ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုချိန် နိဂုံးချုပ်လုပြီ
ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုချိန် နိဂုံးချုပ်လုပြီ
မည်သည့်နေရာကိုကြည့်ကြည့် ဆင်းရဲခြင်းဝေဒနာရှိသည်။ အချို့က မိမိဆင်းရဲခြင်းဝေဒနာကို မိမိဘာသာရှာကြ၏။ သူတို့သည် လိင်ဆက်ဆံ၍ ကူးစက်ရောဂါရကြ၏၊ မူးယစ်ဆေး သို့မဟုတ် အရက်သေစာအလွဲသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းတို့၏ အကျိုးဆက်များကိုခံရကြသည်။ သို့မဟုတ် စားသုံးခြင်းအကျင့်ညံ့ဖျင်းမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံရကြပေမည်။ သို့သော် ဝေဒနာအများမှာ စစ်၊ လူမျိုးစုအကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှု၊ ရောဂါစသည့် သာမန်လူတစ်ဦး ထိန်းချုပ်၍မရသော အခြေခံအကြောင်းများ သို့မဟုတ် ဖြစ်ရပ်များကြောင့်ဖြစ်ပေါ်လာသည်။ လူသားများ အဓိကအားဖြင့် မထိန်းချုပ်နိုင်သည့် အခြားအရာတစ်ခုမှာ အိုမင်းခြင်း၊ သေခြင်းတို့နှင့်ပတ်သက်သောဝေဒနာဖြစ်၏။
သမ္မာကျမ်းစာက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုကျွန်ုပ်တို့ကိုစိတ်ချစေသည်။ (၁ ယောဟန် ၄:၈) သို့ဖြစ်လျှင် မေတ္တာရှင်ဘုရားသခင်သည် ဤဆင်းရဲဝေဒနာကို ရာစုနှစ်များစွာ အဘယ်ကြောင့် ဆက်လက်ခွင့်ပြုထားရသနည်း။ အခြေအနေကို ဘယ်သောအခါ၌ ကိုယ်တော်ပြုပြင်ပေးမည်နည်း။ ဤမေးခွန်းများကိုဖြေဆိုရန် လူသားတို့နှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ဖို့လိုသည်။ ၎င်းက ဆင်းရဲဝေဒနာကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားကြောင်းနှင့် ယင်းနှင့်စပ်လျဉ်း၍ ကိုယ်တော် အဘယ်အရာပြုလုပ်မည်ကို နားလည်စေပါမည်။
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူး
ပထမလူသားကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က ဦးနှောက်ပါသော ခန္ဓာကိုယ်တစ်ခုကိုသာ ကိုယ်တော်ဖြစ်ပေါ်စေခဲ့ခြင်းမဟုတ်ပါ။ ထို့ပြင် အာဒံနှင့်ဧဝကို ဆင်ခြင်ဉာဏ်ကင်းမဲ့သော ကမ္ဘာဦး ၁:၃၁) မှန်ပါသည်၊ “အမှုတော်သည် စုံလင်ပေ၏။” (တရားဟောရာ ၃၂:၄) ဤလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူးကို ကျွန်ုပ်တို့အားလုံးလေးမြတ်ကြသည်၊ အကြောင်းမှာ မည်သည့်အရာကိုမျှ ရွေးချယ်ခွင့်မရှိဘဲ ကျွန်ုပ်တို့စဉ်းစားတွေးခေါ်၊ လုပ်ဆောင်သမျှကို ထိန်းချုပ်မခံလိုကြ၍ဖြစ်သည်။
စက်ရုပ်များဖြစ်ရန် ဘုရားသခင်မဖန်ဆင်းခဲ့ချေ။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်စွမ်းရည်ကို သူတို့အထဲတွင် ကိုယ်တော်ထည့်သွင်းပေးခဲ့သည်။ ယင်းသည် အထူးကောင်းမွန်သောဆုကျေးဇူးတစ်ခုဖြစ်သည်၊ အကြောင်းမှာ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ . . . ၏။” (သို့ရာတွင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူးကို