အဘယ်ကြောင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရသနည်း
အဘယ်ကြောင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရသနည်း
အသက် ၅၀ ကျော်ဖြစ်သော အိမ်ထောင်သည်ဘေးလ်သည် ဆောက်လုပ်ရေးဆိုင်ရာနည်းပညာကောလိပ်မှ ဆရာတစ်ဦးဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင် ရက်သတ္တပတ်များစွာ၌ ကိုယ့်စရိတ်ဖြင့် ယေဟောဝါသက်သေများ၏ အသင်းတော်များအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမများ စီမံကိန်းရေးဆွဲခြင်းနှင့် ဆောက်လုပ်ခြင်းတို့၌ ကူညီပေးရာတွင်အချိန်ပေးလေ့ရှိ၏။ အမ်မာသည် ပညာတတ်တစ်ဦးဖြစ်ပြီး အရည်အချင်းပြည့်သည့် အသက် ၂၂ ရှိ တစ်ကိုယ်ရေမိန်းကလေးတစ်ဦးဖြစ်သည်။ ကိုယ်ပိုင်ပန်းတိုင်များနှင့် အပျော်အပါးများနောက် တစ်ချိန်လုံးလိုက်စားမည့်အစား သူသည် ဘုရားသခင့်အမှုဆောင်တစ်ဦးအဖြစ် တစ်လလျှင် နာရီပေါင်း ၇၀ ကျော်အသုံးပြု၍ သမ္မာကျမ်းစာကို လူတို့သိနားလည်စေရန် ကူညီပေးလျက်ရှိ၏။ မောရစ်နှင့် ဘက်တီတို့သည် အငြိမ်းစားများဖြစ်ကြသည်။ ယခု သက်သက်သာသာနေကြမည့်အစား ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်ပတ်သက်၍ လူတို့သိရှိလာကြရန် ကူညီပေးဖို့ အခြားတိုင်းပြည်တစ်ခုသို့ သူတို့ရွှေ့ပြောင်းခဲ့ကြသည်။
ဤသူတစ်ဦးချင်းစီသည် မိမိတို့ကိုယ်ကို ထူးခြားသူများ သို့မဟုတ် သာမန်ထက်ထူးကဲသူများဟု မယူမှတ်ကြချေ။ သူတို့သည် လုပ်သင့်လုပ်ထိုက်ရာဟု မိမိတို့ယူမှတ်သည့်အရာကို လုပ်ဆောင်နေကြသော သာမန်လူများဖြစ်ကြသည်။ အခြားသူတို့၏အကျိုးအတွက် သူတို့သည် မိမိတို့၏အချိန်၊ ခွန်အား၊ စွမ်းရည်နှင့် ဥစ္စာအင်ခွင်များကို အဘယ်ကြောင့်အသုံးပြုကြသနည်း။ သူတို့ကိုလှုံ့ဆော်ပေးသည့်အရာမှာ ဘုရားသခင်နှင့် မိမိတို့၏အိမ်နီးချင်းအပေါ် နက်ရှိုင်းသောမေတ္တာဖြစ်သည်။ ဤမေတ္တာက သူတို့တစ်ဦးချင်းစီ၌ စစ်မှန်သောကိုယ်ကျိုးစွန့်စိတ်ဓာတ် ပေါက်ဖွားလာစေသည်။
ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဟုဆိုရာ၌ ကျွန်ုပ်တို့ ဘာကိုဆိုလိုသနည်း။ အမှန်မှာ ကိုယ်ကျိုးစွန့်ခြင်းဖြစ်ရန် အလွန်ခြိုးခြံသောဘဝဖြင့် နေထိုင်သွားဖို့ မလိုအပ်ပါ။ ကျွန်ုပ်တို့၏ရွှင်လန်းမှု သို့မဟုတ် ကျေနပ်ရောင့်ရဲမှု ကင်းမဲ့သွားစေသည့်အထိ ကိုယ့်ဆန္ဒကို အလွန်အကျွံငြင်းပယ်ဖို့ မလိုချေ။ အင်္ဂလိပ်အောက်စဖို့ဒ်အဘိဓာန်အကျဉ်းချုပ်၌ ယင်းကို ဖော်ပြထားသကဲ့သို့ ကိုယ်ကျိုးစွန့်ခြင်းဟူသည် “တာဝန်ဝတ္တရားအတွက် သို့မဟုတ် အခြားသူတို့၏ကောင်းကျိုးအတွက် မိမိ၏စိတ်ဝင်စားရာများ၊ ပျော်ရွှင်မှုနှင့် လိုအင်ဆန္ဒတို့ကို စွန့်လွှတ်လိုက်ခြင်း” သာဖြစ်သည်။
