မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ ကြီးသော အမှုတော်များအတွက် ကိုယ်တော်အား ချီးမွမ်းလော့!

ယေဟောဝါ၏ ကြီးသော အမှုတော်များအတွက် ကိုယ်တော်အား ချီးမွမ်းလော့!

ယေဟောဝါ​၏ ကြီးသော အမှုတော်များ​အတွက် ကိုယ်တော်​အား ချီးမွမ်း​လော့!

“ငါ့​စိတ်နှလုံး​သည် ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ကို ချီးမြှောက်​၏။ . . . တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော​ဘုရား [သခင်] သည် ကြီးသော​အမှု​များ​ကို ငါ့​အားပြု​တော်​မူ​ပြီ။” —လုကာ ၁:၄၆-၄၉၊ သမ္မာ။

၁။ အဘယ်​ကြီးသော​အမှုတော်များ​အတွက် ယေဟောဝါ​အား ထိုက်တန်​စွာ ချီးမွမ်း​ကြ​သနည်း။

ယေဟောဝါ​သည် ကိုယ်တော်​၏​ကြီးသော​အမှုတော်များ​အတွက် ချီးမွမ်း​ခံထိုက်​တော်​မူ​၏။ ပရောဖက်​မောရှေ​က အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး​တို့ လွတ်မြောက်​လာ​ခြင်း​အကြောင်းကို ပြန်ပြောင်း​ပြောပြ​စဉ် ဤသို့​ကြေညာ​ခဲ့​သည်– “ထာဝရ​ဘုရား​ပြု​တော်​မူ​သော အမှု​ကြီး​အလုံးစုံ​တို့ကို သင်တို့သည် ကိုယ်တိုင်​မြင်ကြ​ပြီ။” (တရားဟောရာ ၁၁:၁-၇) အလားတူ​ပင် ကောင်းကင်တမန်​ဂါဗြေလ​က ယေရှု​ဖွားမြင်​မည့်​အကြောင်း အပျိုစင်​မာရိ​အား ကြေညာ​ခဲ့​စဉ် သူက​ဤသို့​ဆို​ခဲ့​သည်– “ငါ့​စိတ်နှလုံး​သည် ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ကို​ချီးမြှောက်​၏။ . . . တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော​ဘုရား [သခင်] သည် ကြီးသော​အမှု​များ​ကို ငါ့​အားပြု​တော်​မူ​ပြီ။” (လုကာ ၁:၄၆-၄၉သမ္မာ) ယေဟောဝါသက်သေ​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး​ကို​လွတ်မြောက်​စေခြင်း​နှင့် မိမိ၏​သားတော်ကို အံ့ဖွယ်​နည်းဖြင့် ပဋိသန္ဓေ​စွဲ​စေခြင်း​တို့​ကဲ့သို့​သော ကြီးသော​အမှု​များ​အတွက် ကိုယ်တော်​အား​ချီးမွမ်း​ကြသည်။

၂။ (က) နာခံမှု​ရှိသော​လူသားတို့​အတွက် ဘုရားသခင်​၏ “ထာဝရ​ရည်ရွယ်ချက်” ကား အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ (ခ) ပတ်မုကျွန်း​ပေါ်​တွင် ယောဟန်​တွေ့ကြုံ​ခဲ့​ရသည့်​အရာ​ကား အဘယ်နည်း။

ယေဟောဝါ​၏ ကြီးသော​အမှု​များစွာ​သည် မေရှိယ​နှင့် ကိုယ်တော့်​နိုင်ငံတော်​အုပ်ချုပ်မှု​အားဖြင့် နာခံမှု​ရှိသော​လူသားများ​ကို ကောင်းချီး​ပေး​မည့် “ထာဝရ​ရည်ရွယ်ချက်” နှင့်​ဆက်စပ်​လျက်​ရှိသည်။ (ဧဖက် ၃:၈-၁၃က​ဘ) ထို​အကြံတော်​သည် သက်ကြီးရွယ်အို တမန်​တော်​ယောဟန်​အား အဆင်းအာရုံ​တစ်ခု​မှ ဖွင့်​ထားသော​ကောင်းကင်​တံခါး​အထဲ ကြည့်​ခွင့်ပြု​ခဲ့​သောအခါ တိုး၍​အဆင့်ဆင့်​ဖော်ပြ​ခဲ့​သည်။ တံပိုးခရာ​ကဲ့သို့​သော​အသံ​တစ်ခု​က ဤသို့​ဆို​သည်– “ဤ​အရပ်သို့​တက်​လော့။ နောင်​ကာလ​၌​ဖြစ်​ရမည့်​အရာ​တို့ကို ငါ​ပြ​မည်။” (ဗျာဒိတ် ၄:၁) “ဘုရားသခင်​၏ [စကားတော်] နှင့် ယေရှု​ခရစ်​၏​သက်သေခံ​တော်​မူ​ချက်​ကြောင့်” ရောမ​အစိုးရ​က ပတ်မုကျွန်း​သို့​ပြည်နှင်ဒဏ်​ပေး​ခံ​ခဲ့​ရ​စဉ် ယောဟန်​သည် ‘ယေရှု​ခရစ်​၏​ဗျာဒိတ်တော်’ ကို​ရ၏။ တမန်​တော် မြင်ရ​ကြား​ရသည့်​အရာ​က ဘုရားသခင်​၏​ထာဝရ​ရည်ရွယ်ချက်​အကြောင်းကို ပိုမို​၍​ဖော်ပြ​ပေး​သည်၊ သို့ဖြင့် စစ်မှန်သော​ခရစ်ယာန်​အားလုံး​အတွက် ဝိညာဉ်​ရေး​ထွန်းလင်း​မှု​နှင့် အခန့်သင့်​အားပေးမှု​ရရှိစေ​သည်။—ဗျာဒိတ် ၁:၁၊ ၉၊ ၁၀

၃။ အဆင်းအာရုံ​တွင် ယောဟန်​တွေ့ခဲ့​ရသော အသက်ကြီးသူ ၂၄ ပါး​ကား မည်သူ​တို့ကို ကိုယ်စား​ပြု​သနည်း။

