မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာပြုသလော

ဆုတောင်းခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာပြုသလော

ဆုတောင်းခြင်း​သည် ကောင်းကျိုး​တစ်စုံတစ်ရာ​ပြု​သလော

လူတိုင်း​လို​လို တစ်ချိန်​မဟုတ်​တစ်ချိန်​၌ ဆုတောင်း​ဖို့​လိုအပ်​သည်​ဟု ခံစား​ကြ​ရသည်။ အမှန်​ဆို​ရ​လျှင် ဘာသာရေး​ဂိုဏ်းဂဏ​အားလုံးနီးပါး​မှ လူတို့သည် စိတ်အား​ထက်သန်​စွာ ဆုတောင်း​ကြသည်။ ဥပမာ၊ . . . ဘာသာဝင်​တစ်ဦး​သည် တစ်နေ့​လျှင် အကြိမ်ပေါင်း​ထောင်နှင့်ချီ​၍ “. . . သက်ဝင်​ယုံကြည်ပါ​သည်” ဟူသော ဆုတောင်းချက်​ကို ထပ်တလဲလဲ​ရွတ်ဆို​ပေမည်။

ကမ္ဘာ​အနှံ့​တွင်​တည်ရှိ​သည့် ပြဿနာ​များ​ကို ထောက်ရှု​ကာ ဤသို့​မေး​ခြင်း​သည် ကျိုးကြောင်း​ညီညွတ်​ပါ​သည်– လူတို့သည် ဆုတောင်းခြင်း​ဖြင့် မည်သည့်​အရာ​ကို​ရယူ​နိုင်​ရန် မျှော်လင့်​ကြ​သနည်း။ အဆိုပါ​ဆုတောင်းချက်​အားလုံး​သည် ကောင်းကျိုး​တစ်စုံတစ်ရာ​ပြု​နေ​သလော။

လူ​တို့ အဘယ်ကြောင့်​ဆုတောင်း​ကြ​သနည်း

အရှေ့တိုင်း​သားများ​စွာ​တို့သည် သူတို့၏​ဘိုးဘေး​များနှင့် ရှင်​တို သို့​မဟုတ် တာ​အို​ဘုရား​များ​ထံ ဆုတောင်း​ကြ​၏။ သူတို့သည် ကျောင်း​၌​စာမေးပွဲ​အောင်​ရန်၊ ဖြစ်ထွန်း​သော​ကောက်ပဲသီးနှံ​များ​ရိတ်သိမ်း​ရန် သို့​မဟုတ် ရောဂါ​မဖြစ်ဖို့ ကာကွယ်​ပေး​ရန် မျှော်လင့်ချက်များ​ဖြင့် ထိုသို့​ဆုတောင်း​ကြသည်။ မိမိတို့၏​ကြိုးစား​အားထုတ်မှု​ကြောင့် ဉာဏ်​အလင်း​ရရှိ​လာ​မည်​ဟု [ဘာသာ​တရား​အချို့] . . . က​မျှော်လင့်​ကြသည်။ ဟိန္ဒူ​ဘာသာဝင်​များ​မှာ​မူ အသိပညာ​ရရှိရန်၊ ချမ်းသာ​ကြွယ်ဝ​ရန်​နှင့် ကာကွယ်​မှု​ရရှိရန် မိမိတို့​ကြိုက်​နှစ်သက်​သည့် ဘုရား​များနှင့်​နတ်​ဘုရားမ​များ​ကို စိတ်အား​ထက်သန်​စွာ​ဆုတောင်း​ကြ​၏။

