ခရစ်တော်၏စိတ်သဘောထားကို ထင်ဟပ်ပြလော
ခရစ်တော်၏စိတ်သဘောထားကို ထင်ဟပ်ပြလော
“ခရစ်တော်ယေရှုတွင်ရှိသည့် ထပ်တူစိတ်သဘော သင်တို့စပ်ကြားတွင်ရှိရန် ခံနိုင်ရည်နှင့် သက်သာမှုပေးရှင် ဘုရားသခင်သည် သနားတော်မူပါစေသော။”—ရောမ ၁၅:၅၊ ကဘ။
၁။ လူတစ်ဦး၏စိတ်ထားက သူ၏ဘဝကို မည်သို့သြဇာသက်ရောက်နိုင်သနည်း။
သဘောထားသည် ဘဝတွင် ကွာခြားမှုအကြီးအကျယ်ရှိစေ၏။ စိတ်မပါ့တပါ သို့မဟုတ် လုံ့လဝီရိယရှိသောသဘောထား၊ အပြုသဘော သို့မဟုတ် အပျက်သဘောရှိသောစိတ်ထား၊ ရန်လိုသော သို့မဟုတ် ပူးပေါင်းဆောင်ရွက်လိုသောစိတ်ထား၊ အပြစ်တင် သို့မဟုတ် ကျေးဇူးတင်တတ်သောစိတ်ထားတို့က အခြေအနေများကို ကိုင်တွယ်ပုံနှင့် အခြားသူတို့ သူ့ကိုတုံ့ပြန်ပုံအပေါ် များစွာသြဇာသက်ရောက်နိုင်သည်။ စိတ်ထားကောင်းဖြင့်ဆိုလျှင် အတော်ပင်ခဲယဉ်းသည့်အခြေအနေများ၌ပင် ပျော်ရွှင်နိုင်သည်။ စိတ်ထားမကောင်းသူတစ်ဦးအတွက် အရှိအတိုင်းရှုမြင်ချက်မှ ဘဝသည်ကောင်းနေလျှင်ပင် အဘယ်အရာမျှကောင်းပုံမပေါက်ချေ။
၂။ လူတစ်ဦးသည် စိတ်ထားများကို မည်သို့သင်ယူလာသနည်း။
၂ သဘောထားအကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ—သင်ယူနိုင်သည်။ အမှန်မှာ၊ ယင်းတို့သည် သင်ယူရသည့်အရာဖြစ်သည်။ ကော်လီယာ၏စွယ်စုံကျမ်းက မွေးစကလေးတစ်ဦးအကြောင်းဤသို့ဆိုသည်– “ဘာသာစကားတစ်ခုကိုဖြစ်စေ၊ အခြားအတတ်ပညာတစ်ခုကိုဖြစ်စေ ဆည်းပူးသင်ယူရသကဲ့သို့ အဆုံး၌ သူကလေးတွင်ရှိလာသော စိတ်ထားသည် သူ့အနေဖြင့် သင်ယူ၍ တတ်မြောက်လာခဲ့ခြင်းဖြစ်၏။” စိတ်ထားများကို ကျွန်ုပ်တို့ မည်သို့သင်ယူကြသနည်း။ မြောက်မြားစွာသောအကြောင်းများပေါ် မူတည်သည်မှန်သော်လည်း ဝန်းကျင်နှင့် ပေါင်းသင်းမှုက အလွန်သြဇာလွှမ်းမိုးသည်။ အထက်၌ဖော်ပြခဲ့သော စွယ်စုံကျမ်းက ဤသို့ရှင်းပြသည်– “ကျွန်ုပ်တို့နီးနီးကပ်ကပ်ပေါင်းသင်းသူတို့၏ စိတ်ထားများကို စုပ်ယူသည့်အလား သင်ယူ သို့မဟုတ် ခံယူလေ့ရှိ၏။” လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ထပ်တူအကြောင်းကို သမ္မာကျမ်းစာ ဤသို့ဖော်ပြသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃။
လျောက်ပတ်သောသဘောထားအတွက် စံနမူနာတစ်ရပ်
၃။ စိတ်ထားနှင့်ပတ်သက်၍ မည်သူသည် စံနမူနာထားလောက်သူဖြစ်သနည်း၊ ကိုယ်တော်ကို မည်သို့တုပနိုင်သနည်း။
၃ အရာရာ၌ကဲ့သို့ ယေရှုခရစ်သည် သဘောထားနှင့်ပတ်သက်၍လည်း အကောင်းဆုံးစံနမူနာကို ထားတော်မူ၏။ ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။” (ယောဟန် ၁၃:၁၅) ယေရှုပြုသကဲ့ပြုရန် ဦးဆုံး ကိုယ်တော့်အကြောင်း သင်ယူကြရမည်။ * “ထိုသို့အလိုငှာ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေ . . . ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ” ဟုတမန်တော်ပေတရု ထောက်ခံအားပေးသည့်အတိုင်းပြုရန် ယေရှု၏ဘဝအသက်တာကို ကျွန်ုပ်တို့လေ့လာကြ၏။ (၁ ပေတရု ၂:၂၁) ကျွန်ုပ်တို့၏ပန်းတိုင်မှာ ယေရှုနှင့်အတတ်နိုင်ဆုံးတူကြရန်ဖြစ်သည်။ ၎င်းတွင် ကိုယ်တော်၏စိတ်ထားကို ပြုစုပျိုးထောင်ခြင်း ပါဝင်သည်။