ယေရှုခရစ်—အဓိကပုံသက်သေ
ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိသည့် အဓိကပုံသက်သေဖြစ်သူတစ်ဦးမှာ ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်ဖြစ်၏။ လူသားဘဝမတိုင်မီက ကိုယ်တော်၏အသက်တာသည် အမြင့်ဆုံးအတိုင်းအတာအထိ စိတ်လှုပ်ရှားဖွယ်၊ ကျေနပ်ဖွယ်ရာဖြစ်ခဲ့ရပေမည်။ ကိုယ်တော်သည် မိမိ၏ဖခင်၊ နာမ်ဝိညာဉ်သားတို့နှင့် လက်ပွန်းတတီးရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်။ ထိုအပြင် ဘုရားသခင့်သားတော်သည် “လုပ်သားချုပ်” အဖြစ် မိမိ၏စွမ်းရည်များကို စိန်ခေါ်မှုလည်းဖြစ်၊ စိတ်လှုပ်ရှားစရာလည်းဖြစ်သော လုပ်ဆောင်မှုတို့တွင် အသုံးပြုခဲ့၏။ (သု. ၈:၃၀၊ ၃၁၊ ကဘ) ကမ္ဘာပေါ်တွင်အချမ်းသာဆုံးပုဂ္ဂိုလ်ပင် မွေ့လျော်နိုင်ခဲ့သည်ထက် အဆမတန်သာလွန်သော အခြေအနေများကြားတွင် ကိုယ်တော်နေခဲ့ရမည်မှာ သေချာသည်။ ကောင်းကင်တွင် ယေဟောဝါဘုရားသခင်ပြီးလျှင် ကြီးမြတ်၍ အခွင့်ထူးသောရာထူးကို ကိုယ်တော်ရထားသည်။
ဖိလိပ္ပိ ၂:၇) ကိုယ်တော်သည် လူသားတစ်ဦးဖြစ်လာကာ စာတန်ကြောင့်ဖြစ်ရသော ထိခိုက်မှုအားပယ်ဖျက်ပေးနိုင်ရန် မိမိ၏အသက်ကို ရွေးနုတ်ဖိုးအဖြစ်ပူဇော်ခြင်းဖြင့် မိမိပိုင်ဆိုင်ထားသောအခွင့်ထူးများကို စိတ်လိုကိုယ်လျောက် စွန့်လွှတ်ခဲ့သည်။ (ကမ္ဘာဦး ၃:၁-၇; မာကု ၁၀:၄၅) ယင်းက စာတန်လက်ဝယ်ရှိလောက၌ ရှိနေကြသည့်အပြစ်ပြည့်နေသောလူသားတို့ထဲတွင် အသက်ရှင်ရန်ကြွလာခြင်းကို ဆိုလိုသည်။ (၁ ယောဟန် ၅:၁၉) ၎င်းပြင် ကိုယ်ရေးကိုယ်တာခဲယဉ်းကျပ်တည်းမှုနှင့် အဆင်မပြေမှုများအား သည်းခံခြင်းကိုလည်းဆိုလို၏။ သို့သော် မည်သို့ပင်ဖြစ်ပါစေ ယေရှုခရစ်သည် မိမိခမည်းတော်၏အလိုတော်ကိုဆောင်ရန် ဆုံးဖြတ်ထားခဲ့သည်။ (မဿဲ ၂၆:၃၉; ယောဟန် ၅:၃၀; ၆:၃၈) ယင်းက ယေရှု၏မေတ္တာနှင့် သစ္စာစောင့်သိမှုအပေါ် အဆုံးစွန်စမ်းသပ်မှုဖြစ်စေခဲ့သည်။ ကိုယ်တော်သည် မည်မျှအတိုင်းအတာအထိ တလိုတလားရှိခဲ့သနည်း။ တမန်တော်ပေါလုက “လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏” ဟုဖော်ပြခဲ့သည်။—ဖိလိပ္ပိ ၂:၈။
သို့တိုင် ဘုရားသခင်၏သားတော်သည် “မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။” (“ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့”