အကန့်အသတ်မရှိအသုံးပြုရန်လော။ အစောပိုင်းခရစ်ယာန်များကို ပေးသည့်ညွှန်ကြားချက်များတွင် ဘုရားသခင့်စကားတော်က ဤသို့ဖြေဆိုသည်– “လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့မကျင့်၊ ဘုရားသခင်၏ကျွန်ကဲ့သို့ ကျင့်နေကြလော့။” (၁ ပေတရု ၂:၁၆) အများအကျိုးအတွက် ကန့်သတ်ချက်များရှိရပေမည်။ ထို့ကြောင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ဥပဒေစည်းမျဉ်းဖြင့် ထိန်းညှိပေးရပေမည်။ သို့မဟုတ်ပါက စည်းမဲ့ကမ်းမဲ့ဖြစ်လာလိမ့်မည်။
မည်သူ့ဥပဒေနည်း
သင့်လျော်သောလွတ်လပ်ခွင့်အကန့်အသတ်ကို မည်သူ၏ဥပဒေက သတ်မှတ်ပေးရမည်နည်း။ ဤမေးခွန်း၏အဖြေသည် ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုထားသည့် အခြေခံအကြောင်းရင်းနှင့် ဆက်စပ်နေသည်။ ဘုရားသခင်သည် လူသားများကိုဖန်ဆင်းထားသည်ဖြစ်ရာ သူတို့ကိုယ်တိုင်နှင့် အခြားသူတို့၏ကောင်းကျိုးအတွက် အဘယ်ဥပဒေများကို သူတို့လိုက်နာကြဖို့လိုကြောင်း ကိုယ်တော်သိတော်မူ၏။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇။
ရှင်းနေသည်ကား ဤအရေးပါသောအချက်ဖြစ်သည်– လူသားများသည် ဘုရားသခင်မပါဘဲ မိမိဘာသာရပ်တည်ရန် ဖန်ဆင်းမခံခဲ့ရကြပါ။ သူတို့၏အောင်မြင်မှုနှင့် ပျော်ရွှင်မှုသည် ကိုယ်တော်၏ဖြောင့်မတ်သောဥပဒေများကို နာခံခြင်းအပေါ်မူတည်သည့်နည်းဖြင့် သူတို့ကိုကိုယ်တော်ဖန်ဆင်းထားသည်။ ဘုရားသခင့်ပရောဖက် ယေရမိကဤသို့ဆိုခဲ့သည်– “အိုထာဝရဘုရား လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃။
ဘုရားသခင်သည် ဆွဲငင်အားနိယာမကဲ့သို့သော ကိုယ်တော်၏ရူပနိယာမကိုနာခံရန် လူကိုဖန်ဆင်းထားသည်။ အလားတူ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းဖြစ်စေရန် ပုံစံပြုထားသည့် ကိုယ်တော်၏ကျင့်ဝတ်ဥပဒေများကိုနာခံရန်လည်း လူကိုဖန်ဆင်းထားသည်။ သို့ဖြစ်၍ ဘုရားသခင့်စကားတော်က အကြောင်းကောင်းရှိ၍ ဤသို့တိုက်တွန်းထားသည်– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။”—သု. ၃:၅။
ထို့ကြောင့် လူ့မိသားစုသည် ဘုရားသခင့်အုပ်ချုပ်မှုမပါဘဲ မိမိကိုယ်ကို ဘယ်သောအခါမျှ အောင်မြင်စွာထိန်းချုပ်နိုင်မည်မဟုတ်ပါ။ ကိုယ်တော်ထံမှလွတ်လပ်စွာနေဖို့ကြိုးစားခြင်းသည် တစ်ဦးနှင့်တစ်ဦးသဘောထားကွဲလွဲစေမည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ဘာသာရေးစနစ်ကိုဖြစ်ပေါ်စေ၍ ‘တစ်ဦးပေါ်တစ်ဦးအကျိုးနစ်နာအောင်အုပ်စိုး’ ကြပေမည်။—ဒေ. ၈:၉။
အဘယ်အရာမှားယွင်းသွားခဲ့သနည်း
ဘုရားသခင်သည် ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့ကို စုံလင်စွာ အစပြုပေးခဲ့သည်။ သူတို့သည် ကိုယ်စိတ်နှစ်ဖြာစုံလင်ခဲ့ကြပြီး သူတို့နေထိုင်ဖို့ ပရဒိသုဥယျာဉ်စံအိမ်ရှိခဲ့သည်။ သူတို့သည် ဘုရားသခင့်အုပ်ချုပ်မှုကို လက်အောက်ခံခဲ့ကြပါက ဆက်လက်၍စုံလင်ပြီး ပျော်ရွှင်နေကြပေမည်။ အချိန်တန်သော် သူတို့သည် မြေကြီးကမ္ဘာဦး ၁:၂၇-၂၉; ၂:၁၅။