၄၊ ၅။ ရောမ ၁၅:၁-၃ ၌ ယေရှု၏ အဘယ်စိတ်သဘောအသွင်အပြင်ကို ပေါ်လွင်စေသနည်း၊ ခရစ်ယာန်များသည် ကိုယ်တော်ကို မည်သို့အတုယူနိုင်ကြသနည်း။
၄ ခရစ်တော်ယေရှု၏ စိတ်ထားရှိခြင်း၌ အဘယ်အရာပါဝင်သနည်း။ ရောမမြို့သားများထံ ပေါလုရေးသောစာ၏ အခန်းကြီး ၁၅ က ယင်းမေးခွန်း၏အဖြေကိုပေးရန် ကူညီသည်။ ထိုအခန်းကြီး၏ ပထမအခန်းငယ်အနည်းငယ်တွင် ပေါလုက ဤသို့ဆိုရာ၌ ယေရှု၏ထူးချွန်သောအရည်အချင်းတစ်ခုကို ဖော်ပြပေးခဲ့သည်– “သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏အားနည်းခြင်းရောမ ၁၅:၁-၃။
ကို သည်းခံရကြမည်။ ထိုသို့ ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့လိုက်ကြကုန်အံ့။ အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလိုသို့မလိုက်။ ကျမ်းစာလာသည်အတိုင်း ‘ကဲ့ရဲ့ခြင်းကိုခံတော်မူ၏။ ကိုယ်တော်ကိုကဲ့ရဲ့သောသူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ရောက်ပါ၏။’”—၅ ယေရှု၏စိတ်ထားကို အတုယူရာ၌ ခရစ်ယာန်များသည် မိမိတို့၏အလိုကိုသာလိုက်မည့်အစား နှိမ့်ချသောစိတ်ဖြင့် အခြားသူတို့၏အလိုကိုဖြည့်စွက်ရန် အသင့်ရှိဖို့ တိုက်တွန်းခံရကြသည်။ အမှန်မှာ အခြားသူတို့၏အစေကိုခံသည့် ထိုသို့နှိမ့်ချသောသဘောမှာ “အားရှိ” သူတို့၏ပင်ကိုလက္ခဏာတစ်ရပ်ဖြစ်၏။ ဝိညာဉ်ရေးရာတွင် မည်သူထက်မဆို စိတ်အားထက်သန်သော ယေရှုက မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မဿဲ ၂၀:၂၇၊ ၂၈) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့လည်း အလားတူပင် “အားနည်းသောသူတို့” အပါအဝင် အခြားသူတို့၏အစေကိုခံလိုစိတ်ရှိကြသည်။
၆။ ဆန့်ကျင်မှုနှင့် ကဲ့ရဲ့မှုအပေါ် ယေရှု၏တုံ့ပြန်ပုံကို ကျွန်ုပ်တို့အဘယ်နည်းဖြင့်တုပနိုင်သနည်း။
၆ ယေရှုတင်ပြခဲ့သည့် နောက်ထပ်ကောင်းမွန်သည့်စရိုက်လက္ခဏာတစ်ခုမှာ အမြဲပင်အပြုသဘောပါသော စဉ်းစားတွေးခေါ်မှုနှင့်လုပ်ဆောင်မှု၏ ပုံစံနမူနာဖြစ်၏။ ကိုယ်တော်သည် ဘုရားသခင်အားဝတ်ပြုရာ၌ မိမိ၏ကောင်းမွန်သောသဘောထားအပေါ် အခြားသူတို့၏အပျက်သဘော လွှမ်းမိုးမှုကို ဘယ်သောအခါမျှခွင့်မပြုချေ; ကျွန်ုပ်တို့လည်း ခွင့်မပြုသင့်ပါ။ ယေရှုသည် ဘုရားသခင်ကို သစ္စာရှိရှိဝတ်ပြုကိုးကွယ်သောကြောင့် ကဲ့ရဲ့နှိပ်စက်ခံရသည့်အခါ အပြစ်မတင်ဘဲ စိတ်ရှည်စွာသည်းခံခဲ့သည်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍ “သူ့ကိုတည်ဆောက်စေခြင်းငှာ” ကြိုးစားသူတို့သည် မယုံကြည်၍ နားလည်မှုမရှိသောလောက၏ ဆန့်ကျင်မှုကိုခံရလိမ့်မည်အကြောင်း ကိုယ်တော်သိတော်မူ၏။
