ယေဟောဝါ၏ လုပ်ငန်းတော်တွင် သင့်ရွှင်လန်းမှုကို ဆက်ထိန်းထားပါ
ယေဟောဝါ၏ လုပ်ငန်းတော်တွင် သင့်ရွှင်လန်းမှုကို ဆက်ထိန်းထားပါ
“သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။”—ဖိလိပ္ပိ ၄:၄။
၁၊ ၂။ ညီအစ်ကိုတစ်ဦးနှင့် သူ့မိသားစုသည် သူတို့ပိုင်ဆိုင်ရာအားလုံးဆုံးရှုံးသွားရလျက်နှင့် သူတို့၏ရွှင်လန်းမှုကို မည်သို့ဆက်ထိန်းထားနိုင်ခဲ့ကြသနည်း။
စီအဲရာလေယွန်နိုင်ငံတွင်နေထိုင်သူ အသက် ၇၀ အရွယ်ရှိ ခရစ်ယာန်တစ်ဦးဖြစ်သူ ဂျိမ်းစ်သည် တစ်သက်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရသည်။ အခန်းလေးခန်းပါ တော်သင့်ရုံအိမ်တစ်လုံးဝယ်နိုင်ရန် ငွေအလုံအလောက်စုဆောင်းမိချိန်တွင် သူမည်မျှပျော်လိုက်မည်ကို မြင်ယောင်ကြည့်ပါ! သို့သော် ဂျိမ်းစ်နှင့် သူ၏မိသားစုတို့ ပြောင်းရွှေ့သွားပြီးမကြာမီပင် ထိုနိုင်ငံ၌ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ သူတို့အိမ်မှာ မြေပြင်နှင့်တစ်သားတည်းဖြစ်သွားလေသည်။ အိမ်ဆုံးရှုံးသွားသော်လည်း သူတို့၏ရွှင်လန်းမှုမပျောက်သွားပေ။ အဘယ့်ကြောင့်နည်း။
၂ ဂျိမ်းစ်နှင့်သူ၏မိသားစုတို့သည် မိမိတို့ဆုံးရှုံးသွားသည့်အရာများအပေါ် အာရုံမထားကြဘဲ ကျန်ရှိနေသေးသည့်အရာများအပေါ် အာရုံထားသောကြောင့်ဖြစ်သည်။ ဂျိမ်းစ်က ဤသို့ရှင်းပြသည်– “ကြောက်ခမန်းလိလိအချိန်အတွင်းမှာတောင် ကျွန်တော်တို့ အစည်းအဝေးတွေကျင်းပကြ၊ ကျမ်းစာဖတ်ကြ၊ အတူတူဆုတောင်းကြတဲ့အပြင် ရှိတာလေးနည်းနည်းကို တခြားသူတွေနဲ့ ဝေမျှစားကြတယ်။ ကျွန်တော်တို့ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရရှိထားတာကို အာရုံထားကြတဲ့အတွက် ကျွန်တော်တို့ရဲ့ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်ကြတာပေါ့။” ယေဟောဝါနှင့် ရင်းနှီး၂ ကောရိန္သု ၁၃:၁၁၊ ကဘ) ဆင်းရဲသောကရောက်နေသော သူတို့၏အခြေအနေများသည် ခံရပ်ဖို့မလွယ်ပါ။ သို့သော် ယေဟောဝါ၌ သူတို့၏ပျော်ရွှင်မှု မပျောက်ခဲ့ပါ။
သော နှစ်ကိုယ်ကြားဆက်ဆံရေးရှိထားခြင်းဖြစ်သည့် အကြီးမားဆုံးကောင်းချီးအပါအဝင် သူတို့ရထားသည့်ကောင်းချီးများကို ရေတွက်ခြင်းအားဖြင့် ဤတည်ကြည်သောခရစ်ယာန်များသည် “ဆက်၍ဝမ်းမြောက်” နိုင်ကြသည်။ (၃။ အစောပိုင်းခရစ်ယာန်အချို့သည် သူတို့၏ရွှင်လန်းမှုကို မည်သို့ဆက်ထိန်းထားခဲ့ကြသနည်း။
၃ ကနဦးခရစ်ယာန်များသည် ဂျိမ်းစ်နှင့် သူ့မိသားစုတွေ့ကြုံရသည့် ထပ်တူစမ်းသပ်မှုများကို တွေ့ကြုံခဲ့ကြရသည်။ သို့တိုင် ဟေဗြဲခရစ်ယာန်များထံ ဤစကားများကို တမန်တော်ပေါလုရေးသားခဲ့သည်– “ကိုယ်ပစ္စည်းဥစ္စာများကို သူတစ်ပါးလုယူဖျက်ဆီး . . . ခြင်းကို ဝမ်းမြောက်သောစိတ်နှင့်ဝန်ခံကြ၏။” ထို့နောက် သူတို့ရွှင်လန်းမှု၏ အကြောင်းရင်းကို ပေါလုက ဤသို့ရှင်းပြသည်– “ကိုယ်သုံးစရာဖို့ ကောင်းကင်ဘုံ၌ သာ၍မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ” ကြ၏။ (ဟေဗြဲ ၁၀:၃၄) မှန်ပါသည်၊ ဤပထမရာစုခရစ်ယာန်များတွင် အားကောင်းသောမျှော်လင့်ချက်တစ်ခုရှိသည်။ မလုယူမဖျက်ဆီးနိုင်သည့်အရာ—ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင်ရမည့် မညှိုးနွမ်းနိုင်သော “အသက်သရဖူ”—ကိုရရန် သူတို့ယုံကြည်စိတ်ချစွာ ရှုမျှော်ခဲ့ကြသည်။ (ဗျာဒိတ် ၂:၁၀) ယနေ့ ကျွန်ုပ်တို့၏ခရစ်ယာန်မျှော်လင့်ချက်ကြောင့်—ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပေါ်တွင်ဖြစ်စေ—ကျွန်ုပ်တို့သည် စိတ်ဆင်းရဲခြင်းကြုံရချိန်၌ပင် ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်သည်။