ပရဒိသုပေါ်နေထိုင်သော စုံလင်၊ ပျော်ရွှင်သည့် လူ့မိသားစုတစ်ခုလုံး၏မိဘဖြစ်လာကြရမည်။ ယင်းသည် လူသားမျိုးနွယ်အတွက် ဘုရားသခင့်ရည်ရွယ်ချက်ဖြစ်၏။—သို့ရာတွင် ကျွန်ုပ်တို့၏ကနဦးဘိုးဘေးများသည် သူတို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ကြသည်။ ဘုရားသခင်မပါဘဲ မိမိတို့အောင်မြင်နိုင်မည်ဟု တလွဲယူဆခဲ့ကြ၏။ သူတို့ဘာသာသူတို့ ကိုယ်တော့်ဥပဒေဘောင်အပြင်သို့ ထွက်သွားခဲ့ကြသည်။ (ကမ္ဘာဦးအခန်းကြီး ၃) ကိုယ်တော့်အုပ်ချုပ်မှုကို သူတို့ငြင်းပယ်ခဲ့ကြသောကြောင့် ကိုယ်တော်သည် သူတို့အားစုံလင်မှု၌ ဆက်ထိန်းသိမ်းထားရန် တာဝန်မရှိတော့ပေ။ ‘သူတို့သည် ယိုယွင်းကြပြီ၊ ဘုရားသခင်၏သားမဟုတ်၊ အပြစ်အနာရှိသူသာဖြစ်ကြ၏။’—တရားဟောရာ ၃၂:၅။
ဘုရားသခင်ကို သူတို့မနာခံသည့်အချိန်မှစ၍ အာဒံနှင့်ဧဝတို့၏ ကိုယ်ခန္ဓာနှင့်စိတ်တို့သည် ယိုယွင်းကျဆင်းစပြုလာလေသည်။ ယေဟောဝါ၌မူ အသက်၏ပင်ရင်းရှိတော်မူ၏။ (ဆာလံ ၃၆:၉) ထို့ကြောင့် ယေဟောဝါထံမှ မိမိတို့ကိုယ်ကို အဆက်ဖြတ်လိုက်ကြရာ ပထမလူသားမောင်နှံသည် မစုံလင်ကြတော့ဘဲ နောက်ဆုံးသေဆုံးခဲ့ရသည်။ (ကမ္ဘာဦး ၃:၁၉) အမွေခံရသည့် မျိုးရိုးဗီဇနိယာမနှင့်အညီ သူတို့၏သားမြေးသည် သူတို့မိဘများပိုင်ဆိုင်ရာကိုသာ ရရှိနိုင်ကြသည်။ ၎င်းကားအဘယ်နည်း။ မစုံလင်မှုနှင့် သေခြင်းဖြစ်၏။ ထို့ကြောင့် တမန်တော်ပေါလုကဤသို့ရေးသားခဲ့သည်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”—ရောမ ၅:၁၂။
အဓိကအရေးကိစ္စ—အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်
အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ကိုပုန်ကန်ခဲ့သောအခါ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်၊ တစ်နည်းအားဖြင့် ကိုယ်တော်၏အုပ်ချုပ်ပိုင်ခွင့်ကို သူတို့စိန်ခေါ်ခဲ့ကြ၏။ ယေဟောဝါသည် သူတို့ကိုဖျက်ဆီးကာ အခြားမောင်နှံစုံဖြင့် ပြန်အစပြုနိုင်ခဲ့သည်၊ သို့သော်မည်သူ့အုပ်ချုပ်မှုသည် လူတို့အတွက် မှန်ကန်ကာ အကောင်းဆုံးဖြစ်မည်နည်းဟူသောအရေးကိစ္စကို ဖြေရှင်းနိုင်ခဲ့မည်မဟုတ်ချေ။ သူတို့၏စိတ်ကူးအတိုင်း လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် အချိန်အလုံအလောက်ရပါက ဘုရားသခင်ကို အမှီအခိုမပြုသော အုပ်ချုပ်ရေးသည် အောင်မြင်နိုင်မနိုင်ကို မလွဲမသွေဖော်ပြပေလိမ့်မည်။
အနှစ်ထောင်နှင့်ချီသောလူ့သမိုင်းက အဘယ်အရာကိုဖော်ပြသနည်း။ ၎င်းရာစုနှစ်များတစ်လျှောက် လူတို့သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ဘာသာရေးစနစ်အမျိုးမျိုးကို စမ်းသပ်ခဲ့ကြပေပြီ။ သို့ရာတွင် ဆိုးသွမ်းမှုနှင့် ဆင်းရဲဝေဒနာတို့ဆက်ရှိနေပါသည်။ အမှန်မှာ ‘ဆိုးညစ်သောသူတို့သည် ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားနေကြ’ ၏၊ အထူးသဖြင့် ကျွန်ုပ်တို့ခေတ်တွင် ထိုသို့ဖြစ်နေသည်။—၂ တိမောသေ ၃:၁၃။