ကောင်းကင်​၌ ဖွင့်​ထားသော​ထို​တံခါး​မှ ယောဟန်​သည် ဘုရင်​များ​ကဲ့သို့ ပလ္လင်​ပေါ်​ထိုင်​ကာ သရဖူ​ဆောင်း​ထား​သည့် အကြီးအကဲ ၂၄ ပါး​ကို​တွေ့မြင်​ခဲ့​သည်။ သူတို့သည် ဘုရားသခင်​ရှေ့မှောက် ပျပ်ဝပ်​လျက် ဤသို့​ဆို​ကြသည်– “အို​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။ ထို​အရာ​တို့သည် အလိုတော်​ကြောင့်​ဖြစ်၍ ဖန်ဆင်း​လျက်​ရှိကြပါ​၏။ ထို​ကြောင့်၊ ကိုယ်တော်​သည် ဘုန်း​အသရေ​တန်ခိုးတော်​ကို ခံစား​ထိုက်​တော်​မူ​၏။” (ဗျာဒိတ် ၄:၁၁) ထို​အကြီးအကဲ​များသည် ဘုရားသခင်​၏​ကတိတော်​နှင့်​အညီ ချီးမြှင့်ခြင်း​ခံရ​ကြသော ထမြောက်​ခဲ့​သည့် ကောင်းကင်​အတန်းအစား​ခရစ်ယာန်​အားလုံး​ကို ပုံဆောင်​၏။ ဤ​သူတို့သည် ယေဟောဝါ​ပြု​တော်​မူ​သည့် ဖန်ဆင်း​ခြင်း​ဆိုင်ရာ ကြီးသော​အမှု​များ​ကြောင့် ကိုယ်တော်​အား ချီးမွမ်း​ရန် လှုံ့ဆော်​ခံရ​ကြသည်။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​၏ “ထာဝရ​တန်ခိုးတော်​နှင့် ထာဝရ​အဖြစ်တော်” ၏​သာဓက​ကို အံ့သြ​ကြသည်။ (ရောမ ၁:၂၀) ယေဟောဝါ​အကြောင်း ကျွန်ုပ်​တို့​ပို​၍​သိရှိ​လာ​လေ ကိုယ်တော်​ပြု​တော်​မူ​သည့် ကြီးသော​အမှု​များ​အတွက် ကိုယ်တော်​အား ချီးမွမ်း​ထောမနာပြု​ရန်​အကြောင်း ပို​များ​လာ​လေ​ဖြစ်သည်။

ယေဟောဝါ​၏​ချီးမွမ်း​ထိုက်​သော အမှုတော်များ​အကြောင်း ကြေညာ​လော့!

၄၊ ၅။ ဒါဝိဒ်​သည် ယေဟောဝါ​အား မည်သို့​ချီးမွမ်း​ခဲ့​ကြောင်း ဥပမာ​ပေး​ပါ။

ဆာလံဆရာ​ဒါဝိဒ်​သည် ဘုရားသခင်​၏​ကြီးသော​အမှုတော်များ​အတွက် ကိုယ်တော်​အား ချီးမွမ်း​ခဲ့​သည်။ ဥပမာ၊ ဒါဝိဒ်က ဤသို့​သီဆို​ခဲ့​သည်– “ဇိအုန်​မြို့မှာ​ကျိန်းဝပ်​တော်​မူ​သော ထာဝရ​ဘုရား​ကို ထောမနာ​သီချင်းဆို​ကြလော့။ အမှုတော်များ​ကို လူမျိုး​တို့အား​ဟောပြောကြ​လော့။ အို​ထာဝရ​ဘုရား အကျွန်ုပ်​ကို​ကယ်မ​သနားတော်မူ​ပါ။ အကျွန်ုပ်​ကို​မုန်း​သော​သူတို့၏ ညှဉ်းဆဲခြင်း​အမှုကို​ကြည့်ရှု​၍ သေ​မင်း​လက်​မှ​အကျွန်ုပ်​ကို ကယ်နုတ်​တော်​မူ​ပါ။ သို့​ဖြစ်၍ ဂုဏ်​ကျေးဇူးတော်​အပေါင်း​ကို ဇိအုန်​မြို့တံခါး​ဝ​မှာ​အကျွန်ုပ် ပြညွှန်​ပါ​မည်။” (ဆာလံ ၉:၁၁၊ ၁၃၊ ၁၄) ဒါဝိဒ်​သည် ဗိ​မ​န်​တော်​အတွက် အဆောက်အဦ​ပုံစံ​ကို သား​ဖြစ်သူ ရှောလမုန်​အားပေးပြီး​နောက် ဘုရားသခင်​အား ကောင်းချီး​ပေး​ကာ ဤသို့​ချီးမွမ်း​ခဲ့​သည်– “အို​ထာဝရ​ဘုရား ကိုယ်တော်​သည် ဘုန်း​တန်ခိုး​အာနုဘော်၊အောင်မြင်ခြင်း​အခွင့်၊ အာဏာတော်​နှင့်​ပြည့်စုံ​တော်​မူ​၏။ . . . အို​ထာဝရ​ဘုရား ကိုယ်တော်​သည်​အစိုးရ​တော်​မူ​၏။ ခပ်သိမ်း​သော​သူတို့၏​အထွတ်၊ မြင့်မြတ်​တော်​မူ​၏။ . . . သို့​ဖြစ်၍ အကျွန်ုပ်​တို့၏​ဘုရားသခင် ကျေးဇူးတော်​ကြီး​လှ​ပါ​သည်​ဟု အကျွန်ုပ်​တို့သည်​ဝန်ခံ​၍ ဘုန်းကြီး​သော​နာမတော်​ကို ချီးမွမ်း​ကြ​ပါ​၏။”—၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃

ကျမ်းစာ​က ဒါဝိဒ်​ကဲ့သို့ ဘုရားသခင်​အား​ချီးမွမ်း​ရန် အ​ဖန်​တ​လဲ​လဲ​ဖိတ်ခေါ်​သည်၊ မှန်ပါသည်၊ ကျွန်ုပ်​တို့ကို တိုက်တွန်း​၏။ ဆာလံကျမ်း​တွင် ဘုရားသခင်​ကို​ချီးမွမ်း​သည့် ဖော်ပြချက်များ​စွာ​ပါဝင်​သည်၊ ထို​သီချင်းများ​မှ​တစ်ဝက်​ခန့်​ကို ဒါဝိဒ်​စပ်ဆို​ခဲ့​သည်။ သူသည် ယေဟောဝါ​၏ ကျေးဇူးတော်​ကို အဆက်မပြတ်​ချီးမွမ်း​ခဲ့​သည်။ (ဆာလံ ၆၉:၃၀) ထို့​ပြင် အစောပိုင်း​အချိန်​များ​ကတည်းက ဒါဝိဒ်​နှင့် အခြားသူများ​စပ်ဆို​ထားသော မြင့်မြတ်​သည့်​မှုတ်သွင်းခံ​သီချင်းများ​ကို ယေဟောဝါ​အား​ချီးမွမ်း​ရန် အသုံးပြု​ခဲ့​ကြပြီ။

