ခရစ်ယာန်ဘာသာတရားစစ် အောင်မြင်နေ!
ခရစ်ယာန်ဘာသာတရားစစ် အောင်မြင်နေ!
“ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။”—တမန်တော် ၁၉:၂၀။
၁။ ပထမရာစုအတောအတွင်း ခရစ်ယာန်ဘာသာတရား၏ တိုးပွားမှုကိုဖော်ပြပါ။
သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး၏ လှုံ့ဆော်မှုကြောင့် အစောပိုင်းခရစ်ယာန်များသည် ဘုရားသခင့်စကားတော်ကို မလျော့နိုင်သောဇွဲဖြင့် ကြွေးကြော်ခဲ့ကြသည်။ သမိုင်းပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “ရောမလောကတစ်ဝန်းတွင် ခရစ်ယာန်ဘာသာတရားသည် အံ့သြလောက်သောအရှိန်အဟုန်ဖြင့် ပျံ့နှံ့ခဲ့၏။ ၁၀၀ ပြည့်နှစ်တိုင်လေသော် မြေထဲပင်လယ်အစပ်ရှိ ပြည်နယ်တိုင်းတွင် ခရစ်ယာန်အုပ်စုတစ်စုရှိလေသည်။”
၂။ စာတန်သည် သတင်းကောင်းကို မည်သို့ကြိုးစားဆီးတားခဲ့သနည်း၊ ယင်းကို မည်သို့တင်ကူးပြောခဲ့သနည်း။
၂ စာတန်သည် အစောပိုင်းခရစ်ယာန်များကို နှုတ်ပိတ်၍မရနိုင်ခဲ့ချေ။ ယင်းအစား သူသည် အခြားတစ်နည်းဖြစ်သော အယူဖောက်ပြန်ခြင်းအားဖြင့် သတင်းကောင်း၏အကျိုးသက်ရောက်မှုကို ဆီးတားခဲ့သည်။ ဤသို့ဖြစ်ပေါ်လာခြင်းကို ယေရှုက သူ၏တောပင်နှင့် ဂျုံပင်ပုံဥပမာတွင် တင်ကူးပြောခဲ့သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) အသင်းတော်အတွင်း၌ ပျက်စီးစေတတ်သောအယူအဆများ သွတ်သွင်းမည့် အယူမှားဆရာများ ပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်းကိုလည်း တမန်တော်ပေတရုသတိပေးခဲ့သည်။ (၂ ပေတရု ၂:၁-၃) အလားတူ တမန်တော်ပေါလုက ယေဟောဝါ၏နေ့ရက်မရောက်မီ အယူဖောက်ပြန်ကြလိမ့်မည်ဟု တိတိကျကျသတိပေးခဲ့သည်။—၂ သက်သာလောနိတ် ၂:၁-၃။
၃။ တမန်တော်များကွယ်လွန်သွားပြီးနောက် အဘယ်အရာဖြစ်ပျက်လာခဲ့သနည်း။
၃ တမန်တော်များကွယ်လွန်ပြီးနောက် သတင်းကောင်းသည် အယူမှားတို့၏သွန်သင်ချက်များနှင့် အတွေးအခေါ်များ၏လောင်းရိပ် မိခဲ့သည်။ တင်ကူးဟောခဲ့သည့်အတိုင်း အယူမှားဆရာများသည် အမှန်တရား၏စင်ကြယ်သောသတင်းကို တလွဲထင်မှတ်စေ၍ ညစ်ညမ်းစေခဲ့ကြ၏။ ခရစ်ယာန်ဘာသာတရားစစ်သည် ခရစ်ယာန်ဘောင်ဟုတွင်သော အတုအယောင်၏လွှမ်းမိုးမှုကို တဖြည်းဖြည်းခံခဲ့ရသည်။ ထို့နောက် သာမန်လူတန်းစားလက်သို့ သမ္မာကျမ်းစာ မရောက်စေရန် ကြိုးစားခဲ့သော ခရစ်ယာန်ဓမ္မဆရာအတန်းအစား ပေါ်ထွက်လာသည်။ မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုခေါ်ဆိုကြသူများ၏အရေအတွက် တိုးများလာခဲ့သော်လည်း သူတို့၏ဝတ်ပြုကိုးကွယ်မှုမှာ မစင်ကြယ်ခဲ့ချေ။ ခရစ်ယာန်ဘောင်သည် နယ်မြေဒေသအရ တိုးချဲ့ကျယ်ပြန့်သွားပြီး အနောက်တိုင်းယဉ်ကျေးမှုတွင် ဩဇာအာဏာရှိသည့် အသိုင်းအဝိုင်းတစ်ခုဖြစ်လာသော်လည်း ဘုရားသခင့်ကောင်းချီးမရ၊ ကိုယ်တော့်ဝိညာဉ်တော်တန်ခိုးကိုလည်း မခံစားခဲ့ရချေ။
၄။ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို ပျက်ပြားစေရန် စာတန်၏အကြံအစည်သည် အဘယ်ကြောင့် မအောင်မြင်ခဲ့သနည်း။
၄ သို့သော် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို ပျက်ပြားစေရန် စာတန်၏အကြံအစည်မှာ မအောင်မြင်ဖို့ကိန်း ပေါ်ပြီးသားဖြစ်သည်။ အယူဖောက်ပြန်သည့် အမှောင်ဆုံးနေ့ရက်များအတွင်းပင် စစ်မှန်သောခရစ်ယာန်ဘာသာတရားသည် အချို့သူတို့အလယ်တွင်အောင်မြင်ခဲ့သည်။ သမ္မာကျမ်းစာကို ကူးယူခဲ့သူတို့သည် ဆင်းရဲခံပြီး တိကျမှန်ကန်