၇။ စိတ်ရှည်မှုကို ယေရှုမည်သို့ထင်ရှားပြခဲ့သနည်း၊ ကျွန်ုပ်တို့ အဘယ်ကြောင့်ထပ်တူပြုသင့်သနည်း။
၇ ယေရှုသည် အခြားနည်းလမ်းများဖြင့် လျောက်ပတ်သောစိတ်ထားကို တင်ပြခဲ့သည်။ ယေဟောဝါအပေါ် စိတ်မရှည်မှုကို ဘယ်သောအခါမျှ ကိုယ်တော်မဖော်ပြခဲ့ပါ၊ ဘုရားသခင့်ရည်ရွယ်တော်မူချက်များ အကောင်အထည်ပေါ်ချိန်အတွက် စိတ်ရှည်စွာ စောင့်မျှော်ခဲ့၏။ (ဆာလံ ၁၁၀:၁; မဿဲ ၂၄:၃၆; တမန်တော် ၂:၃၂-၃၆; ဟေဗြဲ ၁၀:) ထိုမျှမက ယေရှုသည် မိမိ၏နောက်လိုက်များအပေါ် စိတ်မတိုခဲ့ပါ။ သူတို့ကို ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “ငါ့ထံ၌နည်းခံကြလော့”; ကိုယ်တော်သည် “နူးညံ့သိမ်မွေ့” သောကြောင့် ကိုယ်တော်၏သွန်သင်ချက်မှာ တည်ဆောက်မှုဖြစ်စေပြီး အားသစ်လောင်းစေခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် “နှိမ့်ချသောစိတ်သဘောရှိ” ခြင်းကြောင့် ဘယ်သောအခါမျှ စကားကြီးစကာကျယ်ပြောခြင်း သို့မဟုတ် ရောင့်တက်ခြင်းမရှိခဲ့ချေ။ ( ၁၂၊ ၁၃မဿဲ ၁၁:၂၉) ပေါလုက ယေရှု၏ဤစိတ်သဘောအသွင်အပြင်များကို အတုယူရန် တိုက်တွန်းခဲ့သည်– “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။”—ဖိလိပ္ပိ ၂:၅-၇။
၈၊ ၉။ (က) တစ်ကိုယ်ကောင်းမဆန်သော စိတ်ထားမျိုးကို ကျွန်ုပ်တို့မွေးယူရန် အဘယ်ကြောင့်အားထုတ်ရမည်နည်း။ (ခ) ယေရှုချမှတ်ပေးခဲ့သောပုံစံကို ကျွန်ုပ်တို့ အပြည့်အဝမလိုက်လျှောက်နိုင်လျှင် အဘယ်ကြောင့်စိတ်ပျက်အားလျော့ခြင်းမရှိသင့်သနည်း၊ ယင်းနှင့်ပတ်သက်၍ ပေါလုသည် မည်သို့ပုံသက်သေကောင်းဖြစ်သနည်း။
၈ အခြားသူတို့၏အကျိုးကိုဆောင်ကာ ကျွန်ုပ်တို့လိုအပ်ရာများထက် သူတို့၏လိုအပ်ရာများကို ရှေးဦးထားလိုကြောင်း ပြောဆိုရန် လွယ်ကူပါသည်။ သို့သော် ကျွန်ုပ်တို့၏စိတ်သဘောထားကို ရိုးရိုးသားသားဆန်းစစ်ကြည့်က ကျွန်ုပ်တို့၏စိတ်နှလုံးသည် ထိုသို့အပြည့်အဝမရှိကြောင်း သတိပြုမိပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ ပထမမှာ ကျွန်ုပ်တို့သည် အာဒံနှင့် ဧဝထံမှ တစ်ကိုယ်ကောင်းဆန်သည့်စရိုက်များကို အမွေရလာခြင်းကြောင့်ဖြစ်၏; ဒုတိယမှာ တစ်ကိုယ်ကောင်းဆန်မှုကို မြှင့်တင်သည့်လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြရခြင်းကြောင့်ဖြစ်သည်။ (ဧဖက် ၄:၁၇၊ ၁၈) တစ်ကိုယ်ကောင်းမဆန်သောစိတ်ထား တိုးပွားလာခြင်းသည် ကျွန်ုပ်တို့၏မစုံလင်မှု ပင်ကိုဗီဇကို ဆန့်ကျင်သည့် တွေးခေါ်ယူဆမှုပုံစံတစ်ခု မွေးမြူခြင်းကို ဆိုလိုလေ့ရှိသည်။ ထိုသို့ပြုရန် စိတ်ပိုင်းဖြတ်ခြင်းနှင့် ကြိုးစားအားထုတ်ခြင်းလို၏။