၆။ မှုတ်သွင်းခံ​ဆာလံကျမ်း​သည် ကျွန်ုပ်​တို့အတွက် အသုံးဝင်​ကြောင်း မည်သို့​ထင်ရှား​သနည်း။

ဆာလံကျမ်း​သည် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများ​အတွက် အလွန်​အသုံးဝင်​ပါ​သည်​တကား! ကျွန်ုပ်​တို့​အဖို့​အ​လို့​ငှာ ကိုယ်တော်​ပြု​တော်​မူ​သည့် ကြီးသော​အမှုတော်များ​အတွက် ကျေးဇူး​တင်​လို​ကြ​သည့်​အခါ ကျွန်ုပ်​တို့သည် ဆာလံကျမ်း​တွင်​ပါ​သော တင့်တယ်လှ​သည့်​စကားလုံး​များ​ကို သတိရ​ပေမည်။ သာဓက​အနေ​ဖြင့် နေ့သစ်​တစ်ရက်​သို့ နိုးထ​လာ​သည့်​အခါ ဤ​ကဲ့သို့​သော​စကား​များ​ကို ပြောဆို​ရန် လှုံ့ဆော်​ခံရ​ကြ​ပေမည်– “ထာဝရ​ဘုရား​၏ ကျေးဇူးတော်​ကို​ချီးမွမ်း​၍၊ အမြင့်ဆုံး​သော​ဘုရား [သခင်] ၏​နာမတော်​ကို ထောမနာ​သီချင်းဆို​ခြင်း​ငှာ​လည်းကောင်း၊ . . . ကရုဏာတော်​နှင့်​သစ္စာတော်​ကို နံနက်​အချိန်၊ ည​အချိန် အစဉ်​အတိုင်း​ပြ​ခြင်း​ငှာ​လည်းကောင်း လျောက်ပတ်​ပေ​၏။ အို​ထာဝရ​ဘုရား အမှုတော်များ​အားဖြင့် အကျွန်ုပ်​ကို​ဝမ်းမြောက်​စေတော်မူ​သည်​ဖြစ်၍ လက်တော်​နှင့်​ပြုပြင်​တော်​မူသမျှ​တို့​ကြောင့် ရွှင်လန်းစွာ​သီချင်း​ဆိုပါ​မည်။” (ဆာလံ ၉၂:၁-၄) ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​တိုးတက်မှု​ကို တားဆီး​သည့်​အရာတစ်ခု​ကို အောင်မြင်​ကျော်လွှား​နိုင်သော​အခါ ဆာလံဆရာ​သီဆို​ခဲ့​သကဲ့သို့ ရွှင်လန်းခြင်း​နှင့် ကျေးဇူး​တင်​ခြင်း​ကို ဆုတောင်းခြင်း​ဖြင့် ဤသို့​ဖော်ပြ​လို​ပေမည်– “လာ​ကြ။ ထာဝရ​ဘုရား​အား ရွှင်လန်းစွာ​သီချင်းဆို​ကြ​ကုန်​အံ့။ ငါ​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​ရာ​ကျောက်​ကို ကျူးဧ​ကြ​ကုန်​အံ့။ ကျေးဇူးတော်​ကို​ချီးမွမ်း​လျက် ရှေ့တော်​သို့​ဝင်၍ ဆာလံ​သီချင်းဆို​လျက် ကျူးဧ​သော​အသံကို ပြု​ကြ​ကုန်​အံ့။”—ဆာလံ ၉၅:၁၊ ၂

၇။ (က) ခရစ်ယာန်​များ​သီဆို​သော သီချင်းများ​စွာ​နှင့်​ပတ်သက်​၍ မှတ်သားထိုက်​သည့်​အရာ​ကား အဘယ်နည်း။ (ခ) အစည်းအဝေး​များ​သို့ စောစော​ရောက်လာ​ကာ အဆုံးအထိ​နေဖို့​ကောင်း​သည့် အကြောင်းရင်း​တစ်ခု​ကား အဘယ်နည်း။

ကျွန်ုပ်​တို့သည် အသင်းတော်​အစည်းအဝေး​များ၊ အစည်းအဝေးများနှင့် စည်းဝေးကြီး​များ​တွင် ယေဟောဝါ​အား အသံကို​မြှင့်​၍ ချီးမွမ်း​သီချင်းများ​ဆို​လေ့​ရှိကြသည်။ ထို​သီချင်း​အများအပြား​သည် ဆာလံကျမ်း​ပါ မှုတ်သွင်းခံ​အတွေးအခေါ်​များ​ကို အခြေပြု​ထား​သည်​မှာ မှတ်သားထိုက်​ပေ​သည်။ ယေဟောဝါ​အား ကျွန်ုပ်​တို့​လှိုက်လှိုက်လှဲလှဲ​သီဆို​နိုင်​သည့် အချိန်သင့်​အခါသင့်​သီချင်းများ​ရရှိ​ထား​သည့်​အတွက် အလွန်​ဝမ်းသာစရာ​ပါ​တကား! ဘုရားသခင်​အား ချီးမွမ်း​သီချင်းဆို​ခြင်း​သည် အစည်းအဝေး​များ​သို့ စောစော​ရောက်ရှိ​ရန်​နှင့် အဆုံးအထိ​ရှိနေ​ရန် အကြောင်းကောင်း​တစ်ရပ်​ဖြစ်သည်၊ ဤနည်းဖြင့် ဝတ်ပြု​ကိုးကွယ်​သူ​ချင်း​တို့​နှင့်အတူ ယေဟောဝါ​အား ချီးမွမ်း​သီချင်းဆို​၍ ကိုယ်တော်​ထံ​ဆုတောင်းခြင်း​၌ ပါဝင်​နိုင်​ကြသည်။

‘အသင်​လူများ၊ ဂျား​ကို​ချီးမွမ်း​ကြလော့!’

