတို့ တိုးတက်လာသည်နှင့်အမျှ ဘုရားသခင်သည် သူတို့ကိုစိတ်ဝင်စားကြောင်း သိလာခဲ့ကြ၏။ အမှန်မှာ မိမိခေတ်ကအာသင်မြို့သားများကို ပေါလုပြောပြခဲ့သကဲ့သို့ ဘုရားသခင်သည် ‘ကျွန်ုပ်တို့တွင်အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။’ (တမန်တော် ၁၇:၂၇) ယင်းကို စိတ်ရိုးခံဖြင့် ယုံကြည်စိတ်ချခြင်းက အတွင်းငြိမ်သက်မှုရရှိရန် အဓိကအချက်ဖြစ်သည်။
ငြိမ်းချမ်းမှု အဘယ်ကြောင့်ဤမျှနည်းရသနည်း
ကမ္ဘာပေါ်တွင် ငြိမ်သက်မှု—အတွင်းငြိမ်သက်မှုဖြစ်စေ၊ လူလူချင်းငြိမ်သက်မှုဖြစ်စေ—ကင်းမဲ့ရခြင်းအတွက် အခြေခံအကြောင်းရင်းနှစ်ရပ်ကို သမ္မာကျမ်းစာကဖော်ပြသည်။ ပထမအချက်ကို ယေရမိ ၁၀:၂၃ ၌ ဤသို့ရှင်းပြသည်– “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကိုမစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” လူတို့သည် အကူအညီမပါဘဲ ကိုယ်ကိုကိုယ်အုပ်ချုပ်ရန် အသိပညာမရှိ၊ အမြော်အမြင်လည်းမရှိချေ၊ ထို့ပြင် အမှန်တကယ်တန်ဖိုးရှိသည့် တစ်ခုတည်းသောအကူအညီမှာ ဘုရားသခင့်ထံတော်မှဖြစ်၏။ ဘုရားသခင့်လမ်းညွှန်မှုကို မရှာဖွေကြသူတို့အနေနှင့် တည်မြဲသောငြိမ်သက်မှုကို ဘယ်တော့မျှရရှိမည်မဟုတ်ချေ။ ငြိမ်သက်မှုကင်းမဲ့ခြင်း၏ ဒုတိယအကြောင်းရင်းကို တမန်တော်ယောဟန်၏စကားတွင် တွေ့ရှိရသည်– ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်။’ (၁ ယောဟန် ၅:၁၉) ဘုရားသခင့်လမ်းညွှန်ချက်မပါဘဲ ငြိမ်သက်မှုရရှိဖို့လူ့ကြိုးပမ်းမှုများသည် မျက်စိဖြင့်မမြင်ရသော်လည်း အမှန်တကယ်တည်ရှိပြီး အလွန်အင်အားကြီးမားသော စာတန်၏လုပ်ရပ်များအားဖြင့် အမြဲပင်ရှုပ်ထွေးလျက်ရှိနေပေမည်။
ရောမ ၈:၂၂) ဤဖော်ပြချက်ကို သဘောမတူသူ မည်သူရှိမည်နည်း။ ချမ်းသာကြွယ်ဝသောနိုင်ငံများအပြင် ဆင်းရဲသောနိုင်ငံများ၌လည်း မိသားစုပြဿနာများ၊ ရာဇဝတ်မှု၊ မမျှတမှု၊ ပုဂ္ဂိုလ်ရေးပဋိပက္ခဖြစ်ပွားမှုများ၊ စီးပွားရေးမခိုင်မြဲမှု၊ လူမျိုးနွယ်ချင်းမုန်းတီးမှု၊ ဖိနှိပ်မှု၊ ဖျားနာမှုနှင့် ထိုထက်မကသောအရာများသည် လူ့စိတ်ငြိမ်သက်မှုမရှိစေပါ။
ဤအကြောင်းရင်းနှစ်ရပ်—လူအများစုသည် ဘုရားသခင့်လမ်းညွှန်မှုကိုမရှာကြခြင်းနှင့် လောကတွင် စာတန်သည်အလွန်အလုပ်များနေခြင်း—ကြောင့် လူသားတစ်ရပ်လုံးမှာ စိတ်ဆင်းရဲဖွယ်အခြေအနေတွင် ရှိနေပါသည်။ တမန်တော်ပေါလုက ယင်းကို ကောင်းစွာဤသို့ဖော်ပြသည်– “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟု ငါတို့သိကြ၏။” (အဘယ်နေရာတွင် အတွင်းငြိမ်းချမ်းမှု ရှာတွေ့နိုင်