၉ သိသာသော ကျွန်ုပ်တို့၏မစုံလင်မှုက ကျွန်ုပ်တို့အတွက် ယေရှုချမှတ်ပေးတော်မူခဲ့သော စုံလင်သည့်ပုံစံနှင့် အလွန်ကွာခြားလွန်းသဖြင့် ရံဖန်ရံခါ ကျွန်ုပ်တို့ စိတ်ဓာတ်ကျကြပေမည်။ ယေရှု၌ရှိခဲ့သော ထပ်တူစိတ်ထားရှိဖို့ ဖြစ်နိုင်ပါမည်လောဟု ကျွန်ုပ်တို့သံသယဝင်ပေမည်။ သို့သော် ပေါလု၏ ဤအားပေးစကားများကိုသတိပြုပါ– “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှမတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။ ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။” (ရောမ ၇:၁၈၊ ၁၉၊ ၂၂၊ ၂၃) မှန်ပါသည်၊ ပေါလု၏မစုံလင်မှုက သူ့ဆန္ဒရှိသည့်အတိုင်း ဘုရားသခင့်အလိုတော်ကိုမထမ်းဆောင်ရန် ထပ်တလဲလဲဟန့်တားခဲ့သည်၊ သို့သော် သူ၏စိတ်ထား—ယေဟောဝါနှင့် ကိုယ်တော်၏ပညတ်တော်နှင့်ပတ်သက်၍ တွေးတောယူဆပုံ—မှာ စံထားလောက်ပေသည်။ ကျွန်ုပ်တို့လည်း ထိုသို့ဖြစ်နိုင်၏။
မှားယွင်းသောစိတ်သဘောထားများကို တည့်မတ်ခြင်း
၁၀။ ဖိလိပ္ပိမြို့သားတို့ကို အဘယ်စိတ်ထားမွေးမြူရန် ပေါလုတိုက်တွန်းခဲ့သနည်း။
၁၀ အချို့သည် မှားယွင်းသောသဘောထားတစ်ခုခုကို တည့်မတ်ရန်လိုအပ်ခြင်းမှာ ဖြစ်နိုင်မည်လော။ ဖြစ်နိုင်ပါသည်။ ပထမရာစုရှိ ခရစ်ယာန်အချို့သည် ထိုသို့ဖြစ်ကြောင်း အမှန်ပင်ထင်ရှား၏။ ဖိလိပ္ပိအသင်းတော်သို့ရေးသောစာ၌ မှန်ကန်သောသဘောထားရှိခြင်းအကြောင်း ပေါလုပြောခဲ့သည်။ သူက ဤသို့ရေးသည်– “ထိုသို့ဆိုသော် အကျိုး [စောစောထမြောက်ခြင်းအားဖြင့် ကောင်းကင်အသက်တာ] ကိုခံရပြီ၊ စုံလင်ခြင်းသို့ရောက်ရပြီဟု ငါမဆိုလို။ အကြင်အကျိုးကိုပေးခြင်းငှာ ခရစ်တော်သည် ငါ့ကိုကိုင်ဖမ်းတော်မူ၏၊ ထိုအကျိုးကိုကိုင်မိခြင်းငှာ ငါပြေး၍လိုက်သေး၏။ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသောအမှုတစ်ခုဟူမူကား၊ နောက်ကျသောအရာတို့ကိုမမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ထိုကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကိုစွဲလမ်းရကြမည်။”—ဖိလိပ္ပိ ၃:၁၂-၁၅။
၁၁၊ ၁၂။ လျောက်ပတ်သောစိတ်ထားကို အဘယ်နည်းများဖြင့် ယေဟောဝါဖော်ပြပေးတော်မူသနည်း။
၁၁ ခရစ်ယာန်တစ်ဦးဖြစ်လာပြီးမှ တိုးတက်ရန်လိုသည်ဟု မယူမှတ်သူသည် မှားယွင်းသောစိတ်သဘောထားရှိကြောင်း ပေါလု၏စကားများကဖော်ပြ၏။ ထိုသူသည် ခရစ်တော်၏စိတ်ထားကို ခံယူရန် ပျက်ကွက်ခဲ့ပြီ။ (ဟေဗြဲ ၄:၁၁; ၂ ပေတရု ၁:၁၀; ၃:၁၄) ထိုသူ၏အခြေအနေသည် မျှော်လင့်ချက်မရှိဟုဆိုမည်လော။ လုံးဝမဆိုနိုင်ပေ။ ကျွန်ုပ်တို့၏စိတ်ထားကို တကယ်ပြောင်းလဲလိုလျှင် ဘုရားသခင်ကူညီပေးနိုင်တော်မူ၏။ ပေါလုက ဆက်၍ဤသို့ပြောသည်– “သင်တို့သည် တစ်စုံတစ်ခုသောအရာ၌ သဘောခြားနားလျှင်၊ ထိုအရာကိုပင် ဘုရားသခင်ဖော်ပြတော်မူလိမ့်မည်။”—ဖိလိပ္ပိ ၃:၁၅။
