ရုံးတင်ခံရသော ယေရှု၏ရှင်ပြန်ထမြောက်ခြင်း
ရုံးတင်ခံရသော ယေရှု၏ရှင်ပြန်ထမြောက်ခြင်း
“ယေရှုအသက်ရှင်ခဲ့ခြင်းကိုကျွန်ုပ်တို့ လုံးဝယုံကြည်စိတ်ချနိုင်သော်လည်း . . . ကိုယ်တော်သည် ဘုရားသခင်အားဖြင့် သေရာမှရှင်ပြန်ထမြောက်ခဲ့ခြင်းမှာ ထိုလောက်မသေချာနိုင်ကြောင်း ကျွန်ုပ်အနေဖြင့် သင့်အား ပွင့်ပွင့်လင်းလင်းပြောနိုင်ပါသည်။” ထိုသို့ အင်္ဂလန်ချာ့ခ်ျ၏ဂိုဏ်းအုပ် ရာထူးအဆင့်ရှိ ကန်တာဘရီဂိုဏ်းချုပ်ကပြောခဲ့သည်။
ခရစ်ယာန်တမန်တော်ပေါလု၌ ထိုသို့သောသံသယများ လုံးဝမရှိခဲ့ချေ။ ရှေးကောရိန္သုရှိ ခရစ်ယာန်ချင်းတို့ထံ ပေါလု၏ပထမဆုံးမှုတ်သွင်းခံစာ၌ အခန်းကြီး ၁၅ တွင် သူကဤသို့ရေးသားခဲ့သည်– “ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။”—၁ ကောရိန္သု ၁၅:၃၊ ၄။
ဂရိနှင့်ရောမလောကတစ်ခုလုံးအနှံ့အပြား “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” ဝမ်းမြောက်ဖွယ်ရာသတင်းကိုဟောပြောရန် တပည့်တော်များအား လှုံ့ဆော်ပေးသည်ကား ယေရှုခရစ်၏ရှင်ပြန်ထမြောက်ခြင်း၌ ယုံကြည်ခြင်းဖြစ်၏။ (ကောလောသဲ ၁:၂၂-၂၃) အမှန်မှာ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အုတ်မြစ်ဖြစ်သည်။
သို့ဖြစ်စေကာမူ အစကတည်းက ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် သံသယဖြစ်စရာ၊ မယုံနိုင်စရာဖြစ်ခဲ့ရသည်။ ဂျူးအများစုအတွက် နှက်တိုင်တင်ခံခဲ့ရသော ဤသူသည် မေရှိယဖြစ်ကြောင်း ယေရှု၏နောက်လိုက်များပြောဆိုကြခြင်းက စော်ကားရာကျခဲ့သည်။ ထို့အပြင် မသေနိုင်သောစိုးလ်၌ အယုံအကြည်ရှိကြသော ပညာတတ်ဂရိအများစုအတွက်မှာမူ ရှင်ပြန်ထမြောက်ခြင်းခံယူချက်သည်ပင် မနှစ်မြို့ဖွယ်ရာဖြစ်ခဲ့သည်။—တမန်တော် ၁၇:၃၂-၃၄။
မျက်မှောက်ခေတ် သံသယဝင်သူများ
မကြာသေးမီနှစ်များက ခရစ်ယာန်ဟုဆိုကြသော ကျမ်းပညာရှင်အချို့သည် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကို ယုံတမ်းတစ်ရပ်အဖြစ်ဖယ်ရှားသည့် စာအုပ်များနှင့် ဆောင်းပါးများကိုထုတ်ဝေခဲ့ကြပြီး ထိုအကြောင်းအရာကို အပြင်းအထန်အငြင်းပွားမှုဖြစ်ပေါ်စေခဲ့သည်။ “သမိုင်းဝင်ယေရှု” ကိုသူတို့ ရှာဖွေကြရာတွင် ကျမ်းပညာရှင်များစွာက ဗလာကျင်းဖြစ်နေသည့်သင်္ချိုင်းဂူ၏ ခရစ်ဝင်ကျမ်းမှတ်တမ်းများနှင့် ယေရှု၏ရှင်ပြန်ထမြောက်ပြီးနောက် ရုပ်သွင်များသည် စိတ်ကူးယဉ်သက်သက်မျှသာဖြစ်ကြောင်း၊ ကိုယ်တော်၏ကောင်းကင်တန်ခိုးတော်ဆိုင်ရာအဆိုကို ထောက်ခံဖို့ရန် ကိုယ်တော်သေဆုံးပြီးနောက် နှစ်အတန်ကြာမှ လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ငြင်းခုံခဲ့ကြ၏။