အန်တိုနီအို၊ မာကော့စ်၊ ဂါဇန်၊ ဗန်နီးယား၊ မာစီလိုတို့သည် ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာကိုလေ့လာခဲ့ကြသောအခါ သူတို့၏အသက်တာကို ပြောင်းလဲစေခဲ့သောအရာများကို သူတို့သိရှိခဲ့ကြသည်။ တစ်ခုအနေဖြင့် တစ်နေ့တွင် ကမ္ဘာ့အခြေအနေထူးခြားလာလိမ့်မည်ကို သူတို့သိရှိခဲ့၏။ ယင်းက အဆုံးတွင် အရာအားလုံး ဖြောင့်မတ်တော်မှန်လာလိမ့်မည်ဟူသော မသဲမကွဲဖြစ်သည့်မျှော်လင့်ချက်တစ်ခုမျှ မဟုတ်ချေ။ ယင်းသည် လူသားတို့အတွက် ဘုရားသခင်၌ရည်ရွယ်ချက်တစ်ခုရှိသည်ဟူသော စစ်မှန်၍ ခြေမြစ်ခိုင်လုံသောယုံကြည်စိတ်ချနိုင်သည့်အချက်ဖြစ်ပြီး ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်လျှင် ၎င်းရည်ရွယ်ချက်မှ ယခုပင် အကျိုးကျေးဇူးရရှိနိုင်သည်ဟူ၍ဖြစ်သည်။ သမ္မာကျမ်းစာမှ သူတို့သိရှိလာရာများကို သူတို့၏ဘဝတွင်လက်တွေ့ကျင့်သုံးခဲ့ကြခြင်းအားဖြင့် သူတို့အတွက် အရာရာတိုးတက်ကောင်းမွန်လာ၏။ သူတို့ထင်သည်ထက် ပျော်ရွှင်မှုနှင့် ငြိမ်သက်မှု သာ၍ရှိလာသည်။
အန်တိုနီအိုသည် သပိတ်မှောက်ခြင်းနှင့် အလုပ်သမားပဋိပက္ခများတွင် ယခုမပါဝင်တော့ချေ။ ထိုသို့ဖြစ်ပေါ်လာသောပြောင်းလဲမှုများမှာ အချိန်အကန့်အသတ်အတွက်သာဖြစ်၍ ယာယီမျှဖြစ်သည်ကို သူသိရှိလာပြီ။ ယခင်ကအလုပ်သမားခေါင်းဆောင်ဖြစ်ခဲ့သော ဤသူသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းသိရှိလာခဲ့သည်။ ယင်းသည် သန်းနှင့်ချီသူတို့ သခင့်ဆုတောင်းချက် (သို့မဟုတ် ကျွန်ုပ်တို့၏အဘ) ကိုရွတ်ဆိုဆုတောင်း၍ “နိုင်ငံတော်တည်ထောင်ပါစေသော” ဟုတောင်းဆိုနေကြသော ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်။ (မဿဲ ၆:၁၀က) ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့ကို စစ်မှန်သောငြိမ်သက်မှု ဆောင်ကြဉ်းပေးမည့် ကောင်းကင်ဆိုင်ရာ အမှန်တကယ်အစိုးရဖြစ်ကြောင်း အန်တိုနီအိုသိရှိလာသည်။
