မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာလေ့လာခြင်း သင့်အတွက်လော

ကျမ်းစာလေ့လာခြင်း သင့်အတွက်လော

ကျမ်းစာ​လေ့လာခြင်း သင့်အတွက်​လော

“ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​ရှေ့​မဟုတ်လျှင် မဖတ်​ပါ​နှင့်။” ထို​သတိပေး​ချက်​သည် [ချာ့ခ်ျ] များ​ပိုင်​သည့် ကျမ်းစာ​စောင်​အချို့​၏​အစပိုင်း​တွင် ပါရှိ​သည်။ “ကျွန်မ​တို့ [ချာ့ခ်ျ] တွေ​က ကျမ်းစာ​သုံး​ခွင့် မရခဲ့​ဘူး၊ ဒါပေမဲ့ ခု​တော့​ပြောင်းလဲ​လာပြီ” ဟု လော့​စ်​အိန်ဂျလိစ်​ရှိ ကက်သလစ်​သမ္မာကျမ်းစာ​အသင်း​မှ ကေ​မာ​ဒီ​က​ဆို​သည်။ သမ္မာကျမ်းစာ​သည် မိမိတို့​အသက်တာကို အမှန်​အကျိုး​သက်ရောက်​နိုင်​ကြောင်း ကက်သလစ်​များ​သိရှိ​လာ​ကြသည်​နှင့်​တစ်ပြိုင်နက် “ကျမ်းစာ​ကို သိချင်စိတ်​ပြင်းပြ​လာတယ်” ဟု သူ​ဖော်ပြ​သည်။

ထို​ပြောင်းလဲမှု​နှင့်​ပတ်သက်​၍ ယူ.အက်စ်. ကက်သလစ်​မဂ္ဂဇင်းက ကျမ်းစာ​လေ့လာမှု​သင်တန်း​များ​တွင်​ပါဝင်​သည့် ကက်သလစ်​များသည် “ကက်သလစ်​တွေ​အနေ​နဲ့ ဆုံးရှုံး​နစ်နာ​ခဲ့​တာ​တွေ​ရှိတယ်၊ ကျမ်းစာ​ထဲမှာ အဖိုးထိုက်တဲ့​အရာ​အများကြီး​ပါ​တယ်၊ ဆုံးရှုံး​ခဲ့တယ်​လို့​သူတို့​ယူမှတ်​တဲ့ အဖိုးထိုက်​ရာ​အချို့​ကို သူတို့​ရ​လို​ကြတယ်” ဟု​ဘာသာရေးဆိုင်ရာ ပညာပေး​ညှိနှိုင်းရေးမှူး​တစ်ဦး​က ပြော​ခဲ့​ကြောင်း ကိုးကား​တင်ပြ​သည်။

မည်သို့​ပင်​ဖြစ်စေ ကျမ်းစာ​သင်သား​တစ်ဦး​ရှာဖွေ​တွေ့ရှိ​ရန် အဘယ် “အဖိုးထိုက်” အရာများ ၎င်း​တွင်​ပါရှိ​သနည်း။ သုံးသပ်ကြည့်​ပါ– နေ့စဉ်​အသက်တာ​၏​စိုးရိမ်​ပူပန်မှု​များ​ကို ဖြေရှင်း​တတ်​လို​သလော။ မိသားစု​အတွင်း စည်းလုံးမှု မည်သို့​ထိန်းသိမ်း​နိုင်​မည်​နည်း။ ရိုင်းပျမှု​နှင့် လူမှုရေး​ဆန့်ကျင်​သော​အပြု​အမူ​များ အဘယ်ကြောင့် ဤမျှ​များနေ​ရသနည်း။ ယနေ့​လူငယ်များ​အလယ်တွင် အကြမ်းဖက်မှု​ရှိ​ရခြင်း အကြောင်းရင်း​ကား အဘယ်နည်း။ ထို​ကဲ့သို့​သော​မေးခွန်းများ​နှင့် အခြား​နက်နဲ​ခက်ခဲ​သော​မေးခွန်းများ​အတွက် စိတ်ချ​လောက်​သော​အဖြေ​များ​ကို ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာ​၌​တွေ့ရှိ​နိုင်​ပြီး ကက်သလစ်​များ သို့​မဟုတ် ပရိုတက်စတင့်​များ​အတွက်သာ​မ​က . . . ဟိန္ဒူ၊ မွတ်​ဆ​လင်၊ ရှင်​တို​ဘာသာဝင်​များ၊ ဘုရားမဲ့​နှင့် မသိ​ဝါဒီ​သမားများ​အတွက်​ပင် ယင်းသည် အမှန်ပင် “အဖိုးထိုက်” လှ​ပေမည်။ ဆာလံဆရာ ဖော်ပြ​သည့်​အတိုင်း​ပင် ‘ကျမ်းစာ​သည် အကျွန်ုပ်​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ အကျွန်ုပ်​လမ်းခရီး​ကို​လင်း​စေပါ​၏။’ သင့်အတွက်​လည်း ထပ်တူ​ဖြစ်​နိုင်​ပါ​သည်။—ဆာလံ ၁၁၉:၁၀၅