၈။ “ဟာ​လေ​လု​ယ” ဟူသော​စကားလုံး​တွင် အဘယ်အရာ​အကျုံးဝင်​သနည်း၊ များသောအားဖြင့် မည်သို့​ဘာသာ​ပြန်ဆို​ကြ​သနည်း။

“ဟာ​လေ​လု​ယ” ဟူသော​စကားလုံး​တွင် ယေဟောဝါ​အား​ချီးမွမ်း​ခြင်း​အကျုံးဝင်​သည်၊ ယင်း​ကား ‘အသင်​လူများ၊ ဂျား​ကို​ချီးမွမ်း​ကြလော့’ ဟူ၍​အမြဲတစေ​ပြန်ဆို​လေ့​ရှိသည့် ဟေဗြဲ​အသုံးအနှုန်း​တစ်ခု​ကို စာလုံး​ဖလှယ်​ထားခြင်း​ဖြစ်သည်။ ဥပမာ၊ ဆာလံ ၁၃၅:၁-၃ တွင် ဤ​လှိုက်လှဲ​လေးနက်​သော ဖိတ်ခေါ်ချက်​ကို တွေ့ရှိ​ရသည်– “ထာဝရ​ဘုရား​၏​နာမတော်​ကို ချီးမွမ်း​ကြလော့။ ထာဝရ​ဘုရား​၏​အိမ်တော်၊ ငါ​တို့​ဘုရားသခင်​၏ အိမ်တော်​တံတိုင်း​တွင်​အမှုစောင့်​သော ထာဝရ​ဘုရား​၏​ကျွန်တော်​တို့ ချီးမွမ်း​ခြင်း​ကို​ပြု​ကြလော့။ ထာဝရ​ဘုရား​သည် ကောင်းမြတ်​တော်​မူ​သောကြောင့် ထာဝရ​ဘုရား​ကို​ချီးမွမ်း​ကြလော့။ နာမတော်​ကို ထောမနာ​သီချင်းဆို​ကြလော့။ ထိုသို့​သော​အမှုသည် တင့်တယ်​လျောက်ပတ်​ပေ​၏။”

၉။ ယေဟောဝါ​အား​ချီးမွမ်း​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သနည်း။

ဘုရားသခင်​၏ အံ့ဖွယ်​ဖန်ဆင်း​ရာ​အမှုတော်များ​နှင့် ကျွန်ုပ်​တို့​အကျိုးအတွက် ပြု​တော်​မူ​သော​အမှုတော်များ​ကို စေ့စေ့​စဉ်းစား​ကြည့်​ကြ​သည့်​အခါ လှိုက်လှဲ​သည့်​ကျေးဇူး​တင်​လေးမြတ်မှု​က ကိုယ်တော်​အား ချီးမွမ်း​ရန် လှုံ့ဆော်ပေး​သည်။ အတိတ်​ကာလ​က မိမိ၏​လူမျိုးတော်​အတွက် ယေဟောဝါ​ပြုလုပ်​သော အံ့ဖွယ်​အမှုတော်များ​ကို ပြန်​သုံးသပ်​သည့်​အခါ ကိုယ်တော်​အား ချီးမွမ်း​ရန် တိုက်တွန်း​လှုံ့ဆော်​ခံရ​သည်။ ထို့​အပြင် ရှေ့တွင် ယေဟောဝါ​ပြုလုပ်​ဦး​မည့် ကြီးမြတ်သော​အရာများ​နှင့်​ပတ်သက်သော ကတိတော်​များ​ကို ကျွန်ုပ်​တို့​တွေးတော​ဆင်ခြင်​ကြ​စဉ် ကျေးဇူးတော်​ကို ချီးမွမ်း​ထောမနာပြု​ရန် နည်းလမ်းများ​ကို​ရှာဖွေ​ကြသည်။

၁၀၊ ၁၁။ ကျွန်ုပ်​တို့​အသက်​ရှင်​နေခြင်း​ကိုယ်နှိုက်​က ဘုရားသခင်​အား​ချီးမွမ်း​ရန် မည်သို့​အကြောင်း​ရှိစေ​သနည်း။

၁၀ ကျွန်ုပ်​တို့​အသက်​ရှင်​နေခြင်း​ကိုယ်နှိုက်​က​ပင် ဂျား​အား​ချီးမွမ်း​ရန် ခိုင်လုံ​သော​အကြောင်းရင်း​ဖြစ်သည်။ ဒါဝိဒ်က ဤသို့​သီဆို​ခဲ့​သည်– “အကျွန်ုပ်သည် ကြောက်မက်​ဖွယ်​သော​လက္ခဏာ၊ ထူးဆန်းသော​လက္ခဏာ​တို့​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်။ ပြုပြင်​တော်​မူ​သော​အမှုတို့​သည် အံ့သြဖွယ်​ဖြစ်​ကြောင်းကို အကျွန်ုပ်၏​စိတ်​ဝိညာဉ်​သည်​အမှန်​သိပါ​၏။” (ဆာလံ ၁၃၉:၁၄) မှန်ပါသည်၊ ကျွန်ုပ်​တို့သည် “အံ့ဖွယ်” နည်းဖြင့်​ပြုလုပ်​ခံရ​ကြ​ပြီး ကြား​နိုင်၊ မြင်နိုင်၊ တွေးတော​နိုင်​သည့်​စွမ်းရည်​များ​အစ​ရှိသော အဖိုးထိုက်​ဆုကျေးဇူး​များ ရရှိ​ထား​ပါ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အား ချီးမွမ်း​သည့်​နည်းဖြင့် အသက်မရှင်​သင့်​ပေ​လော။ ပေါလု​က အလားတူ​သဘော​မျိုး​ဖြင့် ဤသို့​ရေးသားခဲ့​သည်– “သင်တို့သည် စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကိုပြု​သော်လည်း​ကောင်း ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို​ပြု​ကြလော့။”—၁ ကောရိန္သု ၁၀:၃၁

၁၁ ယေဟောဝါ​ကို ကျွန်ုပ်​တို့​အမှန်တကယ်​ချစ်​ကြ​မည်​ဆိုလျှင် ကိုယ်တော်​၏​ဘုန်းတော်​ကို​ထောက်​လျက် အရာခပ်သိမ်း​ကို ပြုလုပ်​ကြ​ပါ​လိမ့်​မည်။ ပထမ​ပညတ်​ကား “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်​လော့” ဖြစ်သည်ဟု ယေရှု​မိန့်ဆိုခဲ့သည်။ (မာကု ၁၂:၃၀; တရားဟောရာ ၆:၅) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​နှင့် “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ” ကို​ပေး​တော်​မူ​သော​အရှင်ဖြစ်​သောကြောင့် ကိုယ်တော်​အား ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ကာ ချီးမွမ်း​သင့်​ပေ​သည်။ (ယာကုပ် ၁:၁၇; ဟေရှာယ ၅၁:၁၃; တမန်​တော် ၁၇:၂၈) အမှန်​မှာ၊ ကျွန်ုပ်​တို့၏ ဆင်ခြင်​နိုင်စွမ်း၊ ဝိညာဉ်​ရေး​အစွမ်းအစ​နှင့် ကာယ​ခွန်အား—ကျွန်ုပ်​တို့၏​အရည်အသွေး​နှင့် အရည်အချင်းများ​အားလုံး—သည် ယေဟောဝါ​ထံ​တော်​မှ​ဖြစ်၏။ ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အနေ​နှင့် ကျွန်ုပ်​တို့၏​ချစ်​မြတ်နိုးမှု​နှင့် ချီးမွမ်း​ခြင်း​ကို​ခံထိုက်​တော်​မူ​၏။