အိမ်ထောင်ရေးနှင့်ပတ်သက်သော သမ္မာကျမ်းစာမှ ပညာရှိဆုံးမစကားကို မာကော့စ် လက်တွေ့ကျင့်သုံးတတ်လာခဲ့သည်။ ရလဒ်အနေဖြင့် ယခင်ကနိုင်ငံရေးသမားတစ်ဦးဖြစ်ခဲ့သော ဤသူသည် ယခု သူ၏ဇနီးနှင့် ပျော်ရွှင်စွာပြန်ပေါင်းသင်းနေပြီဖြစ်သည်။ ဤသူသည်လည်း လောဘကြီး၍တစ်ကိုယ်ကောင်းဆန်သော ဤလောကစနစ်အစား မကြာမီရောက်ရှိလာမည့် ဘုရားသခင့်နိုင်ငံတော်ကို စောင့်မျှော်လျက်ရှိ၏။ “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟူသည့် သခင့်ဆုတောင်းချက်ပါစာကြောင်းကို သူပိုမိုနားလည်လာပြီဖြစ်သည်။ (မဿဲ ၆:၁၀ခ) ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင့်အလိုတော်ပြည့်စုံလာသောအခါ တစ်ခါမျှမတွေ့ကြုံခဲ့ဖူးသော ဘဝအသက်တာမျိုးကို လူသားတို့ကြုံတွေ့ကြရပေလိမ့်မည်။
ဂါဇန်နှင့်ပတ်သက်၍ကော အသို့နည်း။ သူသည် တေလေဂျပိုး သူခိုးတစ်ယောက် မဟုတ်တော့ချေ။ ယခင်လမ်းပေါ်နေ လမ်းပေါ်စား ကလေး၏ဘဝသည် ယခု အဓိပ္ပာယ်ပိုပြည့်ဝနေသည်; အကြောင်းမှာ အခြားသူများအား အတွင်းငြိမ်သက်မှုတွေ့ရှိစေဖို့ သူ၏အစွမ်းခွန်အားကို အသုံးပြုနေသောကြောင့်ဖြစ်၏။ ဤတွေ့ကြုံမှုများက ဖော်ပြသည့်အတိုင်း သမ္မာကျမ်းစာကိုလေ့လာခြင်းနှင့် ယင်းကိုလက်တွေ့ကျင့်သုံးခြင်းက လူတစ်ဦး၏ဘဝအသက်တာကို အကြီးအကျယ်ပြောင်းလဲစေနိုင်သည်။
ဆင်းရဲခက်ခဲလှသည့်လောက၌ အတွင်းငြိမ်းချမ်းမှု
ဘုရားသခင့်အလိုတော် အကောင်အထည်ဖော်ရာ၌ အဓိကသမိုင်းဝင်ပုဂ္ဂိုလ်မှာ ယေရှုခရစ်ဖြစ်ပြီး လူတို့သည် ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာလေ့လာကြသောအခါ ကိုယ်တော်အကြောင်း များစွာသိရှိလာကြ၏။ ကိုယ်တော်မွေးဖွားသောညချမ်းအချိန်၌ ကောင်းကင်တမန်များသည် ဘုရားသခင်ကို ဤသို့ချီးမွမ်းသီချင်းဆိုခဲ့ကြသည်– “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း။” (လုကာ ၂:၁၄) ယေရှုကြီးပြင်းလာသောအခါ လူ့အသက်တာဘဝတိုးတက်လာစေရေးကို ဆောင်ရွက်တော်မူခဲ့သည်။ ကိုယ်တော်သည် လူတို့၏ခံစားချက်များကို နားလည်ပြီး ဝေ ဒနာခံစားရသူနှင့် ဖျားနာသူတို့အပေါ် သာမန်ထက်ထူးကဲသည့်သနားကြင်နာမှုကို ပြသခဲ့၏။ ကောင်းကင်တမန်များ၏စကားနှင့်အညီ စိတ်နှိမ့်ချသူတို့ကို အတွင်းငြိမ်သက်မှု အနည်းငယ်ရှိစေတော်မူခဲ့သည်။ ကိုယ်တော်၏ဓမ္မအမှုအဆုံးပိုင်းတွင် တပည့်တော်များအား ဤသို့မိန့်တော်မူခဲ့၏– “ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။”—ယောဟန် ၁၄:၂၇။။