စွာကူးယူခဲ့ကြ၏။ သို့နှင့် သမ္မာကျမ်းစာကိုသွန်သင်ရန် အခွင့်အာဏာရှိသည်ဟု ဆိုခဲ့ကြသူများစွာက ယင်း၏သတင်းတရားကို မှောက်လှန်ခဲ့ကြသော်လည်း ၎င်းကိုယ်နှိုက်သည် နဂိုအတိုင်းပင်တည်ရှိခဲ့သည်။ ထို့ပြင် ရာစုနှစ်များတစ်လျှောက်တွင် ဂျရုမ်းနှင့် တင်ဒေးလ်ကဲ့သို့သော ကျမ်းပညာရှင်များသည် ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဘာသာပြန်ဆိုပြီး ဖြန့်ချိခဲ့ကြသည်။ သမ္မာကျမ်းစာနှင့် ခရစ်ယာန်ဘာသာတရား အတုအယောင်ပင်ဖြစ်စေကာမူ ၎င်းကိုသိရှိကြသူ သန်းနှင့်ချီရှိ၏။၅။ ပရောဖက်ဒံယေလသည် ‘စစ်မှန်သောအသိပညာ’ နှင့်ပတ်သက်၍ အဘယ်အရာကို တင်ကူးဟောခဲ့သနည်း။
၅ နောက်ဆုံးတွင် ဒံယေလကျမ်း၌ တင်ကူးပြောထားသည့်အတိုင်း ‘စစ်မှန်သောအသိပညာ တိုးပွားလာခဲ့သည်။’ ၎င်းသည် ယခု ကျွန်ုပ်တို့အသက်ရှင်နေသည့် “အမှုကုန်သောကာလ” တွင် ဖြစ်ပျက်နေသည်။ (ဒံယေလ ၁၂:၄၊ သမ္မာ) သန့်ရှင်းသောဝိညာဉ်တော်သည် ကမ္ဘာတစ်လွှားမှ အမှန်တရားမြတ်နိုးသူတို့အား စစ်မှန်သည့်ဘုရားသခင်နှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိစေခဲ့ပြီ။ အယူဖောက်ပြန်သောသွန်သင်ချက် ရာစုနှစ်ချီရှိခဲ့ပြီးနောက်၌ပင် ဘုရားသခင့်စကားတော်သည် တည်ရှိမြဲတည်ရှိလေသည်! ယနေ့ သတင်းကောင်းကို နေရာအနှံ့ ကြွေးကြော်လျက်ရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာသစ်ကို မျှော်လင့်ဖို့ လူတို့အား လမ်းညွှန်နေသည်။ (ဆာလံ ၃၇:၁၁) ဤမျက်မှောက်ခေတ်တွင် ဘုရားသခင့်စကားတော် တိုးပွားခြင်းကို ယခု ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြစို့။
ယနေ့ ဘုရားသခင့်စကားတော် တိုးပွားခြင်း
၆။ ၁၉၁၄ ခုနှစ်တွင် ကျမ်းစာကျောင်းသားများသည် အဘယ်အမှန်တရားများကို နားလည်လာခဲ့ကြသနည်း။
၆ ၁၉ ရာစုနှောင်းပိုင်းတွင် ယနေ့ ယေဟောဝါသက်သေများဟု အမည်တွင်သော ကျမ်းစာကျောင်းသားအုပ်စုငယ်ကို သမ္မာကျမ်းစာမှအမှန်တရားက လှုံ့ဆော်ပေးခဲ့သည်။ ၁၉၁၄ ခုနှစ်၌ သမ္မာကျမ်းစာသည် သူတို့တွင် သက်ဝင်လှုပ်ရှားလာခဲ့၏။ သူတို့သည် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်ပတ်သက်၍ အလွန်အားရှိစရာ အမှန်တရားများကို သိရှိနားလည်လာခဲ့ကြသည်။ ယေဟောဝါသည် မိမိ၏သားတော်ကို ကမ္ဘာမြေပေါ်သို့စေလွှတ်ခြင်းဖြင့် ထာဝရအသက်လမ်းပွင့်သွားစေခဲ့သော ကိုယ်တော်၏မေတ္တာကြောင့် သူတို့အလွန်စိတ်လှုပ်ရှားသွားကြသည်။ ထို့ပြင် ဘုရားသခင့်နာမတော်နှင့် အရည်အသွေးတို့ကို သူတို့သိလာပြီး တန်ဖိုးထားတတ်လာကြ၏။ ထိုမျှမက လူသားတို့ကို ကောင်းချီးဆောင်ကြဉ်းပေးမည့် ဘုရားသခင့်နိုင်ငံတော်အစိုးရတည်လုနီးကြောင်း ဖော်ပြသည့် ‘တစ်ပါးအမျိုးသားတို့၏အချိန်ကာလ’ ကုန်ဆုံးခဲ့ပြီဟု သူတို့သိရှိလာခဲ့ကြသည်။ (လုကာ ၂၁:၂၄) အထူးကောင်းမွန်သော သတင်းကောင်းတစ်ရပ်ပါတကား! ဤတန်ခိုးပါသောအမှန်တရားများကို နေရာအနှံ့ လူတိုင်းအား ဝေမျှပြောဆိုရမည်ဖြစ်သည်။ သေရေးရှင်ရေးကိစ္စ ဖြစ်နေသည်တကား!
