မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်ကြ!

ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်ကြ!

ကျွန်ုပ်​တို့ အတတ်နိုင်ဆုံး​လုပ်ဆောင်ကြ!

“အတတ်နိုင်ဆုံး လုပ်ပါ။” လက်တွေ့ကျ​သော ဤ​အကြံပြုချက်ကို ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​က ခရစ်ယာန်​သာသနာပြု​တစ်ဦး​အား ပေး​ခဲ့​သည်။ သို့သော် အတွေ့အကြုံ​ရှိပြီး​သား ဓမ္မ​အမှုဆောင်​တစ်ဦး​အား ယင်း​သို့​သော အခြေခံ​အကြံပြုချက်ကို အဘယ်ကြောင့်​ပေး​ရသနည်း။ ခံနိုင်ရည်​ရှိသော​သာသနာပြု​အများ​သည် ကြမ်းပိုး​များ၊ မြွေ​များ၊ အပူချိန်၊ ရောဂါ​နှင့်​အခက်အခဲ​အမျိုးမျိုးကို နေ့စဉ် ရင်ဆိုင်​ကြ​ရသည်​မဟုတ်ပေ​လော။

အမှန်​မှာ ယေဟောဝါသက်သေ​များ​၏​သာသနာပြု​များသည် တိုင်းတစ်ပါး​တွင် အမှုတော်ထမ်း​ဆောင်ရန် ယေဟောဝါ​နှင့် လူ​လူ​ချင်း​အပေါ် သူတို့၏​နက်ရှိုင်း​သော​မေတ္တာ​၏ လှုံ့ဆော်မှု​ကို​ခံရ​သည့် သာမန်​အမျိုးသား၊ အမျိုးသမီးများ​သာ​ဖြစ်​ကြသည်။ သူတို့သည် အတတ်နိုင်ဆုံး ယေဟောဝါ​၏​အမှုတော်ထမ်း​ရန် ကြိုးစား​နေကြ​ပြီး လိုအပ်သော​အစွမ်း​ခွန်အား​ရဖို့​အတွက် ကိုယ်တော်​ကို မျှော်ကိုး​ကြ​၏။—ဧဖက် ၆:၁၀

ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​အကြောင်း ပိုမို​သိရှိ​ရန် အနောက်​အာဖရိက​ရှိ သာ​သာ​နာ​ပြု​အိမ်​တစ်အိမ်​သို့ တစ်ရက်တာ​အလည်အပတ်​ရောက်သွား​သည်​ဟု စိတ်ကူး​ကြည့်​ကြပါစို့။

ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​၌ တစ်ရက်တာ

နံနက် ၇:၀၀ နာရီ​ထိုး​လု​ပြီ။ တစ်နေ့တာ​အတွက် ကျမ်းချက်​ဆွေးနွေးခြင်း​၌​ပါဝင်​ရန် သာသနာပြု​အိမ်​သို့ အချိန်မီ​ပင် ကျွန်ုပ်​တို့​ရောက်ရှိ​လာ​ခဲ့​ကြ​၏။ သာသနာပြု​ဆယ်ဦး​က ကျွန်ုပ်​တို့ကို လှိုက်လှဲ​စွာ​ကြိုဆို​ကြ​ပြီး နံနက်​စာ​စား​ရန် စားပွဲ​တွင် ကျွန်ုပ်​တို့ကို​နေရာချ​ပေး​ကြသည်။ ကျွန်ုပ်​တို့​မိတ်ဖွဲ့​ကြ​စဉ် မိမိ​တာဝန်ကျ​ရာ​နေရာ၌ နှစ်ပေါင်း​များစွာ​နေထိုင်ခဲ့​သော သာသနာပြု​တစ်ဦး​က ခရစ်ယာန်​ဓမ္မ​အမှုဆောင်ရာတွင် သူ​တွေ့ကြုံ​ခဲ့​သော ဟာသ​အဖြစ်အပျက်​တစ်ခု​ကို စတင်​ပြောပြ​နေသည်။ သို့သော် ပျော်ရွှင်​နေကြ​သော​အုပ်စု​ကို ထို​နေ့​၏ သဘာပတိ​က နေ့စဉ်​ကျမ်းချက်​သုံးသပ်ရန် အချိန်​ကျရောက်​ပြီ​ဖြစ်​ကြောင်း သတိပေး​လိုက်​သောအခါ ကျွန်ုပ်​တို့​စကားပြော​ဆို​ရာ​မှ တိတ်ဆိတ်​သွား​သည်။ ဆွေးနွေးခန်း​ကို ပြင်သစ်​စကား​ဖြင့် ပြုလုပ်​ကြ​မည်။ ထို​ဘာသာ​စကား​ကို ကျွန်ုပ်​တို့​မပြော​ဆိုနိုင်​သော်လည်း တိုင်းတစ်ပါးသား​သာသနာပြု​များသည် အဆိုပါ​ဘာသာ​စကား​ကို ကျွမ်းကျင်​လိမ္မာ​စွာ​ပြောဆို​နိုင်​ရန် ကြိုးစား​ခဲ့​ကြောင်း သိသာ​ထင်ရှား​ပါ​သည်။

