စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
သစ္စာရှိခရစ်ယာန်ဇနီးသည်တစ်ဦးသည် အိမ်ထောင်ဖက်က စ၍ကွာရှင်းမှုလုပ်သည်ကို အဘယ်အတိုင်းအတာအထိ ငြင်းဆန်ဖို့လိုသနည်း။
လူ့အိမ်ထောင်ရေးစတင်သောအခါ ဘုရားသခင်က ယောက်ျားနှင့်မိန်းမတို့သည် တစ်ဦးနှင့်တစ်ဦး ‘မခွဲခွာ’ သင့်ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၂:၁၈-၂၄) လူသားတို့သည် မစုံလင်သူများဖြစ်လာခဲ့ကြပြီး အိမ်ထောင်များစွာ၌ ပြဿနာများဖြစ်ပေါ်ခဲ့သော်လည်း ဘုရားသခင့်အလိုဆန္ဒမှာ အိမ်ထောင်ဖက်များ တစ်ဦးကိုတစ်ဦးမခွဲမခွာဆက်နေသင့်ခြင်းဖြစ်သည်။ တမန်တော်ပေါလုကဤသို့ရေးသားခဲ့သည်– “ခင်ပွန်းရှိသောသူတို့ကိုလည်း၊ ငါပညတ်သည်သာမက၊ သခင်ဘုရားပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။ စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့်မကွာစေနှင့်။”—၁ ကောရိန္သု ၇:၁၀၊ ၁၁။
မစုံလင်သောလူသားများအလယ်တွင် တစ်ခါတစ်ရံ အိမ်ထောင်ဖက်တစ်ဦးက စွန့်ခွာဖို့ဆုံးဖြတ်တတ်ကြောင်း ထိုစကားများက အသိအမှတ်ပြုသည်။ ဥပမာ အိမ်ထောင်ဖက်တစ်ဦးက စွန့်ခွာသွားလျှင် နှစ်ဦးစလုံး “ခင်ပွန်းမရှိဘဲနေ” ရန်ပေါလုဆိုခဲ့သည်။ အဘယ်ကြောင့်နည်း။ အိမ်ထောင်ဖက်က စွန့်ခွာသွားသော်လည်း သူတို့နှစ်ဦးသည် ဘုရားသခင့်မျက်မှောက်တွင် တစ်ဦးကိုတစ်ဦးချည်နှောင်ထားဆဲဖြစ်သည်။ ပေါလုဤသို့ဆိုနိုင်ခြင်းမှာ ယေရှုက ခရစ်ယာန်အိမ်ထောင်အတွက် ဤစံနှုန်းကိုချမှတ်ခဲ့သောကြောင့်ဖြစ်၏– “မှားယွင်းခြင်းအကြောင်း [“မတရားသောမေထုန်၊” ကဘ၊ ဂရိ၊ ပေါ်နီယာ] မှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။” (မဿဲ ၁၉:၉) မှန်ပါသည်၊ အိမ်ထောင်တစ်ခုကိုအဆုံးတိုင်စေသည့် ကွာရှင်းခြင်းအတွက် တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်းမှာ ‘မတရားမေထုန်’ တစ်နည်းအားဖြင့် လိင်ဆိုင်ရာအကျင့်ယိုယွင်းခြင်းဖြစ်သည်။ ပေါလုဖော်ပြသောကိစ္စတွင် အိမ်ထောင်ဖက်နှစ်ဦးစလုံး အကျင့်မယိုယွင်းခဲ့ကြပါ၊ ထို့ကြောင့် လင် သို့မဟုတ် မယားဖြစ်သူကစွန့်ခွာသောအခါ ဘုရားသခင့်အမြင်တွင် အိမ်ထောင်ရေးအဆုံးမသတ်သေးပါ။
ထို့နောက် ပေါလုက မယုံကြည်သူအိမ်ထောင်ဖက်တစ်ဦးရှိသူ ခရစ်ယာန်စစ်တစ်ဦး၏ အခြေအနေနှင့်ပတ်သက်၍ ပြောခဲ့သည်။ ပေါလု၏ဤညွှန်ကြားချက်ကို သုံးသပ်ကြည့်ပါ– “မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာ ဘုရားသခင်၏ပညတ်တော်ရှိ၏။” (၁ ကောရိန္သု ၇:၁၂-၁၆) မယုံကြည်သူလင်ယောက်ျားက သူ့ကိုစွန့်ခွာ၍ တရားဝင်ကွာရှင်းဖို့ပင် တောင်းဆိုလာပါက သစ္စာရှိဇနီးသည်တစ်ဦး အဘယ်သို့ပြုနိုင်သနည်း။
