မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံဖို့ ခဲယဉ်းသူများထံ ရောက်ရှိခြင်း

တွေ့ဆုံဖို့ ခဲယဉ်းသူများထံ ရောက်ရှိခြင်း

နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

တွေ့ဆုံ​ဖို့ ခဲယဉ်း​သူများ​ထံ ရောက်ရှိခြင်း

ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လူတိုင်း​ကြားသိ​စေရန် အတတ်နိုင်ဆုံး​ကြိုးစား​ကြသည်။ တစ်ခါတစ်ရံ အိမ်​၌​တွေ့​ခဲ​သူများ​ထံ ရောက်ရှိ​ဖို့ အထူး​ကြိုးစား​ကြ​ရ၏။ (မာကု ၁၃:၁၀) ယင်း​နှင့်​ပတ်သက်​၍ တောင်​အမေရိက​နိုင်ငံ​တစ်နိုင်ငံ​မှ အထူး​ရှေ့ဆောင်​အမှုတော်ထမ်း​တစ်ဦး​က အောက်ပါ​တွေ့ ကြုံ​မှု​ကို ပြောပြ​သည်။

“တစ်နေ့ ကျွန်တော့်​ဇနီး​နဲ့​ကျွန်တော် တာဝန်ကျ​တဲ့​ဒေသ​ကို ပြည်နယ်​အုပ်ချုပ်ရေးမှူး လာလည်​မယ်​လို့ သတင်းရ​ခဲ့တယ်။ သူ့ကို အိမ်မှာ​တွေ့​ခဲ​တာ​ကြောင့် သူ့​အတွက် စာ​တစ်စောင်​ရေး​ပြီး ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ၊ လူသားများ ဘုရားသခင်​ကို​ရှာပုံတော်၊ ထာဝရ​အသက်​ရစေသော​အသိပညာ စာအုပ်​တွေ​အပါအဝင် ကျမ်းစာ,စာပေ​အချို့​ကို ထည့်​ပေး​လိုက်တယ်။ အဲဒီ​စာအုပ်​တစ်အုပ်​ချင်း​စီ​ရဲ့ ဆိုလိုချက်​တွေ​ကို ကျွန်တော့်​စာ​ထဲမှာ ရှင်းပြ​ပေး​ခဲ့တယ်။

“ဒီ​စာပေ​တွေ​ကို သူ​ဘယ်လို​တုံ့ပြန်​မလဲ​ဆိုတာ ကျွန်တော်​သိချင်​လို့ သူနဲ့​တွေ့ ခွင့်​တောင်း​လိုက်တယ်။ နောက်​သတ္တပတ်​အနည်းငယ်​အကြာမှာ ကျွန်တော့်​ကို​တွေ့ဆုံ​ဖို့​သဘောတူခဲ့​တယ်၊ ဒါနဲ့ ယေဟောဝါသက်သေ​များ—နာမည်​နောက်ဝယ်​ရှိ​အဖွဲ့အစည်း ဗီဒီယို​တိတ်ခွေ​ကို ကျွန်တော်​တစ်ခါတည်း​ယူ​သွားတယ်။ သူနဲ့​တွေ့ဆုံ​စကားပြော​တာ နှစ်နာရီ​လောက်​ကြာ​သွားတယ်။ အုပ်ချုပ်ရေးမှူး​နဲ့​အတူ အဲဒီ​ဗီဒီယို​ခွေ​ကြည့်​ပြီး​တဲ့​နောက် ဒါနဲ့​ပတ်သက်ပြီး သူ့ရဲ့​ထင်မြင်ချက်​တွေ​ကို ကျွန်တော်​မေးခဲ့​ပါ​တယ်။ သူက ‘ကမ္ဘာ​ပေါ်မှာ ခင်ဗျား​တို့​ရဲ့​အဖွဲ့​လို အခြား​အဖွဲ့အစည်း​မရှိဘူး။ ကျွန်တော့်​ရဲ့​အစိုးရ​စီမံချက်​တွေ အပြီး​ဆောင်ရွက်​နိုင်​ဖို့ ကူညီပေး​နိုင်​တဲ့ ခင်ဗျား​တို့​လို လူတွေ​ရှိစေချင်တယ်!’ ဆိုပြီး ပြန်​ဖြေတယ်။ နောက်တော့ ကျွန်တော်​တို့​အဖွဲ့အစည်း​ရဲ့ ကမ္ဘာ့​ဌာနချုပ်​ကို ရောက်​ဖူး​သလား​လို့ ကျွန်တော့်​ကို​မေးပါ​တယ်။ ကျွန်တော် ၁၄ နှစ်အရွယ်​ကတည်းက နယူးယောက်၊ ဘ​ရွတ်​က​လင်​မြို့က ကျွန်တော်​တို့​ရဲ့​ကမ္ဘာ့​ဌာနချုပ်​ကို လည်ပတ်​ဖို့​ပန်းတိုင်​ရှိခဲ့ပေမဲ့ အခွင့်အရေး​မရသေး​ဘူးလို့ ပြောပြ​ခဲ့တယ်။ အဲဒါ​က အလှမ်းမီ​ဖို့​ခက်​တဲ့​ပန်းတိုင်​တစ်ခု​ပါ​ပဲ။ ကျွန်တော့်​ကို တစ်​အောင့်​လောက်​စူး​စူးစိုက်​စိုက် သူ​ကြည့်​ခဲ့​ပါ​တယ်။ ပြီး​တော့ ကျွန်တော့်​ကို အဲဒီ​အခွင့်အရေး​ရစေချင်​တယ်လို့ သူပြောတယ်။ ကျွန်တော်​တို့အတွက် တရားဝင်​ခွင့်ပြု​ချက်​တွေ​ကို သူ​လုပ်ဆောင်ပေး​ပြီး လေယာဉ်​လက်မှတ်​တွေ​ကို လက်ဆောင်​ပေး​ခဲ့တယ်!

“အခု​ဆိုရင် အဲဒီ​အုပ်ချုပ်ရေးမှူး​က ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်း​တွေ​ကို မှန်မှန်​လက်ခံ​နေပြီ။ မကြာခင် သူနဲ့ ကျမ်းစာ​သင်အံမှု​ပြုလုပ်​နိုင်​မယ်​လို့ ကျွန်တော်​တို့​မျှော်လင့်​ပါ​တယ်။”