၇။ ကျမ်းစာအမှန်တရားသည် မျက်မှောက်ခေတ်တွင် မည်သို့အောင်နိုင်ခဲ့သနည်း။
၇ ယေဟောဝါသည် ထိုလက်တစ်ဆုပ်စာရှိ ဝိညာဉ်တော်ဖွား ကောင်းကင်အတန်းအစား ခရစ်ယာန်များကို ကောင်းချီးပေးခဲ့သည်။ ယနေ့ စစ်မှန်သောခရစ်ယာန်ဘာသာတရားကို သက်ဝင်ယုံကြည်သူအမဿဲ ၂၄:၃၊ ၁၄။
ရေအတွက်မှာ ခြောက်သန်းကျော်လေပြီ။ ယေဟောဝါသက်သေများကို နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင်တွေ့ရှိကြရသည့်အတွက် ဘုရားသခင့်စကားတော်သည် နယ်မြေဒေသအရလည်း ပျံ့နှံ့လာလေပြီ။ ထို့ပြင် သမ္မာတရားသည် တန်ခိုးအရှိန်သက်ရောက်ခဲ့ရာ ဘာသာရေးနှင့် အခြားအခြားသော အတားအဆီးအားလုံးကို အောင်နိုင်ခဲ့ပြီ။ ဤကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ယေရှုရောက်ရှိနေကြောင်း မငြင်းဆိုနိုင်သည့် ထပ်ဆင့်သက်သေဖြစ်သည်။—၈။ ယေဟောဝါသက်သေများ၏ တိုးတက်မှုအကြောင်း အချို့မည်သို့ပြောဆိုခဲ့ကြပြီနည်း။
၈ ပထမရာစုတွင် ခရစ်ယာန်ဘာသာတရားသည် အံ့ဖွယ်နည်းဖြင့်တိုးပွားခဲ့ခြင်းကို သမိုင်းပညာရှင်များက ကောက်ချက်ချခဲ့သကဲ့သို့ပင် မျက်မှောက်ခေတ် ယေဟောဝါလူများ၏ တိုးပွားမှုအပေါ် ကျမ်းပညာရှင်များစွာက မှတ်ချက်ချခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကျမ်းပညာရှင်နှစ်ဦးက ဤသို့ပူးတွဲရေးသားခဲ့သည်– “လွန်ခဲ့သော ၇၅ နှစ်တာကာလအတွင်း ယေဟောဝါသက်သေများသည် ထူးခြားစွာတိုးတက်လာခဲ့ပြီ . . . ထိုသို့ကမ္ဘာချီဖြစ်ပျက်နေသည်။” အရှေ့အာဖရိကမှ ဂျာနယ်တစ်စောင်က သက်သေခံများသည် “ကမ္ဘာပေါ်တွင် အမြန်ဆုံးတိုးပွား၍ ကျမ်းစာသွန်သင်ချက်များကို လုံးဝထက်ကြပ်မကွာလိုက်နာခြင်းအတွက် နိုင်ငံတကာ၌ အလွန်ကြည်ညိုခံရသည့်ဘာသာတရားတစ်ခုဖြစ်၏” ဟုဖော်ညွှန်းထားသည်။ ထို့ပြင် ဥရောပ၌ထုတ်ဝေသော ရှေးရိုးစွဲကက်သလစ်ဂျာနယ်တစ်စောင်က “ယေဟောဝါသက်သေများ၏ များစွာသောတိုးတက်မှု” အကြောင်းဖော်ပြသည်။ အဘယ်အရာက ဤသို့တိုးပွားများပြားစေခဲ့သနည်း။
ယနေ့ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးသက်ရောက်နေ
၉။ (က) ယနေ့ ဘုရားသခင့်စကားတော် အောင်နိုင်ရခြင်းအကြောင်းရင်းတစ်ရပ်ကား အဘယ်နည်း။ (ခ) ယေဟောဝါသည် လူတို့ကို မိမိထံ မည်သို့သွေးဆောင်သနည်း။
၉ ယနေ့ ဘုရားသခင့်စကားတော် အောင်နိုင်ရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ ပထမရာစု၌ကဲ့သို့ပင် ယေဟောဝါသန့်ရှင်းသောဝိညာဉ်၏ တန်ခိုးသက်ရောက်မှုကြောင့်ဖြစ်သည်။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်။” (ယောဟန် ၆:၄၄) ဘုရားသခင်သည် စိတ်နှလုံးကိုထိမိစေ၍ စိတ်တလိုတလားရှိသူတို့ကို နူးညံ့သိမ်မွေ့စွာဆွဲဆောင်ကြောင်း ဤစကားများကဖော်ပြသည်။ မိမိသက်သေများ၏ ဟောပြောခြင်းလုပ်ငန်းအားဖြင့် ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုရန်အတွက် “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ” ဖြစ်သည့် စိတ်နှိမ့်ချသောသူ၊ ကမ္ဘာပေါ်မှ သိုးကဲ့သို့သောသူတို့ကို သွေးဆောင်တော်မူသည်။—ဟဂ္ဂဲ ၂:၆၊ ၇။