ယေရှုသည် လူ့အကျိုးဆောင်မျှသာမဟုတ်ချေ။ သူသည် မိမိကိုယ်ကို သိုးထိန်းတစ်ဦးနှင့် နှိုင်းယှဉ်ခဲ့ပြီး ဤသို့မိန့်တော်မူရာ၌ စိတ်နှိမ့်ချသော မိမိ၏နောက်လိုက်များကို သိုးနှင့်ပုံခိုင်းလေသည်– “ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာလာသတည်း။ ငါသည်ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ မိမိအသက်ကိုစွန့်တတ်၏။” (ယောဟန် ၁၀:၁၀၊ ၁၁) မှန်ပါသည်၊ မိမိကိုယ်ကိုနှင့် မိမိနှင့်ပတ်သက်ရာတို့ကိုသာ ဦးစားပေးဂရုစိုက်တတ်ကြသော ယနေ့ခေါင်းဆောင်များစွာနှင့်ကွာခြားလျက် ယေရှုသည် မိမိ၏သိုးများအတွက် အသက်စွန့်တော်မူခဲ့သည်။
ယေရှုပြုလုပ်ပေးတော်မူခဲ့ရာမှ ကျွန်ုပ်တို့ မည်သို့အကျိုးကျေးဇူးရယူနိုင်သနည်း။ လူများစွာသည် ဤစကားများနှင့် အကျွမ်းဝင်ကြပေသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီ [လောက]သားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ယေရှုအား ယုံကြည်ခြင်းတွင် ကိုယ်တော်နှင့် ကိုယ်တော်၏ခမည်းတော်၊ ယေဟောဝါအား သိကျွမ်းရန်လိုသည်။ ဘုရားသခင်ကိုလည်းကောင်း၊ ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းသည် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိစေနိုင်ပြီး ယင်းက ကျွန်ုပ်တို့ကို စိတ်ငြိမ်သက်မှုရှိစေပေလိမ့်မည်။
ယေရှုက ဤသို့မိန့်တော်မူသည်– “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည်ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။” (ယောဟန် ၁၀:၂၇၊ ၂၈) လှိုက်လှဲနွေးထွေး၍ စိတ်ချမ်းမြေ့ဖွယ်ရာ စကားပါတကား! ယေရှုသည် ထိုစကားများကို လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးခန့်က မိန့်တော်မူခဲ့သည်မှန်သော်လည်း ထိုအချိန်ကကဲ့သို့ပင် ယခုလည်းတန်ခိုးပါဆဲဖြစ်၏။ ယေရှုခရစ်သည် သက်ရှိထင်ရှားလျက် တက်ကြွစွာလုပ်ဆောင်နေကြောင်း၊ ယခု ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ ဘုရင်အဖြစ်နန်းထိုင်နေကြောင်းကို ဘယ်သောအခါမျှမမေ့ပါနှင့်။ မြေကြီးပေါ် ကိုယ်တော်ရှိစဉ် ထိုနှစ်ပေါင်းများစွာကကဲ့သို့ပင် စိတ်ငြိမ်သက်မှုရလိုသော စိတ်နှိမ့်ချသူများအတွက် စိုးရိမ်မကင်းဖြစ်ဆဲပင်။ ထိုထက်ကား ကိုယ်တော်သည် မိမိသိုးများ၏သိုးထိန်းဖြစ်ဆဲပင်။ ကျွန်ုပ်တို့သည် ကိုယ်တော်နောက်လိုက်ကြမည်ဆိုလျှင် အကြမ်းဖက်မှု၊ စစ်မက်နှင့် ရာဇဝတ်မှုတို့မရှိခြင်းအပါအဝင် အပြည့်အဝငြိမ်သက်မှုကို အနာဂတ်၌ တွေ့မြင်ရမည်ဟူသော ယုံကြည်စိတ်ချခြင်းကိုဆိုလိုသည့် အတွင်းငြိမ်သက်မှုရှိစေရန် ကိုယ်တော်ကူညီပေးလိမ့်မည်။
