ရိတ်သိမ်းချိန်မတိုင်မီ “လယ်” ၌လုပ်ဆောင်ခြင်း
ရိတ်သိမ်းချိန်မတိုင်မီ “လယ်” ၌လုပ်ဆောင်ခြင်း
ကြီးမြတ်သောဆရာ၏တပည့်များ စဉ်းစားရကျပ်နေသည်။ ယေရှုသည် ဂျုံစပါးနှင့်တောမျိုးစေ့ ပုံပြင်အကျဉ်းချုပ်ကို ပြောပြီးခါစဖြစ်သည်။ ယင်းသည် ထိုနေ့တွင်ကိုယ်တော်ပြောခဲ့သည့် ပုံဥပမာများစွာမှတစ်ခုဖြစ်၏။ ကိုယ်တော်ပြောပြီးသွားသည့်အခါ ပရိသတ်အများစု ထွက်သွားကြသည်။ ကိုယ်တော့်နောက်လိုက်များကမူ ကိုယ်တော်၏ပုံဥပမာများတွင် အထူးသဖြင့် ဂျုံစပါးနှင့်တောမျိုးစေ့ပုံဥပမာသည် အထူးအဓိပ္ပာယ်တစ်ခုရှိရမည်ကို သိကြသည်။ ယေရှုသည် စိတ်ဝင်စားစရာပုံတိုပတ်စပြောသူတစ်ဦး လုံးလုံးမဟုတ်ကြောင်းကို သူတို့သိကြသည်။
“လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အားဖော်ပြတော်မူပါ” ဟူသူတို့မေးခဲ့ကြကြောင်း မဿဲက မှတ်တမ်းတင်သည်။ ပြန်လည်ဖြေကြားရာတွင် ယေရှုက ပုံဥပမာ၏အနက်ကို ဖော်ပြကာ မိမိတပည့်တော်ဟုဆိုသူများအလယ်တွင် ပေါ်ပေါက်လာမည့် အယူဖောက်ပြန်မှုကြီးအကြောင်း ကြိုဟောခဲ့သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၃၈၊ ၄၃) ထိုအတိုင်းဖြစ်လာကာ အယူဖောက်ပြန်မှုသည် တမန်တော်ယောဟန်သေဆုံးပြီးနောက် လျင်မြန်စွာပျံ့နှံ့ခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ) ယင်း၏အကျိုးဆက်များသည် အလွန်ပင်ပျံ့နှံ့ခဲ့ရာ ၂:၆-၁၂လုကာ ၁၈:၈ တွင်မှတ်တမ်းတင်ထားသည့် အလွန်သင့်လျော်ပုံပေါက်သော ဤမေးခွန်းကို ယေရှုမေးယူရသည့်အထိပင်– “လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော။”
ယေရှု၏ရောက်ရှိခြင်းက ဂျုံစပါးကဲ့သို့သောခရစ်ယာန်များအား ‘ရိတ်သိမ်းချိန်’ ၏အစကို အမှတ်သညာပြုပါမည်။ ယင်းသည် ၁၉၁၄ ခုနှစ်တွင်စတင်သည့် ‘အစီအစဉ်စနစ်ဆုံးခန်း’ ၏အမှတ်အသားတစ်ခုဖြစ်ပါမည်။ ထို့ကြောင့် ရိတ်သိမ်းချိန်၏အစသို့ဦးတည်စေသည့် အခါသမယတွင် ကျမ်းစာအမှန်တရားအား စိတ်ဝင်စားလာကြခြင်းကို မအံ့သြသင့်ပေ။—မဿဲ ၁၃:၃၉။
သမိုင်းမှတ်တမ်းဆိုင်ရာဆန်းစစ်မှုတစ်ခုက အထူးသဖြင့် ၁၅ ရာစုမှစ၍ “တောမျိုးစေ့” သို့မဟုတ် ခရစ်ယာန်အတုများနှင့်တူသည့် ခရစ်ယာန်ဘောင်ရှိ လူအများစုထဲတွင်ပင် စိတ်လှုံ့ဆော်မှုခံခဲ့ရကြောင်း ထင်ရှားစေသည်။ သမ္မာကျမ်းစာကို လွတ်လွတ်လပ်လပ်ရရှိနိုင်ပြီး ကျမ်းစာမှန်ပြမာတိကာများကို ပြင်ဆင်ခဲ့သည်နှင့်အမျှ နှလုံးရိုးဖြောင့်သူများသည် ကျမ်းစာကို သေသေချာချာ စတင်စူးစမ်းရှာဖွေခဲ့ကြသည်။
အလင်းတောက်ပလာ