၁၀။ ဘုရားသခင့်စကားတော်ကို အဘယ်လူမျိုးစားက လက်ခံခဲ့ကြပြီနည်း။
၁၀ သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင့်စကားတော်ကို မြေကြီးစွန်းတိုင်အောင်ရောက်စေရန် ဘုရားသခင့်လူများအား ခွန်အားပေးရုံသာမက သတင်းကောင်းကို လူမျိုးအပေါင်းတို့တုံ့ပြန်လာကြစေရန် လှုံ့ဆော်ပေးခဲ့သည်။ မှန်ပါသည်၊ ဘုရားသခင့်စကားတော်ကို သက်ဝင်ယုံဗျာဒိတ် ၅:၉; ၇:၉၊ ၁၀) သူတို့ကို ချမ်းသာကြွယ်ဝသူနှင့် ဆင်းရဲသူများ၊ အလွန်ပညာတတ်သူတို့နှင့် စာပေမတတ်သူတို့တွင် တွေ့ရှိရ၏။ အချို့တို့သည် စစ်မက်နှင့် ကြမ်းတမ်းသောနှိပ်စက်ညှဉ်းပန်းမှုများကြား နှုတ်မြွက်စကားတော်ကို လက်ခံခဲ့ကြပြီး အခြားသူတို့မှာမူ ငြိမ်းချမ်း၍ ကြီးပွားတိုးတက်နေချိန်တွင် ထိုသို့ပြုခဲ့ကြသည်။ အစိုးရအမျိုးမျိုး၊ ယဉ်ကျေးမှုရှိသမျှတို့မှမက ချွေးတပ်စခန်းများမှသည် နန်းတော်များအထိ အမျိုးသား၊ အမျိုးသမီးများသည် သတင်းကောင်းကို တလိုတလားလက်ခံခဲ့ကြပြီ။
ကြည်လာကြသူတို့သည် “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ထွက်လာကြသည်။ (၁၁။ ဘုရားသခင့်လူတို့၏အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့လုပ်ဆောင်နေသနည်း၊ အဘယ်ပိုင်းခြားမှု ထင်ရှားသနည်း။
၁၁ ဘုရားသခင်၏လူမျိုးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကွဲပြားခြားနားသည့်ကြားကပင် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာပေါင်းဖော်ကြသည်။ (ဆာလံ ၁၃၃:၁-၃) ယင်းက ဘုရားသခင့်အမှုတော်ထမ်းသူတို့၏အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးသက်ရောက်ကြောင်း ထပ်ဆင့်အထောက်အထားဖြစ်သည်။ ကိုယ်တော့်ဝိညာဉ်တော်သည် မိမိ၏ကျေးကျွန်များကို ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် အခြားနှစ်သက်ဖွယ်ရာအရည်အသွေးများ တင်ပြစေသည့် ကောင်းကျိုးပြုသော တန်ခိုးပါတွန်းအားတစ်ခုဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ရှေးခေတ်က ပရောဖက်မာလခိ ဤသို့တင်ကူးဟောခဲ့ရာကို ယနေ့ ကျွန်ုပ်တို့ရှင်းလင်းစွာ တွေ့မြင်ကြရသည်– “တစ်ဖန် သင်တို့သည် . . . ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိရကြလိမ့်မည်။”—မာလခိ ၃:၁၈။
ဇွဲရှိသောလုပ်သားများတွင် ဘုရားသခင့်နှုတ်မြွက်စကားတော် အောင်နိုင်
၁၂။ ယေဟောဝါသက်သေများသည် ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းကို မည်သို့သဘောထားကြသနည်း၊ သူတို့၏ဟောပြောခြင်းလုပ်ငန်းကို မည်သို့တုံ့ပြန်ကြမည်ဟု သူတို့မျှော်လင့်ထားကြသနည်း။
