ကျမ်းစာကိုယ်ကျင့်တရားသည် အကောင်းဆုံးလော
ကျမ်းစာကိုယ်ကျင့်တရားသည် အကောင်းဆုံးလော
“လူ့အဖွဲ့အစည်းသည် မိမိ၏အဖွဲ့ဝင်များကို လုံခြုံမှုနှင့်လမ်းညွှန် မှုပေးသည့် အခြေခံစံနှုန်းမဏ္ဍိုင်တစ်ခုလိုအပ် သည်။” အတွေ့အကြုံများသော ဂျာမန်စာရေးဆရာနှင့် ရုပ်သံသတင်းကြေညာသူတစ်ဦးက ထိုသို့မှတ်ချက်ချခဲ့သည်။ ယင်းသည် အမှန်ပင်ဆင်ခြင်တုံတရားနှင့်ညီသည်။ လူ့အဖွဲ့အစည်းတည်ငြိမ်၍ ကြီးပွားစေဖို့ လူတို့တွင် အမှားအမှန်၊ အကောင်းအဆိုးခွဲခြားပြသည့် အခြေခိုင်သော အများလက်ခံသည့်စံနှုန်းများရှိရပေမည်။ မေးစရာမှာ လူ့အဖွဲ့အစည်းနှင့် ယင်း၏အဖွဲ့ဝင်များအတွက် အဘယ်စံနှုန်းများသည် အကောင်းဆုံးဖြစ်သနည်း။
ကျမ်းစာထဲမှကိုယ်ကျင့်တရားစံနှုန်းများသည် လက်ခံထားသောစံများဖြစ်မည်ဆိုလျှင် ယင်းတို့သည် တစ်ဦးချင်းစီကို တည်ငြိမ်၊ ပျော်ရွှင်သည့်ဘဝရရှိဖို့ ထောက်ကူပေးသင့်သည်။ ကျယ်ကျယ်ပြန့်ပြန့်ဆိုလျှင် ယင်းသည် ထိုစံနှုန်းများအတိုင်းလိုက်နာသည့် လူ့အဖွဲ့အစည်းကို ပို၍ပျော်ရွှင် တည်ငြိမ်စေပေမည်။ ထိုသို့အမှန်ဖြစ်မည်လော။ အိမ်ထောင်ရေးတွင် သစ္စာရှိခြင်းနှင့် နေ့စဉ်ဘဝအသက်တာ၌ ရိုးသားဖြောင့်မတ်ခြင်းဟူသော အရေးပါသည့်ကိစ္စနှစ်ခုနှင့်စပ်လျဉ်း၍ ကျမ်းစာက အဘယ်သို့ဆိုထားသည်ကို သုံးသပ်ကြည့်ကြစို့။
သင့်အိမ်ထောင်ဖက်ကို မခွဲခွာပါနှင့်
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အာဒံကိုဖန်ဆင်းပြီးနောက် သူ၏အဖော်ဖြစ်ရန် ဧဝကို ဖန်ဆင်းခဲ့သည်။ သူတို့၏စုံဖက်မှုသည် သမိုင်းတွင် ပထမဆုံးထိမ်းမြားခြင်းဖြစ်ခဲ့ပြီး တည်မြဲသောဆက်ဆံရေးဖြစ်ဖို့တည်း။ ဘုရားသခင်က “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုဆိုခဲ့သည်။ နှစ်ပေါင်း ၄,၀၀၀ ခန့်ကြာပြီးနောက် ယေရှုခရစ်သည် ဤအိမ်ထောင်ရေးစံနှုန်းကို မိမိ၏နောက်လိုက်အားလုံးအတွက် ထပ်ပြောခဲ့ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၂၄; မဿဲ ၅:၂၇-၃၀; ၁၉:၅။
သည်။ ထို့ပြင် အိမ်ထောင်ဖက်မဟုတ်သူနှင့်လိင်ဆက်ဆံမှုများကို ကိုယ်တော်ပြစ်တင်ရှုတ်ချခဲ့သည်။—သမ္မာကျမ်းစာအရ ပျော်ရွှင်သာယာသောအိမ်ထောင်ရေးဖြစ်ဖို့ အရေးပါသောသော့ချက်နှစ်ခုမှာ အိမ်ထောင်ဖက်နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦးချစ်မြတ်နိုးခြင်းနှင့် လေးစားခြင်းတို့ဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်သူ လင်ယောက်ျားသည် ဇနီးသည်၏အကောင်းဆုံးအကျိုးကို ရှာကြံခြင်းဖြင့် ကိုယ်ကျိုးမဖက်သည့်မေတ္တာကို တင်ပြသင့်သည်။ သူသည် ဇနီးသည်နှင့် “သတိပညာနှင့်လျော်စွာ” နေထိုင်၍ “ကြမ်းတမ်းစွာမပြု” သင့်ပါ။ ဇနီးသည်က မိမိ၏လင်ယောက်ျားကို “အလွန့်အလွန်ရိုသေ” စွာဆက်ဆံဖို့ဖြစ်သည်။ ဤမူများကို အိမ်ထောင်ဖက်များလိုက်နာကြမည်ဆိုလျှင် အိမ်ထောင်ရေးအခက်အခဲအများစုကို ရှောင်ရှားနိုင် သို့မဟုတ် ကျော်လွှားနိုင်သည်။ လင်ယောက်ျားက ဇနီးသည်ကို၊ ဇနီးသည်က မိမိလင်သားကို မခွဲမခွာနေလိုမည်ဖြစ်သည်။—၁ ပေတရု ၃:၁-၇; ကောလောသဲ ၃:၁၈၊ ၁၉; ဧဖက် ၅:၂၂-၃၃၊ ကဘ။
အိမ်ထောင်ဖက်တစ်ဦးကို မခွဲမခွာသစ္စာရှိခြင်းဟူသော ကျမ်းစာစံနှုန်းသည် ပျော်ရွှင်သာယာသောအိမ်ထောင်ရေးကို ဖြစ်စေပါသလော။ ဂျာမနီနိုင်ငံ၌ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခု၏ ရလဒ်များကိုသုံးသပ်ကြည့်ပါ။ သာယာသောအိမ်ထောင်ရေးရရန် အဘယ်အကြောင်းရင်းများ အရေးပါကြောင်း လူတို့ကိုမေးမြန်းခဲ့သည်။ စာရင်း၏ထိပ်ဆုံးတွင် အပြန်အလှန်သစ္စာရှိခြင်းကို ဖော်ပြထားသည်။ မိမိတို့၏အိမ်ထောင်ဖက်များ သစ္စာရှိကြောင်းသိရသည့်အခါ အိမ်ထောင်ရှင်များ အလွန်ပျော်ရွှင်ကြသည်ကို သင်သဘောတူမည်မဟုတ်လော။
ပြဿနာများပေါ်ပေါက်လာသော်
သို့သော် လင်နှင့်မယားစပ်ကြား အကြီးအကျယ်သဘောထားကွဲလွဲမှုများရှိလျှင်ကော။ သူတို့၏မေတ္တာ ခမ်းခြောက်သွားလျှင်ကော။ ဤအခြေအနေမျိုးတွင် အိမ်ထောင်မင်္ဂလာကို အဆုံးသတ်လိုက်ခြင်းသည် အကောင်းဆုံးမဟုတ်ပေလော။ သို့မဟုတ် အိမ်ထောင်ဖက်တစ်ဦးကို မခွဲမခွာသစ္စာရှိခြင်းဟူသော ကျမ်းစာစံနှုန်းသည် ကျိုးကြောင်းညီညွတ်ဆဲလော။
