မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နာမတော် ကဲ့ရဲ့ရှုတ်ချခံရခြင်းမှ ကင်းလွတ်ခဲ့

ဘုရားသခင့်နာမတော် ကဲ့ရဲ့ရှုတ်ချခံရခြင်းမှ ကင်းလွတ်ခဲ့

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

ဘုရားသခင့်​နာမတော် ကဲ့ရဲ့​ရှုတ်ချ​ခံရ​ခြင်း​မှ ကင်းလွတ်​ခဲ့

ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သာသနာ​ပ​လူတို့သည် သင်တို့ကို​ကဲ့ရဲ့​ပြစ်တင်​ကြသည်​အမှုမှာ၊ ဘုရားသခင်​ကြည့်ရှု​စီရင်တော်မူ​သော​နေ့ရက်​၌၊ သင်တို့၏​ကောင်းသော​အကျင့်ကို သူတို့သည်​ထောက်ရှု၍ ဘုရားသခင်​ကို​ချီးမွမ်း​မည်​အကြောင်း၊ သူတို့ရှေ့​၌ တင့်တယ်​လျောက်ပတ်​စွာ​ကျင့်​နေကြ​လော့။” (၁ ပေတရု ၂:၁၂) သို့​ဖြစ်၍ ခရစ်ယာန်စစ်​များသည် ယေဟောဝါ​၏​နာမတော်​ကို ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​မဖြစ်စေ​ရန် အမူအကျင့်ကောင်း​ကို ကြိုးစား​ထိန်းသိမ်း​ထား​ကြ​၏။

စီ​န​န်​ဂါ​ဟု​ခေါ်​သော ဇမ်ဘီယာ​နိုင်ငံ​ရှိ​ဝေးလံ​သည့်​ဒေသ​တစ်ခု​တွင် ကျောင်း​ဆရာ​တစ်ဦး​သည် မိမိ​အိမ်​မှ​ရေဒီယို​တစ်လုံး အခိုးခံ​လိုက်ရ​သည်။ ထို​ရပ်ကွက်တွင် ယေဟောဝါသက်သေ​များ ဟောပြောခဲ့​ကြ​ရာ သူတို့ကို​စွပ်စွဲ​ခဲ့​၏။ ခိုးမှု​ကို ရဲစခန်း​တွင်​တိုင်ကြား​ခဲ့​ကာ မိမိ၏​ရေဒီယို​ကို ယေဟောဝါသက်သေ​များ ခိုးယူ​သွား​ကြောင်း စွပ်စွဲ​သည်။ ယေဟောဝါသက်သေ​များသည် မိမိ​အိမ်​သို့​ရောက်​ခဲ့​ကြောင်း သက်သေ​အဖြစ် ကြမ်းခင်း​ပေါ် သူ​တွေ့ရှိ​ခဲ့​သည့် ဝေစာ​တစ်စောင်​ကို တင်ပြ​ခဲ့​သည်။ သို့သော်လည်း ရဲက သူ၏​စကား​ကို​မယုံ​ခဲ့​ချေ။ ပြန်၍​ပို​ပြီး​စေ့စေ့စပ်စပ်​စုံစမ်း​စစ်ဆေး​ရန် သူတို့က အကြံပေး​ခဲ့​သည်။

၎င်း​ကျောင်း​ဆရာ​၏​အိမ်​ပတ်ဝန်းကျင်​တွင် ထို​နေ့ရက်​၌ အမှုဆောင်ခဲ့​ကြသော​သက်သေခံ​များသည် အဆိုပါ​ကိစ္စ​အကြောင်း ကျောင်း​ဆရာ​နှင့် သွားရောက်​ပြောဆို​ကြ​ရန် အကြီးအကဲ​များ​အဖွဲ့က သူတို့ကို အားပေး​တိုက်တွန်း​ခဲ့​၏။ ညီအစ်ကို​အချို့ သွားရောက်​ခဲ့​ကြ​ပြီး မိမိတို့သည် ယေဟောဝါ​၏​နာမတော် ကဲ့ရဲ့​ရှုတ်ချ​ခံရ​မှု​ကို​ရှင်းလင်း​လို​ကြောင်း သူ့ကို​ရှင်းပြသည်။ ဆွေးနွေး​ပြောဆို​ကြ​စဉ် မိမိတို့သည် သူ၏​အိမ်​တွင် လူငယ်​တစ်ယောက်ကို​တွေ့​ဆုံခဲ့​ပြီး ထို​သူငယ်​အား ဝေစာ​တစ်စောင်​ပေး​ခဲ့​ကြောင်း ပြောပြ​ခဲ့​ကြသည်။ သူတို့​ဖော်ပြ​ပုံ​မှ ကျောင်း​ဆရာ​သည် ထို​သူကို​မှတ်မိ​ခဲ့​သည်။ အမှန်​မှာ သူတို့သည် ချာ့ခ်ျ​တစ်ခု​တည်း​မှ​ဖြစ်​ကြ​၏။ ကျောင်း​ဆရာ​သည် ထို​လူငယ်​နှင့်​ခိုးမှု​ကိစ္စ​ကို​ပြောဆို​ခဲ့​သော်လည်း သူက ဘူး​ခံ​ခဲ့​၏။ ထို့နောက် ထို​လူငယ်​၏​မိဘများ​ထံ အဆိုပါ​ကိစ္စ​ကို သွားရောက်​ဆွေးနွေး​ပြီး အိမ်သို့ပြန်​လာ​ခဲ့​လေ​သည်။ တစ်​နာရီ​အတွင်း​ပင် ထို​လူငယ်​၏​မိခင်​သည် ခိုးယူ​သွားသော​ရေဒီယို​ကို လာ​ပြန်ပို့​ပေး​ခဲ့​သည်။

ထို​အခါ​ကျောင်း​ဆရာ​သည် ဝမ်းနည်း​စွာ​ဖြင့် အကြီးအကဲအဖွဲ့​ထံ​လာပြီး မဟုတ်မမှန်​စွပ်စွဲ​ခဲ့​သည့်​အတွက် ခွင့်လွှတ်​ပါ​ရန်​တောင်းဆို​ခဲ့​သည်။ အကြီးအကဲ​များ​က သူ၏​တောင်းပန်​စကား​ကို လက်ခံခဲ့​ကြသော်လည်း သက်သေခံ​များသည် အပြစ်မဲ့​ကြောင်း လူတိုင်း​သိရှိ​စေရန် တွေ့ ရှိ​ချက်​ကို လူသိရှင်ကြား​ဖြစ်စေ​ဖို့ တောင်းဆို​ခဲ့​ကြ​၏။ သို့​ဖြစ်၍ စာသင်​ကျောင်း​၌ ကြေညာ​ပေး​ခဲ့​ရာ ယေဟောဝါ​၏​နာမတော် ကဲ့ရဲ့​ရှုတ်ချမှု​မဖြစ်​တော့​ချေ။ ယေဟောဝါသက်သေ​များသည် ထို​ဒေသ​တွင် လွတ်လပ်​စွာ​ဆက်လက်​ဟောပြောနိုင်​ခဲ့​ကြသည်။

[စာမျက်နှာ ၁၉ ပါ မြေပုံ/​ရုပ်ပုံ​စာ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အာဖရိက

ဇမ်ဘီယာ

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.