၁၉ ရာစုသို့ အကူးအပြောင်းကာလရှိသူများတွင် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟမ်မြို့မှ ဟင်နရီဂရူး (၁၇၈၁-၁၈၆၂) ပါဝင်သည်။ သူသည် အသက် ၁၃ နှစ်တွင် သူ၏မိသားစုနှင့်အတူ အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်၍ ယူနိုက်တက်စတိတ်သို့ ရွက်လွှင့်ခဲ့ရာ ၁၇၉၅ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် ရောက်ရှိခဲ့သည်။ သူတို့သည် ရိုဒီကျွန်း၊ ပရိုဗိဒင့်စ်မြို့တွင် အခြေချခဲ့ကြသည်။ မိဘများသည် သူအား ကျမ်းစာချစ်မြတ်နိုးစိတ်သွတ်သွင်းပေးခဲ့သည်။ ဂရူးသည် ၁၈၀၇ ခုနှစ်၌ အသက် ၂၅ နှစ်အရွယ်တွင် ကော်နက်တီကပ်ပြည်နယ်၊ ဟာ့ဖော့ဒ်မြို့ရှိ နှစ်ခြင်းအသင်းချာ့ခ်ျ၏သင်းအုပ်ဆရာအဖြစ် အမှုဆောင်ရန် ဖိတ်ခေါ်ခံရသည်။
သူသည် သွန်သင်ခြင်းတာဝန်များကို အလေးအနက်ထားကာ သူ၏ကြည့်ရှုမှုအောက်ရှိသူများကို ကျမ်းစာနှင့်အညီအသက်ရှင်ရန် ကြိုးစားကူညီပေးခဲ့သည်။ သို့သော် အသင်းတော်သည် မည်သည့်စိတ်လိုကိုယ်လျောက်အပြစ်ပြုကျင့်သူနှင့်မဆို ကင်းရှင်းနေစေရမည်ဟု သူယုံကြည်ခဲ့သည်။ ရံဖန်ရံခါ သူသည် ချာ့ခ်ျရှိအခြားတာဝန်ရှိသူများနှင့်အတူ မှားယွင်းခဲ့သူများနှင့် အခြားမသန့်ရှင်းသောအကျင့်များတွင် ပါဝင်ခဲ့သူများကို ထုတ်ပယ် (နှင်ထုတ်) ခဲ့သည်။
ချာ့ခ်ျတွင် သူ့အား အနှောင့်အယှက်ပေးသည့် အခြားပြဿနာများရှိသည်။ ချာ့ခ်ျအသင်းဝင်မဟုတ်သူများသည် ချာ့ခ်ျ၏စီးပွားရေးကိစ္စများကို စီမံဆောင်ရွက်နေကြကာ ဝတ်ပြုဆုတောင်းပွဲများတွင် သီချင်းဆိုခြင်းကိုဦးဆောင်နေကြသည်။ ဤသူတို့သည် အသင်းတော်ဆိုင်ရာအရေးကိစ္စများတွင်လည်း မဲပေးနိုင်ပြီး ဤသို့ဖြင့် ယင်း၏ကိစ္စများကို အတော်အတန်ချုပ်ကိုင်ထားသည်။ လောကနှင့်သီးခြားနေ၂ ကောရိန္သု ၆:၁၄-၁၈; ယာကုပ် ၁:၂၇) သူ၏အမြင်အရ မယုံကြည်သူများ ဘုရားသခင်အား ချီးမွမ်းသီချင်းဆိုခြင်းသည် ဘုရားသခင်ကိုစော်ကားခြင်းဖြစ်သည်။ ဤရပ်တည်ချက်ကြောင့် ၁၈၁၁ ခုနှစ်တွင် ဟင်နရီဂရူးသည် ချာ့ခ်ျ၏ငြင်းပယ်မှုကိုခံခဲ့ရသည်။ သူနှင့်အမြင်တူသည့် အခြားအသင်းဝင်များလည်း တစ်ချိန်တည်းတွင် ချာ့ခ်ျမှခွဲထွက်ခဲ့ကြသည်။
ခြင်းမူကိုအခြေပြု၍ ဂရူးက ဤတာဝန်များကို သစ္စာရှိသောအမျိုးသားများသာ စီမံဆောင်ရွက်သင့်သည်ဟု အခိုင်အမာယုံကြည်ခဲ့သည်။ (ခရစ်ယာန်ဘောင်မှခွဲထွက်ခြင်း
ဟင်နရီဂရူးအပါအဝင် ဤအုပ်စုသည် သူတို့၏အသက်တာနှင့် လုပ်ဆောင်မှုများကို ကျမ်းစာပါသွန်သင်ချက်နှင့်ကိုက်ညီစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကျမ်းစာစလေ့လာခဲ့ကြသည်။ သူတို့၏လေ့လာမှုကြောင့် တစ်မုဟုတ်ချင်းပင် ကျမ်းစာအမှန်တရားကို များစွာနားလည်လာရာ ခရစ်ယာန်ဘောင်၏အမှားများကို ဖော်ထုတ်ခဲ့သည်။ ဥပမာ၊ ၁၈၂၄ ခုနှစ်တွင် ဂရူးသည် သုံးပါးပေါင်းတစ်ဆူအယူနှင့်ပတ်သက်၍ ကောင်းစွာကျိုးကြောင်းဆင်ခြင်ထားသည့်ချေပချက်တစ်ခုကို ရေးသားခဲ့သည်။ သူ၏ရေးသားချက်များမှ ဤစာပိုဒ်ပါ ဆင်ခြင်သုံးသပ်ချက်ကို သတိပြုပါ– “‘ထိုနေ့နာရီကိုကား မည်သည့် လူသား မျှမသိ၊ ကောင်းကင်ရှိ ကောင်းကင်တမန်များ မသိ၊ သားတော် လည်းမသိ၊ ခမည်းတော် သာသိတော်မူ၏။’ [မာကု ၁၃:၃၂] ဤတွင် လူသား၊ ကောင်းကင်တမန်များ၊ သားတော်၊ ခမည်းတော်ဟူ၍ အဆင့်လိုက်စဉ်ထားသည်ကို သတိပြုပါ။ . . . ကျွန်ုပ်တို့၏သခင်က ထိုနေ့ကို ခမည်းတော်တစ်ပါးတည်းသာ သိ၏ဟု သွန်သင်တော်မူသည်။ သို့သော် အချို့ယူမှတ်သကဲ့သို့ ခမည်းတော်၊ နှုတ်မြွက်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် သုံးပါးပေါင်းဘုရားတစ်ဆူဖြစ်ပါက ယင်းသည် မှန်မည်မဟုတ်ပါ; အကြောင်းမှာ ဤ [သွန်သင်ချက်၊ သုံးပါးပေါင်းတစ်ဆူအယူဝါဒ၊] အရ . . . သားတော်သည် ခမည်းတော်နှင့် တန်းတူသိရှိသောကြောင့်ဖြစ်သည်။”
ဂရူးသည် ခရစ်တော်၏အမှုတော်ကိုဆောင်သည်ဟုဆိုသော တရားဟောဆရာများနှင့် သားရဲအရာရှိများ၏အရေခြုံမှုကို ဖော်ထုတ်ခဲ့သည်။ ၁၈၂၈ ခုနှစ်တွင် သူ ဤသို့ကြေညာခဲ့သည်– “ခရစ်ယာန်တစ်ဦးသည် မိမိ၏ရန်သူများအတွက် ဆုတောင်းနေခဲ့သည့်အခန်းမှထွက်ကာ မိမိ၏စစ်သည်များအား ရက်စက်ကြမ်းကြုတ်သောဒေါသဖြင့် အထက်ပါရန်သူတို့၏နှလုံးထဲသို့ မရဏလက်နက်များထိုးစိုက်ရန် အမိန့်ပေးခြင်းထက် ပို၍မအပ်စပ်သည့်အရာကို ကျွန်ုပ်တို့စဉ်းစား၍ရနိုင်မည်လော။ အခြေအနေတစ်ရပ်တွင် သူသည် သေသွားသည့်သခင်ကို ဝမ်းပန်းတသာတုပသည်; သို့သော် အခြားအခြေအနေတွင် မည်သူ့ကို သူတုပသနည်း။ ယေရှုသည် မိမိကိုသတ်မည့်သူများအတွက် ဆုတောင်းပေးသည်။ ခရစ်ယာန်များမူ သူတို့ဆုတောင်းပေးသူများကို သတ်ဖြတ်ကြသည်။”
ဂရူးသည် ပို၍ပင်အားမာန်ပါပါဖြင့် ဤသို့ရေးသားခဲ့သည်– “ကိုယ်တော်သည် ‘မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ’ ဟုကျွန်ုပ်တို့ကိုအာမခံထားသည့် အတိုင်းအဆမဲ့တန်ခိုးရှင်ကို မည်သည့်အချိန်တွင် ယုံကြည်ရပါမည်နည်း။ ‘မကောင်းမှု၏အရိပ်အယောင်’ ကိုပင်ရှောင်ရန် ကျွန်ုပ်တို့ကိုတောင်းဆိုသည့် သန့်ရှင်းသောဘာသာတရား၏ သဘောသဘာဝ၊ ထူးခြားထင်ရှားသည့်အသွင်အပြင်တို့ကို မည်သည့်အချိန်တွင် နားလည်ရမည်နည်း။ . . . သူ၏ဘာသာတရားက လူတစ်ဦးအား အခြေအနေတစ်ရပ်တွင် ကောင်းကင်တမန်ကဲ့သို့ပြုမူရန်တောင်းဆိုပြီး အခြားအခြေအနေတွင် စာတန်ကဲ့သို့ ပြုမူရန်ခွင့်ပြုသည်ဟု မှတ်ယူခြင်းသည် ဘုရားသခင့်သားတော်ကို ရှုတ်ချရာမကျပေလော။”
မွေးရာပါမဟုတ်သည့် ထာဝရအသက်
ရေဒီယိုနှင့်ရုပ်မြင်သံကြားမပေါ်မီနှစ်များတွင် လူတစ်ဦး၏ရှုထောင့်ကိုဖော်ပြရန် ရေပန်းစားသည့်နည်းတစ်ခုမှာ လမ်းကမ်းစာစောင်များ ရေးသားဖြန့်ဝေခြင်းဖြစ်သည်။ ၁၈၃၅ ခုနှစ်ခန့်တွင် ဂရူးသည် မသေနိုင်သောစိုးလ်နှင့် မီးငရဲသွန်သင်ချက်များ ကျမ်းစာနှင့်မညီညွတ်ကြောင်း ဖော်ထုတ်ထားသည့် အရေးပါသောလက်ကမ်းစာစောင်တစ်ခုကို ရေးသားခဲ့သည်။ ယင်းအယူဝါဒတို့သည် ဘုရားသခင်အား စော်ကားခြင်းဖြစ်သည်ဟု သူယူမှတ်ခဲ့သည်။