၁၂ ယနေ့ ယေဟောဝါသက်သေများသည် တက်ကြွလှုပ်ရှားမှုမရှိသော ချာ့ခ်ျတက်သူများမျှ မဟုတ်ကြချေ။ သူတို့သည် ဧဝံဂေလိတရားဟောပြောခြင်းတွင် တက်တက်ကြွကြွပါဝင်ကြ၏။ သူတို့သည် အစောပိုင်းခရစ်ယာန်များကဲ့သို့ပင် ဘုရားသခင့်အလိုတော်ကို စိတ်လိုကိုယ်လျောက် ထမ်းဆောင်ကြပြီး ယေဟောဝါ၏နိုင်ငံတော်ကတိတော်များအကြောင်း အခြားသူတို့သိရှိလာစေရန် ကြိုးစားကူညီပေးကြသည်။ သူတို့သည် ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်နှင့်အညီ ယေဟောဝါ၏လုပ်ငန်းတော်၌ပါဝင်စေရန် အခြားသူတို့ကိုစုသိမ်းကြသော ဘုရားသခင်၏လုပ်သားချင်းများဖြစ်ကြသည်။ ထိုသို့ပြုခြင်းဖြင့် သူတို့သည် မယုံကြည်သောလူသားတို့အပေါ် ယေဟောဝါ၏သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာကို ရောင်ပြန်ဟပ်ကြသည်။ ယင်းကို စိတ်မပါခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများကြား သူတို့ပြုလုပ်ကြ၏။ သတင်းကောင်းကို တုံ့ပြန်မည့်နည်းအမျိုးမျိုးအတွက် ယေရှုက မိမိ၏နောက်လိုက်များကို အသင့်ပြင်ဆင်ပေးခဲ့သည်။ ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “ကျွန်သည် မိမိသခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်။ . . . သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားယောဟန် ၁၅:၂၀။
ထောင်လျှင် သင်တို့၏စကားကိုနားထောင်ကြလိမ့်မည်။”—၁၃။ ခရစ်ယာန်ဘောင်တွင် မရှိသော အဘယ်ကြန်အင်လက္ခဏာများသည် ယေဟောဝါသက်သေများတွင် အမြောက်အမြားရှိသနည်း။
၁၃ ယနေ့ ယေဟောဝါသက်သေများနှင့် ပထမရာစုခရစ်ယာန်ဘာသာတရားစစ်ကို ယုံကြည်သက်ဝင်ခဲ့သူတို့စပ်ကြား တူညီမှုကို ကျွန်ုပ်တို့မမြင်ဘဲမနေနိုင်ချေ။ ထပ်တူပင် ယနေ့ ယေဟောဝါသက်သေများနှင့် ခရစ်ယာန်ဘောင်စပ်ကြား ကွာခြားချက်ကို ထူးခြားစွာတွေ့မြင်နေရသည်။ အစောပိုင်းခရစ်ယာန်များ၏ ဧဝံဂေလိတရားဟောခြင်းဇွဲအကြောင်း ရေးသားဖော်ပြပြီးနောက် ကျမ်းပညာရှင်တစ်ဦးက ဤသို့ညည်းညူခဲ့သည်– “ဧဝံဂေလိတရားဟောပြောခြင်းသည် နှစ်ခြင်းခံပြီးသား ခရစ်ယာန်တိုင်း ဆောင်ရွက်ရမည့်တာဝန် ပြန်ဖြစ်လာစေရန် ခေတ်ပြိုင်ချာ့ခ်ျဘဝအသွင်ကို မပြောင်းလဲမခြင်း၊ ထို့နောက် မယုံကြည်သူတို့၏ အကောင်းဆုံးထက် သာလွန်ကောင်းမွန်သည့် ဘဝပုံစံမျိုးဖြင့် ထောက်ပြခြင်းမရှိမခြင်း တိုးတက်စရာအကြောင်းမရှိချေ။” ခရစ်ယာန်ဘောင်တွင် လုံးဝမရှိသောကြန်အင်လက္ခဏာများကို ယေဟောဝါသက်သေများစပ်ကြားတွင် အမြောက်အမြားတွေ့ရှိရ၏! သူတို့၏ယုံကြည်ခြင်းသည် ရှင်သန်သောယုံကြည်ခြင်း၊ စစ်မှန်သောယုံကြည်ခြင်း၊ နားထောင်မည့်သူမှန်သမျှအား သူတို့ဝေမျှပေးရန် တာဝန်ရှိသည်ဟု တိုက်တွန်းနှိုးဆော်ခံရသည့် သမ္မာကျမ်းစာပေါ်အခြေပြုသောယုံကြည်ခြင်းဖြစ်သည်။—၁ တိမောသေ ၂:၃၊ ၄။
၁၄။ ယေရှုသည် မိမိ၏ခရစ်ယာန်ဓမ္မအမှုကို မည်သို့သဘောထားသနည်း၊ ယနေ့ ကိုယ်တော်၏တပည့်တော်များသည် အဘယ်သဘောထားမျိုးကို ပြသကြသနည်း။
