မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

“ထို​သခင်​အားဖြင့်လည်း​ကောင်း၊ ထို​သခင်​အဖို့​အလို​ငှာ​လည်းကောင်း ခပ်သိမ်း​သော​အရာ​တို့သည် ဖန်ဆင်း​လျက်​ဖြစ်​ကြ​၏” ဟူ၍ ဘုရားသခင့်​သားတော်​အကြောင်း ကောလောသဲ ၁:၁၆ က​ဆို​သည်။ ခပ်သိမ်း​သော​အရာ​တို့သည် အဘယ်​သဘော​မျိုး​ဖြင့် ဘုရားသခင့်​သားတော်​ယေရှု “အဖို့​အလို​ငှာ” ဖန်ဆင်း​ခဲ့​သနည်း။

ယေဟောဝါ​သည် ယေရှု​ကိုယ်တော်တိုင်​မှတစ်ပါး အရာခပ်သိမ်း​ကို​ဖန်ဆင်း​ရာ​၌ ကိုယ်တော်​၏​တစ်ပါး​တည်း​သော သားတော်ကို လုပ်သား​ချုပ်​အဖြစ် အသုံးပြု​ခဲ့​သည်။ (သု. ၈:၂၇-၃၀က​ဘ; ယောဟန် ၁:၃) သားတော်​သည် အဆိုပါ​ဖန်ဆင်း​ရာ​များ​မှ ပျော်ရွှင်မှု​ရရှိ​သည်​ဖြစ်​ရာ ဤ​သဘော​မျိုး​ဖြင့် ကိုယ်တော် “အဖို့​အလို​ငှာ” ဖြစ်သည်ဟု​ဆို​ခြင်း​သည် လျောက်ပတ်​ပေ​သည်။

လူသား​မိဘများသည် မိမိတို့​မွေး​ထုတ်​ထားသော သားသမီး​များ​ထံ​မှ ပျော်ရွှင်မှု​များစွာ​ခံစားရ​မည်​ဟု မျှော်လင့်​ကြ​ပြီး များသောအားဖြင့်​လည်း ပျော်ရွှင်မှု​ရရှိကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြသည်။ ထို့​ကြောင့် ‘အဘသည် သား​ထံ​မှ ပျော်ရွှင်​ကို​ရရှိ​၏’ ဟူ၍ နယပုံပြင်​ကျမ်း​က​ဆို​သည်။ (သု. ၃:၁၂; ၂၉:၁၇) ဤသို့ဖြင့် ယေဟောဝါ​ဘုရားသခင်​သည် ကိုယ်တော်​၏​လူမျိုးတော်​ဣသရေလ​တို့ သစ္စာရှိ​သောအခါ အလွန်​အားရ​ဝမ်းသာ​ခဲ့​၏။ (ဆာလံ ၄၄:၃; ၁၁၉:၁၀၈; ၁၄၇:၁၁) ကိုယ်တော်​သည် ကျွန်ုပ်​တို့​ခေတ်​ကာလ​ထိ​တိုင် မိမိ​အား​သစ္စာစောင့်သိ​သူများ​၏​သစ္စာရှိ​မှု​မှ​လည်း ရွှင်လန်းမှု​ရရှိ​သည်။—သု. ၁၂:၂၂; ဟေဗြဲ ၁၀:၃၈

ထို​နည်းတူ​စွာ ဘုရားသခင်​သည် မိမိ၏​တွဲဖက်​လုပ်သား ယေရှု​အား သူ၏​ဖြစ်မြောက်အောင်​မြင်​မှုများ​မှ ပျော်ရွှင်မှု​ရရှိစေ​သည်​မှာ လျောက်ပတ်​ပေ​၏။ အမှန်​မှာ၊ နယပုံပြင် ၈:၃၁ က​သားတော်​သည် “ဖန်ဆင်း​တော်​မူ​သော မြေကြီး​တစ်ပြင်လုံး​တွင် ရွှင်လန်း​လျက်၊ လူသား​တို့​နှင့်​ပေါင်းဖော်​၍ ပျော်ပါး​လျက်​နေ​၏” ဟု​ဆို​သည်။ ဤ​သဘော​မျိုး​ဖြင့် ကောလောသဲ ၁:၁၆ က “ထို​သခင်​အားဖြင့်လည်း​ကောင်း၊ ထို​သခင်​အဖို့​အလို​ငှာ​လည်းကောင်း ခပ်သိမ်း​သော​အရာ​တို့သည် ဖန်ဆင်း​လျက်​ဖြစ်​ကြ​၏” ဟု​ဆို​ထားခြင်း​ဖြစ်သည်။