မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ကျင့်တရား စံနှုန်းများ ကျဆင်းနေ

ကိုယ်ကျင့်တရား စံနှုန်းများ ကျဆင်းနေ

ကိုယ်ကျင့်တရား စံနှုန်း​များ ကျဆင်း​နေ

“အဲဒီလိုမျိုး တစ်ခါ​မှ​မဖြစ်ခဲ့ဖူးဘူး” ဟု​ဂျာမန်​ဝန်ကြီးချုပ်​ဟောင်း ဟဲလ်​မတ် ရှ​မ​စ်ထ်​က မှတ်ချက်ချ​ခဲ့​သည်။ သူသည် သတင်းစာ​ခေါင်းစီး​တွင်​ဖော်ပြ​ထားသော လူထု​အရာရှိများ​၏ မကြာသေးမီ​က အလွန်​ဆိုးရွား​သည့်​မရိုးသားမှု​များ​ကြောင့် မြည်တမ်း​နေခြင်း​ဖြစ်၏။ သူက “တပ်မက်​လုံး​ကြီး​မှု​ကြောင့် ကိုယ်ကျင့်တရား​စံနှုန်း​များ ပျက်စီး​သွားပြီ” ဟု​ဆို​ခဲ့​သည်။

သူနှင့်​သဘောတူ​သူ များ​ပေမည်။ ဘုရားသခင့် နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ပေါ်​အခြေ​ပြုပြီး အမှားအမှန်​လမ်းညွှန်​တစ်ရပ်​အဖြစ် ကြာမြင့်စွာ​ကတည်းက ကျယ်ပြန့်​စွာ​လက်ခံခဲ့​ကြ​သည့် ကိုယ်ကျင့်တရား စံနှုန်း​များသည် ဘေးချိတ်​ခံ​နေရ​ပြီ။ ခရစ်ယာန်​ဘာသာ တရား​နှင့် ဆက်စပ်​သည်​ဟု​ဆို​သည့်​နိုင်ငံ​များ​၌​ပင် ထိုသို့​ဖြစ်နေ​သည်။

ကျမ်းစာ​ပါ​ကိုယ်ကျင့်တရား​သည် အံဝင်​ပါသလော

ကျမ်းစာ​သွန်သင်ချက်​များ​ပေါ်​အခြေပြု​ထားသော ကိုယ်ကျင့်တရား​တွင် ရိုးသား​ဖြောင့်မတ်ခြင်း​နှင့် တည်ကြည်​ခြင်း​တို့​ပါဝင်​သည်။ သို့​တိုင် လိမ်လည်​လှည့်ဖြားမှု၊ အကျင့်ပျက်မှု​နှင့် ကလိမ်ကျ​မှု​တို့​မှာ ပျံ့နှံ့​လျက်​ရှိ၏။ လန်ဒန်​မြို့​ထုတ် သည်​တိုင်းမ်​စ်​သတင်းစာ​က အချို့​စုံ​ထောက်​များသည် “ဖမ်းမိ​ထားသော​မူးယစ်​ဆေးဝါး​များ​ကို ပြန်​ယူ​ပေး​ရန် သို့​မဟုတ် နာမည်ကြီး​ရာဇဝတ်ဂိုဏ်း​ခေါင်းဆောင်​များ​၏ အထောက်အထား​များ​ကို ဖျောက်ဖျက်​ပေး​ရန် တစ်ကြိမ်​လုပ်ပေး​လျှင် စ​တာ​လင်​ပေါင် ၁၀၀,၀၀၀ အထိ​တောင်း​ကြသည်​ဟု စွပ်စွဲ​ခံရ​ကြသည်” ဟု​ဆို​သည်။ ဩစတြီးယား​တွင် အာမခံ​ထားမှု​ဆိုင်ရာ​လိမ်လည်မှု​သည် သာမန်​အလေ့အထ​ဖြစ်လာ​ပြီ​ဟု​ဆို​ကြသည်။ ၎င်း​ပြင် မကြာသေးမီ​က “ဂျာမန်​သိပ္ပံ​ပညာ၌ ရှက်ဖွယ်​အကောင်းဆုံး​လိမ်လည်မှု​တစ်ခု” ကို သုတေသီ​များ​တွေ့ရှိ​ကြသောအခါ

