မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မမြင်သာသော ပြည်သူ့ကျန်းမာရေးအန္တရာယ်”

“မမြင်သာသော ပြည်သူ့ကျန်းမာရေးအန္တရာယ်”

“မမြင်သာ​သော ပြည်​သူ့​ကျန်းမာ​ရေး​အန္တရာယ်”

အမေရိကန်​ပြည်ထောင်စု​မှ အင်တာနက်​အသုံးပြုသူ လူကြီး​သုံးပုံတစ်ပုံ​သည် လိင်ဆိုင်ရာ​ဆိုက် (sexual site) တစ်ခုခု​ကို ဝင်ရောက်​ကြည့်ရှု​ကြ​ခြင်း​သည် အံ့ဩစရာ​ပင်​ဖြစ်​ကြောင်း မကြာမီ​က​ပြုလုပ်​သည့် လိင်ဆိုင်ရာ ကွန်ပျူတာ​ဆက်သွယ်ရေး​စနစ် (on-line sex) လေ့လာမှု​တစ်ရပ်​က ဖော်ပြ​ခဲ့​သည်။ လူများစွာ​သည် ယခု အင်တာနက်​မှ​တစ်ဆင့် မိမိတို့၏​သွေးသား​ဆန္ဒ​ရမ္မက်​ကို ဖြည့်စွက်​နေကြ​သည်။ “ယင်းကို မမြင်သာ​သော ပြည်​သူ့​ကျန်းမာ​ရေး​အန္တရာယ်​အဖြစ် အသိအမှတ်​ပြုသူ သို့​မဟုတ် အလေးအနက်​သဘောထား​သူ မရှိသလောက်​ဖြစ်သော​ကြောင့် ယင်း​အန္တရာယ် အတော်အတန်​ပင်​တိုးပွား​နေသည်” ဟု​၎င်း​လေ့လာမှု​ကို​ဦးစီး​ခဲ့​သူ စိတ်​ပညာရှင် ဒေါက်တာ​အဲလ်​ကူ​ပါ​က​ဆို​သည်။

အထူးသဖြင့် မည်သူ​တို့သည် ၎င်း​ဆိုင်​ဗာ​စက်​ဆ် (cybersex) ကို မခုခံ​နိုင်​ကြ​သနည်း။ “မိမိတို့​လိင်ကို တစ်သက်တာလုံး​ထိန်းချုပ်၊ ကန့်သတ်​ထားခဲ့​ကြ​ရ​၍” ယခု​မူ အင်တာနက်​ပေါ်​တွင် “လိင်ဆိုင်ရာ​အခွင့်အရေး​များ​ကို အကန့်အသတ်မဲ့ ရုတ်တရက်​ရရှိကြ​သူများ​သည် အသုံးပြု​သူများ​ဖြစ်သည်” ဟု ဒေါက်တာ​ကူ​ပါ​က​ဆို​သည်။

လိင်ဆိုင်ရာ​ဆိုက်များ​တွင် မကြာခဏ​ဝင်ကြည့်​ရှု​သူ​အများစုက ထိုသို့​ပြုခြင်း​ကို အန္တရာယ်ကင်း​သည်​ဟု ယူမှတ်​ကြသည်။ မှန်​ပါသလော။ မူးယစ်​ဆေးစွဲ​သူ​တစ်ဦး​သည် သူ​စွဲ​နေသည့်​မူးယစ်​ဆေး​ကို တိုး၍​သုံးစွဲ​လာ​သကဲ့သို့ ဆိုင်​ဗာ​စက်​ဆ်စွဲ​သူများ​သည် မိမိတို့၏​လိင်ဆိုင်ရာ​ဆန္ဒ​ကို “အတိုင်းအတာ” တိုး​ခံစားရ​ရန် အင်တာနက်​ပေါ်​တွင် ရှာယူ​ကြသည်။ ယင်းကြောင့် သူတို့​အလုပ်အကိုင်​နှင့် အိမ်ထောင်​ဆက်ဆံ​ရေး​ကို​ပင် ထိခိုက်​စေနိုင်​သည်!

သို့ရာတွင် ဘုရားသခင့်​အလိုတော်နှင့်​တွေ့​လို​သူများ​သည် အင်တာနက်​တွင် လိင်ဆိုင်ရာ​ဆိုက်များ​သို့ ဝင်ရောက်​ကြည့်ရှု​ခြင်း​ကို​ရှောင်ရှား​ရန် ထပ်ဆင့်​အကြောင်း​ရှိပါ​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​သတိပေး​သည်– “မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ [သွေးသား​လိုအင်]ပူပန်ခြင်း၊ ဆိုးညစ်သော​တပ်မက်​ခြင်း၊ . . . ကိုးကွယ်​ခြင်း​ဖြစ်သော လောဘ​လွန်ကျူးခြင်း​တည်း​ဟူသော မြေကြီး​ပေါ်မှာ​ရှိသော သင်တို့၏​ကိုယ်​အင်္ဂါ​တို့ကို သေစေ​ကြလော့။ ထို​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်တော်​သည် ငြင်းဆန်​သော​သူတို့​အပေါ်​၌ သင့်ရောက်​ပေ​၏။” (ကောလောသဲ ၃:၅၊ ၆) လူတစ်ဦး​သည် ညစ်ညူး​သော​သွေးသား​တပ်မက်​ခြင်း​နှင့်​စပ်လျဉ်း၍ ‘သူ၏​ကိုယ်ခန္ဓာ​ကို​သေစေ’ ရန် ယေဟောဝါ​ဘုရားသခင်​အား နှစ်နှစ်ကာကာ​ချစ်​သည့်​မေတ္တာကို ပြုစု​ပျိုးထောင်​ရန်လို​သည်။ (ဆာလံ ၉၇:၁၀) ပြည်​သူ့​ကျန်းမာ​ရေး​အန္တရာယ်​ဖြစ်သည့် ဆိုင်​ဗာ​စက်​ဆ်​၏​သွေးဆောင်မှု​ခံ​နေရ​လျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို​လေ့လာခြင်း​ဖြင့် ယေဟောဝါ​ကို​ချစ်​သည့်​မေတ္တာကို တိုးပွား​စေ​သင့်​သည်။ ဒေသခံ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ယေဟောဝါသက်သေ​များနှင့် အကျိုးရှိရှိ​ပေါင်းသင်း​ခြင်း​သည် ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ရန် လူတစ်ဦး​၏​စိတ်ပိုင်းဖြတ်​ချက်​ကို ခိုင်မာ​လာစေဖို့ များစွာ​အကူအညီ​ပေး​သည်။