ယေရှု၏ပုံသက်သေကို လိုက်လျှောက်ရန် ကျွန်ုပ်တို့ အားပေးခံရသည်။ ပေါလုက “ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့” ဟုတိုက်တွန်းခဲ့၏။ (ဖိလိပ္ပိ ၂:၅) ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုနိုင်သနည်း။ တစ်နည်းမှာ “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ကြခြင်းအားဖြင့်ဖြစ်သည်။ (ဖိလိပ္ပိ ၂:၄) စစ်မှန်သောမေတ္တာသည် “ကိုယ်အကျိုးကိုမရှာတတ်။”—၁ ကောရိန္သု ၁၃:၅။
ကြောင့်ကြပေးတတ်သူတို့သည် အခြားသူတို့၏အရေးကိစ္စတွင် ကိုယ်ကျိုးမငဲ့ နှစ်မြှုပ်ကာ လုပ်ဆောင်ပေးလေ့ရှိသည်။ သို့သော် ယနေ့ များစွာတို့သည် ကိုယ့်ကျိုးအတွက်သာအာရုံစိုက်တတ်ကြ၏။ လောကတွင် ငါသာပဓာနစိတ်ထားရှိကြ၏။ ကျွန်ုပ်တို့သည် လောက၏စိတ်ဓာတ်ကိုတွန်းလှန်ရန် လိုအပ်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့၏ခံယူချက်နှင့် စိတ်ထားကိုပုံသွင်းရာ၌ ယင်းသည် အောင်မြင်သွားပါက ကျွန်ုပ်တို့သည် မိမိတို့၏လိုအင်ဆန္ဒများကို အဓိကထားလာဖွယ်ရှိသည်။ ထိုအခါ ကျွန်ုပ်တို့ပြုလုပ်သမျှ—ကျွန်ုပ်တို့၏အချိန်၊ ခွန်အား၊ ဥစ္စာအင်ခွင်များအသုံးပြုပုံ—ကို ကိုယ့်အရေးကိစ္စများက လွှမ်းမိုးသွားမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဤသြဇာလွှမ်းမိုးမှုကို အပြင်းအထန်တွန်းလှန်ရန်လိုအပ်သည်။
ကောင်းသောရည်ရွယ်ချက်ဖြင့်အကြံပေးခြင်းပင်လျှင် တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကိုအားပျော့သွားစေနိုင်သည်။ ယေရှုကိုယ်ကျိုးစွန့်မှု၏ ဦးတည်ရာလမ်းကြောင်းကို သိမြင်လာသဖြင့် တမန်တော်ပေတရုက ဤသို့ပြောခဲ့သည်– “ကိုယ့်ကိုယ်ကိုသနားပါ၊ သခင်။” (မဿဲ ၁၆:၂၂၊ ကဘ) ကိုယ်တော့်ခမည်းတော်၏အကျိုးစီးပွားနှင့် လူသားထုကယ်တင်ခြင်းရာရေး၌ သေသည့်အထိခံရပ်မည့် ယေရှု၏လိုလိုလားလားရှိမှုကို သူလက်ခံဖို့ အခက်တွေ့ပုံရသည်။ သို့နှင့် ထိုသို့သောလမ်းကို ဆက်မလိုက်ဖို့ ယေရှုအား ဖျောင်းဖျရန်သူကြိုးစားခဲ့သည်။
‘ကိုယ်ကိုကိုယ်ငြင်းပယ်’
ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း။ မှတ်တမ်းကဤသို့ဆိုသည်– “ကိုယ်တော်သည်လှည့်၍ တပည့်တော်တို့ကိုကြည့်ရှုလျက်၊ ‘အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာစွဲလမ်းသည်။’” ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် ပရိသတ်များကိုခေါ်တော်မူပြီးလျှင် ဤသို့မိန့်တော်မူခဲ့သည်– “အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် ကိုယ်ကိုငြင်းပယ်ပါစေ။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ပါစေ။”—မာကု ၈:၃၃၊ ၃၄၊ သမ္မာ။