၂၀ ရာစုသည် သိပ္ပံပညာနှင့် စက်မှုလက်မှုဆိုင်ရာ အောင်မြင်မှုအထွတ်အထိပ်ကို ကြုံတွေ့ခဲ့ရသည်။ သို့သော် လူ့သမိုင်းတစ်လျှောက်လုံးတွင် အဆိုးဆုံးဆင်းရဲဝေဒနာခံရခြင်းကိုလည်း တွေ့ကြုံခဲ့ရသည်။ ထို့ပြင် ဆေးပညာ မည်မျှတိုးတက်ထွန်းကားပါစေ ဘုရားသခင်၏ ဤပညတ်ဥပဒေသည် မှန်ကန်ဆဲဖြစ်၏– အသက်၏ပင်ရင်းဖြစ်သော ဘုရားသခင်ထံမှ လူသားတို့ကင်းကွာနေခြင်းကြောင့် ဖျားနာ၊ အိုမင်း၍ သေဆုံးနေကြရသည်။ လူသားများသည် ‘မိမိတို့ခြေရာများကို မစီရင်’ နိုင်ကြောင်း အထင်အရှားသက်သေထူပြီ!
အတည်ပြုခံရသော ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်
ဘုရားသခင်အား အမှီအခိုကင်းသည့် အဆိုပါဝမ်းနည်းဖွယ်စမ်းသပ်ချက်က ကိုယ်တော်နှင့်ကင်းကွာသည့် လူ့အုပ်ချုပ်မှုသည် ဘယ်သောအခါမျှ မအောင်မြင်နိုင်ကြောင်း တစ်ကြိမ်တည်းနှင့်အပြီးဖော်ပြသည်။ ဘုရားသခင့်အုပ်ချုပ်မှုသာလျှင် ပျော်ရွှင်မှု၊ စည်းလုံးမှု၊ ကျန်းမာမှုနှင့် အသက်ကို ရရှိစေနိုင်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဘုရားသခင်အားအမှီအခိုမပြုသော လူ့အုပ်ချုပ်ရေး၏ ‘နောက်ဆုံးကာလ’ တွင်အသက်ရှင်နေကြကြောင်း ယေဟောဝါဘုရားသခင်၏ မမှားနိုင်သောစကားတော်၊ သမ္မာကျမ်းစာကဖော်ပြသည်။ (၂ တိမောသေ ၃:၁-၅) ၎င်းနှင့် ဆိုးသွမ်းမှု၊ ဆင်းရဲဝေဒနာတို့ကို ယေဟောဝါသည်းခံချိန်သည် ကုန်ဆုံးလုပြီ။
ဘုရားသခင်သည် လူ့အရေးကိစ္စများတွင် မကြာမီ ကြားဝင်ဆောင်ရွက်တော့မည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ [ယခုတည်ရှိသောလူ့အုပ်ချုပ်ရေး] လက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် [ကောင်းကင်တွင်] တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရ၊ [လူသားများသည် မြေကြီးကို ဘယ်သောအခါမျှ ပြန်မအုပ်ချုပ်တော့] ဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံ [လက်ရှိအုပ်ချုပ်ရေးများ] ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၅။
သမ္မာကျမ်းစာ၏အဓိကခေါင်းစဉ်မှာ ကောင်းကင်နိုင်ငံတော်အားဖြင့် ယေဟောဝါဘုရားသခင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သံသယကင်းရှင်းစေခြင်းဖြစ်သည်။ ယေရှုသည် ယင်းကို မိမိ၏အရေးအကြီးဆုံး သွန်သင်ချက်ဖြစ်စေခဲ့သည်။ ကိုယ်တော်က “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိမဿဲ ၂၄:၁၄။
သမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟုဆိုခဲ့သည်။—ဘုရားသခင့်အုပ်ချုပ်မှုသည် လူ့အုပ်ချုပ်မှုကို အစားထိုးသောအခါ မည်သူတို့ကပ်ကျော်၍ မည်သူကပ်မကျော်ဘဲနေမည်နည်း။ နယပုံပြင် ၂:၂၁၊ ၂၂ က ကျွန်ုပ်တို့ကိုဤသို့စိတ်ချစေသည်– “ဖြောင့်မတ်သောသူ [ဘုရားသခင့်အုပ်ချုပ်မှုကိုထောက်ခံသူ] တို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ [မတရားသော] လူ [ဘုရားသခင့်အုပ်ချုပ်မှုကို မထောက်ခံသူ] တို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။” ဘုရားသခင့်မှုတ်သွင်းခြင်းခံရသူ ဆာလံဆရာကဤသို့သီဆိုခဲ့သည်– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။