ဇနီးသည်က သူ့ကိုမိမိနှင့်အတူ ဆက်ပေါင်းသင်းစေလိုပေမည်။ သူ့ကိုချစ်မြတ်နိုးဆဲဖြစ်နိုင်ပြီး မိမိတို့၏စိတ်လှုပ်ရှားမှုနှင့် လိင်ဆိုင်ရာနှစ်ဦးနှစ်ဖက်လိုအပ်ချက်များကို သိရှိထားကာ မိမိနှင့် အရွယ်မရောက်သေးသောသားသမီးများမှာ သူ့ထံမှရုပ်ပစ္စည်းထောက်ပံ့မှုလိုအပ်ကြောင်း သူသိရှိထားပေမည်။ အချိန်တန်သော် မိမိ၏လင်ယောက်ျားသည် ယုံကြည်သူတစ်ဦးဖြစ်လာပြီး ကယ်တင်ခြင်းခံရမည်ဟူ၍လည်း သူမျှော်လင့်ပေမည်။ သို့တိုင် အိမ်ထောင်ရေးကို (ကျမ်းစာနှင့်မညီညွတ်သောအကြောင်းရင်းအချို့ဖြင့်) အဆုံးသတ်ဖို့ သူလုပ်ဆောင်မည်ဆိုလျှင် ပေါလုရေးသားခဲ့သကဲ့သို့ ဇနီးသည်က “ကွာသွားစေ” နိုင်ပါသည်။ အကယ်၍ ယုံကြည်သူလင်ယောက်ျားက အိမ်ထောင်နှင့်ပတ်သက်သော ဘုရားသခင့်အမြင်ကို လျစ်လျူရှုကာ ကွာရှင်းဖို့မရမကတောင်းဆိုပါက အလားတူပင်သက်ဆိုင်သည်။
သို့သော် ထိုအခြေအနေမျိုးတွင် သူသည် မိမိကိုယ်တိုင်နှင့် သားသမီးများကို ကာကွယ်စောင့်ရှောက်ဖို့လိုအပ်ပေမည်။ မည်သို့အားဖြင့်နည်း။ မိမိချစ်မြတ်နိုးသောသားသမီးများကို မိခင်မေတ္တာဆက်ပြရန်၊ ကိုယ်ကျင့်တရားလေ့ကျင့်မှုပေးကာ ကျမ်းစာသွန်သင်ချက်ကောင်းများပေါ်အခြေပြုသည့် ယုံကြည်ခြင်းကို သူတို့နှလုံးထဲသွတ်သွင်းပေးနိုင်ဖို့ ဆက်၍အုပ်ထိန်းခွင့်ရလိုပေမည်။ (၂ တိမောသေ ၃:၁၅) ကွာရှင်းခြင်းက သူ၏လုပ်ပိုင်ခွင့်များကို ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် ဇနီးသည်သည် သားသမီးများအား တွေ့ဆုံခွင့်ကိုကာကွယ်ရန် မိမိ၏လင်သားသည် သူစွန့်ပစ်ထားသော မိသားစုကိုထောက်ပံ့ဖို့ တာဝန်ရှိကြောင်း သေချာစေရန် အာဏာပိုင်များရှေ့ သင့်လျော်စွာတောင်းဆိုရန် အစပြုလုပ်ဆောင်ပေမည်။ အချို့ဒေသများတွင် ကွာရှင်းခြင်းအမှုဆိုင်နေသော အမျိုးသမီးတစ်ဦးသည် ခင်ပွန်းသည်တောင်းခံနေသော ကွာရှင်းမှုကိုသဘောမတူဘဲ ကလေးထိန်းသိမ်းမှုစရိတ်နှင့် ငွေကြေးထောက်ပံ့မှုတို့အတွက် ပြဋ္ဌာန်းထားသော တရားဝင်စာချုပ်စာတမ်းများကိုလက်မှတ်ထိုးနိုင်သည်။ အခြားအရပ်ဒေသများတွင်မူ စာချုပ်၌ပါသောစာသားများက ကွာရှင်းမှုကိုသူသဘောတူကြောင်း ဖော်ပြသည်; ထို့ကြောင့် သူ၏လင်သားသည် သူ့သားအိမ်ရာပြစ်မှားသည့်အပြစ်ရှိခဲ့လျှင် ထိုစာချုပ်ကိုဇနီးဖြစ်သူလက်မှတ်ထိုးလိုက်ခြင်းက သူ့ကိုပစ်ပယ်ရောက်ပေမည်။