၁၂။ ယေဟောဝါ​ပြု​တော်​မူ​သည့် ကြီးသော​အမှုတော်များ​နှင့် ဆာလံ ၄၀:၅ ပါ​စကား​ကို သင်​မည်သို့​ယူမှတ်​သနည်း။

၁၂ ယေဟောဝါ​၏​ကြီးမြတ်သော အမှုတော်များ​က ကိုယ်တော်​အား ချစ်​မြတ်နိုး​ရန်​နှင့် ချီးမွမ်း​ရန် အကြောင်းရင်း​များစွာ​ပေး​ပါ​သည်​တကား! “အကျွန်ုပ်၏​ဘုရားသခင်​ထာဝရ​ဘုရား အကျွန်ုပ်​တို့​အဖို့​ပြု​တော်​မူ​သော အံ့သြဖွယ်​အမှုတို့​နှင့် ကြံစည်​တော်​မူ​သော​အကြံအစည်​တို့သည် များ​လှ​ပါ​၏” ဟု​ဒါဝိဒ်က သီဆို​ခဲ့​သည်။ “ရှေ့တော်၌ အစဉ်​အတိုင်း​လျှောက်​၍​မကုန်နိုင်​ပါ။ အကျွန်ုပ်​ထုတ်ဖော်​ကြား​ပြော​မည်​ဟု​ဆို​သော် ရေတွက်​၍​မကုန်နိုင်​အောင်​များ​လှ​ပါ​၏။” (ဆာလံ ၄၀:၅) ဒါဝိဒ်​သည် ယေဟောဝါ​ပြု​တော်​မူ​သော အံ့ဖွယ်အမှု​များ​ကို မရေတွက်​နိုင်​သကဲ့သို့ ကျွန်ုပ်​တို့​လည်း မရေတွက်​နိုင်​ပေ။ သို့သော် ကိုယ်တော်​၏ ကြီးသော​အမှုတော် တစ်စုံတစ်ရာ​ကို ကျွန်ုပ်​တို့​အာရုံပြု​ရန် အကြောင်း​ပေါ်လာ​သည့်​အခါ ဘုရားသခင်​အား အစဉ်​ချီးမွမ်း​ကြပါစို့။

ဘုရားသခင်​၏​ထာဝရ​ရည်ရွယ်ချက်​နှင့် ဆက်နွှယ်သော အမှုတော်များ

၁၃။ ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​သည် ဘုရားသခင်​၏ ကြီးသော​အမှုတော်များ​နှင့် မည်သို့​ဆက်နွှယ်​သနည်း။

၁၃ အနာဂတ်​အတွက် ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​သည် ဘုရားသခင်​၏ ထာဝရ​ရည်ရွယ်တော်မူချက်​နှင့်​ဆက်စပ်​သော ကြီးမြတ်​၍ ချီးမွမ်း​ထိုက်သည့်​အမှုတော်များ​နှင့် ဆက်နွှယ်​နေသည်။ ဧဒင်​တွင် ပုန်ကန်မှု​ဖြစ်ပေါ်​ပြီး​နောက် ယေဟောဝါ​သည် မျှော်လင့်ချက်​ပြည့်ဝ​သည့် ပထမဦးဆုံး​ပရောဖက်ပြုချက်​ကို မိန့်မြွက်​တော်​မူ​ခဲ့​သည်။ မြွေ​ကို​တရား​စီရင်​ပြီး​နောက် ဘုရားသခင်​က ဤသို့​မိန့်ဆိုခဲ့သည်– “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း ငါသည်​ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို​ကြိတ်​လိမ့်​မည်​ဟု မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၅) ဆိုးသွမ်း​သော​ကမ္ဘာ​ကို သုတ်သင်​ရှင်းလင်း​သည့် ကမ္ဘာချီ​ရေလွှမ်းမိုး​ဘေး​တွင် နောဧ​နှင့် သူ၏​မိသားစုကို ကာကွယ်​ပေးခြင်း​အားဖြင့် ကြီးသော​အမှုတော်ကို ယေဟောဝါ​ပြု​တော်​မူ​ပြီး​နောက် ကတိ​ထား​တော်​မူ​သော မိန်းမ​အမျိုးအနွယ်​နှင့်​ပတ်သက်​သည့် မျှော်လင့်ချက်​သည် သစ္စာရှိ​လူသားများ​၏​နှလုံး​တွင် ကိန်းအောင်း​နေခဲ့​သည်။ (၂ ပေတရု ၂:၅) အာဗြဟံ​နှင့် ဒါဝိဒ်​တို့​ကဲ့သို့​သော ယုံကြည်ခြင်း​ရှိ​သူများ​အားပေးခဲ့​သည့် ပရောဖက်ပြုချက်​ကတိတော်​များ​က ထို​မျိုးနွယ်တော်​အားဖြင့် ယေဟောဝါ​ပြီးမြောက်​စေ​မည့်​အရာများ​ကို ထပ်ဆင့်​ထိုးထွင်း​သိမြင်​စေ​ခဲ့​သည်။—ကမ္ဘာဦး ၂၂:၁၅-၁၈; ၂ ဓမ္မ​ရာဇဝင် ၇:၁၂

၁၄။ လူသားများ​အတွက် ယေဟောဝါ​ပြု​တော်​မူ​သည့် ကြီးသော​အမှုတော်များ​အနက် အကြီးမြတ်ဆုံး​နမူနာ​ကား အဘယ်နည်း။