၁၂ သို့သော် လျောက်ပတ်သောစိတ်ထားကို ကျွန်ုပ်တို့အား ယေဟောဝါဖော်ပြစေလိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်စရာကို ပြုလုပ်ရမည်။ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ပြင်ဆင်ပေးသော ခရစ်ယာန်မဿဲ ၂၄:၄၅) ‘ဘုရားသခင့်အသင်းတော်ရှိ သိုးစုတစ်စုလုံးကို ကြည့်ရှုဖို့’ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံရသော ခရစ်ယာန်အကြီးအကဲများသည် ဝမ်းမြောက်စွာထောက်ပံ့ကူညီပေးကြလိမ့်မည်။ (တမန်တော် ၂၀:၂၈) ကျွန်ုပ်တို့၏မစုံလင်မှုများကို ယေဟောဝါထည့်စဉ်းစားပြီး မေတ္တာပါစွာကူညီပေးခြင်းအတွက် တကယ်ပင်ကျေးဇူးတင်စရာပါတကား! ယင်းကို ကျွန်ုပ်တို့လက်ခံကြစို့။
စာပေများအကူအညီဖြင့် ဘုရားသခင့်စကားတော်ကို ဆုတောင်း၍လေ့လာခြင်းက “တစ်စုံတစ်ခုသောအရာ၌ သဘောခြားနား” သူတို့ကို လျောက်ပတ်သောသဘောထား ပေါ်ထွက်လာစေမည်။ (အခြားသူတို့ထံမှသင်ယူခြင်း
၁၃။ လျောက်ပတ်သောသဘောထားအကြောင်း ယောဘကျမ်းမှ အဘယ်သင်ခန်းစာရရှိသနည်း။
၁၃ ရောမအခန်းကြီး ၁၅ တွင် ပေါလုက သမိုင်းဝင်ပုံသက်သေများကို စဉ်းစားဆင်ခြင်ခြင်းသည် ကျွန်ုပ်တို့၏စိတ်ထားကို ပြုပြင်ရန် အကူအညီပေးနိုင်ကြောင်း ဖော်ပြသည်။ သူက ဤသို့ဆိုသည်– “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမ . . . ၍ ရေးထားသတည်း။” (ရောမ ၁၅:၄) အတိတ်က ယေဟောဝါ၏သစ္စာရှိကျေးကျွန်အချို့သည် သူတို့၏စိတ်သဘောထားနှင့်ပတ်သက်၍ ရှုထောင့်အချို့ကို တည့်မတ်ပေးရန် လိုအပ်ခဲ့သည်။ ဥပမာ၊ ယေဘုယျအားဖြင့် ယောဘ၌ တော်မှန်သောစိတ်ထားရှိသည်။ သူသည် ယေဟောဝါအား ဘယ်တော့မျှ ဆိုးရွားစွာမပြောဆိုခဲ့၊ ဘုရားသခင်၌ယုံကြည်ကိုးစားမှု လှုပ်ရှားယိမ်းယိုင်သွားစေရန် တစ်ကြိမ်တစ်ခါမျှ ခွင့်မပြုခဲ့ချေ။ (ယောဘ ၁:၈၊ ၂၁၊ ၂၂) သို့တိုင်၊ သူသည် ဆင်ခြေပေးတတ်သည်။ ဤစိတ်ထားကို ယောဘပြုပြင်ပြောင်းလဲရန်ကူညီပေးဖို့ ဧလိဟုအား ယေဟောဝါညွှန်ကြားခဲ့သည်။ ယောဘသည် စော်ကားခံရသည်ဟု ယူဆမည့်အစား သူ၏စိတ်ထားကိုပြောင်းလဲပစ်ရန် လိုအပ်ကြောင်း နှိမ့်ချစွာဝန်ခံပြီး ထိုသို့ပြုလုပ်ရန် တလိုတလားရှိခဲ့၏။—ယောဘ ၄၂:၁-၆။
၁၄။ ကျွန်ုပ်တို့၏စိတ်သဘောထားနှင့်ပတ်သက်၍ ဆုံးမခံရမည်ဆိုလျှင် ယောဘကဲ့သို့ ကျွန်ုပ်တို့ မည်သို့အလားတူနိုင်သနည်း။
၁၄ ကျွန်ုပ်တို့တွင် မှားယွင်းသောသဘောထားရှိသည်ဟု ခရစ်ယာန်ချင်းတစ်ဦးက ကြင်နာစွာပြောပြလျှင် ယောဘနည်းတူ ကျွန်ုပ်တို့တုံ့ပြန်ကြမည်လော။ ကျွန်ုပ်တို့သည် ယောဘကဲ့သို့ပင် ‘ထာဝရဘုရားကို ဘယ်တော့မျှ အပြစ်မတင်ဘဲ’ နေကြပါစို့။ (ယောဘ ၁:၂၂) မတရားသဖြင့် ပြုမူခံရကြလျှင် ယေဟောဝါကြောင့်ဖြစ်သည်ဟု ဘယ်တော့မျှမယူဆမိကြစို့နှင့်။ ယေဟောဝါ၏လုပ်ငန်းတော်၌ ကျွန်ုပ်တို့မှာ အဘယ်အခွင့်အရေးပင်ရရှိထားပါစေ ကျွန်ုပ်တို့သည် ‘ဝတ်ပြေရုံမျှသာရှိသောကျွန်များ’ ဖြစ်ကြောင်းကို အမြဲသတိရထားပြီး ဆင်ခြေပေးခြင်းကို ရှောင်ရှားနိုင်ကြပါစေ။—လုကာ ၁၇:၁၀။
