မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဒံယေလ ၉:၂၄ တွင်​ကြို​ဟောထား​သည့် “အလွန်​သန့် ရှင်း​သော​အရပ်ဌာန” ကို​မည်သည့်​အချိန်တွင် ဘိသိက်ပေး​ခဲ့​သနည်း။

ဒံယေလ ၉:၂၄-၂၇ သည် ‘မေရှိယ​သခင်’ ခရစ်တော်​ကြွလာခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် ပရောဖက်ပြုချက်​ဖြစ်သည်။ ထို့​ကြောင့် ကြိုဟော​ထားသော “အလွန်​သန့်ရှင်းသော​အရပ်ဌာန” ကို​ဘိသိက်​ပေးခြင်း​သည် ယေရုရှလင်​ဗိမာန်တော်​၏ အလွန်​သန့်ရှင်းသော​အခန်း​ကို ဘိသိက်​ပေးခြင်း​ကို ရည်ညွှန်း​နေခြင်း​မဟုတ်ပါ။ ယင်းအစား၊ “အလွန်​သန့်ရှင်းသော​အရပ်ဌာန” ဟူသော​စကား​မှာ ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး​ဗိမာန်တော်​ရှိ ဘုရားသခင်​၏​ကောင်းကင်​ဆိုင်ရာ သန့်ရှင်းသော—ကောင်းကင်​ဆိုင်ရာ​အသန့်ရှင်းဆုံး—ဌာနတော်​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ *ဟေဗြဲ ၈:၁-၅; ၉:၂-၁၀၊ ၂၃

ဘုရားသခင်​၏​ဝိညာဉ်​ရေး​ဗိမာန်တော်​သည် မည်သည့်​အချိန်တွင် စတင်​လုပ်ဆောင်ခဲ့​သနည်း။ စီ.အီး. ၂၉ တွင် ယေရှုသည် နှစ်ခြင်း​ခံရန် မိမိကိုယ်ကို​ဆက်သ​ခဲ့​ချိန်​၌ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သည်ကို သုံးသပ်ကြည့်​ပါ။ ယေရှု​အသက်တာ​၏ ထို​အချိန်​မှ​စ၍ ကိုယ်တော်​သည် ဆာလံ ၄၀:၆-၈ ပါ​စကား​ကို ပြည့်စုံ​စေ​ခဲ့​သည်။ ယေရှုသည် ဘုရားသခင်​ထံ ဤသို့​ဆုတောင်း​ခဲ့​ကြောင်း နောက်ပိုင်း​တွင် တမန်​တော်​ပေါလု​က​ဖော်ပြ​သည်– “အို​ဘုရားသခင်၊ ကိုယ်တော်​သည် ယဇ်နှင့်​ပူဇော်​သကာ​ကို အလိုတော်​မရှိ​သည်​ဖြစ်၍ အကျွန်ုပ်​အဖို့ ကိုယ်ခန္ဓာ​ကို​ပြင်ဆင်​တော်​မူ​ပြီ။” (ဟေဗြဲ ၁၀:၅) ယေရုရှလင်​ဗိမာန်တော်၌ တိရစ္ဆာန်​ယဇ်များ​ကို ဆက်၍​ပူဇော်​ရန် ဘုရားသခင် “အလိုတော်​မရှိ” ကြောင်း ယေရှု​သိတော်မူ၏။ ၎င်း​အစား ယဇ်​အဖြစ်​ပူဇော်​ရန် ယေရှု၏​စုံလင်သော​လူသား​ခန္ဓာကိုယ်​ကို ယေဟောဝါ​ပြင်ဆင်​ခဲ့​လေ​သည်။ မိမိ၏​နှလုံးသား​ဆန္ဒ​ကို​ဖော်ပြ​လျက် ယေရှု​ဤသို့​ဆက်၍​ဆို​ခဲ့​သည်– “ကျမ်းစာလိပ်​၌ အကျွန်ုပ်​ကို​အမှတ်ပြု​၍ ရေးထားသည်​နှင့်​အညီ အကျွန်ုပ်သည် ကိုယ်တော်​၏​အလိုကို​ဆောင်​အံ့​သော​ငှာ သွားပါ​မည်။” (ဟေဗြဲ ၁၀:၇) ယေဟောဝါ​၏​တုံ့ပြန်မှု​ကား အဘယ်နည်း။ မဿဲ​ခရစ်ဝင်​ကျမ်း​က ဤသို့​ဖော်ပြ​သည်– “ယေရှုသည် ဗတ္တိဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင် ကောင်းကင်​ဖွင့်လှစ်​သဖြင့် ဘုရားသခင်​၏​ဝိညာဉ်တော်သည် ချိုးငှက်​ကဲ့သို့​ဆင်းသက်​၍ ကိုယ်တော်​အပေါ်​၌ နား​တော်​မူ​သည်ကို​မြင်ရ​၍ ‘ဤ​သူ​ကား ငါ​နှစ်သက်​မြတ်နိုးရာ ငါ​၏​ချစ်​သား​ပေ​တည်း’ ဟု​ကောင်းကင်​က အသံတော်​ဖြစ်​လေ​၏။”—မဿဲ ၃:၁၆၊ ၁၇

