မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်မြင်မရဘုရားသခင်ထံ သင်နီးကပ်လာနိုင်သလော

မျက်မြင်မရဘုရားသခင်ထံ သင်နီးကပ်လာနိုင်သလော

မျက်မြင်မရ​ဘုရားသခင်​ထံ သင်​နီးကပ်​လာနိုင်​သလော

‘ကျွန်တော်​မမြင်နိုင်​တဲ့​သူ​တစ်ယောက်ယောက်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံ​ရေး​ကို ဘယ်လို​ရနိုင်မလဲ’ ဟု​သင်​မေး​ပေမည်။ ယင်းသည် ခြေမြစ်​သော​မေးခွန်း​ဖြစ်​ပုံ​ရှိသည်။ သို့သော် သုံးသပ်ကြည့်​ပါ–

ချစ်ခင်မှု​တိုးပွား​ရန်​နှင့် ဆက်ဆံ​ရေး​တည်မြဲ​ရန် မျက်မြင်ရ​မှု​သည် မည်မျှ​အရေးကြီး​သနည်း။ မမြင်နိုင်​သည့်​အကြောင်း​ခြင်း​ရာ​များသည်​လည်း မ​ပို​မ​သာ​လျှင်​ပင် ထပ်တူ​ထပ်​မျှ​အရေးကြီး​သည်မဟုတ်​လော။ ဧကန်​အမှန်ပင်! ထို​အကြောင်းကြောင့် လူ​အချို့​သည် မှန်မှန်​စာရေး​ဆက်သွယ်ခြင်း​အားဖြင့် အခြား​သူများ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ဖြစ်ပေါ်​တိုးတက်စေ​ခဲ့​ကြသည်။ သူတို့၏​စာ​များ​က နှစ်သက်​သည့်​အရာများ၊ မနှစ်သက်​သည့်​အရာများ၊ ပန်းတိုင်​များ၊ ကိုယ်ကျင့်တရား​များ၊ ပျော်ရွှင်ဖွယ်​သဘောထားများ​နှင့် အခြားသူ​၏​ပင်ကိုစရိုက်​များ သို့​မဟုတ် စိတ်ဝင်စားဖွယ်​ရာ​များ​ကို စိတ်ရင်း​အတိုင်း​သိရှိ​စေ​သည်။

အခြားသူ​တစ်ဦး​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရရှိရန် မျက်မြင်ရ​ခြင်း​သည်​ပဓာန​မကျ​ကြောင်း မျက်မမြင်​သူများ​က​လည်း သက်သေ​ထင်ရှားပြ​သည်။ မျက်မမြင်​မောင်နှံစုံ​ဖြစ်သည့် အက်​ဒ​ဝ​ဒ်​နှင့် ဂ​ဝဲ​န်း​တို့၏​နမူနာကို သုံးသပ်ကြည့်​ပါ။ * အက်​ဒ​ဝ​ဒ်​သည် မျက်မမြင်​ကျောင်း​၌ အကြီး​တန်း​အတန်းဖော် ဂ​ဝဲ​န်း​နှင့်​ဆုံခဲ့​သည်။ ဂ​ဝဲ​န်း​၏​အရည်အချင်းများ အထူးသဖြင့် အပြောအဆို​နှင့်​အကျင့်အကြံ​တို့​တွင် ရိုးသား​ပြီး အလုပ်​တွင်​ထား​ရှိသော အထူး​ကောင်းမွန်သော​သဘောထားကို သူ​သဘောကျခဲ့​သည်။ တစ်ဖန် ဂ​ဝဲ​န်း​က​လည်း အက်​ဒ​ဝ​ဒ်​ကို​စွဲလမ်း​ခဲ့​ကြောင်း သူ၏​စကား​များ​ဖြင့် ဤသို့​ဖော်ပြ​သည်– “ကျွန်မ​ဘဝကို​ပြုစု​ပျိုးထောင်​ဖို့ အရေးကြီးတယ်လို့​ယူမှတ်​ရတဲ့ အရည်အချင်း​အားလုံး​ကို သူ​ပြ​ခဲ့တယ်။” မေတ္တာမျှ​သွား​ကြ​ပြီး သုံးနှစ်​အကြာတွင် သူတို့​လက်ထပ်​လိုက်​ကြသည်။