၁၄ လူသားတို့​အတွက် ကြီးသော​အမှုတော်များ​ပြု​တော်​မူ​သော​အရှင်​အဖြစ် ယေဟောဝါ​၏​အကြီးမြတ်ဆုံး​ထင်ရှား​ပြသမှု​သည် ရွေးနုတ်ဖိုး​ပူဇော်​သကာ​အဖြစ် မိမိ၏​တစ်ပါး​တည်း​သော​သားတော်—ကတိထားရာ​မျိုးနွယ်တော်၊ ယေရှု​ခရစ်—ကို ပေး​တော်​မူ​ခဲ့​သောအခါ​ဖြစ်သည်။ (ယောဟန် ၃:၁၆; တမန်​တော် ၂:၂၉-၃၆) ရွေးနုတ်ဖိုး​သည် ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်​ရန်​အတွက် အခြေခံ​ဖြစ်သည်။ (မဿဲ ၂၀:၂၈; ရောမ ၅:၁၁) ယေဟောဝါ​သည် ပထမဦးဆုံး ပြန်လည်​သင့်မြတ်​ခံရ​သူများကို စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် တည်ထောင်​ခဲ့​သော ခရစ်ယာန်​အသင်းတော်တွင် စုရုံး​စေ​ခဲ့​သည်။ သူတို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အကူအညီ​ဖြင့် ယေရှု၏​သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း​က ဘုရားသခင်​၏​ကောင်းကင်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် နာခံမှု​ရှိသော​လူသားများ ထာဝရ​ကောင်းချီး​များ​ခံစားရ​ရန် လမ်းဖွင့်​ပေး​ပုံ​ကို ဖော်ပြ​လျက် သတင်းကောင်းကို နေရာအနှံ့​တွင် ဟောပြောခဲ့​ကြသည်။

၁၅။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ခေတ်တွင် အံ့ဖွယ်​နည်းဖြင့် မည်သို့​ပြု​တော်​မူ​ခဲ့​သနည်း။

၁၅ ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​သည် ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များ​မှ နောက်ဆုံး​သူတို့ကို​စုသိမ်း​ရန် အံ့ဖွယ်​နည်းဖြင့်​လုပ်ဆောင်​တော်​မူ​၏။ ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ​အုပ်စိုး​မည့် ၁၄၄,၀၀၀ မှ​ကျန်ကြွင်း​သူများကို တံဆိပ်​ခတ်​ရန်​အတွက် ဖျက်ဆီးခြင်း​လေကို ကိုင်​လျက်​ရှိသည်။ (ဗျာဒိတ် ၇:၁-၄; ၂၀:၆) ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များသည် မှောက်မှားသော​ဗာဗုလုန်​အင်ပါယာ၊ “ဗာဗုလုန်​မြို့ကြီး” ၏​ဝိညာဉ်​ရေး​ကျွန်​အဖြစ်​မှ လွတ်မြောက်​ကြ​ရန် ဘုရားသခင်​စီစဉ်​ခဲ့ပြီ။ (ဗျာဒိတ် ၁၇:၁-၅) ထို​လွတ်မြောက်မှု​သည် ၁၉၁၉ ခုနှစ်​တွင်​ဖြစ်ပျက်​ခဲ့​ပြီး ၎င်း​အချိန်​ကတည်းက သူတို့​ခံစား​ခဲ့​ရသည့် မြင့်​မြတ်သော​ကာကွယ်​မှု​သည် ကောင်းကင်​အတန်းအစား​အကြွင်းအကျန်​တို့ကို အဘယ်အရာ​လုပ်ဆောင်ရန် ခွင့်ပြု​ခဲ့​သနည်း။ အလျင်အမြန်​ချဉ်းကပ်​လာ​နေသည့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ တွင် စာတန်​၏​ဆိုးသွမ်း​သည့်​အစီအစဉ်​စနစ်​ကို ယေဟောဝါ​အဆုံးတိုင်​စေ​တော်​မ​မူ​မီ နောက်ဆုံး​သက်သေခံခြင်း​ဖြင့် အလင်းထွန်းလင်း​ရန်ဖြစ်​သည်။—မဿဲ ၂၄:၂၁; ဒံယေလ ၁၂:၃; ဗျာဒိတ် ၇:၁၄

၁၆။ မျက်မှောက်ခေတ် ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​ကြောင့် မည်သည့်​အရာ​ဖြစ်မြောက်​နေသနည်း။

၁၆ ယေဟောဝါ​၏ ကောင်းကင်​အတန်းအစား​သက်သေ​များသည် ကမ္ဘာချီ​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ဇွဲရှိ​စွာ ဦးစီး​ဦးဆောင်​ပြု​ခဲ့​ကြသည်။ ရလဒ်​အနေ​နှင့် အရေအတွက်​တိုးများ​လာ​နေသော “အခြားသိုး” များသည် ယခု​တွင် ယေဟောဝါ​ကို​ဝတ်ပြု​ကိုးကွယ်​သူများ​ဖြစ်လာ​ကြပြီ။ (ယောဟန် ၁၀:၁၆) ယေဟောဝါ​အား ချီးမွမ်း​ခြင်း​တွင် ကျွန်ုပ်​တို့​နှင့်အတူ ပူးပေါင်း​ပါဝင်​ရန် မြေကြီးပေါ်​ရှိ စိတ်​နှိမ့်ချ​သူများ​အဖို့ အခွင့်အလမ်း​ပွင့်​နေဆဲ​ရှိသည့်​အတွက် ကျွန်ုပ်​တို့​ဝမ်းမြောက်​ကြသည်။ “လာ​ပါ” ဟူသော​ဖိတ်ခေါ်ချက်​ကို တုံ့ပြန်​သူများ​သည် ယေဟောဝါ​အား ထာဝရ​ကာလပတ်လုံး ချီးမွမ်း​ရမည့်​အလားအလာ​နှင့်အတူ ကြီးစွာ​သော​ဆင်းရဲခြင်း​တစ်လျှောက် ကာကွယ်​ခံရ​ကြ​မည်​ဖြစ်သည်။—ဗျာဒိတ် ၂၂:၁၇

စစ်မှန်သော​ဝတ်ပြုရေး​သို့ ထောင်ချီ​၍​စုဝေး​လာ

၁၇။ (က) ကျွန်ုပ်​တို့​ဟောပြောခြင်း​လုပ်ငန်း​နှင့် ဆက်စပ်​သည့် ကြီးသော​အမှုတော်ကို ယေဟောဝါ မည်သို့​ပြု​နေ​တော်​မူ​သနည်း။ (ခ) ဇာခရိ ၈:၂၃ သည် မည်သို့​ပြည့်စုံ​လျက်​ရှိ​သနည်း။

၁၇ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​နှင့်​ဆက်စပ်​၍ ကြီးမြတ်​ပြီး ချီးမွမ်း​ထိုက်သည့်​အမှု​များ​ကို ယခု ပြု​တော်​မူ​၏။ (မာကု ၁၃:၁၀) ကိုယ်တော်​သည် မကြာသေးမီ​နှစ်များ​အတွင်း ‘အလွန်​ကြီးစွာ​သော လုပ်ငန်းတော်​တံခါးကြီး​ကို​ဖွင့်ပေး’ ခဲ့​သည်။ (၁ ကောရိန္သု ၁၆:၉) ယင်းက ယခင်​အချိန်တွင် အမှန်တရား​၏​ရန်သူများ တားဆီး​ပိတ်ပင်​ခဲ့​သော ကျယ်ပြော​သည့်​နေရာ​ဒေသ​များ​တစ်လျှောက်​တွင် သတင်းကောင်းကို ရောက်ရှိ​စေနိုင်​ခဲ့​ပေ​ပြီ။ တစ်ချိန်က ဝိညာဉ်​ရေး​မှောင်မိုက်​တွင် နေခဲ့​ကြ​သူများစွာ​သည် ယေဟောဝါ​အား​ဝတ်ပြု​ရန်​ဟူသော ဖိတ်ခေါ်ချက်​ကို တုံ့ပြန်​နေကြ​သည်။ သူတို့သည် ဤ​ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ​ကြ​၏– “‘ထို​ကာလ​၌ ဘာသာ​အသီးအသီး​ကို​ပြောတတ်​သော လူအမျိုးမျိုး​တို့​တွင် တစ်ကျိပ်​သော​လူတို့သည် ယုဒ​လူ​ဖြစ်သော​သူ၏​အဝတ်စွန်း​ကို​ကိုင်​လျက် “ဘုရား​သခင်သည် သင်​နှင့်အတူ​ရှိ​တော်​မူ​သည်​ဟု အကျွန်ုပ်​တို့သည်​ကြား​သိ၍ သင်တို့​နှင့်အတူ​လိုက်ပါမည်” ဟု​ဆို​ကြလိမ့်မည်’ ဟု​ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​မိန့်တော်မူ၏။” (ဇာခရိ ၈:၂၃) ဤ “သင်တို့” သည် ဝိညာဉ်​ရေး​ဂျူး​များ​ဖြစ်သော မျက်မှောက်ခေတ် ကောင်းကင်​အတန်းအစား ခရစ်ယာန်​အကြွင်းအကျန်​ဖြစ်သည်။ တစ်ကျိပ်​သည် မြေကြီးဆိုင်ရာ​ပြည့်စုံချက်​ကို ကိုယ်စား​ပြုသော​ကြောင့် “တစ်ကျိပ်​သော​လူ​တို့” သည် “ဘုရားသခင်​၏​ဣသရေလ​အမျိုး” နှင့်​ပေါင်းသင်း​ရန် ဆောင်ကြဉ်း​ခံရ​ကာ “သိုးခြံ​တစ်ခု” ဖြင့်​ဖွဲ့စည်း​သည့် ‘လူအုပ်ကြီး’ ကို​ကိုယ်စား​ပြု​သည်။ (ဗျာဒိတ် ၇:၉၊ ၁၀; ဂလာတိ ၆:၁၆) ယခု ဤ​သူများစွာ​တို့သည် ယေဟောဝါ​ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​သူများ​အဖြစ် မြင့်မြတ်​သော​လုပ်ငန်းတော်​၌ အတူတကွ​ပါဝင်​ထမ်းဆောင်​ကြ​နေသည်​ကို တွေ့မြင်​ရခြင်း​သည် တကယ်​ရွှင်လန်းစရာ​ပါ​တကား!

၁၈၊ ၁၉။ ယေဟောဝါ​သည် ဟောပြောခြင်း​လုပ်ငန်း​ကို ကောင်းချီး​ပေး​နေကြောင်း အဘယ်​သာဓက​ရှိ​သနည်း။

၁၈ တစ်ချိန်က ဗာဗုလုန်​ဘာသာ​တရား​၏​စိုးမိုးမှု​ကြောင့် သတင်းကောင်းကို ဘယ်တော့​မျှ လက်ခံ​ကြ​မည့်​ပုံ​မရ​သော​သူများ​နေထိုင်​သည့် နိုင်ငံ​များ​တွင် ထောင်နှင့်ချီ​၍—အမှန်ပင် ထောင်သောင်း​ချီ​၍—စစ်မှန်သော​ဝတ်ပြုရေးကို လက်ခံ​ယုံကြည်​ကြ​သဖြင့် ဝမ်းသာ​ပီတိ​ဖြစ်​ကြ​ရသည်။ ဤ​နှစ် ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ် ကို​စစ်ဆေး​သုံးသပ်ကြည့်​ပါ၊ ယခု နိုင်ငံတော်​ကြေညာသူ ၁၀၀,၀၀၀ မှ ၁,၀၀၀,၀၀၀ နီးပါး​အထိ မှတ်တမ်း​ပေး​ပို့​နေကြ​သော နိုင်ငံ​များ​ကို သတိပြုပါ။ ယင်းသည် နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ယေဟောဝါ​ကောင်းချီး​ပေး​နေကြောင်း ခိုင်လုံ​သည့်​သာဓက​ဖြစ်သည်။—သု. ၁၀:၂၂