“မျှော်လင့်ချက်၌ ဝမ်းမြောက်လော့”
၄၊ ၅။ (က) “မျှော်လင့်ချက်၌ ဝမ်းမြောက်” ရန်ပေါလု၏အကြံပေးချက်သည် ရောမခရစ်ယာန်တို့အတွက် အဘယ်ကြောင့် ဤမျှအခန့်သင့်ဖြစ်ရသနည်း။ (ခ) အဘယ်အရာက ခရစ်ယာန်တစ်ဦး သူ၏မျှော်လင့်ချက်ကို မျက်ခြည်ပြတ်သွားစေနိုင်သနည်း။
၄ ရောမမြို့ရှိ ယုံကြည်သူချင်းများကို တမန်တော်ပေါလုက ထာဝရအသက် “မျှော်လင့်ချက်၌ဝမ်းမြောက်” ရန်အားပေးခဲ့သည်။ (ရောမ ၁၂:၁၂) ယင်းသည် ရောမခရစ်ယာန်တို့အတွက် အခန့်သင့်အကြံပေးချက်ဖြစ်သည်။ သူတို့ထံ ပေါလုစာရေးပြီး ဆယ်စုနှစ်တစ်ခုမပြည့်မီပင် သူတို့သည် အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းခံရပြီး အချို့ဆိုလျှင် ဧကရာဇ်နီရို၏အမိန့်ဖြင့် သေသည့်အထိ ညှဉ်းဆဲခံခဲ့ကြရသည်။ ဘုရားသခင်သည် သူတို့ကို အသက်သရဖူပေးမည်ဟူသော ကတိတော်ကို ယုံကြည်ခြင်းက သူတို့ခံရသည့်ဝေဒနာကို တောင့်ခံနိုင်စေခဲ့မည်မှာသေချာသည်။ ယနေ့ကျွန်ုပ်တို့ကော အသို့နည်း။
၅ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့လည်း နှိပ်စက်ညှဉ်းပန်းခံရဖို့ မျှော်လင့်ကြသည်။ (၂ တိမောသေ ၃:၁၂) ထို့အပြင် “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” သည် ကျွန်ုပ်တို့အပေါ်ကျရောက်တတ်ကြောင်း သိထားကြသည်။ (ဒေ. ၉:၁၁၊ ကဘ) မိမိတို့ချစ်မြတ်နိုးရသူတစ်ဦး မတော်တဆ သေဆုံးသွားနိုင်သည်။ ရောဂါဆိုးတစ်မျိုးမျိုးကြောင့် မိဘတစ်ဦး သို့မဟုတ် ရင်းနှီးသောမိတ်ဆွေတစ်ဦး အသက်ဆုံးရနိုင်သည်။ ကျွန်ုပ်တို့၏အာရုံတွင် နိုင်ငံတော်မျှော်လင့်ချက်ကို သဲကွဲရှင်းလင်းစွာ ဆက်၍မထားလျှင် ဤကဲ့သို့သော စမ်းသပ်မှုများ တွေ့ကြုံရချိန်တွင် ဝိညာဉ်ရေးအန္တရာယ် ရှိနိုင်သည်။ ထိုသို့နှင့်အညီ ‘မိမိသည် “မျှော်လင့်ချက်၌ ဝမ်းမြောက်” သလော။ ယင်းမျှော်လင့်ချက်ကို ဘယ်နှစ်ကြိမ်အချိန်ယူ၍ စဉ်းစားဆင်ခြင်သနည်း။ လာမည့်ပရဒိသုသည် မိမိအတွက် အမှန်တကယ်ဖြစ်၏လော။ ထိုတွင် မိမိကိုယ်ကို တွေ့မြင်ရသလော။ လက်ရှိစနစ်အဆုံးတိုင်မည်ကို မိမိအမှန်တရားစရချိန်ကလောက် ထက်သန်စွာစောင့်မျှော်သေး၏လော’ ဟု ကိုယ့်ကိုယ်ကိုမေးဖို့သင့်သည်။ ဤနောက်ဆုံးမေးခွန်းကို အလေးအနက်စဉ်းစားသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ကျန်းမာရေးကောင်းနေမည်၊ အေးအေးလူလူနေနိုင်မည်၊ စစ်ဒဏ်၊ အစာရှားပါးမှု သို့မဟုတ် သဘာဝဘေးများ မထိခိုက်လောက်သည့်ဒေသများတွင် နေထိုင်ရမည်ဆိုလျှင် ဘုရားသခင့်ကမ္ဘာသစ်လာဖို့အတွက် အရေးတကြီးလိုအပ်သည်ကို—ယုတ်စွအဆုံး တဒင်္ဂမျှ—မျက်ခြည်ပြတ်သွားနိုင်သည်။
၆။ (က) ပေါလုနှင့်သိလတို့ ဆင်းရဲသောကရောက်ချိန်တွင် အဘယ်အရာကို သူတို့အာရုံစိုက်စဉ်းစားသနည်း။ (ခ) ပေါလုနှင့်သိလတို့၏ပုံသက်သေက ယနေ့ကျွန်ုပ်တို့ကို မည်သို့အားပေးနိုင်သနည်း။