ကွာရှင်းမှုကို ကျမ်းစာပေါ်အခြေခံပြီးရယူခြင်းရှိမရှိကဲ့သို့သော အသေးစိတ်အချက်အလက်များကို အသိုင်းအဝိုင်းနှင့် အသင်းတော်ထဲမှအများစုတို့မှာ သိကြမည်မဟုတ်။ သို့ရာတွင် ထိုအတိုင်းအတာအထိမဖြစ်ပျက်မီ ဇနီးဖြစ်သူသည် အသင်းတော်ရှိဦးစီးကြီးကြပ်မှူးနှင့် နောက်ထပ်အကြီးအကဲတစ်ဦးထံ အဖြစ်မှန်ကို (စာရေးလျှင်ပိုကောင်းသည်) အကြောင်းကြားခြင်းသည် သူ့အတွက် ပို၍သင့်လျော်ပေမည်။ ထိုနည်းအားဖြင့် ထိုအချိန် သို့မဟုတ် နောင်တွင် မေးခွန်းတစ်စုံတစ်ရာ ပေါ်ပေါက်လာသော် အဖြစ်မှန်များရရှိနိုင်ပေမည်။
“မှားယွင်းခြင်းအကြောင်း [“မတရားသောမေထုန်၊” ကဘ] မှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏” ဟူသောယေရှု၏မှတ်ချက်သို့ ပြန်သွားကြစို့။ အကယ်၍ လင်သားတစ်ဦးသည် လိင်ဆိုင်ရာအကျင့်ယိုယွင်းမှု အမှန်ပြုခဲ့သော်လည်း သူ့ဇနီးနှင့်ဆက်၍ပေါင်းဖက်လိုသော် သူ့ကိုခွင့်လွှတ်၍ဆက်ပေါင်းမည်လော သို့မဟုတ် သူ့ကိုပစ်ပယ်မည်လောဆိုသည်ကို ဇနီးသည် (ယေရှု၏ပုံဥပမာထဲမှအပြစ်မဲ့ဟောရှေ ၁:၁-၃; ၃:၁-၃။
သူ) ကရွေးချယ်ရမည်။ သူ့ကိုခွင့်လွှတ်ဖို့အသင့်ရှိပြီး တရားဝင်လင်သားနှင့်ဆက်ပေါင်းသင်းလျှင် ထိုသို့ပြုခြင်းအတွက် သူ၌ အကျင့်ပျက်စွန်းထင်းမသွားပါ။—အကျင့်ယိုယွင်းသောလင်ယောက်ျားက ကွာရှင်းရန်ရှာကြံသည့်ကိစ္စတွင် ဇနီးသည်က သူ့ကိုပြန်ရဖို့မျှော်လင့်ကာ ခွင့်လွှတ်ဖို့အသင့်ရှိဆဲဖြစ်နိုင်သည်။ လင်သား၏ကွာရှင်းစေမှုလုပ်ခြင်းကို တရားဆိုင်သင့်မသင့်ဆိုသည်မှာ သူ၏ကိုယ်ကိုကိုယ်သိသောစိတ်နှင့် အခြေအနေပေါ်မူတည်၍ သူဆုံးဖြတ်ဖို့ဖြစ်သည်။ အချို့နေရာများတွင် ကွာရှင်းခြင်းအမှုဆိုင်နေသော အမျိုးသမီးတစ်ဦးသည် ကွာရှင်းမှုကို သူသဘောတူကြောင်း မဖော်ပြထားဘဲ ကလေးထိန်းသိမ်းမှုစရိတ်နှင့် ငွေကြေးထောက်ပံ့မှုတို့အတွက် ပြဋ္ဌာန်းထားသောစာချုပ်စာတမ်းများကို လက်မှတ်ထိုးကောင်းထိုးနိုင်ပေမည်; ယင်းသို့သောစာချုပ်စာတမ်းများကို သူလက်မှတ်ထိုးလိုက်ခြင်းကိုယ်နှိုက်က သူ့ခင်ပွန်းကိုပစ်ပယ်သည်ဟု မဖော်ပြပါ။ သို့သော် အခြားအရပ်ဒေသများ၌ ကွာရှင်းခြင်းအမှုဆိုင်နေသော ဇနီးသည်တစ်ဦးသည် ကွာရှင်းခြင်းကိုသူသဘောတူကြောင်းဖော်ပြထားသော စာချုပ်စာတမ်းများကို လက်မှတ်ထိုးဖို့ တောင်းဆိုခံရနိုင်သည်; ယင်းစာချုပ်တွင် လက်မှတ်ထိုးခြင်းက အပြစ်ပြုသူလင်ယောက်ျားကို သူပစ်ပယ်ကြောင်း အတိအလင်းဖော်ပြမည်။