ယေဟောဝါသည် ယေရှုမှတစ်ဆင့် ကျွန်ုပ်တို့ကို ကူညီပေးလိမ့်မည်ကိုသိကျွမ်းယုံကြည်ခြင်းဖြင့် အကျိုးကျေးဇူးများ အမှန်ရရှိပါမည်။ ငယ်ရွယ်ချိန်တွင် ကြီးလေးသောတာဝန်များကို ထမ်းရွက်ခဲ့ရပြီး သူ့ကို ဘုရားသခင်မေ့ပြီဟုအထင်ရှိခဲ့သော ဗန်နီးယားကိုသတိရပါသလော။ ယခုမူ မိမိအား ဘုရားသခင်စွန့်ပစ်ထားတော်မမူကြောင်းကို ဗန်နီးယားသိရှိလေ၏။ သူက ဤသို့ဆိုသည်– “ဘုရားသခင်ဟာ ချစ်မြတ်နိုးစရာအရည်အချင်းတွေရှိတဲ့ တကယ့်ပုဂ္ဂိုလ်တစ်ပါးဆိုတာကို ကျွန်မသိလာတယ်။ ကျွန်မတို့ အသက်ရဖို့ မိမိရဲ့သားတော်ကိုစေလွှတ်ပေးတဲ့အထိ ကိုယ်တော်ရဲ့မေတ္တာတော်က လှုံ့ဆော်ပေးခဲ့တယ်။ ဒါကိုသိထားဖို့ အရမ်းအရေးကြီးပါတယ်။”
မာစီလိုက မိမိနှင့်ဘုရားသခင့်ဆက်ဆံရေးသည် အမှန်တကယ်ဖြစ်ကြောင်း ပြောပြသည်။ ယခင်က ပါတီများတက်ခဲ့သော ထိုသူက ဤသို့ပြောသည်– “လူငယ်တွေဟာ ဘာလုပ်ရမယ်ဆိုတာကို မသိကြဘဲ အဆုံးမှာ သူတို့ကိုသူတို့ ဆင်းရဲခြင်းတွေတွေ့စေကြတယ်။ တချို့က ကျွန်တော့်လိုပဲ မူးယစ်ဆေးဝါး အလွဲသုံးစားပြုလာကြတယ်။ ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့သားတော်အကြောင်း အမှန်တရားသိလာရတဲ့ ကျွန်တော့်ကောင်းချီးမျိုးကို အခြားသူတွေလည်း ရကြပါစေ။”
သမ္မာကျမ်းစာကို အသေအချာလေ့လာခြင်းအားဖြင့် ဗန်နီးယားနှင့် မာစီလိုတို့သည် ဘုရားသခင်ကိုအခိုင်အမာယုံကြည်လာပြီး သူတို့၏အခက်အခဲများကိုကိုင်တွယ်ဖြေရှင်းတတ်ဖို့ ကိုယ်တော်ဖိလိပ္ပိ ၄:၆၊ ၇။
ကူညီပေးရန် အသင့်ရှိသည်ကို သူတို့ယုံကြည်စိတ်ချတတ်လာကြ၏။ ကျွန်ုပ်တို့သည် သူတို့ကဲ့သို့ သမ္မာကျမ်းစာကိုလေ့လာ၍ ယင်းကို လက်တွေ့ကျင်သုံးကြမည်ဆိုလျှင် သူတို့နည်းတူ ငြိမ်သက်မှုအကြီးအကျယ်ရရှိကြလိမ့်မည်။ ထိုအခါ တမန်တော်ပေါလု၏ ဤအားပေးစကားသည် ကျွန်ုပ်တို့နှင့်အမှန်ပင်သက်ဆိုင်ပါလိမ့်မည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”—စစ်မှန်သောငြိမ်သက်ခြင်းကို တွေ့ရှိခြင်း
ယေရှုခရစ်သည် အမှန်တရားကိုဆာငတ်သူတိုအား မြေကြီးပရဒိသုတွင် ထာဝရအသက်ရဖို့ လမ်းညွှန်ပေးနေသည်။ ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုရေးသို့ သူတို့ကို ကိုယ်တော်လမ်းညွှန်ပေးစဉ် သူတို့သည် သမ္မာကျမ်းစာ၌ ဖော်ပြထားသော ဤအလားတူငြိမ်သက်မှုကို ကြုံတွေ့ကြရ၏– “ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သောချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၈) ယင်းသည် အနာဂတ်တွင် မွေ့လျော်ခံစားကြရမည့် ငြိမ်သက်မှုကို ကြိုတင်မြည်းစမ်းရခြင်းမျှဖြစ်သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၂၉။
သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့သည် အတွင်းငြိမ်သက်မှု ရရှိနိုင်ပါသလော။ ရရှိနိုင်ပါသည်။ ထိုထက်ကား မဝေးတော့သည့်အနာဂတ်တွင် ဘုရားသခင်သည် နာခံမှုရှိသောလူသားတို့ကို တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးသော ငြိမ်သက်မှုဖြင့် ကောင်းချီးပေးတော်မူလိမ့်မည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ထို့ကြောင့် ကိုယ်တော်၏ငြိမ်သက်ခြင်းကို သင့်အားပေးပါရန် ကိုယ်တော်ထံ ဆုတောင်းပါလေ။ သင့်မှာငြိမ်သက်မှုမရှိစေသည့်ပြဿနာများရှိမည်ဆိုလျှင် ဘုရင်ဒါဝိဒ်နည်းတူ ဤသို့ဆုတောင်းပါ– “အကျွန်ုပ်စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာပေး၍၊ အမှုများထဲက ကယ်နုတ်တော်မူပါ။ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။” (ဆာလံ ၂၅:၁၇၊ ၁၈) ထိုသို့သောဆုတောင်းချက်များကို ဘုရားသခင်နားညောင်းတော်မူကြောင်း စိတ်ချပါ။ စိတ်ရင်းမှန်ဖြင့် ငြိမ်သက်မှုရှာဖွေသူအားလုံးကို ကိုယ်တော်သည်လက်တော်ကိုဆန့်၍ ငြိမ်သက်မှုပေးသနားတော်မူသည်။ မေတ္တာပါစွာဖြင့် ကျွန်ုပ်တို့ကို ဤသို့အာမခံထားသည်– “ထာဝရဘုရားသည် [ဆုတောင်း] သူအပေါင်း၊ သစ္စာနှင့်တကွ [ဆုတောင်း] သူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။ ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။”—ဆာလံ ၁၄၅:၁၈၊ ၁၉။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လူတို့သည် အကူအညီမပါဘဲ ကိုယ်ကိုကိုယ်အုပ်ချုပ်ရန် ဉာဏ်ပညာမရှိ၊ အမြော်အမြင်လည်းမရှိချေ . . . အမှန်တကယ်တန်ဖိုးရှိသည့် တစ်ခုတည်းသော အကူအညီမှာ ဘုရားသခင့်ထံတော်မှဖြစ်၏
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘုရားသခင်ကိုလည်းကောင်း၊ ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းသည် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိစေနိုင်ပြီး ယင်းက ကျွန်ုပ်တို့ကို စိတ်ငြိမ်သက်မှုရှိစေပေလိမ့်မည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာမှဆုံးမစကားကို လိုက်လျှောက်ခြင်းက ငြိမ်းချမ်းသော မိသားစုအသက်တာကို ဖြစ်စေသည်