၆ ရောမခရစ်ယာန်တို့အား ပေါလုက “ဆင်းရဲခြင်းအောက် ခံနိုင်ရည်ရှိ” ရန် ထပ်၍မှာကြားခဲ့သည်။ (ရောမ ၁၂:၁၂၊ ကဘ) ပေါလုသည် ကိုယ်စိတ်ဆင်းရဲခြင်းနှင့် မစိမ်းပေ။ တစ်ခါက သူသည် အမြင်အာရုံတစ်ခုတွင် “မာကေဒေါနိပြည်သို့ကူး” ပြီး ထိုအရပ်ရှိသူများအား ယေဟောဝါအကြောင်းသင်ကြားပေးရန် ဖိတ်ခေါ်သည့်လူတစ်ယောက်ကို မြင်တွေ့ခဲ့သည်။ (တမန်တော် ၁၆:၉) သို့နှင့် ပေါလုသည် လုကာ၊ သိလ၊ တိမောသေတို့နှင့်အတူ ဥရောပသို့ စတင်ခရီးနှင်ခဲ့သည်။ ဤဇွဲရှိသောသာသနာပြုများကို အဘယ်အရာက စောင့်ကြိုခဲ့သနည်း။ ကိုယ်စိတ်ဆင်းရဲခြင်းပင်တည်း! မာကေဒေါနိပြည်၊ ဖိလိပ္ပိမြို့တွင် သူတို့ဟောပြောကြပြီးနောက် ပေါလုနှင့်သိလတို့သည် ကြာပွတ်ဖြင့်အရိုက်ခံရကာ အကျဉ်းချခံရလေသည်။ ထင်ရှားသည်မှာ ဖိလိပ္ပိမြို့သားအချို့က ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို စိတ်မဝင်စားရုံသာမက ခါးခါးသီးသီးဆန့်ကျင်ကြသည်။ ဤသို့ဖြစ်ပျက်ခဲ့ရာ ထိုဇွဲလုံ့လရှိသောသာသနာပြုများ၏ ရွှင်လန်းမှုပျောက်သွားပါသလော။ မပျောက်သွားပါ။ ရိုက်နှက်ထောင်ချခံရပြီးနောက် “သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် [ဆုတောင်း]၍ ဘုရားသခင်ကိုချီးမွမ်းလျက် သီချင်းဆိုလေ၏။” (တမန်တော် ၁၆:၂၅၊ ၂၆) အရိုက်ခံရ၍နာကျင်သည့်အတွက် ပေါလုနှင့်သိလတို့သည် မရွှင်လန်းကြသည်မှာမှန်ပါ၏၊ သို့သော် ထိုသာသနာပြုနှစ်ဦးသည် ယင်းကိုအာရုံမစိုက်ခဲ့ချေ။ သူတို့သည် ယေဟောဝါနှင့် သူတို့အား ကိုယ်တော်ကောင်းချီးပေးသည့်နည်းလမ်းများကို အာရုံပြုစဉ်းစားကြသည်။ ရွှင်လန်းစွာနှင့် “ဆင်းရဲခြင်းကို ခံရပ်ခြင်း” ဖြင့် ပေါလုနှင့်သိလတို့သည် ဖိလိပ္ပိမြို့နှင့် အခြားဒေသရှိ ညီအစ်ကိုများအတွက် ပုံသက်သေကောင်းဖြစ်ခဲ့ကြသည်။
၇။ ကျွန်ုပ်တို့၏ဆုတောင်းချက်များတွင် အဘယ်ကြောင့် ကျေးဇူးတင်စကားများ ထည့်သွင်းသင့်သနည်း။
၇ ပေါလုကဤသို့ရေးသားလိုက်သည်– “ဆုတောင်းခြင်းတွင် စွဲမြဲလော့။” (ရောမ ၁၂:၁၂၊ ကဘ) စိုးရိမ်သောကရောက်ရသည့်အခါ သင်ဆုတောင်းသလော။ သင် အဘယ်အကြောင်းဆုတောင်းသနည်း။ သင့်ပြဿနာတစ်ရပ်ရပ်ကိုဖော်ပြပြီး ယေဟောဝါ၏မစမှုကို သင်တောင်းခံနေပေမည်။ သို့သော် သင်ခံစားရသည့် ကောင်းချီးများအတွက် ကျေးဇူးတင်စကားများကိုလည်း ထည့်တောင်းနိုင်သည်။ ပြဿနာတက်လာသည့်အခါ ကျွန်ုပ်တို့အတွက် ယေဟောဝါပြုတော်မူသည့်ကောင်းမှုများကို ပြန်စဉ်းစားခြင်းဖြင့် “မျှော်လင့်ချက်၌ ဝမ်းမြောက်” ရန် အကူအညီရနိုင်သည်။ အကြီးအကျယ်ဆင်းရဲသောကရောက်ခဲ့သော ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဖော်ကြားပြောမည်ဟုဆိုသော် ရေတွက်၍မကုန်နိုင်အောင်များလှပါ၏။” (ဆာလံ ၄၀:၅) ကျွန်ုပ်တို့သည် ဒါဝိဒ်ကဲ့သို့ ယေဟောဝါထံမှရလာသည့် ကောင်းချီးများကို မှန်မှန်တွေးတောစဉ်းစားမည်ဆိုလျှင် မရွှင်လန်းစရာမရှိကြောင်း သင်တွေ့ရပေမည်။
အပြုသဘောရှိပါ
၈။ ခရစ်ယာန်တစ်ဦးသည် နှိပ်စက်ညှဉ်းပန်းခံနေရချိန်တွင် ဆက်၍ပျော်နိုင်ရန် အဘယ်အရာက ထောက်ကူပေးသနည်း။