“တခြားသူ​တစ်ယောက်​နဲ့ ဆက်ဆံ​ရေး​ကို​တည်ဆောက်​ရာ​မှာ အတူ​နေကြ​တဲ့​အခါ မျက်စိ​မမြင်​ခြင်း​ဟာ အမှန်တကယ်​ဘာမျှ​မထူးခြား​သွား​စေပါ​ဘူး။ တစ်ယောက်ကို​တစ်ယောက်​မမြင်နိုင်​ပေမဲ့ ခံစားချက်​တွေ​က​တော့ ကာဆီး​မနေပါဘူး။” ယခု ၅၇ နှစ်​ကြာပြီးနောက်​တွင်​ပင် နှစ်နှစ်ကာကာ​ချစ်​နေကြ​ဆဲ​ပင်။ သူတို့၏​အံ့ဖွယ်​ဆက်ဆံ​ရေး​လျှို့ဝှက်ချက် အနည်းဆုံး​လေးချက်​ပါဝင်​ပတ်သက်​ကြောင်း ရှင်းပြသည်– (၁) အခြားသူ​၏​အရည်အချင်းများ​ကို​ဂရုပြု​ခြင်း၊ (၂) ထို​အရည်အချင်းများ​ကို စဉ်းစား​တွေးတော​ကာ ဆွဲဆောင်​ခံရ​ခြင်း၊ (၃) ဆက်သွယ်မှု​ကောင်း​ကို​ထိန်းသိမ်း​ခြင်း​နှင့် (၄) အတူတကွ​လုပ်ဆောင်ခြင်း​တို့​ဖြစ်သည်။

မိတ်ဆွေ​အချင်းချင်း​ဖြစ်စေ၊ အိမ်ထောင်သည်​မောင်နှံစုံ​များ သို့​မဟုတ် ပို​၍​အရေးပါသည့် လူသားများ​နှင့်​ဘုရားသခင်​စပ်ကြား​တွင်​ဖြစ်စေ မည်သည့်​ဆက်ဆံ​ရေး​ကောင်း​ရရှိ​ရေး​အတွက်​မဆို ထို​လေးချက်​သည်​အရေးပါ​သည်။ နောက်​ဆောင်းပါး​တွင် ယင်း​အချက်များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​က ဘုရားသခင်​ကို ကျွန်ုပ်​တို့​မမြင်နိုင်​သည့်​တိုင် ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရရှိစေရန် ကူညီပေး​နိုင်​ပုံ​ကို တွေ့ရ​မည်​ဖြစ်သည်။ *

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 နာမည်​များ​ကို​ပြောင်း​ထား​သည်။

^ အပိုဒ်၊ 6 ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​သည် လူသားများ​အချင်းချင်း​ဆက်ဆံ​ရေး​နှင့်​မတူဘဲ ကိုယ်တော်​တည်ရှိခြင်း​ကို​ယုံကြည်ခြင်း​အပေါ်​အခြေခံ​သည်။ (ဟေဗြဲ ၁၁:၆) ဘုရားသခင်​၌ ခိုင်မာ​သော​ယုံကြည်ခြင်း​တည်ဆောက်​ခြင်း​နှင့်​ပတ်သက်သော အသေးစိတ်​ဆွေးနွေးချက်​ကို နယူးယောက်၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ​ထုတ်ဝေ​သည့် သင့်​အား ဂရုစိုက်​စောင့်ရှောက်သော ဖန်ဆင်း​ရှင်​တစ်ပါး ရှိ၏​လော စာအုပ်​ကို​ကျေးဇူးပြု​၍​ရှု။