ယဇ်​အဖြစ် ယေရှု၏​ခန္ဓာကိုယ်​ဆက်သခြင်း​ကို ယေဟောဝါ​ဘုရားသခင်​လက်ခံခြင်း​သည် ယေရုရှလင်​ဗိမာန်တော်​ရှိ ပကတိ​ယဇ်​ပလ္လင်​ထက် သာ၍​ကြီးမြတ်သော​ယဇ်​ပလ္လင်​တစ်ခု တည်ရှိ​လာ​ခြင်း​ကို​ဆိုလို​သည်။ ၎င်း​ကား ယဇ်​သကာ​အဖြစ် ယေရှု၏​လူသား​အသက်ကို​လက်ခံဖို့ ဘုရားသခင့် “အလိုတော်” သို့​မဟုတ် အစီအစဉ်​ယဇ်​ပလ္လင်​ဖြစ်သည်။ (ဟေဗြဲ ၁၀:၁၀) ယေရှု​အား သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့် ဘိသိက်ပေး​လိုက်ခြင်း​သည် ဘုရားသခင်​၏​ဝိညာဉ်​ရေး​ဗိမာန်တော် အစီအစဉ်​တစ်ခုလုံး​ကို ဆောင်ကြဉ်း​ခဲ့ပြီ​ဟူ​သည့် အဓိပ္ပာယ်​သက်ရောက်​သည်။ * ထို့​ကြောင့် ယေရှု​နှစ်ခြင်း​ခံ​ချိန်​၌ ဘုရားသခင်​၏​ကောင်းကင်​စံ​ရာ​သည် မဟာ​ဝိညာဉ်​ရေး​အစီအစဉ်​တွင် “အလွန်​သန့်ရှင်းသော​အရပ်ဌာန” အဖြစ် ဘိသိက်ပေး​ခံရ​၏ သို့​မဟုတ် သီးသန့်​ခွဲခြား​ခံရ​၏။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ဘုရားသခင်​၏​ဝိညာဉ်​ရေး​ဗိမာန်တော် အသွင်အပြင်​အမျိုးမျိုးကို ဆွေးနွေးခြင်း​အတွက် ၁၉၉၆၊ ဇူလိုင် ၁ ရက် ကင်းမျှော်စင် စာမျက်နှာ ၁၄-၁၉ ကို​ရှု။

^ အပိုဒ်၊ 5 ဒံယေလ​၏​ပရောဖက်ပြုချက်​ကို ဂရုပြု​လော့! [လိပ်] စာအုပ်​၏​စာမျက်နှာ ၁၉၅ တွင် ယင်းကို​ညွှန်း​ထား​သည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ယေရှု​နှစ်ခြင်း​ခံ​သောအခါ “အလွန်​သန့်ရှင်းသော​အရပ်ဌာန” ဘိသိက်ပေး​ခံရ​ခဲ့