၈ စမ်းသပ်မှုအမျိုးမျိုးခံရသည့်အခါ အပြုသဘောရှိကြရန် တပည့်တော်များကို ယေရှုတိုက်တွန်းခဲ့သည်။ ကိုယ်တော်က ဤသို့မိန့်မှာသည်– “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏။ (မဿဲ ၅:၁၁) ဤကဲ့သို့သောအခြေအနေများအောက်၌ ကျွန်ုပ်တို့တွင် အဘယ်ပျော်စရာအကြောင်းရှိသနည်း။ အတိုက်အခံကို ခံရပ်နိုင်စွမ်း ကျွန်ုပ်တို့တွင်ရှိခြင်းက ယေဟောဝါ၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ်သက်ရောက်ကြောင်း သာဓကဖြစ်သည်။ တမန်တော်ပေတရုက သူ၏ခေတ်ရှိ ခရစ်ယာန်ချင်းတို့အား ဤသို့မှာကြားခဲ့သည်– “ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။” (၁ ပေတရု ၄:၁၃၊ ၁၄) ယေဟောဝါသည် မိမိ၏ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ခံရပ်နိုင်ရန် ကူမပေးရာ ရလဒ်အနေနှင့် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဆက်၍ထိန်းထားနိုင်စေသည်။
၉။ မိမိ၏ယုံကြည်ခြင်းအတွက် အကျဉ်းခံရချိန်တွင် ရွှင်လန်းစရာအကြောင်းများကိုရှာတွေ့ရန် ညီအစ်ကိုအချို့ကို အဘယ်အရာက ထောက်ကူပေးခဲ့သနည်း။
၉ အဆိုးဆုံးအခြေအနေများကို ကျွန်ုပ်တို့ရင်ဆိုင်ရချိန်တွင်ပင် ဝမ်းမြောက်စရာအကြောင်းများရှာတွေ့နိုင်သည်။ အဒေါ့ဖ် အမည်ရှိ ခရစ်ယာန်တစ်ဦးသည် ထိုသို့ဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ သူသည် ယေဟောဝါသက်သေများ၏လုပ်ငန်းကို နှစ်ပေါင်းများစွာပိတ်ပင်ထားသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည်။ အဒေါ့ဖ်နှင့် သူ၏အပေါင်းယာကုပ် ၁:၁၇; တမန်တော် ၂၀:၃၅။
အဖော်အများအပြားသည် သူတို့၏ကျမ်းစာအခြေခံယုံကြည်ချက်များကို စွန့်လွှတ်ရန် ငြင်းဆန်ကြသောကြောင့် အဖမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ အကျဉ်းသားဘဝသည် ခက်ခဲကြမ်းတမ်းလှသော်လည်း ပေါလုနှင့်သိလတို့ကဲ့သို့ပင် အကျဉ်းချခံရသော အဒေါ့ဖ်နှင့် သူ၏အပေါင်းအဖော်တို့သည် ဘုရားသခင်အား ကျေးဇူးတင်စရာအကြောင်းများတွေ့ရှိခဲ့ကြသည်။ သူတို့၏အကျဉ်းထောင်အတွေ့အကြုံက သူတို့၏ယုံကြည်ခြင်းကို သန်စွမ်းစေရန်နှင့် ရက်ရောမှု၊ စာနာမှု၊ ညီအစ်ကိုရင်းမေတ္တာကဲ့သို့သော အဖိုးတန်ခရစ်ယာန်အရည်အသွေးများကို တိုးပွားစေရန် ထောက်ကူပေးခဲ့သည်။ ဥပမာ၊ အကျဉ်းသားတစ်ဦးသည် အိမ်မှ အထုပ်တစ်ထုပ်ရရှိလာပြီဆိုလျှင် ယင်းတို့ကို “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ပေးတော်မူသော တစ်ပါးတည်းသောအရှင် ယေဟောဝါထံမှလာသော ထပ်ဆင့်ပြင်ဆင်ပေးချက်အဖြစ်ရှုမြင်ကြသည့် ယုံကြည်သူချင်းများအား ဝေမျှပေးကြသည်။ ထိုကဲ့သို့သော ကြင်နာမှုလုပ်ရပ်များကြောင့် ပေးကမ်းသူကော၊ လက်ခံရရှိသူများပါ ရွှင်လန်းမှုရသည်။ ထို့ကြောင့် သူတို့၏ယုံကြည်ခြင်းကို ချိုးဖျက်ရန်ရည်ရွယ်သည့် ဤအတွေ့အကြုံကပင် သူတို့ကို ယုံကြည်ခြင်းပို၍သန်မာစေခဲ့လေသည်!—၁၀၊ ၁၁။ ညီအစ်မတစ်ယောက်သည် နှစ်ရှည်ထောင်ချခံရခြင်းလိုက်ပါလာသည့် ညှာတာမှုမဲ့စွာစစ်ကြောမေးမြန်းမှုကို မည်သို့ရင်ဆိုင်ကိုင်တွယ်ခဲ့သနည်း။
၁၀ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို နှစ်ပေါင်းများစွာပိတ်ပင်ထားသော နိုင်ငံတစ်ခုတွင်နေထိုင်သည့် အဲလာသည်လည်း မိမိ၏ခရစ်ယာန်မျှော်လင့်ချက်ကို အခြားသူများအား ဝေမျှပြောပြသည့်အတွက် အဖမ်းခံခဲ့ရသည်။ သူသည် ရှစ်လတိုင် မညှာမတာ စစ်ကြောမေးမြန်းခံခဲ့ရသည်။ နောက်ဆုံးတွင် တရားရုံး၌အမှုစစ်ခံရသောအခါ ယေဟောဝါအားဝတ်ပြုသည့် အခြားသူများမရှိသော အကျဉ်းထောင်တစ်ခုတွင် ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသည်။ ထိုအချိန်က အဲလာ၏အသက်မှာ ၂၄ နှစ်သာရှိသေးသည်။