ဤလက်ကမ်းစာစောင်သည် များစွာအကျိုးသက်ရောက်မှုရှိခဲ့သည်။ ၁၈၃၇ ခုနှစ်တွင် အသက် ၄၀ ရှိသော ဂျော့ဂျ်စတောစ် သည် ရထားပေါ်တွင် ၎င်းစာစောင်တစ်စောင်ကို တွေ့ရှိခဲ့သည်။ စတောစ် သည် နယူးဟဲမ်ရှီးယားပြည်နယ်၊ လက်ဘနွန်မြို့ဇာတိဖြစ်ပြီး ထိုအချိန်တွင် နယူးယောက်၊ ယူတီကာမြို့တွင်နေထိုင်ခဲ့သည်။
သူသည် မက်သဒစ်-အီပီစ်ကိုပယ်ချာ့ခ်ျတွင် အလွန်လေးစားခံရသည့် ခရစ်ယာန်အမှုဆောင်တစ်ဦးဖြစ်၏။ လက်ကမ်းစာစောင်ကိုဖတ်ရသည့်အခါ ယခင်က သူတစ်ခါမျှသံသယမဖြစ်ခဲ့သည့် ဤခရစ်ယာန်ဘောင်အခြေခံသွန်သင်ချက်များအပေါ် ဤကဲ့သို့အခိုင်အမာကျိုးကြောင်းဆင်ခြင်ပြထားနိုင်သည်ကို စွဲမှတ်သွားသည်။ သူသည် ကလောင်ရှင်မည်သူမည်ဝါမှန်းမသိဘဲနေခဲ့သည်မှာ နောင်နှစ်အတန်ကြာ အနည်းဆုံး ၁၈၄၄ တွင် ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယားမြို့တွင် နှစ်ဦးစလုံးနေထိုင်ကြစဉ် ဟင်နရီဂရူးနှင့်တွေ့ဆုံခဲ့ချိန်အထိဖြစ်သည်။ သို့သော် စတောစ် သည် သူ့ဘာသာသူ သုံးနှစ်တိုင်တိုင်လေ့လာကာ အခြားခရစ်ယာန်အမှုဆောင်များနှင့်သာ ပြောဆိုဆွေးနွေးသည်။
နောက်ဆုံးတွင် သူလေ့လာသိရှိထားရာများကို မည်သူမျှမချေပနိုင်သောကြောင့် ဂျော့ဂျ်စတောစ် သည် လက်ရှိချာ့ခ်ျတွင် မိမိဆက်နေလျှင် ဘုရားသခင်ကို သစ္စာရှိရာကျနိုင်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။ သူသည် ၁၈၄၀ ပြည့်နှစ်တွင် နုတ်ထွက်ကာ နယူးယောက်၊ အောလ်ဘနီမြို့သို့ ပြောင်းရွှေ့ခဲ့သည်။
၁၈၄၂ ခုနှစ်၏နွေကူးရာသီတွင် စတောစ် သည် “စုံစမ်းစစ်ဆေးမှုတစ်ခု—ဆိုးသွမ်းသူများ မသေနိုင်သောအဖြစ်ရရှိသလော” ဟူသည့်အကြောင်းဖြင့် ခြောက်ပတ်အတွင်း ဟောပြောချက်ခြောက်ခုကို ဆက်တိုက်ပေးခဲ့သည်။ အလွန်စိတ်ဝင်စားကြရာ ယင်းကို စာပေအဖြစ်ထုတ်ရန် ပြန်လည်စိစစ်ပြင်ဆင်ခဲ့သည်။ နောင်နှစ် ၄၀ အတွင်း ယူနိုက်တက်စတိတ်နှင့် ဂရိတ်ဗြိတိန်တို့တွင် စောင်ရေ ၂၀၀,၀၀၀ အထိထုတ်ဝေခဲ့သည်။ စတောစ် နှင့်ဂရူးတို့သည် မသေနိုင်သောစိုးလ်အယူဝါဒနှင့်ပတ်သက်၍ အချေအတင်ဆွေးနွေးပွဲများတွင် လက်တွဲခဲ့ကြသည်။ ဂရူးသည် ဖီလဒဲလ်ဖီးယားမြို့၌ ၁၈၆၂ ခုနှစ်၊ ဩဂုတ် ၈ ရက်တွင် သူသေဆုံးချိန်အထိ ဆက်၍ဇွဲထက်သန်စွာဟောပြောခဲ့သည်။