. . . အချို့​သည် ဆိတ်ငြိမ်​သော​ခရစ်ယာန်​ဘုန်းကြီး​ကျောင်း သို့​မဟုတ် ခရစ်ယာန်​သီလရှင်​ကျောင်း​များ​တွင် ဘုန်းကြီး​များ သို့​မဟုတ် သီလရှင်​များ​အနေ​ဖြင့် မိမိတို့၏​ဘဝကို မြှုပ်နှံခြင်း​အားဖြင့် လူသား​တို့ကို​အကျိုးပြု​နိုင်​သည်​ဟု မျှော်လင့်​ကာ ထပ်တလဲလဲ​ဆုတောင်း​ကြသည်။ သန်းနှင့်ချီ​သော [ချာ့ခ်ျ]များသည် စိပ်​ပုတီး​များ​ကို​အသုံးပြု၍ အလွတ်ကျက်​မှတ်ထား​သော​ဆုတောင်းချက်​များ​ကို ရွတ်ဆို​ခြင်း​ဖြင့် မာရိ​၏​မျက်နှာသာ​ကို​ရရှိရန် ကြိုးစား​ကြသည်။ အရှေ့တိုင်း​နိုင်ငံ​များ​မှ လူအများသည် စိပ်​ပုတီး​များ​ကို အသုံးပြု​ကြသည်။ ပရိုတက်စတင့်​များသည် သူတို့၏​စိတ်​ခံစားချက်​များ​ကိုလည်း ဘုရားသခင်​အား စိတ်လို​ကိုယ်လျောက်​ဖွင့်ပြ​မည်​ဖြစ်သော်လည်း သခင်၏​ဆုတောင်းချက်​စာသား​များ​ကို ထပ်တလဲလဲ​ရွတ်ဆို​ကြသည်။ ဂျူး​များစွာတို့သည် ဗိမာန်တော်​နှင့် ကြီးပွား​ချမ်းသာ​ပြီး ငြိမ်းချမ်း​ရာ​ခေတ်​ကာလ​တို့ကို ပြန်လည်​ထူထောင်​ရန် မျှော်လင့်ချက်​ဖြင့် ဆုတောင်း​ဖို့ ယေရုရှလင်​မြို့မှ​အနောက်ဘက်​မြို့ရိုး​သို့ ဝေးလံ​သော​ခရီး​ကို​သွား​ကြသည်။

သန်းနှင့်ချီ​သော​သူတို့သည် ကြိုး​စား၍​ဆုတောင်း​ကြသော်လည်း လူ့​အဖွဲ့အစည်း​သည် ဆင်းရဲ​ချို့တဲ့မှု၊ မူးယစ်​ဆေးစွဲ​မှု၊ အိမ်ထောင်​ပြိုကွဲမှု၊ ရာဇဝတ်မှု​နှင့် စစ်မှု​တို့​ဖြင့် တိုး၍​ဘေးသင့်​လျက်​ရှိသည်။ အဆိုပါ​လူအားလုံး​တို့သည် နည်း​မှန်​လမ်း​ကျ​ဆု​မ​တောင်း​သောကြောင့်​ဖြစ်သည်ဟု ဆိုနိုင်​သလော။ ၎င်းနှင့်​ပတ်သက်​၍ တစ်စုံ​တစ်ယောက်​သည် ဆုတောင်းချက်​များ​ကို အမှန်ပင်​နားထောင်ပေး​သလော။

တစ်စုံ​တစ်ဦး​သည် ဆုတောင်းချက်​များ​ကို နားညောင်း​ပေး​သလော

ဆုတောင်းချက်​များ​ကို နားထောင်ပေး​သူ​မ​ရှိလျှင် ယင်း​တို့သည် အမှန်ပင် မည်သည့်​အကျိုး​မျှ​မရှိ​နိုင်​ပါ။ လူတစ်ဦး​သည် ဆုတောင်း​သောအခါ မမြင်​ရသော​နာမ်ဝိညာဉ်​ဘောင်​မှ တစ်ဦးဦး​က နားညောင်း​နေကြောင်း ထို​သူ​ယုံကြည်​သည်​မှာ ထင်ရှား​ပါ​သည်။ သို့ရာတွင် ဆုတောင်းချက်​များသည် အသံလှိုင်း​များ​ဖြင့်​သာ ရောက်ရှိ​သွားခြင်း​မဟုတ်ပါ။ တစ်စုံ​တစ်ဦး​သည် လူတစ်ဦး ဆုတောင်း​နေသည့် စဉ်းစား​ဆင်ခြင်မှု​များ​ကို​ပင် ထိုးဖောက်​သိမြင်​နိုင်​သည်​ဟု လူအများ​က ယုံကြည်​ကြ​၏။ မည်သူ​ဖြစ်​နိုင်​မည်​နည်း။