၁၁ အဲလာသည် သူ၏ငယ်ရွယ်ချိန်အများစုကို ထောင်အခန်းကျဉ်းထဲတွင် ကုန်လွန်မသွားစေလိုသည်မှာအမှန်ပါ။ သို့သော် မိမိ၏အခြေအနေကိုမပြောင်းလဲနိုင်သောကြောင့် မိမိ၏ရှုမြင်ပုံကို ပြောင်းလဲရန် သူဆုံးဖြတ်လိုက်သည်။ ထိုသို့နှင့်အညီ အကျဉ်းထောင်ကို မိမိ၏ကိုယ်ပိုင် သက်သေခံရန်ရပ်ကွက်အဖြစ် သူစ၍ရှုမြင်လေသည်။ “ဟောပြောနိုင်ခွင့်အများကြီးရတဲ့အတွက် နှစ်တွေဟာ အကုန်မြန်လိုက်တာ” ဟုသူကဆိုသည်။ ငါးနှစ်ကျော်ကြာပြီးနောက် အဲလာခမျာ ထပ်၍စစ်ကြောမေးမြန်းခံရပြန်သည်။ အကျဉ်းထောင်အကာအရံများက သူ့ယုံကြည်ခြင်းကိုဖျက်၍မရကြောင်းသိရှိလာကြရာ သူ့အားစစ်ကြောမေးမြန်းသူများက သူ့ကိုဤသို့ဆိုသည်– “မင်းကို တို့မလွှတ်ပေးနိုင်ဘူး; မင်းပြောင်းမှမပြောင်းလဲတာ။” သို့သော်အဲလာက “ကျွန်မတကယ်ပြောင်းလဲသွားပြီ” ဟုအခိုင်အမာဆိုသည်။ “ကျွန်မထောင်စကျတဲ့အချိန်ကထက် အခုပိုကောင်းတဲ့အမြင်ရှိလာပြီ! ကျွန်မယုံကြည်ခြင်းလည်း အရင်ကထက် ပိုခိုင်မာလာပြီ။” သူဤသို့ထပ်၍ပြောသည်– “ရှင်တို့က ကျွန်မကို မလွှတ်ပေးချင်ရင် ကျွန်မလွတ်ဖို့တန်ပြီလို့ ယေဟောဝါထင်တဲ့အချိန်အထိ ကျွန်မဆက်နေမယ်။” ငါးနှစ်ခွဲကြာအကျဉ်းချထားမှုက အဲလာ၏ရွှင်လန်းမှုကို မပျောက်သွားစေခဲ့ပေ! သူသည် မည်သည့်အခြေအနေတွင် ရောက်နေပါစေ ကျေနပ်ရောင့်ရဲတတ်လာပါသည်။ သူ၏ပုံသက်သေမှ သင်ခန်းစာယူနိုင်ပါသလော။—ဟေဗြဲ ၁၃:၅။
၁၂။ ခက်ခဲသောအခြေအနေများကြုံရချိန်တွင် ခရစ်ယာန်တစ်ဦးကို အဘယ်အရာက စိတ်ငြိမ်သက်စေနိုင်သနည်း။
၁၂ ဤသို့သောစိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ရန် ထူးဆန်းသောဆုကျေးဇူးတစ်မျိုးမျိုး အဲလာ၌ရှိသည်ဟု မယူမှတ်လိုက်လေနှင့်။ သူထောင်ဒဏ်မကျမီလများ၌ စစ်ကြောမေးမြန်းခံရသည့်ကာလကို ရည်ညွှန်းကာ အဲလာက ဤသို့ဝန်ခံသည်– “ကျွန်မသွားချင်းရိုက်ခဲ့တာ၊ ထိတ်လန့်နေတဲ့ စာကလေးတစ်ကောင်လိုပဲဖြစ်ခဲ့တာ မှတ်မိသေးတယ်။” သို့ရာတွင် အဲလာသည် ယေဟောဝါကို အခိုင်အမာယုံကြည်အားထားသည်။ သူသည် ကိုယ်တော်အား ယုံကြည်ကိုးစားတတ်လာလေပြီ။ (သု. ၃:၅-၇) ရလဒ်အနေနှင့် ဘုရားသခင်သည် သူ့အတွက် ယခင်ကထက်တကယ့်ပုဂ္ဂိုလ်ဖြစ်လာသည်။ သူကဤသို့ရှင်းပြသည်– “စစ်ကြောမေးမြန်းခန်းထဲဝင်လိုက်တိုင်း ကျွန်မစိတ်ငြိမ်သက်သွားတာကိုခံစားရတယ်။ . . . အခြေအနေပိုကြောက်စရာကောင်းလေ ငြိမ်သက်မှုပိုရှိလေပဲ။” ထိုငြိမ်သက်မှု၏ရင်းမြစ်ကား ယေဟောဝါပင်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။
၁၃။ ကျွန်ုပ်တို့ ဆင်းရဲသောကရောက်လျှင် ခံရပ်နိုင်သည့်ခွန်အားရရှိမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို အဘယ်အရာက အာမခံထားသနည်း။