စတောစ် သည် ယခုဖော်ပြခဲ့သောဟောပြောချက်ခြောက်ခုကို တင်ဆက်ပြီးမကြာမီအချိန်၌ ၁၈၄၃ ခုနှစ်တွင် ခရစ်တော်၏မျက်မြင်ရကြွလာခြင်းကို စောင့်မျှော်နေသည့် ဝီလျံမေလာ ၏ဟောပြောချက်ကို စိတ်ဝင်စားလာသည်။ နှစ်နှစ်ခန့်အထိ စတောစ် သည် ယူနိုက်တက်စတိတ်အရှေ့မြောက်ဘက်အနှံ့ ဤသတင်းဟောပြောခြင်းတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ၁၈၄၄ ခုနှစ်နောက်ပိုင်းတွင် သူသည် ခရစ်တော်ပြန်ကြွလာမည့် ရက်စွဲတစ်ခုခုသတ်မှတ်ခြင်းကို ဆက်မပြုလုပ်တော့သော်လည်း အခြားသူများက သက္ကရာဇ်စဉ်ကို စုံစမ်းစစ်ဆေးလိုပါကလည်း မကန့်ကွက်ခဲ့ပေ။ ခရစ်တော်ပြန်ကြွလာရန် နီးကပ်နေကြောင်း၊ ခရစ်ယာန်များ ဝိညာဉ်ရေးအရ နိုးနိုးကြားကြားရှိကာ ထိုစမ်းသပ်စစ်ဆေးရာနေ့အတွက် အသင့်ရှိနေရန် အရေးကြီးကြောင်း စတောစ် ယုံကြည်ခဲ့သည်။ သို့သော် မေလာ၏အုပ်စုသည် မသေနိုင်သောစိုးလ်၊ ကမ္ဘာကြီးမီးလောင်ကျွမ်းခြင်းနှင့် ဘာမျှမသိဘဲသေဆုံးသွားသူများအတွက် ထာဝရအသက်မျှော်လင့်ချက်တစ်စုံတစ်ရာမရှိခြင်း ကဲ့သို့သော ကျမ်းစာနှင့်မညီသည့်အယူဝါဒများကို လက်ခံထားကြသောကြောင့် ၎င်းတို့နှင့်လမ်းခွဲခဲ့သည်။
ဘုရားသခင်၏မေတ္တာတော်သည် အဘယ်အရာကို ဖြစ်ပေါ်စေမည်နည်း
စတောစ် က ဘုရားသခင်သည် ဆိုးသွမ်းသူများအား တစ်ဖန်ပြန်သေဖို့ဟူသည့် တစ်ခုတည်းသောရည်ရွယ်ချက်အတွက် ရှင်ပြန်ထမြောက်စေမည်ဟူသော အက်ဒ်ဗဲင်တစ်တို့၏ရှုမြင်ပုံကို ငြင်းပယ်ခဲ့သည်။ ဘုရားသခင်က ဤကဲ့သို့အဓိပ္ပာယ်မဲ့၊ လက်စားချေသောလုပ်ရပ်လုပ်သည်ဟူသော အဘယ်အထောက်အထားကိုမျှ ကျမ်းစာတွင် သူမတွေ့ခဲ့ပါ။ စတောစ် နှင့် သူ၏အပေါင်းပါတို့သည် အခြားအစွန်းတစ်ဖက်သို့ရောက်သွားကာ ဆိုးသွမ်းသူများသည် လုံးဝထမြောက်ကြမည်မဟုတ်ဟု ယူမှတ်ခဲ့သည်။ သူတို့သည် မဖြောင့်မတ်သူများ၏ထမြောက်ခြင်းကို ရည်ညွှန်းသည့်ကျမ်းချက်အချို့ကို ရှင်းပြဖို့အခက်တွေ့ခဲ့သော်လည်း သူတို့၏ယူဆချက်သည် သူတို့အတွက်မူ ဘုရားသခင်၏မေတ္တာတော်နှင့် ပို၍ညီညွတ်မည့်လက္ခဏာရှိသည်။ ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီးနားလည်စရာ နောက်တစ်ဆင့် မကြာမီပေါ်လာသည်။
၁၈၇၀ ပြည့်နှစ်တွင် စတောစ် သည် အလွန်နာမကျန်းဖြစ်ကာ လအတန်ကြာ အလုပ်မလုပ်နိုင်ပေ။ ထိုအချိန်အတောအတွင်း သူ၏ ၇၄ နှစ်တာတစ်လျှောက်လုံး လေ့လာသိရှိခဲ့သမျှကို ပြန်လည်ဆန်းစစ်နိုင်ခဲ့သည်။ ‘အာဗြဟံသည် ဘုရားသခင်၏စကားကို နားထောင်သောကြောင့် မြေကြီးပေါ်ရှိမိသားစုအားလုံးသည် ကောင်းချီးခံစားရမည်’ ဟူ၍ အာဗြဟံပဋိညာဉ်တွင် ဖော်ပြထားသည့်အတိုင်း လူသားတို့နှင့်ဆိုင်သည့် ဘုရားသခင့်ရည်ရွယ်ချက်၏အရေးပါသောအပိုင်းတစ်ခုကို မိမိမမြင်မိခဲ့ကြောင်း သူသုံးသပ်သိရှိခဲ့သည်။—ကမ္ဘာဦး ၂၂:၁၈; တမန်တော် ၃:၂၅ ။
ယင်းက သူ့စိတ်ထဲ အတွေးသစ်ဝင်စေသည်။ “မိသားစုအားလုံး”