ဦးနှောက်​အပြင်​လွှာ​ကို ဖွဲ့စည်းထား​သည့် သန်းနှင့်ချီ​သော​နဗ်ကြော​ဆဲလ်​များ​တွင် စဉ်းစား​ဆင်ခြင်မှု စတင်​ဖြစ်ပေါ်​လာပုံ​ကို စဉ်းစား​ရုံ​မျှ​ဖြင့် သုတေသီ​များ​အတွက် လွန်​စွာ​နက်နဲ​ဆန်းကြယ်​နေသည်။ သို့သော် ဦးနှောက်ကို​တီထွင်သူ​သည် ဤ​စဉ်းစား​ဆင်ခြင်မှု​များ​ကို ထိုးဖောက်​သိမြင်​နိုင်​သည်​မှာ ယုတ္တိတန်​ပါ​သည်။ ထို​သူ​မှာ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​မှတစ်ပါး အခြားသူ​မရှိပါ။ (ဆာလံ ၈၃:၁၈; ဗျာဒိတ် ၄:၁၁) ကိုယ်တော်​ထံ တိုင်တည်​ပြီး​ဆုတောင်း​သင့်​သည်။ သို့​တိုင် ဤသို့​သော​ဆုတောင်းချက်​အားလုံး​ကို ယေဟောဝါ​နားညောင်း​သလော။

ဆုတောင်းချက်​အားလုံး​ကို နားညောင်း​သလော

ရှေး​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်​သည် ဆုတောင်းခြင်း​၌ အားကြီး​သူ​တစ်ဦး​ဖြစ်၏။ ဘုရားသခင်​မှုတ်သွင်းခံ ဆာလံဆရာ​တစ်ဦး​အနေ​ဖြင့် ရှင်ဘုရင်​သည် “[ဆုတောင်းချက်]စကား​ကို နားထောင်​တော်​မူ​သော​ဘုရား ကိုယ်တော်​ထံ​သို့ လူသား​အပေါင်းတို့သည် ချဉ်းကပ်​ရ​ကြလိမ့်မည်” ဟူ၍​စပ်ဆို​ခဲ့​၏။ (ဆာလံ ၆၅:၂) လူသားများ​ပြောဆို​ကြ​သည့် ထောင်နှင့်ချီ​သော မည်သည့်​ဘာသာ​စကား​ဖြင့်​မဆို တောင်း​သည့်​ဆုတောင်းချက်​များ​ကို ယေဟောဝါ​နားလည်​သဘောပေါက်​နိုင်​သည်။ လူ့​စိတ်​သည် ဤမျှ​များပြား​သော​အကြောင်းအရာများ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ခြင်း​မရှိသော​ကြောင့် ဘုရားသခင်​သည် မိမိ​လက်ခံ​နိုင်သော​နည်းဖြင့် ဆုတောင်း​သူအား​လုံး​ကို အာရုံမစိုက်​နိုင်​ဟု မဆို​နိုင်​ချေ။

သို့​တိုင် ဆုတောင်းခြင်း​၌ အားကြီး​သူ​နောက်​တစ်ဦး​ဖြစ်သော ယေရှု​ခရစ်​သည်လည်း ဆုတောင်းချက်​အားလုံး​ကို ဘုရားသခင်​နှစ်သက်​မည်​မဟုတ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ထို​စဉ်​က အများ​ပြု​နေသည့် အလွတ်ကျက်​မှတ်ထား​သော​ဆုတောင်းချက်​များ​ကို ထပ်တလဲလဲ​ရွတ်ဆို​ခြင်း​နှင့်​ပတ်သက်ပြီး ယေရှု​မိန့်ဆို​ရာ​ကို သတိပြုပါ။ “သင်တို့သည် ဆုတောင်း​သောအခါ [ပြင်]ပ​လူ​နည်းတူ အချည်းနှီး​သော​စကား​ဖြင့် အထပ်ထပ်​မ​မြွက်​ကြ​နှင့်။ ထို​သူတို့သည် များစွာသော​စကား​ဖြင့် မိမိတို့​အလို​ပြည့်စုံ​မည်​ဟု ထင်မှတ်​ကြ​၏” ဟူ၍ ကိုယ်တော်​မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၇) စစ်မှန်သော​ခံစားချက်​များ​မပါ​သည့် ဆုတောင်းချက်​များ​ကို ယေဟောဝါ​နားညောင်း​မည်​ဟု ကျွန်တော်​တို့​မမျှော်လင့်​နိုင်​ပါ။