၁၃ ယခုပြန်လွတ်မြောက်လာသော အဲလာသည် အခက်အခဲများကြားမှ ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်ခဲ့သည်။ ဤသို့သူပြုလုပ်နိုင်ခြင်းမှာ ကိုယ့်အစွမ်းခွန်အားဖြင့်မဟုတ်ဘဲ သူ့အား ယေဟောဝါပေးတော်မူသော ခွန်အားဖြင့်ဖြစ်သည်။ ဤသို့ရေးသားခဲ့သည့် တမန်တော်ပေါလုလည်း ထိုနည်းထပ်တူပင်ဖြစ်သည်– “ထိုကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငှာ သာ၍ငါအလိုရှိ၏။ . . . အကြောင်းမူကား၊ ငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။”—၂ ကောရိန္သု ၁၂:၉၊ ၁၀။
၁၄။ ခရစ်ယာန်တစ်ဦးသည် အခံရခက်သောအခြေအနေတစ်ခုအပေါ် မည်သို့အပြုသဘောမြင်နိုင်ပုံနှင့် အဘယ်ရလဒ်ထွက်နိုင်ပုံတို့ကို နမူနာပေးရှင်းပြပါ။
၁ ပေတရု ၂:၁၈) ထို့အပြင် သင်သည် အဖိုးတန်အလုပ်သမားတစ်ဦးဖြစ်လာနိုင်ရာ ယင်းက တစ်နေ့နေ့တွင် ပို၍အကြိုက်တွေ့သောအလုပ်ကိုရဖို့ သင်၌အခွင့်အလမ်းပို၍များလာနိုင်ပေသည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်သည့် အခြားနည်းအချို့ကို ယခုဆွေးနွေးကြစို့။
၁၄ ယနေ့ သင်ကိုယ်တိုင်ရင်ဆိုင်ရသည့် ဖိစီးမှုများသည် ဤတွင်သုံးသပ်ခဲ့သည်များနှင့် အနည်းငယ်ကွာခြားကောင်းကွာခြားပေမည်။ သို့သော် မည်သည့်ဖိစီးမှုပင်ဖြစ်ပါစေ ခံရပ်ကျော်လွှားနိုင်ဖို့ ခက်ခဲသည်ချည်းသာဖြစ်သည်။ ဥပမာ၊ သင့်အလုပ်ရှင်သည် သင့်အလုပ်ကို အခြားဘာသာဝင်အလုပ်သမားများ၏အလုပ်ထက် ပိုမိုအပြစ်ရှာဝေဖန်နေပေမည်။ အခြားအလုပ်အကိုင်ကိုရှာဖို့လည်း သင့်အတွက်မဖြစ်နိုင်ဘဲနေမည်။ သင့်ရွှင်လန်းမှုကို သင်မည်သို့ဆက်ထိန်းထားနိုင်မည်နည်း။ အကျဉ်းသားဘဝအတွေ့အကြုံက အရေးကြီးသောအရည်အသွေးများကို တိုးပွားစေခဲ့သည့် အဒေါ့ဖ်နှင့် သူ၏အပေါင်းအသင်းတို့ကို ပြန်သတိရပါ။ သင့်အလုပ်ရှင်သည် “ကြမ်းတမ်းသောသဘောရှိ” သူပင်ဖြစ်ပါစေ သူ့စိတ်နှင့်တွေ့ရန် စိတ်ရင်းဖြင့်ကြိုးစားလျှင် ခံနိုင်ရည်ရှိခြင်း၊ စိတ်ရှည်ခြင်းကဲ့သို့သော ခရစ်ယာန်အရည်အသွေးများကို သင်တိုးပွားစေရာကျမည်။ (ရိုးရှင်းစေခြင်းသည် ရွှင်လန်းမှုရစေ
၁၅-၁၇။ ဖိစီးမှုကို လုံးလုံးအမြစ်လှန်ရန်မဖြစ်နိုင်သော်လည်း လျော့နည်းသွားစေနိုင်ကြောင်း မောင်နှံစုံတစ်စုံ အဘယ်အရာကိုသိလာသနည်း။
၁၅ သင့်လောကအလုပ်အမျိုးအစား သို့မဟုတ် အလုပ်လုပ်ရသည့်နေရာကို သင်မရွေးနိုင်ဘဲဖြစ်ပေမည်၊ သို့သော် သင်အနည်းအကျဉ်းထိန်းချုပ်နိုင်သည့် သင့်ဘဝ၏ အခြားကဏ္ဍအသီးသီးရှိနိုင်သည်။ အောက်ပါတွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။
၁၆ ခရစ်ယာန်မောင်နှံတစ်စုံသည် အကြီးအကဲတစ်ဦးကို အိမ်သို့ထမင်းစားဖိတ်လိုက်သည်။ ညစာစားသောက်ချိန်အတွင်း ညီအစ်ကိုနှင့်ဇနီးဖြစ်သူတို့သည် ဘဝ၏ဖိစီးမှုများကြောင့် ခုတလော မခံမရပ်နိုင်အောင်ဖြစ်နေကြောင်း ရင်ဖွင့်ခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံး
၏အလုပ်သည် အချိန်ပြည့်အားထုတ်လုပ်ဆောင်ရသည့်အလုပ်မျိုးဖြစ်သော်လည်း အခြားအလုပ်ကို ရှာနိုင်သည့်အခြေအနေလည်း သူတို့တွင်မရှိပေ။ မည်မျှကြာကြာဆက်ခံနိုင်မည်နည်းဟု သူတို့စဉ်းစားနေကြသည်။၁၇ အကြံဉာဏ်တောင်းသည့်အခါ အကြီးအကဲက “ဘဝကိုရိုးရှင်းစေပါ” ဟုပြန်ဖြေခဲ့သည်။ မည်သို့အားဖြင့်နည်း။ ထိုလင်မယားသည် အလုပ်မှအသွားအပြန် သုံးနာရီကြာခရီးသွားရသည်။ ထိုမောင်နှံကိုကောင်းကောင်းသိသော အကြီးအကဲက နေ့စဉ် အလုပ်မှအသွားအပြန်အချိန်ပမာဏကို လျော့နည်းသွားစေရန် အလုပ်နှင့်နီးသောနေရာသို့ ပြောင်းရွှေ့ရန်စဉ်းစားကြဖို့ အကြံပြုခဲ့သည်။ အပိုထွက်လာသည့်အချိန်ကို အခြားအရေးကြီးကိစ္စများ သို့မဟုတ် အနားယူဖို့အတွက် အသုံးပြုနိုင်သည်။ ဘဝ၏ဖိစီးမှုများသည် သင့်ရွှင်လန်းမှုကို အတော်အတန်ယုတ်လျော့စေနေလျှင် သက်သာရာရနိုင်ရန် အနည်းငယ်ပြုပြင်ပြောင်းလဲကြည့်ပါလေ။