ကောင်းချီးခံစားရမည်ဆိုလျှင် အားလုံး သတင်းကောင်းကို ကြားရဖို့လိုမည်မဟုတ်လော။ ယင်းကို သူတို့ မည်သို့ကြားရကြမည်နည်း။ သန်းပေါင်းများစွာသောသူတို့ သေကုန်ကြပြီမဟုတ်လော။ ကျမ်းစာကို ထပ်မံဆန်းစစ်သည့်အခါ သေဆုံးသွားသည့် “ဆိုးသွမ်း” သူများတွင် ဘုရားသခင်၏မေတ္တာတော်ကို ယတိပြတ်ငြင်းပယ်ခဲ့သူများနှင့် ဘာမျှမသိဘဲသေဆုံးသွားသူများဟူ၍ နှစ်တန်းနှစ်စားရှိကြောင်း သုံးသပ်သိရှိလာသည်။ဒုတိယအတန်းအစားသည် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာမှ အကျိုးခံစားရရန် သူတို့အား အခွင့်အရေးပေးဖို့ သေရာမှထမြောက်ခံရကြမည်ဟု စတောစ် သုံးသပ်သိရှိခဲ့သည်။ ယင်းကို လက်ခံသူတို့သည် မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်မည်ဖြစ်ကာ ငြင်းပယ်သူများမူ ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင်သည် မည်သူ့ကိုမျှ အနာဂတ်မျှော်လင့်ချက်မရှိဘဲ ထမြောက်စေမည်မဟုတ်ဟု စတောစ် ယုံကြည်သည်။ အဆုံးတွင် အာဒံမှလွဲ၍ အာဒံ၏အပြစ်ကြောင့် မည်သူမျှ သေရမည်မဟုတ်ပါ! သို့သော် သခင်ယေရှုခရစ်ပြန်ကြွလာချိန်အတွင်း အသက်ရှင်နေသူများကော မည်သို့နည်း။ နောက်ဆုံးတွင် ၎င်းတို့ထံရောက်ရှိရန် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ရမည်ကို စတောစ် သိမြင်လာသည်။ သူသည် အဆိုပါလုပ်ငန်းပြီးမြောက်နိုင်ပုံကို နည်းနည်းလေးမျှမသိခဲ့သော်လည်း ယုံကြည်မှုဖြင့် ဤသို့ရေးသားခဲ့သည်– “အရာတစ်ခုပြီးမြောက်ပုံကို မမြင်နိုင်လျှင် ယင်းကို ငြင်းပယ်သူများစွာရှိပါသည်၊ လုပ်ဆောင်မှုအစီအစဉ်ကို မမြင်နိုင်သောကြောင့် ယင်းကို လုပ်ဆောင်ဖို့ ဘုရားသခင်မတတ်စွမ်းနိုင်သည့်အလားဖြစ်သည်။”
ဂျော့ဂျ်စတောစ် သည် နောင်တွင် သူအလွန်စိတ်အားထက်သန်စွာမျှော်လင့်ခဲ့သည့် ကမ္ဘာချီဟောပြောခြင်းကင်ပိန်း၏ဗဟိုချက်မ ဖြစ်လာမည့်နေရာမှ ဘလောက်အနည်းငယ်သာကွာသည့် နယူးယောက်၊ ဘရွတ်ကလင်ရှိ သူ၏နေအိမ်၌ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့သည်။
နောက်ထပ်အလင်းလိုအပ်လာ
ဟင်နရီဂရူးနှင့် ဂျော့ဂျ်စတောစ် ကဲ့သို့သောသူများသည် ယနေ့ကျွန်ုပ်တို့လောက် အမှန်တရားကို ရှင်းလင်းစွာနားလည်ခဲ့သလော။ နားမလည်ခဲ့ပါ။ ၁၈၄၇ ခုနှစ်တွင် စတောစ် က ဤသို့ဖော်ပြခဲ့သည့်အတိုင်း သူတို့သည် ရုန်းကန်လှုပ်ရှားနေရကြောင်း သိကြသည်– “ချာ့ခ်ျ၏အမှောင်ခေတ်မှ ထွက်လာရုံသာရှိသည်ကို ကျွန်ုပ်တို့ကောင်းစွာသတိရသင့်သည်; ‘ဗာဗုလုန်ဝတ်ရုံ’ အချို့ကို အမှန်တရားဟုထင်ကာ ကျွန်ုပ်တို့၏ကိုယ်တွင်ဝတ်ဆင်ထားဆဲရှိသည်ကို တွေ့ရလျှင် လုံးဝအဆန်းဖြစ်မည်မဟုတ်ပါ။” သာဓကအနေနှင့် ဂရူးသည် ယေရှုပေးခဲ့သည့် ရွေးနုတ်ဖိုးကို လေးမြတ်တန်ဖိုးထားသော်လည်း ယင်းသည် အာဒံဆုံးရှုံးခဲ့သည့် စုံလင်သောလူ့အသက်အတွက် အလဲအလှယ်အဖြစ်ပေးသည့် ယေရှု၏စုံလင်သောလူ့အသက်တည်းဟူသော “တန်ဖိုးတူရွေးနုတ်ဖိုး” ဖြစ်ကြောင်း နားမလည်ခဲ့ပေ။ (၁ တိမောသေ ၂:၆၊ ကဘ) ယေရှုသည် မြေကြီးပေါ်သို့ မျက်မြင်ရနည်းဖြင့် ပြန်ကြွလာကာ အုပ်စိုးမည်ဟုလည်း ဟင်နရီဂရူး မှားယွင်းစွာယုံကြည်ခဲ့သည်။ သို့သော် ဂရူးသည် စီ.အီး. ဒုတိယရာစုကတည်းက လူအနည်းငယ်သာစိတ်ဝင်စားခဲ့သည့် ယေဟောဝါ၏နာမတော်သန့်ရှင်းမြင့်မြတ်ရေးကို အလေးထားခဲ့သည်။