လူ့မစုံလင်မှု၏အကျိုးဆက်အနေနှင့် မောင်နှံစုံအားလုံးတွင် ပြဿနာများရှိမည်ဖြစ်ကြောင်း ကျမ်းရေးသူများအသိအမှတ်ပြုခဲ့ကြသည်။ (၁ ကောရိန္သု ၇:၂၈) သို့ရာတွင် ကျမ်းစာကိုယ်ကျင့်တရားစံနှုန်းများကို လိုက်နာသည့်မောင်နှံစုံများသည် ခွင့်လွှတ်ရန်နှင့် သူတို့၏အခက်အခဲများကို အတူတကွဖြေရှင်းရန် ကြိုးစားကြသည်။ မှန်ပါသည်၊ သူ့သားအိမ်ရာပြစ်မှားခြင်း သို့မဟုတ် ရိုက်ပုတ်ခြင်းစသည့်အခြေအနေမျိုးတို့၌ ခရစ်ယာန်တစ်ဦးသည် ခွဲနေမည်လော၊ ကွာရှင်းမည်လောဆိုသည်ကို သင့်တော်သလိုစဉ်းစားပေမည်။ (မဿဲ ၅:၃၂; ၁၉:၉) သို့သော် အလွန်ကြီးကျယ်သည့်အကြောင်းရင်းမရှိဘဲ သို့မဟုတ် နောက်အိမ်ထောင်ပြုဖို့အတွက် အိမ်ထောင်တစ်ခုကို အလျင်စလိုပြတ်စဲခြင်းက အခြားသူတို့ကို တစ်ကိုယ်ကောင်းဆန်စွာလျစ်လျူရှုကြောင်း ဖော်ပြသည်။ ၎င်းသည် လူတစ်ဦး၏ဘဝကို တည်ငြိမ်မှု သို့မဟုတ် ပျော်ရွှင်မှုမရစေသည်မှာအမှန်။ သာဓကတစ်ခုကိုသုံးသပ်ကြည့်ကြစို့။
မိမိ၏အိမ်ထောင်ရေးသည် တစ်ကြိမ်ကရှိခဲ့ဖူးသည့် တက်ကြွမှု ပျောက်ဆုံးသွားခဲ့ပြီဟု ပီတာခံစားခဲ့ရသည်။ * ထို့ကြောင့် မိမိ၏ဇနီးကိုစွန့်ကာ လင်ယောက်ျားကို စွန့်ခဲ့သူမော်နီကာနှင့်အတူ နေထိုင်ခဲ့သည်။ မည်သို့ဖြစ်လာသနည်း။ လအနည်းငယ်အတွင်း ပီတာက မော်နီကာနှင့်နေထိုင်ခြင်းသည် “မိမိထင်ခဲ့သလောက် မလွယ်လှ” ဟူ၍ဝန်ခံခဲ့သည်။ အဘယ်ကြောင့်မလွယ်သနည်း။ သူတို့၏အိမ်ထောင်ဖက်ဟောင်း၌ လူ့အားနည်းချက်များရှိခဲ့သကဲ့သို့ အိမ်ထောင်ဖက်အသစ်၌လည်း ရှိသောကြောင့်ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူ၏အလျင်လိုသည့် တစ်ကိုယ်ကောင်းဆန်သော ဆုံးဖြတ်ချက်ကြောင့် အကြီးအကျယ်ငွေကြေးအခက်အခဲတွေ့ရပါတော့သည်။ ထို့ပြင် မော်နီကာ၏ကလေးများမှာ သူတို့၏မိသားစုဘဝ အကြီးအကျယ်ပြောင်းလဲသွားသောကြောင့် စိတ်နှလုံးကြေမွခဲ့ရကြသည်။
ဤတွေ့ကြုံမှုဖော်ပြသည့်အတိုင်း အိမ်ထောင်ရေးသင်္ဘောသည် မုန်တိုင်းထန်သည့်ရာသီဥတုကို တွေ့ကြုံရချိန်၌ ယင်းကိုစွန့်ခွာခြင်းသည် ပြဿနာဖြေရှင်းနည်းမဟုတ်ပေ။ တစ်ဖက်တွင်မူ မုန်တိုင်းမိနေစဉ် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာ၏ ကျင့်ဝတ်စံနှုန်းအတိုင်း နေထိုင်ခြင်းသည် အိမ်ထောင်တစ်ခုကို အခြေမပျက်ဆက်ရှိစေနိုင်ပြီး ငြိမ်သက်သောရေပြင်သို့ ပို့ဆောင်ပေးလေ့ရှိသည်။ သောမတ်စ်နှင့် ဒေါရစ္စတို့၌ ထိုသို့ဖြစ်ခဲ့သည်။
သောမတ်စ်နှင့် ဒေါရစ္စတို့၏ အိမ်ထောင်သက် အနှစ် ၃၀ ကျော်လာသောအခါ သောမတ်စ်သည် အရက်သောက်ကြူးသူဖြစ်လာသည်။ ဒေါရစ္စမှာ စိတ်ဓာတ်ကျပြီး သူတို့နှစ်ဦးကွာရှင်းဖို့ ဆွေးနွေးခဲ့ကြသည်။ ယေဟောဝါသက်သေတစ်ဦးအား ဒေါရစ္စရင်ဖွင့်ခဲ့သည်။ သက်သေခံဖြစ်သူက ဒေါရစ္စကို ခွဲနေခြင်းကို အလျင်စလိုမပြုဘဲ ဦးစွာ ခင်ပွန်းသည်နှင့်အတူ အဖြေတစ်ခုကို ကြိုးစားထုတ်ယူကြရန်တိုက်တွန်းကာ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ကျမ်းစာကမည်သို့ဆိုကြောင်း ပြခဲ့သည်။ ဒေါရစ္စထိုသို့ပြုခဲ့သည်။ လအနည်းငယ်အတွင်း ကွာရှင်းဖို့မစဉ်းစားကြတော့ပေ။ သောမတ်စ်နှင့် ဒေါရစ္စတို့သည် ပြဿနာများကို အတူတကွဖြေရှင်းခဲ့ကြသည်။ ကျမ်းစာအကြံပေးချက်ကို လိုက်နာခြင်းက သူတို့၏အိမ်ထောင်ရေးကို ခိုင်မြဲစေပြီး ပြဿနာဖြေရှင်းဖို့ အချိန်ရစေခဲ့သည်။
အရာရာ၌ရိုးသားဖြောင့်မတ်ခြင်း
အိမ်ထောင်ဖက်တစ်ဦးကို သစ္စာရှိရှိမခွဲမခွာနေရန် ကျင့်ဝတ်ခိုင်မာမှုရှိဖို့နှင့် ကျင့်စဉ်မူကိုချစ်ဖို့လိုသည်။ မဖြောင့်မှန်သောလောက၌ ရိုးရိုးသားဟေဗြဲ ၁၃:၁၈) ၎င်းက အဘယ်အရာကိုဆိုလိုသနည်း။
သားနေထိုင်ဖို့ အလားတူအရည်အချင်းများ လိုအပ်သည်။ ရိုးသားဖြောင့်မတ်ခြင်းနှင့်စပ်လျဉ်း၍ ကျမ်းစာက ပြောစရာများစွာရှိသည်။ တမန်တော်ပေါလုက ယုဒနယ်ရှိ ပထမရာစုခရစ်ယာန်များကို ဤသို့ရေးသားခဲ့သည်– “ငါတို့သည် . . . အရာရာတို့၌ ကောင်းမွန် [“ရိုးဖြောင့်၊” ကဘ] စွာ ကျင့်နေခြင်းငှာ အလိုရှိသောသူဖြစ်သည်။” (ရိုးသားသူတစ်ဦးသည် ဟုတ်မှန်ရာကိုပြောဆိုတတ်ပြီး လိမ်လည်မှုကင်းသည်။ အခြားသူများနှင့်ဆက်ဆံရာတွင် တရားမျှတ—သဘောဖြောင့်၍ ဂုဏ်တင်လေးစားပြီး လှည့်စားခြင်း သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ခြင်းမရှိ။ ထို့ပြင် ရိုးသားသူတစ်ဦးသည် လူလူချင်းကိုလိမ်လည်ခြင်းမပြုသည့် သမာဓိရှိသူဖြစ်သည်။ ရိုးသားဖြောင့်မတ်သူသည် ကြံ့ခိုင်သောသဘောထားများနှင့် ခိုင်မြဲသောလူ့ဆက်ဆံရေးတို့ကိုဖြစ်စေသည့် ယုံကြည်စိတ်ချရသည့်အခြေအနေကို ဖြစ်ပေါ်စေသည်။