၁၄ ယေရှုသည် မိမိ၏ခရစ်ယာန်ဓမ္မအမှုကို အလွန်အလေးအနက်ထားခဲ့ပြီး ယင်းကို ကိုယ်တော် အဓိကအာရုံစိုက်တော်မူသည်။ ပိလတ်မင်းကို ကိုယ်တော်က ဤသို့မိန့်တော်မူခဲ့သည်– “[အမှန်] တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” (ယောဟန် ၁၈:၃၇) ယေရှုကဲ့သို့ပင် ဘုရားသခင့်လူများ ခံယူကြ၏။ သူတို့၏စိတ်နှလုံးထဲတွင် သမ္မာတရားရှိ၍ ယင်းကို ဖြစ်နိုင်သမျှလူတို့အား ဝေမျှနိုင်ဖို့ နည်းလမ်းများကြိုးစားရှာဖွေကြသည်။ ၎င်းနည်းလမ်းအချို့မှာ ထူးခြားစွာမှတ်သားလောက်သော လိမ္မာပါးနပ်မှုကို ထင်ဟပ်ပြသည်။
၁၅။ သတင်းကောင်းဟောပြောရာတွင် အချို့က လိမ္မာပါးနပ်မှုကို မည်သို့ဖော်ပြခဲ့ကြသနည်း။
၁၅ တောင်အမေရိကနိုင်ငံတစ်နိုင်ငံတွင် သက်သေခံများသည် အမှန်တရားကို လူတို့ထံရောက်ရှိစေရန် အမေဇုန်မြစ်၏မြစ်လက်တက်တစ်လျှောက် ခရီးသွားလာခဲ့ကြသည်။ သို့သော် ၁၉၉၅ ခုနှစ်တွင် ပြည်တွင်းပဋိပက္ခဖြစ်ပွားခဲ့သောအခါ မြစ်ကြောတစ်လျှောက် အရပ်သားများ သွားလာခြင်းကို တားမြစ်ခဲ့သည်။ စိတ်ဝင်စားသူတို့ကို သမ္မာကျမ်းစာစာပေများ ဆက်လက်ရရှိနေစေရန် သက်သေခံများသည် သတင်းတရားကို ရေစုန်တွင်ပေါလောမျောပါသွားစေရန် ဆုံးဖြတ်ခဲ့ကြ၏။ သူတို့သည် စာများရေးပြီး ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းတို့နှင့်တွဲ၍ ပလတ်စတစ်ပုလင်းလွတ်များထဲ ထည့်သွင်းလိုက်ကြသည်။ ထိုနောက် ပုလင်းများကို မြစ်ထဲပစ်ချလိုက်ကြ၏။ ထိုမြစ်ကို အရပ်သားများအသုံးပြုခွင့်မရှိမချင်း ထိုသို့ပင် လေးနှစ်ခွဲကြာ ဆက်ပြုလုပ်ခဲ့ကြသည်။ မြစ်ကြောတစ်လျှောက်တွင်နေထိုင်ကြသူတို့သည် စာပေစာတမ်းများအတွက် သက်သေခံများကို ကျေးဇူးတင်ခဲ့ကြသည်။ တစ်ချိန်က ကျမ်းစာသင်သားတစ်ဦးဖြစ်ခဲ့သော အမျိုးသမီးတစ်ဦးသည် မျက်ရည်ဝဲလျက် သူတို့ကိုဖက်ရမ်းပြီး ဤသို့ပြောခဲ့သည်– “ရှင်တို့ကို ကျွန်မ ဘယ်တော့မှမတွေ့ရတော့ဘူးလို့ ထင်နေတာ။ ဒါပေမဲ့ ပုလင်းထဲက စာပေတွေကို ကျွန်မစရရှိတာနဲ့ ရှင်တို့ဟာ ကျွန်မကိုမမေ့ဘူးဆိုတာ သိလိုက်ရတယ်!” မြစ်ကြောတစ်လျှောက် နေထိုင်ကြသော အခြားသူများက မဂ္ဂဇင်းများကို မိမိတို့ အထပ်ထပ်အခါခါ ဖတ်ရှုခဲ့ကြကြောင်း ပြောပြ၏။ တိုးချဲ့ရပ်ကွက်များစွာ၌ “စာတိုက်”—ပေါလောမျောပါလာသောအရာဝတ္ထုများ ခေတ္တစုဝေးရာ ရေဝဲ—တစ်ခုရှိသည်။ ဤနေရာတွင် မြစ်ရေထဲစီးပါလာတတ်သော မည်သည့် “စာ” ကိုမဆိုရရှိရန် စိတ်ဝင်စားသူတို့ မကြာခဏလာရောက်စစ်ဆေးကြည့်ကြသည်။
၁၆။ အသုံးတော်ခံရန်အသင့်ရှိခြင်းက တပည့်ဖြစ်စေဖို့ မည်သို့လမ်းစပွင့်စေသနည်း။
