မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးမဲ့ခွဲစိတ်ကုသမှု “အရေးပါ လူကြိုက်များကုထုံး”

သွေးမဲ့ခွဲစိတ်ကုသမှု “အရေးပါ လူကြိုက်များကုထုံး”

သွေးမဲ့​ခွဲစိတ်​ကုသမှု “အရေးပါ လူကြိုက်များ​ကုထုံး”

ကနေဒါ​နိုင်ငံတစ်ဝန်း​မှ ဆရာဝန်​များသည် “လွန်ခဲ့သော​ငါး​နှစ်​ကျော်​က သွေးမဲ့​ခွဲစိတ်​ကုသမှု​ဟု​ခေါ်ဝေါ်​သော​ကုထုံး​ကို အရေးပါ​စေ​ခဲ့ပြီ​ဖြစ်​ကြောင်း” မ​က္ခ​လီးန်စ်​မဂ္ဂဇင်းက “‘သွေးမဲ့’ ခွဲစိတ်​ကုသမှု” ခေါင်းစဉ်​အောက်တွင်​တင်ပြ​ခဲ့​သည်။ ဝင်​နီ​ပက်​ကျန်းမာ​ရေး​သိပ္ပံ​ပညာရပ်​ဌာန​၏ မေ့​ဆေးဆရာ​ဝန် ဘရိုင်ယန် မြူ​ရ်​ဟက်​ဒ်​သည် ထို​ဆရာဝန်​များ​ထဲ​မှ​တစ်ဦး​ဖြစ်သည်။ သွေးမဲ့​ကုသမှု​အစီအစဉ်ကို စူးစမ်း​ရှာဖွေ​ရန် သူ့ကို​အဘယ်အရာက လှုံ့ဆော်ပေး​ခဲ့​သနည်း။

၁၉၈၆ တွင် ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့် ကျမ်းစာ​အခြေပြု​ယုံကြည်ချက်များ​ကြောင့် သွေးမသွင်း​ဘဲ​ကုသ​ခံ​လို​သူ သွေး​မ​တိတ်​အနာခွက်​ရောဂါရှင် အသက် ၇၀ ရှိ​သက်ကြီးရွယ်အို​တစ်ဦး​ကို ခွဲစိတ်​ကုသ​ရသော ခက်ခဲ​သည့်​တာဝန်​ကို ဒေါက်တာ​မြူ​ရ်​ဟက်​ဒ် ယူ​ခဲ့​ရသည်။ (တမန်​တော် ၁၅:၂၈၊ ၂၉) ဒေါက်တာ​မြူ​ရ်​ဟက်​ဒ်​သည် “သွေး​အားတက်လာ​စေဖို့ အသုံး​နည်း​သည့်​နည်းလမ်း​ဖြစ်သော လူနာ​ကို​ဆား​ပျော်​ရည်​သွင်း​ပေး​သည့်​နည်းကို အသုံးပြု​ခဲ့​သည်” ဟု​မ​က္ခ​လီးန်စ်​၌​ဖော်ပြ​သည်။ “ထို​ကုထုံး​သည်​အောင်မြင်​ခဲ့​ရာ ‘ကျွန်တော်​တို့​ဟာ သွေး​ကိုပဲ​အရမ်း​သွင်း​နေကြ​တာ။ တခြား​နည်း​တွေ စမ်း​ကြည့်​ဖို့ အချိန်တန်ပြီ​လို့​ထင်​တယ်’ ဟူ​သည့် မြူ​ရ်​ဟက်​ဒ်​၏​ခံယူ​ချက်​ကို ပို​ခိုင်လုံ​စေ​ခဲ့​သည်။”

သွေးမဲ့​ခွဲစိတ်​ကုသမှု​ကို​စမ်း​ကြည့်​လို​ကြ​ခြင်း​သည် “လှူဒါန်း​ကြ​မည့်​သွေး​ကို မသင်္ကာ​ဖြစ်​ကြ​ခြင်း​နှင့် သွေးသွင်း​ခြင်း​မှ ရောဂါပိုး​ကူးစက်​မည်​ကို လူနာ​အများ​က စိုးရိမ်​ကြ​ခြင်း​တို့​ကြောင့်​ဖြစ်သည်။” အသစ်​ပြောင်းလဲ​တီထွင်​တတ်သော​ဆရာဝန်​များ​၏ သုတေသန​ပြုချက်​ကြောင့် ယေဟောဝါသက်သေ​များ​သာမက အခြားသူများ​စွာ​လည်း အကျိုး​ခံစား​ခဲ့​ကြ​ရသည်။ “သွေးသွင်း​ဖို့​လို​သည့်​အခြေအနေ​များ မ​ပေါ်​စေသည့်​အပြင် သွေးမဲ့​ခွဲစိတ်​ကုသမှု​သည် မ​သန့်​သော​သွေးမှ ရောဂါ​ကူးစက်​ခြင်း​အန္တရာယ် မဆိုစလောက်​ရှိစေ​ကာ​မူ ၎င်းကို​လျော့နည်းစေ​သည်” ဟု​မ​က္ခ​လီးန်စ်​က​ဆို​၏။ “သန့်​သော” သွေး​ပင်​လျှင် လူနာ​၏​ရောဂါ​ပြီး​စနစ်​ကို ခေတ္တ​ကျဆင်း​စေခြင်း​ဖြင့် ရောဂါ​ကူးစက်​မှု​အန္တရာယ်​ရှိစေ​နိုင်​သည်။

သွေးမဲ့​ကုသမှု​အစီအစဉ်​နှင့်​ပတ်သက်​၍ ယေဟောဝါသက်သေ​များ​၏ ခိုင်မာ​သည့်​ယုံကြည်ချက်​နောက်ဝယ်​တွင် အဘယ်အရာ​ရှိ​သနည်း။ သွေးသည် သင့်​အသက်ကို​မည်သို့​ကယ်တင်​နိုင်​မည်​နည်း အင်္ဂလိပ်​ဘရိုရှာ​ကို သင်​ဖတ်ရှု​လို​ပေမည်။ ၎င်းကို သင့်​အား​ဝေမျှ​ရန် ယေဟောဝါသက်သေ​များ အသင့်ရှိ​ပါ​သည်။