အံ့ချီးဖွယ်ကမ္ဘာသစ်
လက်ရှိအစီအစဉ်စနစ်၏အဆုံးကို ကပ်ကျော်မည့်သူများသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ဆိုးသွမ်းမှုနှင့် ဆင်းရဲဝေဒနာမရှိတော့သည့် မြေကြီးပေါ်သို့ ဆောင်ကြဉ်းခံရကြလိမ့်မည်။ လူသားတို့သည် ဘုရားသခင်ပေးသည့် ညွှန်ကြားချက်ကိုရရှိကြပြီး အချိန်တန်သော် “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) ဤတည်ဆောက်မှုပေးသော၊ အပြုသဘောသက်ရောက်သည့် သွန်သင်ချက်သည် အမှန်ပင်ငြိမ်သက်၍ စည်းလုံးညီညွတ်သော လူ့ဘောင်ကိုဖြစ်ပေါ်စေမည်။ သို့ဖြစ်၍ စစ်၊ လူသတ်မှု၊ အကြမ်းဖက်မှု၊ မုဒိမ်းမှု၊ ခိုးမှု သို့မဟုတ် အခြားရာဇဝတ်မှုများ ရှိတော့မည်မဟုတ်။
ဘုရားသခင့်ကမ္ဘာသစ်တွင်နေထိုင်သူ နာခံမှုရှိသောလူသားများသည် အံ့ချီးဖွယ်ကာယရေးအကျိုးကျေးဇူးများကို ခံစားရကြမည်။ ဘုရားသခင့်အုပ်ချုပ်မှုကို ပုန်ကန်သည့်ဆိုးကျိုးဟူသ၍ ဖယ်ရှားခံရလိမ့်မည်။ မစုံလင်ခြင်း၊ ဖျားနာခြင်း၊ အိုမင်းခြင်းနှင့် သေခြင်းတို့သည် အတိတ်ကအရာများဖြစ်သွားကြမည်။ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုအာမခံသည်။ ထို့အပြင် သမ္မာကျမ်းစာက ဤသို့ကတိပြု၏– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆) ဒေါင်ဒေါင်မြည်သောကျန်းမာရေးကို နေ့စဉ်—ထာဝစဉ်—မွေ့လျော်ရခြင်းသည် ပီတိဖြစ်စရာကောင်းလိုက်လေခြင်း!
ထိုကမ္ဘာသစ်၌နေထိုင်သူတို့သည် ဘုရားသခင်၏ မေတ္တာပါသောညွှန်ကြားမှုအောက်တွင် သူတို့၏ခွန်အားနှင့် ကျွမ်းကျင်မှုတို့ကို ကမ္ဘာချီပရဒိသုတည်ဆောက်ရေးအတွက် အသုံးပြုကြလိမ့်မည်။ ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်းနှင့် အိုးအိမ်မဲ့ခြင်းတို့ ထာဝစဉ်ကွယ်ပျောက်သွားမည်၊ အကြောင်းမှာ ဟေရှာယပရောဖက်ပြုချက်က ဤသို့ဖော်ပြသည်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) အမှန်ပင် “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။”—မိက္ခာ ၄:၄။
မြေကြီးသည် ဘုရားသခင်နှင့် နာခံမှုရှိသောလူသားများ၏ မေတ္တာပါသောစောင့်ရှောက်ပြုစုမှုကို တုံ့ပြန်လိမ့်မည်။ ဤသမ္မာကျမ်းစာအာမခံချက်ကို ကျွန်ုပ်တို့ရရှိထားသည်– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ . . . တော၌စမ်းရေထွက်ဟေရှာယ ၃၅:၁၊ ၆) “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၁၆။
