မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂုဏ်ထူးဆောင်လက်မှတ်

ဂုဏ်ထူးဆောင်လက်မှတ်

ဂုဏ်​ထူး​ဆောင်​လက်မှတ်

ယင်းသည် ကွန်ဂို​ဒီမိုကရက်တစ်​သမ္မတနိုင်ငံ​တွင် ဖွံ့ဖြိုး​တိုးတက်မှု​အတွက် ကွန်ဂို​နှင့်​အာဖရိက သတင်းစာ​ဆရာများ​အသင်း (AJOCAD) က “[ကွန်ဂို​နိုင်ငံ] ဆိုင်ရာ ဖွံ့ဖြိုး​တိုးတက်မှု​အတွက် ထူးခြား​စွာ​အထောက်အကူ​ပြု​သည့် ပုဂ္ဂိုလ်​များ သို့​မဟုတ် လူမှုရေး​အဖွဲ့အစည်း​များ​ကို​ချီးမြှင့်​သော​ဆု” ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက်​နေ့တွင် ယေဟောဝါသက်သေ​များသည် “သူတို့၏​စာပေ​များ​တွင်​ပါ​သည့် ပညာရေး​နှင့် သွန်သင်မှု​များ [အားဖြင့်] ကွန်ဂို​နိုင်ငံသား​တစ်ဦးစီ၏​တိုးတက်ရေး​ကို အထောက်အကူ​ပေး​မှု” အတွက် ဂုဏ်​ထူး​ဆောင်​လက်မှတ် ချီးမြှင့်​ခံရ​သည်။

ထိုသို့ ဆု​ချီးမြှင့်​ခံရ​ခြင်း​အကြောင်း ရှင်းလင်းချက်​တွင် ကင်​ရှာ​ဆာ​သတင်းစာ လ ဖာရ် က​ဤသို့​ဆို​သည်– “ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ကင်းမျှော်စင်၊ နိုးလော့! နှင့် အခြား​စာပေ​များ​ကို မဖတ်ဖူး​သည့် ကွန်ဂို​ပြည်သား​တစ်ဦး​ကို​တွေ့​ဖို့ ခက်လှ​သည်။ ၎င်း​မဂ္ဂဇင်း​များ​က ဘဝ​ကဏ္ဍအသီးသီး​ကို [ဆွေးနွေး] တင်ပြ​သည်။” ထို​စာပေ​များသည် “မျက်မှောက်ခေတ်​ပြဿနာ​များ​ကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​ပုံ” နှင့် “လတ်တလော​ဖြစ်ရပ်​များ​နောက်ကွယ်​ရှိ အဓိပ္ပာယ်​မှန်” ကို​ပြညွှန်​ပေး​ကြောင်းကို​လည်း ထို​ဆောင်းပါး​၌ ဖော်ပြ​ထား​သည်။ နိုးလော့! မဂ္ဂဇင်း​တိုင်း​သည် “နိုင်ငံရေး​တွင် ကြားနေ​ကာ လူမျိုးတစ်မျိုး​ကို တစ်မျိုး​ထက် ချီးမြှောက်​ခြင်း​မပြု​ပါ။” ထို့​ပြင် ဤ​စာပေ​များသည် “ဆိုးယုတ်​၍​တရား​မဲ့​သော​လက်ရှိ​အစီအစဉ်​စနစ်​၏​နေရာတွင် အစားဝင်​တော့​မည့် ငြိမ်းချမ်း​လုံခြုံ​သည့် ကမ္ဘာသစ်​နှင့်​ပတ်သက်သော ဖန်ဆင်း​ရှင်​၏​ကတိတော်​ကို ယုံကြည်​စိတ်ချ​စေရန်” ထောက်ကူ​ပေး​သည်။

AJOCAD က​သတိပြု​စေသည့်​အတိုင်း ယေဟောဝါသက်သေ​များ​၏ စာပေ​များသည် ကွန်ဂို​နိုင်ငံသား​အများစု​အတွက် အကျိုးရှိ​ခဲ့ပြီ။ ယင်း​တို့ကို ဘာသာ​စကား​ရာ​နှင့်​ချီ​၍​ရရှိနိုင်​ရာ ၎င်း​တို့​တွင်​ပါ​သည့် မျှော်လင့်ချက်​ပေး​သတင်းက သင့်အတွက်​လည်း အကျိုးရှိ​နိုင်​သည်။

ယင်း​တို့ကို သင်​မည်သို့​ရရှိနိုင်​ကြောင်း​သိလာ​ရန် အောက်ပါ​အကြောင်းအရာကို ကျေးဇူးပြု​၍​ဆန်းစစ်​ပါ​လေ။