ရိုးသားသူတို့သည် ပျော်ရွှင်ကြသလော။ သူတို့၌ပျော်စရာအကြောင်းရှိပါသည်။ အကျင့်ပျက်မှုနှင့်လိမ်လည်မှုတို့ ပျံ့နှံ့နေလင့်ကစား—သို့မဟုတ် ဖြစ်နိုင်ဖွယ်ရှိသော ယင်းသို့သောအကြောင်းကြောင့်—ရိုးသားဖြောင့်မတ်သူတို့သည် အများအားဖြင့် သူတစ်ပါး၏ချီးမွမ်းခြင်းခံရလေ့ရှိသည်။ လူငယ်များအကြားပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ ရိုးသားခြင်းသည် စစ်ဆေးမေးမြန်းခံရသူ ၇၀ ရာခိုင်နှုန်း၏ အလွန်တန်ဖိုးထားကြသည့် မွန်မြတ်သောအကျင့်ဖြစ်သည်။ ထို့ပြင် မည်သည့်အသက်အရွယ်ပင်ဖြစ်စေကာမူ ရိုးသားခြင်းဟူသည် မိတ်ဆွေများအဖြစ် ကျွန်ုပ်တို့သတ်မှတ်သူတို့၌ရှိအပ်သော အဓိကလိုအပ်ရာဖြစ်၏။
ခရစ္စတင်းသည် အသက် ၁၂ နှစ်အရွယ်ကတည်းက ခိုးတတ်ခဲ့သည်။ နှစ်များတစ်လျှောက် သူသည် ကျွမ်းကျင်သောခါးပိုက်နှိုက်တစ်ဦးဖြစ်လာခဲ့သည်။ “ဂျာမန်မတ်ငွေ ၅၀၀၀ [ယူ.အက်စ်. ဒေါ်လာ ၂,၂၀၀] အထိ အိမ်ပြန်ပါလာတဲ့နေ့တွေရှိခဲ့တယ်” ဟုသူရှင်းပြသည်။ သို့သော် ခရစ္စတင်းသည် ကြိမ်ဖန်များစွာအဖမ်းခံခဲ့ရပြီး အမြဲတစေ ထောင်ချခံရမည့်အန္တရာယ်နှင့် အသက်ရှင်ခဲ့ရသည်။ ယေဟောဝါသက်သေများက ရိုးသားခြင်းနှင့်ပတ်သက်၍ ကျမ်းစာမည်သို့ဆိုကြောင်း သူ့ကိုရှင်းပြသောအခါ ခရစ္စတင်းသည် ကျမ်းစာကျင့်ဝတ်စံနှုန်းများကို ကြိုက်နှစ်သက်လာခဲ့သည်။ “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုး . . . စေ” နှင့်ဟူသော မိန့်မှာချက်ကို နာခံရန်သူသင်ယူခဲ့သည်။—ဧဖက် ၄:၂၈။
ယေဟောဝါသက်သေတစ်ဦးအဖြစ် ခရစ္စတင်းနှစ်ခြင်းခံယူချိန်၌ သူသည် သူခိုးတစ်ဦးမဟုတ်တော့ပါ။ သက်သေခံများသည် ရိုးသားဖြောင့်မတ်ခြင်းနှင့် အခြားခရစ်ယာန်အရည်အသွေးများကို အလွန်အလေးအနက်ထားကြသောကြောင့် သူသည် အရာရာ၌ရိုးသားဖြောင့်မတ်ရန် ကြိုးပမ်းလျက်ရှိခဲ့သည်။ လောင်းဇစ်စာ ရုဒ်ရှောင်သတင်းစာက ဤသို့ဆိုသည်– “ရိုးသားဖြောင့်မတ်ခြင်း၊ ချင့်ချင့်ချိန်ချိန်ရှိခြင်းနှင့် အိမ်နီးချင်းကိုချစ်ခြင်းစသည့် ကျင့်ဝတ်ဆိုင်ရာအသုံးအနှုန်းများသည် သက်သေခံများ၏ယုံကြည်ခြင်းတွင် အလွန့်အလွန်တန်ဖိုးထားခံရသည်။” မိမိဘဝပြောင်းလဲမှုနှင့်ပတ်သက်၍ ခရစ္စတင်းမည်သို့ခံစားရသနည်း။ “မခိုးတော့တဲ့အတွက် အခု ကျွန်မပိုပျော်ရွှင်မိတယ်။ ကျွန်မဟာ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်ရှိတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ခံစားရတယ်။”
လူ့အဖွဲ့အစည်းအားလုံး အကျိုးခံစားရ