၁၅။ (က) ယေရှု၏နောက်လိုက်အချို့သည် အဘယ်မှားယွင်းသောစိတ်ထားကို တင်ပြခဲ့သနည်း။ (ခ) ပေတရုသည် စိတ်ထားမွန်ကို မည်သို့ပြသခဲ့သနည်း။
၁၅ ပထမရာစုနှစ်အတွင်း ယေရှု၏စကားကိုကြားနာခဲ့သူအချို့သည် မလျောက်ပတ်သောစိတ်ထားကို တင်ပြခဲ့ကြ၏။ တစ်ချိန်တွင် ယေရှုက နားလည်ရန်ခက်သောအကြောင်းတစ်ခုကို မိန့်တော်မူခဲ့သည်။ ၎င်းကို “တပည့်တော်အများတို့သည်ကြားလျှင်၊ ‘ထိုစကားသည်အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်း’ ဟု ဆိုကြ၏။” ဤသို့ပြောဆိုကြသူတို့တွင် မှားယွင်းသောစိတ်ထားရှိကြောင်း ထင်ယောဟန် ၆:၆၀၊ ၆၆-၆၉) အထူးကောင်းမွန်သောစိတ်သဘောထားပါတကား! ပထမတွင် လက်ခံရန်ခက်မည့် ကျမ်းချက်များနားလည်ရန် ရှင်းပြချက်များ သို့မဟုတ် ထပ်မံပြုပြင်ချက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် ပေတရု၏စိတ်သဘောထားကိုတင်ပြလျှင် မကောင်းပေလော။ အစပိုင်းတွင် နားလည်ရခက်သည့်အကြောင်းအချို့ကြောင့် ယေဟောဝါအားဝတ်မပြုတော့ခြင်း သို့မဟုတ် “စင်ကြယ်သောတရားစကားအချုပ်အခြာကို” ဆန့်ကျင်ဖီလာသည့်သဘောမျိုးဖြင့် ပြောဆိုခြင်းသည် အလွန်မိုက်မဲပါသည်တကား!—၂ တိမောသေ ၁:၁၃။
ရှားနေသည်။ သူတို့၏မှားယွင်းသောစိတ်ထားက ယေရှု၏စကားကိုနားမထောင်နိုင်တော့ဘဲဖြစ်စေခဲ့၏။ မှတ်တမ်းက ဤသို့ဖော်ပြသည်– “ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။” သူတို့အားလုံး၌ မှားယွင်းသောစိတ်ထား ရှိခဲ့ကြခြင်းလော။ မဟုတ်ပါ။ မှတ်တမ်းက ဤသို့ဆက်ဆို၏– “ထိုကြောင့်ယေရှုသည် တစ်ကျိပ်နှစ်ပါးသောသူတို့အား၊ ‘သင်တို့သည်လည်း ထွက်သွားခြင်းငှာအလိုရှိကြသလော’ ဟု မေးတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ‘သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း’ . . . ဟုလျှောက်လေ၏။” ထို့နောက် ပေတရုသည် မိမိ၏မေးခွန်းကို မိမိဘာသာ ဤသို့ပြန်ဖြေခဲ့သည်– “ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။” (၁၆။ ယေရှုခေတ်က ဂျူးဘာသာရေးခေါင်းဆောင်များသည် အဘယ်ထိတ်လန့်စရာ စိတ်သဘောထားကို တင်ပြခဲ့ကြသနည်း။
၁၆ ပထမရာစုနှစ်ရှိ ဂျူးဘာသာရေးခေါင်းဆောင်များသည် ယေရှု၌ရှိခဲ့သောစိတ်ထားကို မဖော်ပြခဲ့ကြပါ။ ယေရှု၏စကားကို သူတို့နားမထောင်ရန် အခိုင်အမာစိတ်ပိုင်းဖြတ်ထားကြောင်း သေခြင်းမှလာဇရုကို ကိုယ်တော်ရှင်ပြန်ထမြောက်စေခဲ့သောအခါ၌ ထင်ရှားသည်။ သဘောထားမှန်ရှိသူ မည်သူမဆိုအတွက် ထိုအံ့ဖွယ်အမှုက ယေရှုသည် ဘုရားသခင်ထံတော်မှလာကြောင်း