မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲနွမ်းပါးမှုကို တိုက်လှန်ခြင်း ရှုံးနိမ့်နေသလော

ဆင်းရဲနွမ်းပါးမှုကို တိုက်လှန်ခြင်း ရှုံးနိမ့်နေသလော

ဆင်းရဲ​နွမ်းပါး​မှု​ကို တိုက်လှန်​ခြင်း ရှုံးနိမ့်​နေ​သလော

နယူးယောက်​မြို့ရှိ ကုလသမဂ္ဂ​သို့​လာရောက်​လည်ပတ်ကြ​သော ကမ္ဘာ​လှည့်​ခရီးသည်​များသည် လူထု​ပြခန်း​အထက် မျက်နှာကြက်​တွင် ဟာလာဟင်းလင်း​ဖြစ်နေ​သည့် ပိုက်လိုင်း​များနှင့် ပိုက်လိုင်း​ပြေးလမ်း​များ​ရှိသော စီးပွားရေး​နှင့်​လူမှုရေး​ကောင်စီ​ခန်းမ​ကြီး​ကို တွေ့ မြင်ကြ​သည်။ ဧည့်လမ်းညွှန်​က ဤသို့​ရှင်းပြသည်– “ယူအဲန်​ရဲ့ စီးပွားရေး​နဲ့ လူမှုရေး​လုပ်ငန်းဟာ ဘယ်တော့မှ​ပြီးစီး​မှာ​မဟုတ်ဘူးဆိုတာ​ကို ပြင်ပ​လက္ခဏာ​သတိပေး​ချက်​တစ်ရပ်​အဖြစ် ‘မပြီးစီး​သော’ မျက်နှာကြက်​က ဖော်ပြ​တယ်လို့ အများ​က​တွေ့ မြင်တယ်; ကမ္ဘာ​သူ​ကမ္ဘာ​သားတို့​ရဲ့ လူနေမှု​အခြေအနေ​များ​တိုးတက်​လာစေဖို့ ပို​ပြီး​ပြုလုပ်​နိုင်​တဲ့​အရာ​တစ်စုံတစ်ခု အမြဲ​ရှိနေမှာ​ပဲ။”

အဆိုပါ​ကောင်စီ​သည် အားလုံး​အတွက် သာ၍​မြင့်မားသော​လူနေမှု​အဆင့်အတန်း​တစ်ရပ်​ရှိစေရန် သင့်လျော်​ကြောင်း​ဝန်ခံ​သော်လည်း လုပ်ငန်း​တာဝန်​မှာ အဆုံးသတ်​၍​ရမည့်​ဟန်​မရှိ​ချေ။ စိတ်ဝင်စားစရာ​မှာ စီ.အီး. ပထမ​ရာစုနှစ်​၌ ယေရှု​ခရစ်တော်​၏ မြေကြီးပေါ် ခရစ်ယာန်​ဓမ္မ​အမှု​ကာလ​အတွင်း ကိုယ်တော်​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​ဝိညာဉ်တော်သည် ငါ့​အပေါ်​၌​တည်​တော်​မူ​၏။ အကြောင်း​မူ​ကား၊ ဆင်းရဲသား​တို့အား ဝမ်းမြောက်စရာ​သတင်း [“သတင်းကောင်း၊” က​ဘ] ကို ကြား​ပြော​စေခြင်း​ငှာ ငါ့ကို​ဘိသိက်ပေး​တော်​မူ​ပြီ။” (လုကာ ၄:၁၈၊ ၁၉) ကိုယ်တော်​ကြွေးကြော်​သော “သတင်းကောင်း” ကား​အဘယ်နည်း။ ယင်း​ကား ‘ခက်ခဲ​ရာ​ကာလ​၌ ဆင်းရဲသော​သူတို့​ခိုလှုံရာ’ ဖြစ်​တော်​မူ​ထ​သော ယေဟောဝါ​ဘုရားသခင်​သည် ဘုရင်​ယေရှု​ခရစ်​အားဖြင့် တည်ထောင်​တော်​မူ​မည့် ဘုရားသခင့်​နိုင်ငံတော်​နှင့်​သက်ဆိုင်​သော​သတင်း ဖြစ်သည်။ အဆိုပါ​ဘုရားသခင့်​နိုင်ငံတော်​သည် အဘယ်အရာကို​ပြီးမြောက်​စေမည်​နည်း။ ဟေရှာယ​က ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] သည် ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော​စပျစ်​ရည်​ပွဲ​တည်း​ဟူသော ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်းမွန်​စွာ​စစ်​သော​စပျစ်​ရည်​ဟောင်း​ကို လူ​ခပ်သိမ်း​တို့​အဖို့ ဤ​တောင်ပေါ်​မှာ​စီရင်တော်မူ​လိမ့်​မည်။ သေခြင်းကို​လည်း နစ်မွန်း​ဆုံးရှုံး​စေတော်မူ​လိမ့်​မည်။ အရှင်​ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] သည်လည်း ခပ်သိမ်း​သော​မျက်နှာ​တို့​မှ မျက်ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။”—ဟေရှာယ ၂၅:၄-၆၊

ဘုရားသခင့်​နိုင်ငံတော်​သည် “ကမ္ဘာ​သူ​ကမ္ဘာ​သားတို့​၏ လူနေမှု​အခြေအနေ​များ​ကို မည်သို့​တိုးတက်လာ​စေ” ပြီး လို​လေ​သေး​မရှိ​ဖြစ်စေ​မည်​အကြောင်း သင်​ပိုမို​သိ​လို​သလော။ ထို​အကြောင်းအရာများ​နှင့်​ပတ်သက်​၍ အရည်အချင်း​ရှိ သွန်သင်ပေး​သူ​တစ်ဦး သင့်ထံ​လာ​လည်ပတ်​ကာ သမ္မာကျမ်းစာ​မှ​ဖော်ပြချက်​ကို တင်ပြ​ပေး​စေရန် သင်​မည်သို့​လုပ်ဆောင်​နိုင်​ကြောင်း​သိဖို့ အောက်ဘက်​သို့​ရှု​ပါ။