မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်၏ ချက်အနာ ပျောက်ကင်းရာ”

“သင်၏ ချက်အနာ ပျောက်ကင်းရာ”

“သင်၏ ချက်​အနာ ပျောက်ကင်း​ရာ”

လူသားများ​၏​မကျန်းမာ​မှု​အတော်များများ​သည် ကြောက်ရွံ့​ခြင်း၊ ဝမ်းနည်းခြင်း၊ မနာလို​ခြင်း၊ နာကြည်းခြင်း၊ မုန်းတီးခြင်း​နှင့် အပြစ်ရှိ​သည်​ဟု​ခံစား​ရခြင်း​ကဲ့သို့​သော စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ဖိစီးမှုများ​ကြောင့် အစပျိုး​ခဲ့​သည်​ဟု ယုံကြည်​ထား​ကြသည်။ ယင်းကြောင့် ‘ယေဟောဝါ​ကို​ကြောက်ရွံ့​ခြင်း’ သည် “သင်၏​ချက်​အနာ ပျောက်ကင်း​ရာ​နှင့် အရိုးများ​ကို အားပြည့်​ရာ” ဟူ​သည့် သမ္မာကျမ်းစာ​ဖော်ပြချက်​သည် မည်မျှ​စိတ်သက်သာ​စ​ရာ​ပါ​တကား!—သု. ၃:၈က​ဘ။

အရိုးများ​သည် ကိုယ်ခန္ဓာ​ကို​ထောက်မ​ထားသော ဘောင်​ခွေ​ဖြစ်သည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​က “အရိုးများ” ဟူ​သည့်​စကားလုံး​ကို အထူးသဖြင့် နက်ရှိုင်း​သည့်​ခံစားချက်​များနှင့် စိတ်​လှုပ်ရှားမှုများ​လွှမ်းမိုး​သက်ရောက်မှု​ခံရ​သော လူတစ်ဦး​၏​အဖြစ်​အနေ​ကို ပုံဆောင်​သဘောဖြင့်​အသုံးပြု​သည်။ သို့သော် ယေဟောဝါ​ကို​ကြောက်ရွံ့​ခြင်း​သည် “သင်၏​ချက်​အနာ​ပျောက်ကင်း​ရာ” မည်သို့​ဖြစ်​မည်​နည်း။

ကျမ်း​ပညာရှင်​များသည် ဤ​စာပိုဒ်​ပါ “ချက်” ကို​ဖော်ပြခြင်း​နှင့်​ပတ်သက်​၍ ၎င်းတို့၏​ယူဆချက်များ ကွဲပြား​ခြားနား​ကြသည်။ အနက်ဖွင့်သူ​တစ်ဦး​က “ချက်” သည် “ကိုယ်ခန္ဓာ​၏​အလယ်ဗဟို” ၌​ရှိသောကြောင့် ၎င်း​သည်​အရေးပါသည့်​ကိုယ်​အင်္ဂါ​အားလုံး​ကို ကိုယ်စား​ပြု​နိုင်​သည်​ဟု​ဆို​သည်။ နောက်​ကျမ်း​ပညာရှင်​တစ်ဦး​က “ချက်” ဟူသော​စကားလုံး​သည် ယေဇကျေလ ၁၆:၄ ၌​အသုံးပြု​ထား​သကဲ့သို့ ချက်ကြိုး​ကို​ဆိုလို​နိုင်​သည်​ဟု အကြံပြု​သည်။ ထိုသို့​ဖြစ်​မည်​ဆိုလျှင် မစွမ်းဆောင်​နိုင်​သည့်​သန္ဓေသား​သည် အစာ​အာဟာရ​အတွက် မိခင်​ကို​လုံးလုံးလျားလျား​မှီခို​အားထား​ရသကဲ့သို့ နယပုံပြင် ၃:၈ က ကျွန်ုပ်​တို့သည်​ဘုရားသခင်​အပေါ် လုံးလုံး​မှီခို​အားထား​ရန်လို​ကြောင်း အလေးပေး​ဖော်ပြခြင်း​ဖြစ်​နိုင်​သည်။ သို့​ဖြစ်စေ​ကာ​မူ နောက်​အယူအဆ​မှာ “ချက်” သည် ဤ​တွင် ကိုယ်ခန္ဓာ​၏​ကြွက်သား​များနှင့်​အကြော​အမျှင်​များ​ကို ရည်ညွှန်းခြင်း​ဖြစ်​နိုင်​သည်။ ဤ​အခန်းငယ်​၏​ရှေ့နောက်စကား​အရ ဤ​အင်္ဂါများ​ကို ကိုယ်ခန္ဓာ​၏​ပို​၍​မာကျော​သော​အစိတ်အပိုင်း​ဖြစ်သည့် “အရိုးများ” နှင့် ခြားနား​အောင်​ယှဉ်​၍​ပြ​ထားခြင်း​ဖြစ်​နိုင်​သည်။

တိကျသော​အဓိပ္ပာယ်​သည် မည်သည့်​အရာ​ပင်​ဖြစ်ပါစေ သေချာ​သည့်​အရာတစ်ခု​မှာ– ယေဟောဝါ​အား ရိုသေ​ခန့်ညား​သော​သဘောဖြင့်​ကြောက်ရွံ့​ကြောင်း​တင်ပြခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်သည်။ ဘုရားသခင့်​စံနှုန်း​များ​ကို​လိုက်နာခြင်း​သည် ယခု ကျွန်ုပ်​တို့၏​ကိုယ်ခန္ဓာ​ကို ကောင်းကျိုး​ပြု​နိုင်​သည်။ ထို​ထက်​ကား ယင်းက ကျွန်ုပ်​တို့ကို လာ​လတ္တံ့​သော​ကမ္ဘာသစ်​တွင် ကိုယ်ခန္ဓာ​အရ​နှင့်​စိတ်​လှုပ်ရှားမှု​အရ စုံလင်သော​ကျန်းမာ​ရေး​နှင့် အဆုံးမဲ့​အသက်တာကို​ရရှိစေ​မည့် ယေဟောဝါ​၏​မျက်နှာသာတော်​ကို ရရှိ​စေနိုင်​သည်။—ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၄; ၂၂:၂

[Picture Credit Line on page 32]

Dr. G. Moscoso/SPL/Photo Researchers