ခြွင်းချက်မရှိသက်သေဖြစ်ပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ‘ငါတို့သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်းလာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်’ ဟု ပြောဆိုကြ၏။” သူတို့၏ဖြေရှင်းချက်ကား အဘယ်နည်း။ “ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကို သတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။” ယေရှုကိုသတ်ပစ်ရန် လျှို့ဝှက်ကြံစည်ကြသည့်အပြင် ကိုယ်တော်သည် အံ့ဖွယ်ရာများလုပ်ဆောင်သူဖြစ်ခြင်း၏ သက်ရှိသာဓကကို ပပျောက်စေရန် သူတို့ကြိုးစားခဲ့ကြသည်။ “ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှာ တိုင်ပင်စီရင်ကြ၏။” (ယောဟန် ၁၁:၄၇၊ ၄၈၊ ၅၃; ၁၂:၉-၁၁) ထပ်တူသဘောထားကို ကျွန်ုပ်တို့လည်း မွေးမြူကာ အမှန်ပင်ဝမ်းမြောက်သင့်ရာများအတွက် ဝမ်းမမြောက်ဘဲ ဒေါသထွက်ကြမည်၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်နေကြမည်ဆိုလျှင် တကယ်မနှစ်မြို့ဖွယ်ပါတကား! မှန်သည်၊ တကယ့်အန္တရာယ်ပင်!
ခရစ်တော်၏အပြုသဘောပါစိတ်ထားကို အတုယူခြင်း
၁၇။ (က) အဘယ်အခြေအနေများအောက်တွင် ဒံယေလသည် ကြောက်ရွံ့မှုကင်းမဲ့သောစိတ်သဘောထားကို ပြသခဲ့သနည်း။ (ခ) ယေရှုကိုယ်တော်တိုင် ရဲစွမ်းသတ္တိရှိမှုကို မည်သို့ပြသခဲ့သနည်း။
၁၇ ယေဟောဝါ၏ကျေးကျွန်များသည် အပြုသဘောကိုထိန်းသိမ်းထားကြသည်။ ရှင်ဘုရင်မှလွဲ၍ ရက်ပေါင်း ၃၀ တိုင် မည်သည့်ဘုရားသခင် သို့မဟုတ် မည်သည့်လူသားကိုမျှ တိုးလျှိုးအသနားခံခြင်းမပြုရဟု တားမြစ်သည့်ဥပဒေတစ်ရပ်ကို ဒံယေလ၏ရန်သူများ ပူးပေါင်းကြံစည်ထုတ်ဆင့်ခဲ့ကြသောအခါ ယင်းသည် ယေဟောဝါဘုရားသခင်နှင့် မိမိ၏ဆက်ဆံရေးကို ကျူးကျော်ထိပါးကြောင်း ဒံယေလသိ၏။ ရက် ၃၀ လုံးလုံး ဘုရားသခင်ထံ ဆုမတောင်းဘဲ သူနေမည်လော။ မနေခဲ့ပါ၊ သူသည် ထုံးစံရှိသည်အတိုင်း မကြောက်မရွံ့ တစ်နေ့သုံးကြိမ် ဆက်ဆုတောင်းခဲ့သည်။ (ဒံယေလ ၆:၆-၁၇) ယေရှုသည်လည်း ရန်သူများ၏ခြိမ်းခြောက်မှုကို မမှုခဲ့ချေ။ ဥပုသ်နေ့တစ်နေ့တွင် လက်တစ်ဖက်သေနေသူတစ်ဦးနှင့် ကိုယ်တော်တွေ့ဆုံခဲ့သည်။ ဥပုသ်နေ့တွင် မိမိသည် တစ်ဦးတစ်ယောက်ကို အကယ်၍ ကုသပေးမည်ဆိုလျှင် ထိုနေရာတွင်ရှိနေကြသော ဂျူးများစွာက နှစ်သက်ကြလိမ့်မည်မဟုတ်ကြောင်း ယေရှုသိတော်မူ၏။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သူတို့၏စိတ်ထားကိုဖော်ပြရန် သူတို့ကို တဲ့တိုးမေးမြန်းတော်မူ၏။ သူတို့မဖြေသောအခါ ယေရှုသည် ထိုသူ၏လက်ကိုကုသပေးလေသည်။ (မာကု ၃:၁-၆) မိမိအပ်နှင်းခံရသောတာဝန်ကို သင့်တော်သည်ဟုယေရှုထင်သည်အတိုင်း မထမ်းဆောင်ဘဲဘယ်သောအခါမျှ မနေခဲ့ချေ။
၁၈။ အချို့သူတို့သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့်ဆန့်ကျင်ကြသနည်း၊ သို့သော် သူတို့၏အပျက်သဘောကို မည်သို့တုံ့ပြန်သင့်သနည်း။