၁၆ သတင်းကောင်းဟောပြောခြင်းကို ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏တန်ခိုးရှိသောကောင်းကင်တမန်များက ညွှန်ကြားထောက်ပံ့ပေးသည်။ (ဗျာဒိတ် ၁၄:၆) ကျွန်ုပ်တို့သာအသင့်ရှိမည်ဆိုလျှင် တပည့်ဖြစ်စေရန်အခွင့်အရေးများ ပေါ်လာတတ်သည်။ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ခရစ်ယာန်အမျိုးသမီးနှစ်ဦးသည် မိမိတို့တာဝန်ကျရာ အမှုဆောင်ရပ်ကွက်ရှိ အိမ်များထံဟောပြော၍ပြီးသွားခဲ့သည်။ အမျိုးသမီးငယ်တစ်ဦးသည် ရုတ်တရက် သူတို့ထံချဉ်းကပ်လာ၍ စိတ်လှုပ်ရှားစွာ ဤသို့ပြောသည်– “ရှင်တို့လိုလူမျိုး တစ်ယောက်ယောက်နဲ့တွေ့ဆုံမိ ဖို့ ကျွန်မဆုတောင်းခဲ့တာ။” ကျမ်းစာဆွေးနွေးဖို့အတွက် မိမိအိမ်သို့ ချက်ချင်းလိုက်လာပါရန် သူက သက်သေခံများကို အနူးအညွတ်တောင်းပန်ခဲ့ရာ သူနှင့် ကျမ်းစာသင်အံမှုတစ်ခုကို ထိုနေ့ချင်းတွင်စတင်နိုင်ခဲ့သည်။ အဆိုပါအမျိုးသမီးသည် ခရစ်ယာန်နှစ်ဦးထံ အဘယ်ကြောင့်အရေးတကြီးချဉ်းကပ်ခဲ့ရသနည်း။ လွန်ခဲ့သောနှစ်ပတ်ခန့်က သူ့ကလေး သေဆုံးသွားခဲ့သည်။ သို့နှင့် “ချစ်မြတ်နိုးရသောသေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း” ဟူသောဝေစာတစ်ခုကို လူငယ်တစ်ဦးလက်ထဲတွင် သူတွေ့လိုက်သောအခါ ၎င်းကို အလွန်လိုချင်၍ မိမိအားပေးရန် ထိုသူငယ်ကိုတောင်းဆိုသည်။ သူငယ်ကမပေးလိုသဖြင့် ထိုဝေစာကို သက်သေခံများက မိမိအား ပေးခဲ့ကြောင်း ပြောပြ၏။ မကြာမီ ထိုအမျိုးသမီးသည် ဝိညာဉ်ရေးတွင် အတော်အတန်တိုးတက်လာပြီး မိမိကလေးအား ဆုံးရှုံးခဲ့ရသည့် ဝမ်းနည်းကြေကွဲမှုကို သာ၍ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ဘုရားသခင့်မေတ္တာတော်သည် အောင်နိုင်မှုရရှိ
၁၇-၁၉။ ရွေးနုတ်ဖိုးအားဖြင့် ယေဟောဝါသည် လူသားထုအား အဘယ်မေတ္တာမျိုးကို ပြသတော်မူခဲ့သနည်း။
၁၇ ကမ္ဘာတစ်လွှား ဘုရားသခင့်စကားတော် တိုးပွားလာခြင်းသည် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာနှင့် အလွန်ဆက်နွှယ်သည်။ ရွေးနုတ်ဖိုးနည်းတူ ဟောပြောခြင်းလုပ်ငန်းသည်လည်း နေရာတိုင်းရှိ လူသားအပေါင်းအတွက် ယေဟောဝါ၏မေတ္တာတော်ထင်ရှားခြင်းဖြစ်သည်။ တမန်တော်ယောဟန်သည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သား တို့ကိုချစ်တော်မူ၏။”—ယောဟန် ၃:၁၆။
၁၈ ရွေးနုတ်ဖိုးပြင်ဆင်ပေးခြင်းဖြင့် ယေဟောဝါပြသတော်မူခဲ့သော ကိုယ်တော်၏မေတ္တာတော်အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင်သည် အတိုင်းမသိကြာမြင့်စွာကတည်းက ‘ဘုရားသခင်၏ဖန်ဆင်းရာအစအဦး’ ဖြစ်သော ကိုယ်တော်ချစ်မြတ်းနိုးသည့် တစ်ပါးတည်းသောသားတော်နှင့် ရင်းနှီးစွာဆက်ဆံခဲ့သည်။ (ဗျာဒိတ် ၃:၁၄) ယေရှုသည် မိမိ၏ခမည်းတော်ကို အလွန်ချစ်မြတ်နိုးခဲ့ပြီး ယေဟောဝါသည် သားတော်ကို “ကမ္ဘာမတည်မရှိမီ” ကတည်းက ချစ်တော်မူခဲ့သည်။ (ယောဟန် ၁၄:၃၁; ၁၇:၂၄) ယေဟောဝါသည် လူသားတို့ကို ထာဝရအသက်ရရှိစေရန် မိမိချစ်မြတ်နိုးသော ဤသားတော်ကို သေဆုံးခွင့်ပြုခဲ့သည်။ အံ့ဩစရာကောင်းလောက်အောင် လူသားထုအပေါ် မေတ္တာတော်ထင်ရှားခြင်းပါတကား!