ဤအကြံကို ယေရှုအား ပေတရုပေးပြီးနောက်နှစ်ပေါင်း ၃၀ ခန့်အကြာမှ သူသည် ကိုယ်ကျိုးစွန့်ခြင်း၏ဆိုလိုရင်းကို နားလည်သဘောပေါက်ကြောင်း ပြသခဲ့၏။ ယုံကြည်သူချင်းတို့ကို သက်သောင့်သက်သာနေစေခြင်းဖြင့် မိမိတို့ကိုယ်ကို သနားညှာတာရန် သူ မတိုက်တွန်းခဲ့ချေ။ ယင်းအစား ပေတရုက ဆောင်ရွက်စရာများအတွက် သူတို့၏စိတ်နှလုံးကိုခါးပန်းစည်းရန်နှင့် ယခင်က လောကလိုအင်ဆန္ဒများ၏ပုံသွင်းခံနေရခြင်းကို ရပ်တန့်ပစ်ရန် သူတို့ကိုတိုက်တွန်းနှိုးဆော်ခဲ့သည်။ စမ်းသပ်မှုများကြားမှ သူတို့၏ဘဝအသက်တာတွင် ဘုရားသခင့်အလိုတော်ထမ်းဆောင်ခြင်းကို ဦးစားထားရန်ဖြစ်သည်။—၁ ပေတရု ၁:၆၊ ၁၃၊ ၁၄; ၄:၁၊ ၂။
ကျွန်ုပ်တို့ မည်သူမဆိုလိုက်လျှောက်နိုင်ကြသည့် အကျိုးအဖြစ်ဆုံးလမ်းစဉ်မှာ ကျွန်ုပ်တို့ပိုင်ဆိုင်သမျှအားလုံးကို ယေဟောဝါအား ပေးဆက်ခြင်း၊ သစ္စာရှိရှိဖြင့် ယေရှုခရစ်နောက်လိုက်လျှောက်ခြင်းနှင့် ကျွန်ုပ်တို့၏ဆောင်ရွက်မှုများတွင် ဘုရားသခင်အား လမ်းညွှန်ခွင့်ပြုခြင်းတို့ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ပေါလုက ကောင်းသောပုံသက်သေထားခဲ့သည်။ သူ၏အရေးတကြီးသဘောထားနှင့် ယေဟောဝါအား သူ၏ကျေးဇူးသိတတ်ခြင်းတို့၂ ကောရိန္သု ၁၂:၁၅) ပေါလုသည် မိမိ၏စွမ်းရည်များကို မိမိအတွက်မဟုတ်ဘဲ ဘုရားသခင်ရေးရာအကျိုးစီးပွား တိုးပွားရေးအတွက် အသုံးပြုခဲ့သည်။—တမန်တော် ၂၀:၂၄; ဖိလိပ္ပိ ၃:၈။
က သူ့ကို ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှ လမ်းကြောင်းပြောင်းသွားနိုင်သည့် လောကရှိစွဲမက်စရာများ သို့မဟုတ် အလားအလာများကိုစွန့်လွှတ်ရန် သူ့အားလှုံ့ဆော်ပေးခဲ့သည်။ သူက “ငါသည်” အခြားသူတို့၏အကျိုးအတွက် ဆောင်ရွက်ရာ၌ “ကိုယ်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း၊ ကုန်စေခြင်းငှာ အလွန်စေတနာရှိ၏” ဟုဆိုခဲ့သည်။ (တမန်တော်ပေါလုကဲ့သို့စိတ်ထားမျိုး ကျွန်ုပ်တို့တွင်ရှိမရှိသိမြင်ရန် ကိုယ့်ကိုယ်ကို မည်သို့ဆန်းစစ်နိုင်သနည်း။ ကျွန်ုပ်တို့ကိုယ်ကို ဤကဲ့သို့မေးခွန်းများ ပြန်မေးကြည့်နိုင်သည်– ငါ့ရဲ့အချိန်၊ ခွန်အား၊ စွမ်းရည်နှင့် ဥစ္စာအင်ခွင်တွေကို ဘယ်လိုအသုံးပြုသလဲ။ ဒီအရာတွေနဲ့ အခြားအဖိုးထိုက်တန်တဲ့အရာတွေကို ငါ့ရဲ့အကျိုးစီးပွား တိုးပွားလာဖို့ပဲသုံးသလား၊ ဒါမှမဟုတ် အခြားသူတွေကို ကူညီပေးဖို့ အဲ့ဒါတွေကိုအသုံးပြုနေသလား။ ငါဟာ အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအနေနဲ့ဖြစ်ကောင်းဖြစ်ကာ အသက်ကယ်ဆယ်ရေး သတင်းကောင်းကြေညာခြင်းလုပ်ငန်းမှာ ပိုပြီးအပြည့်အဝပါဝင်ဖို့ စဉ်းစားသုံးသပ်ပြီးပြီလား။ ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ခြင်း ဒါမှမဟုတ် ပြုပြင်မွမ်းမံခြင်းလိုမျိုး ဆောင်ရွက်မှုတွေမှာ ငါပိုပြီးအပြည့်အဝပါဝင်နိုင်သလား။ လိုအပ်သူတွေကို ကူညီပေးဖို့အခွင့်အလမ်းကို မလွတ်တမ်းငါရယူနေသလား။ ငါရဲ့အကောင်းဆုံးကို ယေဟောဝါကို ပေးဆက်နေသလား။—သု. ၃:၉။
‘ပေးကမ်းခြင်းသည် သာ၍ပျော်ရွှင်’
သို့သော် ကိုယ်ကျိုးစွန့်ခြင်းသည် အမှန်ပင် ပညာရှိရာကျသလော။ အမှန်ပညာရှိပေသည်! ယင်းသို့သောစိတ်ဓာတ်သည် ကြွယ်ဝသောဆုကျေးဇူးကိုခံစားရစေကြောင်း ကိုယ်တိုင်ကြုံတွေ့မှုမှ ပေါလုသိရှိခဲ့၏။ ယင်းက သူ့အတွက် အကြီးအကျယ်ပျော်ရွှင်မှုနှင့် ကိုယ်တိုင်အကြီးအကျယ်ကျေနပ်ရောင့်ရဲမှုတို့ကို ရရှိစေခဲ့သည်။ ဧဖက်မြို့မှအသက်ကြီးသူတို့နှင့် မိလက်မြို့၌ သူတွေ့ဆုံခဲ့သောအခါ သူတို့ကို ယင်းနှင့်ပတ်သက်၍ရှင်းပြခဲ့သည်။ ပေါလု ဤသို့ပြောသည်– “ထိုသို့ သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသောသူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိ [“ရွှင်လန်း၊” ကဘ] သည်ဟု သခင်ယေရှုမိန့်တော်မူသောစကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း အရာရာ၌ သင်တို့အားငါပြသပြီ။” (တမန်တော် ၂၀:၃၅) ဤကဲ့သို့သောစိတ်ထားမျိုး ပြသခြင်းက ယခုပင် များစွာသောပျော်ရွှင်မှုကိုဖြစ်စေကြောင်း သန်းပေါင်းများစွာသောသူတို့ တွေ့ရှိခဲ့ကြပြီ။ ယင်းက မိမိ၏အကျိုးထက် ယေဟောဝါ၏အကျိုးစီးပွားနှင့် အခြားသူတို့ကို ဦးစားထားသူတို့အပေါ် ကိုယ်တော်ဆုချတော်မူသောအနာဂတ်အချိန်၌လည်း ရွှင်လန်းမှုကိုဖြစ်စေမည်။—၁ တိမောသေ ၄:၈-၁၀။
ဘုရားသခင့်နိုင်ငံတော်ခန်းမများဆောက်လုပ်ရန် အခြားသူတို့ကိုကူညီပေးရာ၌ သူကိုယ်တိုင် အဘယ်ကြောင့်ကြိုးစားအားထုတ်ခဲ့ရကြောင်း မေးမြန်းသောအခါ ဘေးလ်က ဤသို့ပြောပြသည်– “ဒီနည်းနဲ့ ပိုပြီးသေးငယ်တဲ့အသင်းတော်လေးတွေကို ကူညီပေးရတာဟာ ကျွန်တော့်ကို အကျေနပ်ကြီးကျေနပ်စေပါတယ်။ အခြားသူတွေရဲ့အကျိုးအတွက် ကျွန်တော့်ရဲ့ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေကို သုံးခွင့်ရလို့ ကျွန်တော်ပျော်ရွှင်မိပါတယ်။” အမ်မာသည် သမ္မာကျမ်း