၁၈ ယနေ့ ယေဟောဝါသက်သေများလည်း ဆန့်ကျင်သူတို့၏ပြုနိုင်
ဖွယ် မကောင်းသောတုံ့ပြန်မှုကြောင့် ဘယ်တော့မျှကြောက်ရွံ့မသွားရန် သိရှိထားကြ၏။ ထိုသို့မဖြစ်ပါက ယေရှု၏စိတ်သဘောထားကို သူတို့တင်ပြရာရောက်မည်မဟုတ်ချေ။ ယေဟောဝါသက်သေများကို ဆန့်ကျင်သူများစွာရှိ၍ အချို့တို့က အကြောင်းစုံမသိသောကြောင့်ဖြစ်ပြီး အခြားသူတို့မှာမူ သက်သေခံများ သို့မဟုတ် သူတို့၏သတင်းတရားကို မုန်းတီးကြသောကြောင့်ဖြစ်သည်။ သို့သော် သူတို့၏ရန်လိုသောသဘောထားက ကျွန်ုပ်တို့၏အပြုသဘောကို ဘယ်တော့မျှမထိခိုက်ပါစေနှင့်။ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်နည်းကို အခြားသူတို့ကညွှန်ကြားပေးရန် ဘယ်တော့မျှခွင့်မပြုသင့်ချေ။၁၉။ ယေရှုခရစ်ကဲ့သို့သောစိတ်ထားကို ကျွန်ုပ်တို့မည်သို့တင်ပြနိုင်ကြသနည်း။
၁၉ ယေရှုသည် လုပ်ဆောင်ရန်မည်မျှပင်ခက်ခဲပါစေ မိမိ၏နောက်လိုက်များနှင့် ယေဟောဝါ၏အစီအစဉ်များအပေါ် အပြုသဘောအမြဲတင်ပြခဲ့၏။ (မဿဲ ၂၃:၂၊ ၃) ကိုယ်တော့်ပုံသက်သေကို ကျွန်ုပ်တို့အတုယူသင့်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ညီအစ်ကိုများသည် မစုံလင်ကြချေ၊ ကျွန်ုပ်တို့လည်း ထိုအတိုင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအပြင် အခြားအဘယ်နေရာတွင် ထိုထက်သာ၍ကောင်းသော အပေါင်းအဖော်များနှင့် သစ္စာရှိသောမိတ်ဆွေများတွေ့ရှိနိုင်ကြမည်နည်း။ ယေဟောဝါသည် ရေးသားထားသောကိုယ်တော်၏စကားတော်ကို အပြည့်အဝနားလည်ခွင့် မပေးသေးသော်လည်း အဘယ်ဘာသာရေးအုပ်စုက ပိုနားလည်နေပါသနည်း။ ယေရှုခရစ်၌ရှိခဲ့သော စိတ်သဘောတော်၊ သဘောထားမှန်ကို အမြဲထားရှိကြပါစို့။ ၎င်းတွင် အခြားအရာများအပြင် နောက်ဆောင်းပါး၌ ကျွန်ုပ်တို့ဆွေးနွေးကြမည့်အတိုင်း ယေဟောဝါအား စောင့်မျှော်နေတတ်ခြင်းပါဝင်သည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာနိုင်ငံမှထုတ်ဝေသော အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်၌ ယေရှု၏ဘဝနှင့်ဓမ္မအမှုကို ဆွေးနွေးတင်ပြထားသည်။
သင်ရှင်းပြနိုင်သလော
• ကျွန်ုပ်တို့၏စိတ်ထားက ကျွန်ုပ်တို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်သနည်း။
• ယေရှုခရစ်၏စိတ်သဘောတော်ကို ဖော်ပြပါ။
• ယောဘ၏စိတ်ထားမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
• ဆန့်ကျင်မှုကိုရင်ဆိုင်ရာတွင် ကျွန်ုပ်တို့ ၌ရှိကြရမည့် သဘောထားမှန်ကားအဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သဘောထားမှန်ရှိသော ခရစ်ယာန်တစ်ဦးသည် အခြားသူတို့ကိုကူညီ၏
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘုရားသခင့်စကားတော်ကို ဆုတောင်း၍လေ့လာခြင်းက ခရစ်တော်၏စိတ်ထားကို မွေးမြူရန် ကူညီပေး