ဂျော့ဂျ်စတောစ် သည်လည်း အရေးကြီးသည့်အချက်အချို့ကို မှန်ကန်စွာနားမလည်ခဲ့ပေ။ သူသည် တရားဟောဆရာများက မြေတောင်မြှောက်ပေးသည့် မှားယွင်းမှုများကို တွေ့ မြင်နိုင်ခဲ့သော်လည်း တစ်ခါတစ်ရံ အစွန်းတစ်ဖက်သို့ရောက်သွားခဲ့သည်။ ဥပမာ၊ စတောစ်က စာတန်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟူသော အယူအဆကိုငြင်းပယ်ခဲ့ခြင်းဖြင့် စာတန်နှင့်ပတ်သက်၍ ဩသဒေါက်စ်ဆရာများ၏ရှုမြင်ပုံကို လွန်ကဲစွာတုံ့ပြန်ခဲ့ကြောင်း ထင်ရှားသည်။ သူသည် သုံးပါးပေါင်းတစ်ဆူအယူကို ငြင်းပယ်သည်; သို့သော် သန့်ရှင်းသောဝိညာဉ်တော်ဟူသည် ပုဂ္ဂိုလ်တစ်ပါးဖြစ်မဖြစ်နှင့်စပ်လျဉ်း၍ သူမသေ
မီလေးအထိ တပ်အပ်မသိခဲ့ချေ။ ဂျော့ဂျ်စတောစ် က မူလတွင် ခရစ်တော်ပြန်ကြွလာခြင်းသည် မျက်မြင်မရဖြစ်မည်ဟု မျှော်လင့်ခဲ့သော်လည်း နောက်ဆုံးတွင် မျက်မြင်ရပေါ်ထွန်းမည်ဟု ယူဆခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤသူနှစ်ဦးစလုံးသည် စိတ်နှလုံးရိုးဖြောင့်ကာ စိတ်ရင်းမှန်ရှိကြပြီး အများသောသူတို့ထက် အမှန်တရားနှင့်ပို၍နီးစပ်ခဲ့သည်။ဂျုံစပါးနှင့်တောမျိုးစေ့ပုံဥပမာတွင် ယေရှုဖော်ပြခဲ့သည့် “လယ်” သည် ရိတ်သိမ်းဖို့ လုံးဝအသင့်မဖြစ်ခဲ့သေးပေ။ (မဿဲ ၁၃:၃၈) ဂရူး၊ စတောစ်နှင့် အခြားသူများသည် “လယ်” တွင်လုပ်ဆောင်ကာ ရိတ်သိမ်းချိန်အတွက် ပြင်ဆင်ပေးခဲ့ကြသည်။
၁၈၇၉ ခုနှစ်တွင် ဤမဂ္ဂဇင်းကို စတင်ပုံနှိပ်ထုတ်ဝေခဲ့သည့် ချားလ်စ် တေ့ဇ် ရပ်စယ်လ်က သူ၏အစောပိုင်းနှစ်များနှင့်ပတ်သက်၍ ဤသို့ရေးသားခဲ့သည်– “သခင်သည် သူ၏နှုတ်မြွက်စကားကိုလေ့လာရာတွင် ကျွန်ုပ်တို့ကို အကူအညီများစွာပေးခဲ့သည်၊ အထင်ကရရပ်တည်ခဲ့ကြသူများတွင် ကျွန်ုပ်တို့အလွန်ချစ်သည့် သက်ကြီးညီအစ်ကိုဂျော့ဂျ်စတောစ် သည် နှုတ်စကားအားဖြင့်ကော အရေးအသားအားဖြင့်ပါ ကျွန်ုပ်တို့ကို များစွာအကူအညီပေးခဲ့သည်; သို့သော် လူတစ်ဦးသည် မည်မျှပင်တော်ပြီးပညာရှိသူပင်ဖြစ်ပါစေ ကျွန်ုပ်တို့သည် လူ့နောက်လိုက်များဖြစ်ဖို့မဟုတ်ဘဲ ‘ချစ်စရာကောင်းသည့်သားသမီးများအနေနှင့် ဘုရားသခင့်နောက်လိုက်များ’ ဖြစ်ဖို့ အစဉ်ကြိုးစားကြသည်။” မှန်ပါသည်၊ စိတ်ရင်းမှန်သောကျမ်းစာကျောင်းသားများသည် ဂရူးနှင့်စတောစ် ကဲ့သို့သောသူများ၏ကြိုးစားမှုများမှ အကျိုးရရှိနိုင်သော်လည်း အမှန်တရား၏စစ်မှန်သောရင်းမြစ်အဖြစ် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကို ဆန်းစစ်ရန် အရေးကြီးနေဆဲဖြစ်သည်။—ယောဟန် ၁၇:၁၇။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဟင်နရီဂရူးယုံကြည်ခဲ့ရာများ