စာအမှန်တရားကို အခြားသူတို့သိရှိဖို့ ကူညီပေးရာ၌ မိမိ၏ခွန်အားများနှင့် စွမ်းရည်များကို မြှုပ်နှံပေးဆက်ရန် အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်း။ “တခြားနောက်ထပ်လုပ်ကိုင်စရာကို ကျွန်မ စဉ်းစားလို့မရနိုင်တော့ပါဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ ငယ်ရွယ်စဉ်အချိန်မှာ ယေဟောဝါနှစ်သက်စေဖို့နဲ့ အခြားသူတွေကိုကူညီပေးဖို့ ကျွန်မအတတ်နိုင်ဆုံး လုပ်ဆောင်လိုပါတယ်။ ရုပ်ပိုင်းအခွင့်ထူးအချို့ကို စွန့်လွှတ်လိုက်ခြင်းဟာ ကြီးမားတဲ့အရာမဟုတ်ပါဘူး။ ကျွန်မအတွက် ယေဟောဝါပြုလုပ်ပေးခဲ့တာတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်မလုပ်သင့်တာကိုပဲ ကျွန်မပြုလုပ်နေတာပါ။”မောရစ်နှင့်ဘက်တီတို့သည် ပင်ပင်ပန်းပန်းလုပ်ကိုင်၍ မိသားစုကို ကျွေးမွေးပြုစုပြီးသည့်နှစ်များနောက်ပိုင်း သက်သောင့်သက်သာဘဝဖြင့် မနေရခြင်းအတွက် နောင်တမရကြချေ။ ယခု သူတို့အငြိမ်းစားယူလိုက်ပြီ၊ သူတို့ဘဝအသက်တာတွင် အသုံးဝင်၍ အဓိပ္ပာယ်ရှိသောအရာတစ်ခုကို သူတို့ဆက်လုပ်ကိုင်လိုကြ၏။ သူတို့က “အခု ပြန်ပြီး အေးအေးလူလူနေဖို့ လုံးဝဆန္ဒမရှိပါဘူး” ဟူ၍ဆိုသည်။ “တိုင်းတစ်ပါးမှာ အခြားသူတွေကို ယေဟောဝါအကြောင်းသိလာဖို့ ကူညီပေးရတာဟာ ရည်ရွယ်ချက်ပြည့်ဝတဲ့အရာတစ်ခု ဆက်လုပ်ကိုင်ဖို့ ကျွန်တော်တို့ကို အခွင့်အလမ်းပေးတာပါပဲ။”
ကိုယ်ကျိုးစွန့်ဖို့ သင်ဆုံးဖြတ်ထားသလော။ ယင်းသည် လွယ်ကူမည်ကား မဟုတ်ချေ။ ကျွန်ုပ်တို့၏ မစုံလင်သောလူ့လိုအင်ဆန္ဒများနှင့် ဘုရားသခင်အား နှစ်သက်စေလိုသော ကျွန်ုပ်တို့၏စိတ်ထက်သန်မှုစပ်ကြား အမြဲပင်ဆိုင်ပြိုင်တိုက်လှန်နေကြရသည်။ (ရောမ ၇:၂၁-၂၃) သို့သော် ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါအား ညွှန်ကြားခွင့် ပြုမည်ဆိုလျှင် ယင်းသည် အောင်မြင်နိုင်သောတိုက်ပွဲတစ်ပွဲဖြစ်၏။ (ဂလာတိ ၅:၁၆၊ ၁၇) ကိုယ်တော်၏အမှုတော်၌ ကျွန်ုပ်တို့၏ကိုယ်ကျိုးစွန့်လုပ်ဆောင်မှုကို အမှန်ပင်ကိုယ်တော်သတိရကာ ကြွယ်ဝသောကောင်းချီးပေးပေလိမ့်မည်။ အမှန်မှာ ယေဟောဝါဘုရားသခင်သည် “မိုးကောင်းကင်ပြတင်းပေါက်များကိုဖွင့်၍လိုလျက်မနေရအောင်ကောင်းချီးမင်္ဂလာသွန်းလောင်းမည်” ဖြစ်သည်။—မာလခိ ၃:၁၀၊ သမ္မာ; ဟေဗြဲ ၆:၁၀။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေရှု၌ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိခဲ့သည်။ အသင်၌ကော
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ပေါလုသည် မိမိ၏ကြိုးပမ်းအားထုတ်မှုများကို ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း၌ စူးစိုက်ခဲ့သည်