၁၉ ယေဟောဝါ​၏​လူမျိုးတော်​အနေ​နှင့် ကျွန်ုပ်​တို့၏​ဘဝတွင် ရည်ရွယ်ချက်​အစစ်အမှန်​ကို ရရှိ​ထားခြင်း၊ ကိုယ်တော့်​လုပ်ငန်းတော်တွင် အကျိုးရှိ​စွာ​ပါဝင်ခွင့်​ရခြင်း​နှင့် အနာဂတ်​အတွက် တောက်ပ​သည့်​အလားအလာ​တို့ကို ရရှိစေ​သောကြောင့် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​အား ကျေးဇူး​တင်​ချီးမွမ်း​ကြသည်။ ကျွန်ုပ်​တို့သည် မြင့်မြတ်​သောက​တိ​တော်​အားလုံး​ပြည့်စုံ​မည့်​အချိန်ကို စိတ်အား​ထက်သန်​စွာ​မျှော်လင့်​လျက် ‘ထာဝရ​အသက်​အလို​ငှာ ငါ​တို့​ဘုရားသခင်​၏​ချစ်ခြင်း​မေတ္တာ​၌ ကိုယ်ကို​စောင့်ရှောက်​၍’ အသက်ရှင်နေ​ကြဖို့ စိတ်ပိုင်းဖြတ်​ထား​ကြသည်။ (ယုဒ ၂၀၊ ၂၁) ယခု ဘုရားသခင်​အား​ချီးမွမ်း​နေသည့် လူအုပ်ကြီး​အရေအတွက်​သည် ၆,၀၀၀,၀၀၀ ခန့်​ရှိသည်​ကို တွေ့မြင်​ရသည့်​အတွက် အလွန်​ဝမ်းမြောက်​ကြ​ပါ​သည်​တကား! ယေဟောဝါ​၏​ကောင်းချီး အထင်အရှား​ခံစားရ​လျက် ကောင်းကင်​အတန်းအစား​အကြွင်းအကျန်​နှင့် သူတို့၏​လုပ်ဖော်ဆောင်ဖက် အခြားသိုး​တို့သည် နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် အသင်းတော် ၉၁,၀၀၀ ခန့်​အတွင်း ဖွဲ့စည်း​ခံရ​ကြသည်။ ကျွန်ုပ်​တို့အားလုံး​သည် “သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်” ၏​မမော​နိုင်​မ​ပန်း​နိုင်သော ကြိုးစား​အားထုတ်မှု​များ​ကြောင့် ဝိညာဉ်​အစာကို ဝဝလင်လင်​သုံးဆောင်​နေရ​ကြသည်။ (မဿဲ ၂၄:၄၅သ​မ) မေတ္တာပါ​သော​ကြီးကြပ်မှု​အောက် တိုးတက်​လျက်​ရှိသော သီအိုကရက်တစ်​အဖွဲ့အစည်း​တစ်ခု​သည် ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး ၁၁၀ မှ​တစ်ဆင့် နိုင်ငံတော်​လုပ်ငန်း​ကို စီမံခန့်ခွဲ​နေပါ​သည်။ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်​အား ‘သူတို့၏​တန်ဖိုး​ရှိရာ​များ​ဖြင့် ကိုယ်တော်​ကို​ဂုဏ်ပြု’ ရန် လှုံ့ဆော်ပေး​ခဲ့​သည့်​အတွက် ကျွန်ုပ်​တို့​အလွန်​ကျေးဇူး​တင်​ကြသည်။ (သု. ၃:၉၊ ၁၀) အကျိုးဆက်​အနေ​နှင့် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​သည် ဆက်​တိုးတက်​နေပြီး လိုအပ်​သလို ပုံနှိပ်​စက်ရုံ​များ၊ ဗေသလ​နှင့်​သာသနာပြု​အိမ်များ၊ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များနှင့် အစည်းအဝေး​ခန်းမ​များ​ကို ဆောက်လုပ်​လျက်​ရှိသည်။

၂၀။ ယေဟောဝါ​၏ ကြီးမြတ်​၍ ချီးမွမ်း​ထိုက်သည့်​အမှုတော်များ​ကို ပြန်​သုံးသပ်ခြင်းက ကျွန်ုပ်​တို့​အပေါ် မည်သို့​သက်ရောက်မှု​ရှိ​သင့်​သနည်း။

၂၀ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ပြု​တော်​မူ​သည့် ကြီးမြတ်​၍ ချီးမွမ်း​ထိုက်သည့်​အမှုတော်​အားလုံး​ကို ဖော်ပြ​ရန်​မှာ မဖြစ်​နိုင်​ပါ။ သို့သော် စိတ်နှလုံး​ဖြူစင်​သူ မည်သူ​မဆို ယေဟောဝါ​အား​ချီးမွမ်းသူ​လူအုပ်​တွင် မပါဝင်ဘဲ​နေနိုင်​သလော။ မနေနိုင်​ပါ​လေ! ထို့​ကြောင့် ဘုရားသခင်​ကို​ချစ်​မြတ်နိုးသူ​များ​အားလုံး ဤသို့​ရွှင်လန်းစွာ ဟစ်အော်​ကြပါစို့– “ကောင်းကင်ဘုံ​၌ ထာဝရ​ဘုရား​ကို​ချီးမွမ်း​ကြလော့။ ဘဝ​ဂ်​ပေါ်မှာ​ချီးမွမ်း​ကြလော့။ ကောင်းကင်တမန်​အပေါင်း​တို့ ထာဝရ​ဘုရား​ကို​ချီးမွမ်း​ကြလော့။ . . . လူပျို​နှင့်​အပျို​များ၊ လူ​အို​နှင့်​လူက​လေး​များ​တို့ ထာဝရ​ဘုရား​ကို​ချီးမွမ်း​ကြလော့။ နာမတော်​တစ်ပါး​တည်း​သာ​လျှင်​မြတ်​၍ ဘုန်းတော်သည် မြေကြီး​နှင့်​ကောင်းကင်​အပေါ်​ထက်​၌​ရှိသောကြောင့် ထာဝရ​ဘုရား​၏​နာမတော်​ကို ချီးမွမ်း​ကြ​စေ။” (ဆာလံ ၁၄၈:၁၊ ၂၊ ၁၂၊ ၁၃) မှန်ပါသည်၊ ယခု​ကော ထာဝရ​ပါ ယေဟောဝါ​ပြု​တော်​မူ​သည့် ကြီးသော​အမှုတော်များ​အတွက် ကိုယ်တော်​အား ချီးမွမ်း​ကြပါစို့!

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​အား ချီးမွမ်း​ထိုက်သည့်​အမှုတော်များ​မှ အချို့​ကား အဘယ်နည်း။

• ယေဟောဝါ​အား​ချီးမွမ်း​ရန် အဘယ်ကြောင့် သင်​လှုံ့ဆော်​ခံရ​သနည်း။

• ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​သည် ဘုရားသခင်​၏​ကြီးသော​အမှုတော်များ​နှင့် မည်သို့​ဆက်စပ်​သနည်း။

• နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​နှင့်​ပတ်သက်​၍ ချီးမွမ်း​ထိုက်သည့်​အမှုတော်များ​ကို ယေဟောဝါ မည်သို့​ပြုလုပ်​နေ​တော်​မူ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင်သည် ယေဟောဝါ​အား ချီးမွမ်း​သည့်​သီချင်းများ​ကို လှိုက်လှိုက်လှဲလှဲ သီဆို​သလော

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေဟောဝါ​အား ချီးမွမ်း​ခြင်း​တွင် ကျွန်ုပ်​တို့​နှင့်အတူ ပူးပေါင်း​ပါဝင်​ရန် စိတ်​နှိမ့်ချ​သူများ​အဖို့ အခွင့်အလမ်း​ပွင့်​နေဆဲ​ဖြစ်၍ ကျွန်ုပ်​တို့​ဝမ်းမြောက်​ကြ