၁၈။ ဆုံးဖြတ်ချက်များမချမီ အဘယ်ကြောင့် အသေအချာစဉ်းစားဖို့လိုသနည်း။
၁၈ ဖိစီးမှုလျော့ပါးစေသည့်နောက်တစ်နည်းမှာ ဆုံးဖြတ်ချက်များမချမီ သေချာစွာစဉ်းစားရန်ဖြစ်သည်။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် အိမ်တစ်လုံးဆောက်ရန် ဆုံးဖြတ်လိုက်သည်။ အိမ်ကို တစ်ခါမျှမဆောက်ဖူးသော်လည်း အလွန်ရှုပ်ထွေးလှသည့်ပုံစံကို သူရွေးလိုက်သည်။ အိမ်ပုံစံကို မိမိမရွေးမီ “မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှု” ခဲ့မည်ဆိုလျှင် မပေါ်သင့်သောပြဿနာများကို ရှောင်ရှားနိုင်ကြောင်း သူယခုသိလာလေသည်။ (သု. ၁၄:၁၅) အခြားခရစ်ယာန်တစ်ဦးက ယုံကြည်သူချင်းတစ်ဦးအတွက် အကြွေးအာမခံပေးရန် သဘောတူခဲ့သည်။ ဤသဘောတူညီချက်အရ ငွေချေးသူက အကြွေးပြန်မဆပ်နိုင်လျှင် အာမခံပေးသူက ထိုအကြွေးကို ဆပ်ပေးရမည်ဖြစ်သည်။ အစပိုင်းတွင် အားလုံးအဆင်ပြေသည်၊ သို့သော် အတန်ကြာသော် ငွေချေးသူသည် စဖောက်လာသည်။ ငွေချေးပေးသူက စိုးရိမ်လာပြီး အကြွေးအားလုံးကို အာမခံပေးသူကို ဆပ်ခိုင်းလေသည်။ ယင်းကြောင့် အာမခံပေးသူအတွက် အကြီးအကျယ်အခက်ကြုံရလေသည်။ ဤအကြွေးအတွက် တာဝန်ယူဖို့သဘောမတူမီ အချက်အလက်အားလုံးကို ပို၍ဂရုစိုက်သုံးသပ်ခဲ့မည်ဆိုလျှင် ယင်းကို ရှောင်လွဲခဲ့နိုင်မည်လော။—သု. ၁၇:၁၈။
၁၉။ ကျွန်ုပ်တို့အသက်တာတွင် ဖိစီးမှုလျော့ပါးစေနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။
၁၉ ကျွန်ုပ်တို့မောပန်းနေသည့်အခါ ကိုယ်ပိုင်ကျမ်းစာလေ့လာမှု၊ လယ်ကွင်းလုပ်ငန်းနှင့် အစည်းအဝေးတက်ရောက်မှုတို့ကို လျှော့ပစ်ခြင်းအားဖြင့် မိမိတို့အပေါ်တင်နေသော ဖိစီးမှုကို လျှော့ပစ်နိုင်ကာ ရွှင်လန်းမှုပြန်ရလာနိုင်သည်ဟု ဘယ်သောအခါမျှ မယူမှတ်ကြနှင့်။ အကြောင်းမှာ ဤသည်တို့သည် ရွှင်လန်းမှုအသီးကို သီးပွင့်ပေးသည့် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သည့် အရေးပါသောနည်းလမ်းများဖြစ်သောကြောင့်တည်း။ (ဂလာတိ ၅:၂၂) ခရစ်ယာန်လုပ်ဆောင်မှုတို့သည် အမြဲပင်လန်းဆန်းစေပြီး အလွန်အကျွံပင်ပန်းရလေ့မရှိပေ။ (မဿဲ ၁၁:၂၈-၃၀) ကျွန်ုပ်တို့ကို ပို၍ပင်ပန်းနွမ်းနယ်စေသည့်အရာများမှာ ဝိညာဉ်ရေးရာလုပ်ငန်းများမဟုတ်ဘဲ လောကအလုပ် သို့မဟုတ် အပန်းဖြေမှုတို့ဖြစ်ပေမည်။ အတော်အသင့်စောစောအိပ်ရာဝင်တတ်လာခြင်းသည် အားပြန်ပြည့်လန်းဆန်းလာစေပေမည်။ အနည်းငယ်ပိုအနားယူလိုက်ခြင်းသည် အကျိုးများစွာရှိနိုင်သည်။ သေဆုံးချိန်အထိ ယေဟောဝါသက်သေတို့၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် အမှုထမ်းဆောင်ခဲ့သူ အဲန်. အိတ်ခ်ျ. နောက သာသနာပြုများကို ဤသို့ပြောလေ့ရှိသည်– “စိတ်ပျက်အားလျော့လာချိန်မှာ ဦးဆုံးလုပ်ရမှာကတော့ အနားယူလိုက်ခြင်းပဲ။ အိပ်ရေးဝဝအိပ်ပြီးတဲ့အခါ ဘာပြဿနာပဲဖြစ်ဖြစ် ဒီလောက်ခက်ပုံမရတော့တာကို တွေ့ရလိမ့်မယ်!