ဥပမာ၊ ဂျာမန်ကျမ်းပညာရှင် ဂဒ် လျူဒီမန်၊ ဓမ္မသစ်ကျမ်းပါမောက္ခနှင့် ယေရှု၌ အမှန်တကယ်ဘာဖြစ်ခဲ့သနည်း—သမိုင်းဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းသို့ ချဉ်းကပ်ခြင်းစာအုပ် ကလောင်ရှင်၏ ရှုမြင်ချက်များကို သုံးသပ်ကြည့်ပါ။ “လောက၌ သိပ္ပံကျကျရှုမြင်” တတ်သူ မည်သူမဆိုအတွက် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် လက်ခံ၍မရသည့် “အခြေအမြစ်မဲ့ပုံသေနည်းတစ်ခု” ဖြစ်ကြောင်း သူကငြင်းခုံခဲ့၏။
ပါမောက္ခလျူဒီမန်က တမန်တော်ပေတရုရှေ့၌ ပေါ်ထွက်လာသည့်ရှင်ပြန်ထမြောက်ခဲ့သောခရစ်တော်သည် အမှန်တကယ်အားဖြင့် ၁ ကောရိန္သု ၁၅:၅၊ ၆) အချုပ်ဆိုရလျှင် ကျမ်းပညာရှင်များစွာက ရှင်ပြန်ထမြောက်သည့်ယေရှုအကြောင်း သမ္မာကျမ်းစာမှတ်တမ်းများသည် တပည့်တော်များ၌ ဝိညာဉ်ရေးဆိုင်ရာယုံကြည်စိတ်ချမှုနှင့် သာသနာပြုဇွဲ အသစ်တစ်ဖန် ဖြစ်ပေါ်စေသော အခန်းဆက်စိတ်ပိုင်းခံစားတွေ့ကြုံမှုများမျှသာဖြစ်သည်ဟုဆိုကြသည်။
ယေရှုကိုငြင်းပယ်ခဲ့သည့်အတွက် ပေတရု၏ဝမ်းနည်းမှုနှင့် အပြစ်ရှိသည်ဟုဖိစီးခံရခြင်းမှ ဖြစ်လာသည့်အမြင်အာရုံတစ်ခုသာဖြစ်ကြောင်း အခိုင်အမာဆိုသည်။ ထို့ပြင် တစ်ကြိမ်တစ်ခါတွင် ယုံကြည်သူ ၅၀၀ တို့ရှေ့ ယေရှုကိုယ်ယောင်ထင်ရှားခြင်းမှာ “အုပ်စုလိုက်ပီတိဖြစ်ခြင်း” မျှဖြစ်၏ဟု လျူဒီမန်ကပြောဆိုခဲ့သည်။ (လူအများသည် ပညာရပ်ဘက်တွင် အတိုက်အခံမဖြစ်လိုကြချေ။ သို့သော် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဆွေးနွေးခြင်းကို ကျွန်ုပ်တို့အားလုံး စိတ်ဝင်စားသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကိုယ်တော်သာမထမြောက်ခဲ့လျှင် ခရစ်ယာန်ဘာသာတရားသည် မှားယွင်းသောအုတ်မြစ်ပေါ် အခြေခံထားရာကျ၏။ တစ်ဖက်တွင်မူ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် သမိုင်းဝင်ဖြစ်ရပ်မှန်တစ်ခု အမှန်ဖြစ်မည်ဆိုလျှင် ခရစ်ယာန်ဘာသာတရားသည် အမှန်တရားအပေါ်အခြေခံပေသည်။ ထိုကြောင့် ခရစ်တော်၏မိန့်မှာချက်များကိုသာမက ကိုယ်တော်၏ကတိတော်များကိုပါ အပြစ်တင်စရာအကြောင်း မရှိတော့ချေ။ ထိုထက်ကား ရှင်ပြန်ထမြောက်ခြင်းရှိမည်ဆိုလျှင် သေခြင်းသည် အကြီးအကျယ်အနိုင်ရသူမဟုတ်ဘဲ ရှုံးနိမ့်ရမည့်ရန်သူဖြစ်ပေမည်။—၁ ကောရိန္သု ၁၅:၅၅။
[Picture Credit Line on page 3]
From the Self-Pronouncing Edition of the Holy Bible, containing the King James and the Revised versions