၁၉ ယောဟန် ၃:၁၇ ကဤသို့ဆိုသည်– “လော[က]သားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လော[က]သားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။” သို့ဖြစ်၍ ယေဟောဝါသည် မိမိ၏သားတော်ကို တရားစီရင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ချမှတ်ခြင်းအတွက်မဟုတ်ဘဲ ကယ်တင်ခြင်းဆိုင်ရာ မေတ္တာပါသောတာဝန်ထမ်းဆောင်ဖို့အတွက် စေလွှတ်တော်မူခဲ့သည်။ ယင်းသည် ပေတရု၏ ဤစကားများနှင့် ညီညွတ်သည်– “[ယေဟောဝါသည်] အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ . . . တော်မူ၏။”—၂ ပေတရု ၃:၉။
၂၀။ ကယ်တင်ခြင်းသည် သတင်းကောင်းဟောပြောခြင်းနှင့် အဘယ်နည်းဖြင့် ဆက်နွှယ်လျက်ရှိသနည်း။
၂၀ ယေဟောဝါသည် အနစ်နာခံပြီး ကယ်တင်ခြင်းရစေရန် တရားဝင်အခြေခံအကြောင်းရင်းကို ပြင်ဆင်ပေးခဲ့ပြီဖြစ်ရာ ၎င်း၏အကျိုးကို လူများနိုင်သမျှများစွာတို့အား ခံစားစေလိုတော်မူ၏။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “‘ယေဟောဝါကိုဆုတောင်းသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။’ သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ဆုတောင်းနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။”—ရောမ ၁၀:၁၃၊ ၁၄၊ ကဘ။
၂၁။ ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ခွင့်ရခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ယူမှတ်သင့်သနည်း။
၂၁ ဤကမ္ဘာချီ ဟောပြောသွန်သင်ခြင်းလုပ်ငန်း၌ ပါဝင်ခွင့်ရခြင်းသည် ထူးမြတ်လှသောအခွင့်အရေးတစ်ရပ်ပါတကား! ယင်းသည် လွယ်ကူသောအလုပ်မဟုတ်ချေ၊ သို့တိုင် မိမိ၏လူတို့သည် သစ္စာရှိစွာ အမှန်တရားအတိုင်း အသက်ရှင်ကြပြီး အခြားသူတို့အား သတင်းကောင်းဝေမျှနေကြခြင်းကို ယေဟောဝါတွေ့မြင်တော်မူသောအခါ ကိုယ်တော်မည်မျှဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း! သို့ဖြစ်၍ သင့်အခြေအနေသည် မည်သို့ပင်ဖြစ်ပါစေ၊ ဤလုပ်ငန်းတွင်ပါဝင်ရန် ဘုရားသခင့်ဝိညာဉ်တော်နှင့် သင်၏စိတ်နှလုံးထဲရှိမေတ္တာက သင့်အား လှုံ့ဆော်ပေးပါလေစေ။ ထို့ပြင် ကျွန်ုပ်တို့တွေ့မြင်နေရသည့် ကမ္ဘာချီလုပ်ငန်းက ယေဟောဝါဘုရားသခင်သည် ဘုန်းထွန်းတောက်သော “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” ဆောင်ကြဉ်းပေးမည်ဟူသော မိမိ၏ကတိတော်ကို ကိုယ်တော်မကြာမီ ပြည့်စုံစေတော်မူလိမ့်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချလောက်သော သက်သေသာဓကဖြစ်ကြောင်း သတိရပါ။—၂ ပေတရု ၃:၁၃၊ ကဘ။
သင်မှတ်မိသလော
• အယူဖောက်ပြန်ခြင်းက သတင်းကောင်းဟောပြောသူတို့ကို အဘယ်ကြောင့် နှုတ်ပိတ်မသွားစေနိုင်သနည်း။
• ဘုရားသခင့်စကားတော်သည် ကျွန်ုပ်တို့၏ခေတ်တွင် မည်သို့အောင်နိုင်ခဲ့သနည်း။
• ဘုရားသခင့်ဝိညာဉ်တော်သည် အဘယ်နည်းများဖြင့် တန်ခိုးသက်ရောက်နေသနည်း။
• ရွေးနုတ်ဖိုးသည် သတင်းကောင်းဟောပြောခြင်းနှင့် မည်သို့ဆက်နွှယ်နေသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ဇယား/ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
၂၀ ရာစုတွင် နိုင်ငံတော်ကြွေးကြော်သူ အရေအတွက် တိုးများလာ
ပျမ်းမျှကြေညာသူများ (သန်းဖြင့်)
၆.၀
၅.၅
၅.၀
၄.၅
၄.၀
၃.၅
၃.၀
၂.၅
၂.၀
၁.၅
၁.၀
၀.၅
၁၉၀၀ ၁၉၁၀ ၁၉၂၀ ၁၉၃၀ ၁၉၄၀ ၁၉၅၀ ၁၉၆၀ ၁၉၇၀ ၁၉၈၀ ၁၉၉၀ ၂၀၀၀
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဂျရုမ်း
တင်ဒေးလ်
ဂူတင်ဘာ့ဂ်
ဟပ်စ်
[Credit Line]
ဂူတင်ဘာ့ဂ်နှင့် ဟပ်စ်– ၁၈၇၈၊ စာကြည့်တိုက်၏အတ္ထုပ္ပတ္တိစာအုပ်မှ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
၁၉၂၀ ပြည့်လွန်နှစ်များတွင် ကျမ်းစာကျောင်းသားများ သတင်းကောင်းကို ကြွေးကြော်လျက်ရှိ
[စာမျက်နှာ ၁၆, ၁၇ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ဝန်းရှိလူတို့ သတင်းကောင်းကို တုံ့ပြန်နေကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှုခရစ်၏ရွေးနုတ်ဖိုး ပူဇော်သကာကဲ့သို့ပင် ဟောပြောခြင်းလုပ်ငန်းက ယေဟောဝါ၏ မေတ္တာတော်ကို ထင်ရှားပြ