၂၀။ (က) ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်သည့်နည်းလမ်းအချို့ကို အကျဉ်းဖော်ပြပါ။ (ခ) သင်တွေးယူကြည့်နိုင်သည့် ရွှင်လန်းစရာအကြောင်းအချို့ကား အဘယ်နည်း။ (စာမျက်နှာ ၁၇ ရှိ လေးထောင့်ကွက်ရှု။)
၂၀ ခရစ်ယာန်များသည် “ပျော်ရွှင်သောဘုရားသခင်” ၏အမှုတော်ထမ်းခွင့်ရခြင်းသည် အခွင့်ထူးပေသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း ကြီးမားသောပြဿနာများဝိုင်းရံနေသည့်အချိန်၌ပင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဆက်ထိန်းထားနိုင်ပါသည်။ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ရှေ့တွင်အမြဲထားကာ လိုအပ်လျှင် ကျွန်ုပ်တို့၏ရှုမြင်ပုံကို ပြုပြင်ပြီး ဘဝကို ရိုးရှင်းစွာထားကြပါစို့။ ထိုအခါ ကျွန်ုပ်သည် မည်သည့်အခြေအနေ၌ပင်ရောက်နေပါစေ တမန်တော်ပေါလု၏ ဤစကားများကို လက်သင့်ခံတုံ့ပြန်ကြမည်– “သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။”—ဖိလိပ္ပိ ၄:၄။
ဤမေးခွန်းများကို စဉ်းစားသုံးသပ်ပါလေ–
• ခရစ်ယာန်များသည် အာရုံတွင် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို အဘယ်ကြောင့်အမြဲ ထက်သန်နေစေသင့်သနည်း။
• ခက်ခဲသောအခြေအနေများတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို မည်သို့ဆက်ထိန်းထားနိုင်မည်နည်း။
• ကျွန်ုပ်တို့သည် မိမိတို့၏အသက်တာကို အဘယ်ကြောင့် လွယ်ကူရှင်းလင်းစွာထားသင့်သနည်း။
• အဘယ်ကဏ္ဍများတွင် အချို့တို့သည် သူတို့၏အသက်တာကို လွယ်ကူရှင်းလင်းစေခဲ့ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ရွှင်လန်းစရာ နောက်ထပ်အကြောင်းများ
ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဝမ်းမြောက်စရာအကြောင်းများ စွာရှိသည်။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ–
၁။ ယေဟောဝါကို ကျွန်ုပ်တို့သိကျွမ်းကြသည်။
၂။ ဘုရားသခင့်စကားတော်မှ အမှန်တရားကို ကျွန်ုပ်တို့သိရှိထားကြပြီ။
၃။ ကျွန်ုပ်တို့သည် ယေရှု၏ပူဇော်သကာကိုယုံကြည်ခြင်းဖြင့် အပြစ်လွှတ်ခံရနိုင်သည်။
၄။ ဘုရားသခင့်နိုင်ငံတော် အုပ်စိုးနေပြီ—ကမ္ဘာသစ်ရောက်တော့မည်!
၅။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးပရဒိသုထဲသို့ ခေါ်ဆောင်လာသည်။
၆။ အကျိုးဖြစ်ထွန်းသော ခရစ်ယာန်ပေါင်းသင်းမှုကို ကျွန်ုပ်တို့ရရှိခံစားရသည်။
၇။ ကျွန်ုပ်တို့တွင် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရသည့်အခွင့်အရေး ရရှိထားသည်။
၈။ ကျွန်ုပ်တို့အသက်ရှင်နေပြီး ခွန်အား အတော်အတန်ရှိသည်။
အခြားရွှင်လန်းစရာအကြောင်းရင်းမည်မျှကို သင်ပြောပြနိုင်မည်နည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ပေါလုနှင့်သိလတို့သည် ထောင်ကျနေချိန်တွင်ပင် ရွှင်လန်းနေကြ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သင့်၏မျက်စိကို ရွှင်လန်းဖွယ်ရာ ဘုရားသခင့်ကမ္ဘာသစ်မျှော်လင့်ချက်အပေါ်တွင် အာရုံထားသလော