ဤကိစ္စတွင်လည်း နားလည်မှုလွဲမှားနိုင်ရာကိုရှောင်ရန် အဘယ်လုပ်ဆောင်ချက်များကို လုပ်ဆောင်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ရသည့် သဘောထားများကိုဖော်ပြထားသော စာတစ်စောင်ကို အသင်းတော်ကိုယ်စားလှယ်များအား ပေးအပ်ရန် ဇနီးသည်အတွက် သင့်လျော်ပေမည်။ သူ့ကိုခွင့်လွှတ်၍ သူ၏ဇနီးဖြစ်ဖို့အသင့်ရှိကြောင်း ခင်ပွန်းသည်အား မိမိပြောခဲ့သည်ကို သူဖော်ပြနိုင်သည်။ ယင်းက ကွာရှင်းခြင်းကို သူ့ဆန္ဒနှင့်ဆန့်ကျင်လျက်ပြုလုပ်နေခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ထွက်မည်; သူ၏ခင်ပွန်းကိုပစ်ပယ်မည့်အစား ခွင့်လွှတ်ဖို့အသင့်ရှိဆဲဖြစ်သည်။ ဤနည်းဖြင့် မိမိသည် ခွင့်လွှတ်ပြီး ဆက်၍ပေါင်းဖော်ဖို့ အသင့်ရှိကြောင်း သိသာထင်ရှားစေပြီးနောက် ငွေကြေးနှင့်/သို့မဟုတ် ကလေးထိန်းသိမ်းမှုကိစ္စရပ်များကို မည်သို့ဖြေရှင်းပေးရန်အတွက်သာ ဖော်ပြထားသော စာချုပ်၌လက်မှတ်ရေးထိုးခြင်းက မိမိ၏ခင်ပွန်းကို ပစ်ပယ်နေသည်ဟုဖော်ပြခြင်းမဟုတ်ပါ။ *
ကွာရှင်းပြီးနောက်၌ပင် ခွင့်လွှတ်ဖို့အသင့်ရှိကြောင်း အတည်ပြုထားခြင်းက သူကော သူ့ခင်ပွန်းပါ အခြားသူနှင့်အိမ်ထောင်ပြုရန် လွတ်လပ်သူများဖြစ်မည်မဟုတ်။ ခွင့်လွှတ်မှုကမ်းလှမ်းချက်ကို ငြင်းဆိုခံရသည့် အပြစ်မဲ့အိမ်ထောင်ဖက်ဖြစ်သူသည် နောင်တွင် ခင်ပွန်း၏အကျင့်ယိုယွင်းမှုကြောင့် သူ့ကိုပစ်ပယ်ဖို့ဆုံးဖြတ်လိုက်လျှင် ထိုအခါ နှစ်ဦးစလုံးနောက်အိမ်ထောင်ပြုရန် လွတ်လပ်သူများဖြစ်သွားမည်။ အပြစ်မဲ့အိမ်ထောင်ဖက်က ယင်းသို့ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ယေရှုတင်ပြခဲ့သည်။—မဿဲ ၅:၃၂; ၁၉:၉; လုကာ ၁၆:၁၈။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စာချုပ်စာတမ်းများသည် တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ တရားဝင်စာရွက်စာတမ်းများတွင် ဖော်ပြထားသော ကွာရှင်းခြင်းဆိုင်ရာစည်းကမ်းချက်များကို လက်မှတ်မထိုးမီ အသေအချာစစ်ဆေးသင့်သည်။ အပြစ်မဲ့အိမ်ထောင်ဖက်တစ်ဦးက သူ (သို့မဟုတ် သူ့ခင်ပွန်း) သည် အိမ်ထောင်ဖက်ကပြုလုပ်နေသောကွာရှင်းမှုကို မကန့်ကွက်ကြောင်းဖော်ပြထားသည့် စာချုပ်စာတမ်းများတွင် လက်မှတ်ထိုးပါက သူ၏အိမ်ထောင်ဖက်ကို ပစ်ပယ်ရာရောက်၏။—မဿဲ ၅:၃၇။