မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ခရစ်ယာန်​အချို့​သည် တစ်ချိန်က ‘. . . ရုပ် . . .ကိုးကွယ်​ခြင်း’ ၌​ပါဝင်​ခဲ့​သည်​ဟု ၁ ပေတရု ၄:၃ တွင်​ကျွန်ုပ်​တို့​ဖတ်​ရသည်။ ဘုရားသခင်​သည် ရုပ်. . .ကိုးကွယ်​ခြင်း​မှန်သမျှကို စက်ဆုပ်​ကာ ပြစ်တင်​ရှုတ်ချ တားမြစ်​ထား​သည်မဟုတ်​ပေ​လော။

မှန်​၏၊ ဘုရားသခင့်​အမြင်​တွင် ရုပ်. . .ကိုးကွယ်​ခြင်း​မှန်သမျှ​သည် စက်ဆုပ်ဖွယ်​ဖြစ်သည်။ ကိုယ်တော်​၏​မျက်နှာသာ​ရ​လို​သူများ​သည် ရုပ်. . .မကိုးကွယ်​သင့်​ချေ။—၁ ကောရိန္သု ၅:၁၁; ဗျာဒိတ် ၂၁:၈

သို့သော် တမန်​တော်​ပေတရု​သည် ရုပ်. . .ကိုးကွယ်​ခြင်း​ကို အခြား​ရှုထောင့်​မှ ရည်ညွှန်း​နေ​ပုံ​ရသည်။ အကြောင်း​တစ်ခု​မှာ ရှေး​လူမျိုးများ​စွာ​စပ်ကြား​တွင် ရုပ်. . .ကိုးကွယ်​ခြင်း​သည် သာမန်​ကိစ္စ​ဖြစ်သည့်​အပြင် အာဏာပိုင်​များ​က မထိန်းမကွပ်​တရားဝင်​ခွင့်ပြု​ထား​၏။ ဤသို့​သော​ရုပ်. . .ကိုးကွယ်​ခြင်း​ကို နိုင်​ငံ့​ဥပဒေက မတားမြစ်​ပေ။ အချို့​သော​ကိုးကွယ်​ခြင်း​သည် . . . အုပ်ချုပ်ရေး​ဆိုင်ရာ​ပေါ်လစီ​နှင့်​ပင် ပတ်သက်​နေသည်။ ထို​သဘော​မျိုး​ဖြင့် အချို့​သည် ခရစ်ယာန်​မဖြစ်မီ ‘တရားဝင်​တားမြစ်​ထားခြင်း​မရှိသော ရုပ်. . .ကိုးကွယ်​ခြင်း​များ’ ၌​ပါဝင်​ခဲ့​၏။ (ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း၊ ၁၉၅၀ ပြည့်နှစ်​ထုတ်​စာစောင်) ဥပမာ၊ ဗာဗုလုန်​ရှင်ဘုရင်​နေဗုခဒ်နေဇာ​သည် ရွှေရုပ်​ပုံ​ကို​တည်လုပ်​ခဲ့​သော်လည်း ယေဟောဝါ​၏​ကျေးကျွန် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့သည် ယင်းကို​ဝတ်ပြု​ရန် ငြင်းပယ်​ခဲ့​ကြသည်​ကို သတိပြုမိ​ပေမည်။—ဒံယေလ ၃:၁-၁၂

အခြား​ရှုထောင့်​မှ​ကြည့်​လျှင် ရုပ်. . .ကိုးကွယ်​နည်း​အတော်များများ​တွင် သဘာဝ​နိယာမ​တရား သို့​မဟုတ် မွေးရာပါ​ကိုယ်ကို​ကိုယ်​သိသောစိတ်​မှ ဖြစ်ပေါ်​လာသော ကိုယ်ကျင့်တရား​နှင့် လုံးဝ​ဖီ​လာသော​အပြု​အမူ​များ​ပါဝင်​သည်။ (ရောမ ၂:၁၄၊ ၁၅) “ပကတိ​နှင့်​ဆန့်ကျင်” ၍ “ရှက်ကြောက်​ဖွယ်​သော” ယုတ်ညံ့​သည့်​အပြု​အမူ​များ​အကြောင်းကို တမန်​တော်​ပေါလု​ရေးသားခဲ့​ပြီး ယင်း​တို့ကို ဘာသာရေး​ထုံးတမ်း​စဉ်​လာ​များ​တွင် တွေ့ရ​တတ်​သည်။ (ရောမ ၁:၂၆၊ ၂၇) တရား​မဝင်​ရုပ်. . .ကိုးကွယ်​ခြင်း​၌ ပါဝင်​ကြသော အမျိုးသား၊ အမျိုးသမီးများ​တို့သည် လူ့​သဘောသဘာဝ​၏ တရားဝင်​တားမြစ်ချက်​ကို ဂရုမစိုက်​ကြ​ချေ။ ယင်းကြောင့် ခရစ်ယာန်​ဖြစ်လာ​ကြ​သူများ​သည် အဆိုပါ​အကျင့်ပျက်​အပြု​အမူ​များ​ကို စွန့်လွှတ်​ခဲ့​ကြ​ခြင်း​သည် အမှန်ပင်​လျောက်ပတ်​ပေ​သည်။

အထက်ပါ​ကိစ္စရပ်​များ​အပြင် ဂျူး​မဟုတ်​သူများ သာမန်​ပြု​လေ့​ရှိသည့် ဤသို့​သော​ရုပ်. . .ကိုးကွယ်​ခြင်း​များ​ကို ယေဟောဝါ​ဘုရားသခင် ပြစ်တင်​ရှုတ်ချ​ထား​၏။ သို့​ဖြစ်၍ ယင်း​တို့သည် တရား​မဝင်​ချေ။ *ကောလောသဲ ၃:၅-၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ၁ ပေတရု ၄:၃ ၌​ပါ​သော ဂရိ​စာသား​သည် “တရား​မဝင်​ရုပ်. . .ကိုးကွယ်​ခြင်း​များ” ဟု​အဓိပ္ပာယ်​ရသည်။ ဤ​စကားစု​ကို “တားမြစ်​ထားသော. . .ကိုးကွယ်​ခြင်း၊” “ပိတ်ပင်​ထား​သည့်. . .ကိုးကွယ်​ခြင်း၊” နှင့် “တရား​မဝင်. . .ကိုးကွယ်​ခြင်း​များ” စ​သည်​ဖြင့် အင်္ဂလိပ်​ကျမ်းစာ​များ​၌ အမျိုးမျိုး​ဘာသာပြန်​ကြသည်။