၍ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်။” (သေလွန်သူ သန်းပေါင်းများစွာကော။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဖြစ်ရာ ဘုရားသခင့်မှတ်ဉာဏ်၌ရှိသူများသည် အသက်ပြန်ရှင်လာကြလိမ့်မည်။ (တမန်တော် ၂၄:၁၅) မှန်ပါသည်၊ လူသေများ အသက်ပြန်ရှင်လာကြမည်။ သူတို့သည် ဘုရားသခင့်အုပ်ချုပ်မှုဆိုင်ရာ အံ့ဖွယ်အမှန်တရားကို သွန်သင်ခံရကြပြီး ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။—ယောဟန် ၅:၂၈၊ ၂၉။
ဤနည်းအားဖြင့် ယေဟောဝါဘုရားသခင်သည် လူသားတို့ကို နှစ်ထောင်ပေါင်းများစွာလွှမ်းမိုးခဲ့သော ဆင်းရဲခြင်းဝေဒနာ၊ ဖျားနာခြင်းနှင့် သေခြင်းတို့၏ ဆိုးရွားလှသည့်အခြေအနေကို လုံးဝပြောင်းပြန်ဖြစ်စေလိမ့်မည်။ ဖျားနာခြင်းမရှိတော့! ကိုယ်အင်္ဂါချို့တဲ့ခြင်းမရှိတော့! သေခြင်းမရှိတော့! “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြ [လိမ့်မည်]။”—ဗျာဒိတ် ၂၁:၃၊ ၄။
ဘုရားသခင်သည် ဆင်းရဲခြင်းဝေဒနာကို ထိုနည်းအတိုင်း အဆုံးတိုင်စေမည်။ ကိုယ်တော်သည် ဤဆိုးညစ်သောလောကကို ဖျက်ဆီးကာ “ဖြောင့်မတ်ခြင်းတရားတည်ရာ” လုံးဝသစ်လွင်သော အစီအစဉ်စနစ်တစ်ခုကို ဆောင်ကြဉ်းပေးလိမ့်မည်။ (၂ ပေတရု ၃:၁၃) သတင်းကောင်းပါတကား! ထိုကမ္ဘာသစ်ကို ကျွန်ုပ်တို့အလွန်လိုအပ်လျက်ရှိ၏။ ၎င်းကိုမြင်တွေ့ရဖို့ မကြာတော့ပါ။ ကမ္ဘာသစ်နီးကပ်နေကြောင်းနှင့် ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုထားချိန် ကုန်လုနီးပြီဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်များပြည့်စုံခြင်းမှ ကျွန်ုပ်တို့သိရှိကြရလေပြီ။—မဿဲ ၂၄:၃-၁၄။
[စာမျက်နှာ ၈ ပါလေးထောင့်ကွက်]
လူ့အုပ်ချုပ်မှု၏ပျက်ကွက်မှု
လူ့အုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဟဲလ်မက် ရှမစ်ဒ်က ဤသို့ဖော်ပြခဲ့သည်– “ကျွန်ုပ်တို့လူသားများသည် . . . ကမ္ဘာမြေကြီးကို တစ်စိတ်တစ်ပိုင်းသာ အစဉ်သဖြင့် အုပ်ချုပ်ခဲ့ကြပြီး များသောအားဖြင့်လည်း အလွန်ညံ့ဖျင်းစွာ အုပ်ချုပ်ခဲ့ကြပြီ။ . . . လုံးဝငြိမ်းချမ်းစွာ တစ်ခါမျှမအုပ်ချုပ်ခဲ့ကြချေ။” လူ့ ဖွံ့ ဖြိုးတိုးတက်မှုအစီရင်ခံစာ ၁၉၉၉ ကဤသို့ဖော်ပြခဲ့သည်– “နိုင်ငံအားလုံးက မိမိတို့လူ့အဖွဲ့အစည်းသည် လူမှုရေး ကမောက်ကမဖြစ်မှု၊ တိုးများလာသောရာဇဝတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှုတို့ ဖြင့် လှိုက်စားခံရကြောင်း အစီရင်ခံကြသည်။ . . . ကမ္ဘာချီခြိမ်းခြောက်မှုများသည် တိုးများလာလျက် ၎င်းတို့ကိုရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံဆိုင်ရာစွမ်းဆောင်နိုင်မှုများထက် များလွန်းနေကာ နိုင်ငံတကာတုံ့ ပြန်မှုများကို သာလွန်လျက်ရှိ၏။”
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
“များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” —ဆာလံ ၃၇:၁၁
[Picture Credit Lines on page 5]
Third from top, mother and child: FAO photo/B. Imevbore; bottom, explosion: U.S. National Archives photo