မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘာသာရေး လွတ်လပ်မှုအတွက် ယေဟောဝါသက်သေများကို ကျေးဇူးတင်ကြစို့’

‘ဘာသာရေး လွတ်လပ်မှုအတွက် ယေဟောဝါသက်သေများကို ကျေးဇူးတင်ကြစို့’

‘ဘာသာရေး လွတ်လပ်မှု​အတွက် ယေဟောဝါသက်သေ​များ​ကို ကျေးဇူး​တင်​ကြ​စို့’

“ယေဟောဝါသက်သေ​တစ်ဦး​လာသော​အခါ သင့်​တံခါး​ကို​မ​ပိတ်​လိုက်မီ မကြာသေးမီ​က သူတို့​ခံ​ခဲ့​ရသည့် ရှက်ဖွယ်​သော​နှိပ်စက်​ညှဉ်းပန်းမှု​အပြင် ကျွန်ုပ်​တို့အားလုံး​ခံစား​နေကြ​ရသော လွတ်လပ်မှု​ဆိုင်ရာ​ပထမ​ပြင်ဆင်ချက် ဖြစ်ထွန်း​လာစေဖို့ သူတို့၏​ကြီးမားသော​ပံ့ပိုး​မှု​ကိုလည်း ခေတ္တ​စဉ်းစား​ကြည့်​ပါ” ဟု ယူအက်စ်​အေ ထူ​ဒေး​သတင်းစာ​မှ ဆောင်းပါး​တစ်ပုဒ်​က​ဆို​သည်။ ၁၉၄၀ ပြည့်လွန်​နှစ်များ​တစ်လျှောက် အမေရိကန်​ပြည်ထောင်စု​တွင် ယေဟောဝါသက်သေ​များသည် အခြား​အကြောင်း​များ​ကြောင့်​အပြင် . . . ငြင်းဆို​ကြသော​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ​ကြသည်။—ထွက်မြောက်ရာ ၂၀:၄၊ ၅

၁၉၃၈ မှ ၁၉၄၃ စပ်ကြား ငါး​နှစ်​တာ​ကာလ​အတွင်း ယူ.အက်စ်. တရားရုံး​ချုပ်​သို့ ယေဟောဝါသက်သေ​များနှင့်​ပတ်သက်သော အမှုတွဲ ၃၀ ခန့်​ရောက်ရှိ​လာ​ခဲ့​သည်။ ထို​ဆောင်းပါး​က​ဤသို့​ဆို​၏– “သက်သေခံ​များသည် ပထမ​ပြင်ဆင်ချက်​၏ အရင်းခံ​ပြဿနာ​ကို ရံဖန်ရံခါ​ပေါ်ပေါက်​စေ​ခဲ့​သောကြောင့် တရားသူကြီး ဟား​လ​န် ဖက်စ်​ခ် စ​တုန်း​က ‘ယေဟောဝါသက်သေ​များသည် ဥပဒေ​နှင့်​အညီ​ရရှိသော နိုင်ငံသား​တစ်ဦး၏ အခွင့်အရေး​များ​ဆိုင်ရာ ပြဿနာ​များ​ကို​ဖြေရှင်း​ရာ​၌ သူတို့​ပေး​သည့်​အထောက်အကူ​အတွက် ထောက်ပံ့မှု​ရရှိ​သင့်​သည်။’”

ထို့​ကြောင့် ၎င်း​ဆောင်းပါး​၏​နိဂုံးပိုင်း​တွင် ဤသို့​ဖော်ပြ​သည်– “ဘာသာ​တရား​အားလုံး​သည် [ဘာသာရေး] လွတ်လပ်မှု​တိုးများ​လာ​ခြင်း​အတွက် ယေဟောဝါသက်သေ​များ​ကို ကျေးဇူး​တင်​သင့်​သည်။”

[Picture Credit Lines on page 32]

Background, building: Photo by Josh Mathes, Collection of the Supreme Court of the United States; lower left, justices: Collection of the Supreme Court of the United States