မိမိတို့၏အိမ်ထောင်ဖက်များကို သစ္စာရှိသူတို့နှင့် ရိုးသားသူတို့သည် ယေဘုယျအားဖြင့် သူတို့ကိုယ်တိုင်ပျော်ရွှင်ရုံမျှမက လူ့အဖွဲ့အစည်းကိုကောင်းကျိုးပြုသူများဖြစ်ကြသည်။ အလုပ်ရှင်များသည် မလိမ်တတ်သောလုပ်သားများကို ပိုနှစ်သက်ကြ၏။ ကျွန်ုပ်တို့အားလုံး ယုံကြည်စိတ်ချရသောအိမ်နီးချင်းများကို အလိုရှိကြပြီး ဟုတ်မှန်ဖြောင့်မတ်သော စီးပွားရေးလုပ်ငန်းရှင်များဖွင့်ထားသည့် စတိုးဆိုင်များ၌ ဝယ်ခြမ်းလိုကြသည်။ ယိုယွင်းမှုကိုရှောင်ကြဉ်သည့် နိုင်ငံရေးသမားများ၊ ရဲသားများနှင့် တရားသူကြီးများကို ကျွန်ုပ်တို့လေးစားကြသည်မဟုတ်လော။ လူ့အသိုင်းအဝိုင်းအဝင်ဖြစ်သူတို့သည် ရိုးသားခြင်းကို မိမိတို့အတွက်အကျိုးရှိသည့်အခါမှသာမဟုတ်ဘဲ ကျင့်စဉ်မူအဖြစ်ကျင့်သုံးသောအခါ ကြီးစွာသောအကျိုးကျေးဇူးခံစားရသည်။
ထို့ပြင် သစ္စာရှိအိမ်ထောင်ဖက်များသည် ခိုင်မြဲသောမိသားစုများ၏အခြေခံဖြစ်သည်။ ဥရောပမှနိုင်ငံရေးသမားတစ်ဦး၏ ဤထုတ်ဖော်ပြောဆိုချက်ကို လူအများသဘောတူပေမည်– “[အစဉ်အလာ] မိသားစုသည် လူသားတို့၏ လုံခြုံမှုရှိပြီးအဓိပ္ပာယ်ပြည့်ဝသော အရေးအပါဆုံးခိုနားရာ ယနေ့ထိတိုင် ဆက်ဖြစ်နေဆဲပင်။” ချမ်းမြေ့သာယာသောမိသားစုဟူသည် ကြီးငယ်မဟူ စိတ်လှုပ်ရှားမှုဘက် အေးချမ်းလုံခြုံမှုခံစားရဖို့ အကောင်းဆုံးအခွင့်အရေးရရှိသည့်နေရာမျိုးဖြစ်သည်။ အိမ်ထောင်ရေးသစ္စာရှိသူများသည် တည်တံ့မြဲမြံသော လူ့အဖွဲ့အစည်းတည်ဆောက်ရာ၌ အထောက်အကူပြုသည်။
စွန့်ပစ်ခံရသောအိမ်ထောင်ဖက်များ၊ ကွာရှင်းသည့်တရားရုံးများ သို့မဟုတ် ကလေးကိုတာဝန်ယူထိန်းသိမ်းမှုဆိုင်ရာ အမှုများမရှိတော့ပါက လူတိုင်းအကျိုးမည်မျှခံစားရမည်ကို စဉ်းစားကြည့်ပါ။ ၎င်းပြင် ခါးပိုက်နှိုက်များ၊ ဆိုင်မှအလစ်သုတ်သူများ၊ အလွဲသုံးစားပြုသူများ၊ အကျင့်ပျက်အရာရှိများ သို့မဟုတ် လိမ်လည်လှည့်စားသည့်သိပ္ပံပညာရှင်များ မရှိတော့လျှင်ကော။ ယင်းသည် စိတ်ကူးယဉ်အိပ်မက်သာဖြစ်ပုံရသလော။ သမ္မာကျမ်းစာနှင့် ကျွန်ုပ်တို့၏အနာဂတ်နှင့်စပ်လျဉ်း၍ ကျမ်းစာဖော်ပြရာများကို အထူးစိတ်ဝင်စားသူတို့အတွက် ထိုသို့မယူမှတ်ကြပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ယေဟောဝါ၏မေရှိယနိုင်ငံတော်သည် မြေကြီးပေါ်ရှိလူ့အဖွဲ့အစည်းဆိုင်ရာ အုပ်ချုပ်မှုအားလုံးကို မကြာမီလွှဲပြောင်းတာဝန်ယူမည်ဟု ကတိပြုထားသည်။ ဘုရားသခင့်နိုင်ငံတော်အောက်တွင် ယင်း၏လက်အောက်ခံများသည် ကျမ်းစာကျင့်ဝတ်များနှင့်အညီ အသက်ရှင်ရန် သွန်သင်ခံရကြပါလိမ့်မည်။ ထိုအချိန်တွင် “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
ကျမ်းစာကိုယ်ကျင့်တရားသည် အကောင်းဆုံးကိုယ်ကျင့်တရားဖြစ်
သမ္မာကျမ်းစာကို စေ့စေ့လေ့လာဆန်းစစ်ခဲ့ကြသူ သန်းပေါင်းများစွာတို့က ကျမ်းစာအကြံပေးချက်သည် လူ့အတွေးအခေါ်ထက် များစွာသာလွန်သည့် ဘုရားသခင်ရေးရာဉာဏ်ပညာပေါ်အခြေပြုကြောင်း နားလည်သဘောပေါက်ကြသည်။ သမ္မာကျမ်းစာကို ယုံကြည်စိတ်ချစရာအဖြစ်လည်းကောင်း၊ မျက်မှောက်လောကတွင် ဘဝအတွက်အံဝင်သောအရာအဖြစ်လည်းကောင်း ဤသူတို့ယူမှတ်ကြသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ အကြံပေးချက်ကိုလိုက်နာခြင်းမှာ မိမိတို့၏အကောင်းဆုံးအကျိုးအတွက်ဖြစ်ကြောင်း သူတို့သိကြသည်။
ယင်းကြောင့် ထိုသူတို့သည် ဤကျမ်းစာအကြံပြုချက်ကို အလေးထားကြသည်– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၅၊ ၆) ထိုသို့နှလုံးသွင်းခြင်းသည် သူတို့ကိုယ်တိုင်၏ဘဝကို အကြီးအကျယ်တိုးတက်စေပြီး သူတို့ဝန်းကျင်ရှိသူတို့ကိုလည်း အကျိုးပြုသည်။ ထို့ပြင် သူတို့သည် လူသားအားလုံး ကျမ်းစာကိုယ်ကျင့်တရားကို လိုက်နာကြမည့် “နောင်ဘဝ” ကို အခိုင်အမာယုံကြည်ကြောင်း တင်ပြကြသည်။—၁ တိမောသေ ၄:၈။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 ဤဆောင်းပါးရှိ နာမည်များပြောင်းထားသည်။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
အိမ်ထောင်ရေးမုန်တိုင်းမိနေစဉ် ကျမ်းစာစံနှုန်းအတိုင်း နေထိုင်ခြင်းသည် အိမ်ထောင်တစ်ခုကို အခြေမပျက်ဆက်ရှိနေစေပြီး ငြိမ်သက်သောရေပြင်သို့ ပို့ဆောင်ပေးနိုင်သည်
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
အကျင့်ပျက်မှုပျံ့နှံ့လျက်ရှိလင့် ကစား—ဖြစ်နိုင်ဖွယ်ရှိသော ယင်းသို့သောအကြောင်းကြောင့်—ရိုးသားသူတို့သည် အများအားဖြင့် သူတစ်ပါး၏ချီးမွမ်းခြင်းခံရကြသည်