ယေဟောဝါ၏နာမတော်သည် ရှုတ်ချခံနေရကာ ယင်းကို သန့်ရှင်းမြင့်မြတ်စေရန် လိုသည်။
သုံးပါးပေါင်းတစ်ဆူ၊ မသေနိုင်သောစိုးလ်နှင့် မီးငရဲတို့သည် လှည့်စားသောအယူဝါဒများဖြစ်သည်။
ခရစ်ယာန်အသင်းတော်သည် လောကနှင့်သီးခြားဖြစ်ရမည်။
ခရစ်ယာန်များသည် တိုင်းနိုင်ငံစစ်ပွဲများတွင် ပါဝင်ပတ်သက်ခြင်းမရှိသင့်။
ခရစ်ယာန်များသည် စနေ သို့မဟုတ် တနင်္ဂနွေဥပုသ်ပညတ်အောက်တွင် မရှိကြပါ။
ခရစ်ယာန်များသည် ဖရီးမေဆင်းကဲ့သို့သော လျှို့ဝှက်အသင်းများ၏အဖွဲ့ဝင်မဖြစ်သင့်။
ခရစ်ယာန်များအလယ်တွင် တရားဟောဆရာနှင့်လူဝတ်ကြောင်အတန်းအစားများ မရှိရ။
ဘာသာရေးဘွဲ့ထူးဂုဏ်ထူးများသည် အန္တိခရစ်မှာလာသည်။
အသင်းတော်အားလုံးတွင် အကြီးအကဲများအဖွဲ့တစ်ဖွဲ့ ရှိရမည်။
အကြီးအကဲများသည် ၎င်းတို့၏ကျင့်ကြံပြုမူသမျှတွင် အပြစ်တင်ခွင့်နှင့်ကင်းပြီး သန့်ရှင်းမှုရှိရမည်။
ခရစ်ယာန်တိုင်း သတင်းကောင်းကိုဟောပြောရမည်။
မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်နေထိုင်မည့်သူများရှိမည်။
ခရစ်ယာန်သီချင်းသည် ယေဟောဝါနှင့်ခရစ်တော်ကို ချီးမွမ်းသင့်သည်။
[Credit Line]
Photo: Collection of The New-York Historical Society/69288
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဂျော့ဂျ်စတောစ် ယုံကြည်ခဲ့ရာများ
ယေရှုသည် လူသားတို့အတွက် သူ၏အသက်ကို ရွေးနုတ်ဖိုးအဖြစ်ပေးခဲ့သည်။
သတင်းကောင်းဟောပြောခြင်းသည် (၁၈၇၁ ခုနှစ်တွင်) မပြီးစီးသေးပါ။
ယင်းကြောင့် အဆုံးသည် ထိုအချိန် (၁၈၇၁ ခုနှစ်တွင်) တွင် မနီးနိုင်ပါ။ ဟောပြောခြင်းပြီးမြောက်မည့် အနာဂတ်ကာလတစ်ခုရှိရမည်။
မြေကြီးပေါ်တွင် ထာဝရအသက်အမွေရသူများရှိမည်ဖြစ်သည်။
ဘာမျှမသိဘဲသေဆုံးသွားသူအားလုံး ရှင်ပြန်ထမြောက်မည်ဖြစ်သည်။ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို လက်ခံသူများသည် မြေကြီးပေါ်တွင် ထာဝရအသက်ရရှိကြမည်ဖြစ်သည်။ ယင်းကို ငြင်းပယ်သူအားလုံး ဖျက်ဆီးခံရမည်။
မသေနိုင်သောစိုးလ်နှင့် မီးငရဲတို့သည် ဘုရားသခင်အားရှုတ်ချသည့် မှားယွင်းသောအယူဝါဒများဖြစ်သည်။
သခင့်ညစာစားပွဲသည် နိသန်လ ၁၄ ရက်တွင် နှစ်စဉ်ကျင်းပသောပွဲဖြစ်သည်။
[Credit Line]
Photo: SIX SERMONS, by George Storrs (1855)
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
၁၉၀၉ ခုနှစ်တွင် “ဇိအုန်ကင်းမျှော်စင်” ၏ အယ်ဒီတာ စီ.တီ. ရပ်စယ်လ်သည် ယူ.အက်စ်.အေ၊ နယူးယောက်၊ ဘရွတ်ကလင်သို့ ပြောင်းရွှေ့ခဲ့သည်