ဂျာမနီ​နိုင်ငံ​သိပ္ပံ​ပညာ​ဆိုင်ရာ​နယ်ပယ်​တွင် ထိတ်လန့်​သွားခဲ့သည်။ “ဂျာမန်​မျိုးရိုး​ဗီဇ​ပညာရှင်​များ​ထဲ​မှ နာမည်ကြီး” ပါမောက္ခ​တစ်ဦး​သည် အချက်အလက်​များ​ကို အကြီးအကျယ် မှားယွင်း​ဖော်ပြခြင်း သို့​မဟုတ် လုပ်ကြံ​ဖန်တီး​ထား​သည်​ဟု စွပ်စွဲ​ခံ​ခဲ့​ရသည်။

ကျမ်းစာ​အခြေပြု​ကိုယ်ကျင့်တရား​တွင် ထာဝရ​ဆက်ဆံ​ရေး​ဖြစ်​ဖို့ ရည်ရွယ်​ထား​သည့် အိမ်ထောင်ရေး​တွင် သစ္စာရှိ​ခြင်း​လည်း​ပါဝင်​သည်။ သို့သော် တရားရုံး​၌ ကွာရှင်း​ကာ​အဆုံးသတ်​ကြ​သည့် မောင်နှံစုံ​ဦးရေ​တိုးများ​လာ​သည်။ ကက်သလစ်​သတင်းစာ ခရစ် အင် ဒါ ဂေ​ဂဲ​န်​ဝါ​န့်ထ် (မျက်မှောက်ခေတ်​ခရစ်ယာန်) က “‘ရှေး​ရိုး​စွဲ’ ဆွစ်ဇလန်​နိုင်ငံ​၌​ပင် ပြိုကွဲ​သည့်​အိမ်ထောင် များသည်ထက်​များ​လာ​သည်” ဟု​ဖော်ပြ​သည်။ နယ်သာလန်​တွင် ထိမ်းမြား​မှု​၏ ၃၃ ရာခိုင်နှုန်း​မှာ ကွာရှင်းမှု​ဖြင့်​အဆုံးသတ်​ခဲ့​ကြသည်။ လွန်ခဲ့သော​နှစ်​အနည်းငယ်​အတွင်း ဂျာမနီ​နိုင်ငံ​၏ လူမှုရေး​ပြောင်းလဲမှု​များ​ကို သတိပြုမိ​ခဲ့​သူ​အမျိုးသမီး​တစ်ဦး​က သူ၏​စိုးရိမ်​ပူပန်မှု​ကို ဤသို့​ရေးသားခဲ့​သည်– “ယခု​အခါ ထိမ်းမြား​မှု​သည် ခေတ်​နောက်ကျ​သွားပြီ၊ ခေတ်​ကုန်​သွားပြီ​ဟု​ယူမှတ်​ခံရ​သည်။ ဘဝ​ကြင်ဖော်​အဖြစ် လူ​တို့​လက်မ​ထပ်​ကြ​တော့​ပါ။”

အခြား​တစ်ဖက်​တွင်​မူ သန်း​ချီ​သော​သူတို့သည် ကျွန်ုပ်​တို့၏​မျက်မှောက်ခေတ်တွင် ကျမ်းစာ​၌​သွန်သင်ထား​သော ကိုယ်ကျင့်တရား​စံနှုန်း​များသည် ယုံကြည်​စိတ်ချ​ရပြီး ဘဝ​နှင့်​အံဝင်​သည်​ဟု ယူမှတ်​ကြသည်။ ဆွစ်-ဂျာမန်​နယ်စပ်​တွင် နေထိုင်​လျက်​ရှိသော ဇနီး​မောင်နှံ​တစ်စုံ​သည် ကျမ်းစာ​ကျင့်ဝတ်​များနှင့်​အညီ နေထိုင်ဖို့​သင်ယူခြင်းက မိမိတို့ကို​ပို​၍​ပျော်ရွှင်​စေ​ခဲ့​ကြောင်း တွေ့ရှိ​ခဲ့​သည်။ သူတို့​စဉ်းစားမိ​သလော​က်– “ဘဝ​ကဏ္ဍ​အားလုံး​အတွက် လမ်းညွှန်ချက်​တစ်ခု​သာ​ရှိသည်။ ထို​လမ်းညွှန်ချက်​မှာ သမ္မာကျမ်းစာ​ဖြစ်၏” ဟူ၍​သာ​တည်း။

သင်​မည်သို့​ထင်​သနည်း။ ကျမ်းစာ​သည် အဖိုးတန်​လမ်းညွှန်ချက်​တစ်ခု​ဖြစ်​နိုင်​သလော။ ကျမ်းစာ​အခြေပြု​ကိုယ်ကျင့်တရား​သည် ယနေ့ လက်တွေ့ကျပါ​သလော။