မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စွန်ပလွံပင် မှရသော သင်ခန်းစာတစ်ခု

စွန်ပလွံပင် မှရသော သင်ခန်းစာတစ်ခု

စွန်ပလွံ​ပင် မှ​ရသော သင်ခန်းစာ​တစ်ခု

“ထူးထူးခြားခြား​လှပသည့် ကျက်သရေ​ဆောင် အရိပ်​ပုံ။” စွန်ပလွံ​ပင်ကို ကျမ်းစာ​စွယ်စုံ​ကျမ်း​တစ်ခု​က ယင်း​သို့​ဖော်ပြ​သည်။ ကျမ်းစာ​ခေတ်​နှင့် ယနေ့​တွင် စွန်ပလွံ​ပင်​များသည် အီဂျစ်​နိုင်ငံ​၏​နိုင်းမြစ်ဝှမ်း​ဒေသ​ကို အလှဆင်​ပေး​ပြီး နဲ​ဂ​က်ဗ်​သဲကန္တာရ​၏ အို​အေ​စစ်​ပတ်ဝန်းကျင်​၌ လန်းဆန်းမှု​ပေး​သည့်​အရိပ်​ကို ဖန်တီး​ပေး​သည်။

ထ​န်း​မျိုးဝင်​အပင်​အများစု​ကဲ့သို့ စွန်ပလွံ​ပင်​သည် ထီး​ထီး​မား​မား​ထိုး​ထွက်​သည်။ တချို့​သည် ပေ ၁၀၀ အထိ​မြင့်​ပြီး အနှစ် ၁၅၀ တိုင်​အသီး​မပြတ်​သီး​သည်။ မှန်ပါသည်၊ စွန်ပလွံ​ပင်​သည် အလွန်​ပင် မျက်စိပသာဒ​ဖြစ်စေ​ပြီး အံ့သြ​စ​ဖွယ်​သီးပွင့်​ပေး​၏။ နှစ်စဉ် စွန်ပလွံ​အ​ပြွတ်​များစွာ သီး​သည်။ တစ်ပြွတ်​တည်း​တွင် စွန်ပလွံ​သီး ၁,၀၀၀ ကျော်​သီး​ပါ​လိမ့်​မည်။ စွန်ပလွံ​သီး​များနှင့်​ပတ်သက်​၍ ပညာရှင်​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “ဆိုင်​များ​ရှိ အမှတ်​တံဆိပ်​အောက် စွန်ပလွံ​သီး​ခြောက်​ကို​သာ . . . စား​ဖူး​သူတို့သည် ၎င်းကို လတ်​လတ်ဆတ်​ဆ​တ်​စား​ရ​လျှင် မည်မျှ​အရသာ​ရှိကြောင်း စိတ်ကူး​ရ​ခက်​နိုင်​ပါ​သည်။”

သမ္မာကျမ်းစာ​က လူ​အချို့​ကို စွန်ပလွံ​ပင်​များနှင့် ခိုင်းနှိုင်း​ထား​သည်​မှာ လျောက်ပတ်​လှပေစွ။ ဘုရားသခင့်​အမြင်​တွင် သီးပွင့်​သော​စွန်ပလွံ​ပင်​တစ်ပင်​ကဲ့သို့ ပ​သာ​ဒ​ဖြစ်​ရန် လူတစ်ဦး​သည် ဖြောင့်မှန်​စွာ​ကျင့်ကြံ​ရမည်​ဖြစ်​ပြီး ကောင်းမှု​များ​ကို မပြတ်​တမ်း​ပြု​နေရ​ပေမည်။ (မဿဲ ၇:၁၇-၂၀) ဤ​အကြောင်းကြောင့် ရှောလမုန်​၏​ဝတ်ပြုရာ​အိမ်တော်​နှင့် ယေဇကျေလ​၏​အဆင်းအာရုံ​ပါ ဝတ်ပြုရာ​အိမ်တော်​တို့ကို အလှဆင်​စဉ် ထွင်းထား​သော​စွန်ပလွံ​ပင်​ပုံ​များ အသုံးပြု​ခဲ့​ခြင်း​ဖြစ်သည်။ (၃ ဓမ္မ​ရာဇဝင် ၆:၂၉၊ ၃၂၊ ၃၅; ယေဇကျေလ ၄၀:၁၄-၁၆၊ ၂၀၊ ၂၂) ထို့​ကြောင့် လူတစ်ဦး​၏​ကိုးကွယ်​မှု​သည် ဘုရားသခင်​နှစ်သက်​လက်ခံနိုင်ဖွယ်​ဖြစ်​ဖို့​အတွက် စွန်ပလွံ​ပင်​၏​နှစ်လိုဖွယ်​လက္ခဏာ​မျိုး​ရှိ​ရမည်။ ဘုရားသခင့်​စကားတော်​က ဤသို့​ရှင်းပြ​၏– “ဖြောင့်မတ်​သော​သူသည် စွန်ပလွံ​ပင်​ကဲ့သို့ ပွင့်လန်း . . . လိမ့်​မည်။”—ဆာလံ ၉၂:၁၂