ဆုတောင်းချက်​အချို့​ကို ဘုရားသခင်​မနှစ်သက်​ရသည့် အကြောင်းရင်းကို​ဖော်ပြ​၍ ကျမ်းစာ​ပါ​ပညာရှိ​စကား​တစ်ခွန်း​က ဤသို့​ဆို​သည်– “တရား​မ​နာ၊ လွှဲ​သွားသော​သူသည် ဆုတောင်း​သော်လည်း သူ၏[ဆုတောင်းချက်]စကား​သည် စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်၏။” (သု. ၂၈:၉) နောက်​ပညာရှိ​စကား​တစ်ခွန်း​က “ထာဝရ​ဘုရား​သည် မတရားသော​သူတို့နှင့်​ဝေး​တော်​မူ​၏။ ဖြောင့်မတ်​သော​သူ၏ [ဆုတောင်းချက်]စကား​ကို​ကား နားထောင်​တော်​မူ​၏” ဟူ၍​ဆို​သည်။ (သု. ၁၅:၂၉) ရှေး​ယုဒ​ခေါင်းဆောင်​များသည် ကြီး​လေး​သော​အပြစ်​များ​ကို ခွင့်ပြု​ထားချိန်​၌ ယေဟောဝါ​က ဤသို့​မိ​န့်​ခဲ့​သည်– “သင်တို့သည် လက်ဝါး​တို့ကို​ဖြန့်​ကြသောအခါ ငါသည် မျက်စိ​ကို​လွှဲ​မည်။ များစွာသော[ဆုတောင်းခြင်း]ကို​ပြု​ကြသောအခါ ငါသည်​နားမထောင်။ သင်တို့​လက်​တို့သည် အသွေး​နှင့်​ပြည့်​ကြ​၏။”—ဟေရှာယ ၁:၁၊ ၁၅

တမန်​တော်​ပေတရု​က ဆုတောင်းချက်​များ​ကို ဘုရားသခင်​လက်မခံနိုင်​သော အခြား​အချက်များ​ကို​ဖော်ပြ​ခဲ့​သည်။ “ယောက်ျား​တို့၊ ဆုတောင်းခြင်း​အမှု၌ အဆီးအတား​မရှိစေ​ခြင်း​ငှာ အသက်ရှင်ခြင်း​ကျေးဇူးတော်​ကို​ဆက်ဆံ​၍ အမွေခံ​ရသော​သူ​ချင်း​ကဲ့သို့၊ သတိပညာ​နှင့်​လျော်​စွာ ကိုယ်​ခင်ပွန်း​နှင့်အတူ​နေ၍ အားနည်း​သော​သူကို​ပြုသင့်​သည့်​အတိုင်း သူ့ကို​စောင့်မ​ပြုစု​ကြလော့” ဟူ၍ ပေတရု​ရေးခဲ့​သည်။ (၁ ပေတရု ၃:၇) ဤသို့​သော​အကြံပြုချက်များ​ကို လျစ်လျူရှု​သူ၏​ဆုတောင်းချက်​များသည် အခန်း​မျက်နှာကြက်​ကို​ပင် ကျော်​နိုင်​မည်​မဟုတ်​ချေ!

ဆုတောင်းချက်​များ​ကို နားညောင်း​စေ​လိုလျှင် တောင်းဆိုချက်​အချို့​ကို ပြည့်မီ​ရမည်​မှာ​ရှင်း​ပါ​သည်။ သို့သော် ဆုတောင်း​သူများစွာ​တို့သည် ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​တောင်းဆိုရာ​များ​အား လိုက်နာ​ရခြင်း​ကို သိပ်​အလေး​မထား​ကြ​ချေ။ ထို့​အကြောင်းကြောင့်​ပင် အားတက်သရော​ဆုတောင်းချက်​သည် သာ၍​ကောင်းသော​ကမ္ဘာ ဖြစ်​မလာ​သည့်​အကြောင်း​ဖြစ်သည်။

သို့​ဆိုလျှင် ကျွန်ုပ်​တို့​ဆုတောင်းချက်​များ​ကို နားညောင်းခံ​ရ​ရန် ဘုရားသခင် အဘယ်အရာကို​တောင်းဆို​သနည်း။ အဖြေ​မှာ ကျွန်ုပ်​တို့​ဆုတောင်း​ရသည့် အကြောင်းရင်း​နှင့် ပတ်သက်​သည်။ မှန်ပါသည်၊ ဆုတောင်းချက်​များသည် ကောင်းကျိုး​တစ်စုံတစ်ရာ​ရှိ၊ မရှိ သိ​လိုလျှင် ၎င်းတို့၏​ရည်ရွယ်ချက်ကို နားလည်​သဘောပေါက်​ရမည်​ဖြစ်သည်။ ယေဟောဝါ​သည် မိမိ​နှင့်​စကားပြော​နိုင်​ရန် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့်​စီစဉ်​ထား​ပေး​ခဲ့​သနည်း။

[Picture Credit Line on page 3]

G.P.O., Jerusalem