ကျမ်းစာ​ဆွေးနွေးခန်း​ပြီး​နောက် လှိုက်လှဲ​စွာ​ဆုတောင်း​ပြီး နံနက်​စာ​စား​ရန်​အချိန် ရောက်လာ​သည်။ နံနက်​စာ​စား​ဖွယ်​ကောက်နှံ​တစ်ခွက်​မော​က်​မော​က်​ကို ကျွန်ုပ်​တို့​စား​နေစဉ် နံဘေး​၌​ထိုင်​သော​သာသနာပြု​က ငှက်ပျောသီး​ပါ​လှီး​ထည့်​ရော​စား​ရန် တိုက်တွန်း​သည်။ ငှက်ပျောသီး​မကြိုက်​ကြောင်း ကျွန်ုပ်​တို့​ရှင်းပြ​လိုက်​သောအခါ သူက ဒေသ​ထွက်​ငှက်ပျောသီး​ကို မြည်းစမ်း​ကြည့်​လျှင် ကျွန်ုပ်​တို့​စိတ်ပြောင်း​သွား​မည်​ဟု အာမခံ​သည်။ သို့​နှင့် ကောက်နှံ​စား​ဖွယ်​ထဲ အနည်းငယ်​လှီး​ထည့်​စား​ကြည့်​သည်။ မှန်​လိုက်​လေ​ခြင်း! ဤ​ငှက်ပျောသီး​များသည် ချိုမွှေး​၍​ရေခဲမုန့် အရသာ​အတိုင်း​ပင်! ထို့​အပြင် ချ​ကျွေး​သော ပြင်သစ်​ပုံစံ​ပေါင်မုန့်​မှာ သာသနာပြု​အိမ်ရှေ့​က ဆိုင်​ငယ်​လေး​မှ ဤ​နံနက်​၌​ပင် စောစောစီးစီး​ဖုတ်​ထား​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရ၏။

နံနက်​စာ​စား​ပြီး​နောက် ကျွန်ုပ်​တို့သည် ဘဲ​န်​နှင့် ကယ်​ရင်​ဟု အမည်တပ်​ခေါ်​မည့် သာသနာပြု​မောင်နှံစုံ​တစ်စုံ​နှင့် တစ်​နေ​ကုန်​အတူ​နေကြ​မည်။ အနောက်​အာဖရိက​ရှိ ဤ​နိုင်ငံ​၏​တိုးတက်မှု​အကြောင်း ကျွန်ုပ်​တို့​ကြား​ခဲ့​ကြ​ဖူး​၍ အဆိုပါ​သတင်း​မှန်​မမှန် ကျွန်ုပ်​တို့​သိချင်​နေကြ​သည်။

ဘတ်စကား​မှတ်တိုင်​သို့ ကျွန်ုပ်​တို့​ရောက်​သောအခါ လူ​တစ်ဒါဇင်​ခန့် ကား​စောင့်နေ​သည်ကို တွေ့​လိုက်​သည်။ မကြာမီ ကျွန်ုပ်​တို့၏​အဖော် သာသနာပြု​များသည် အမျိုးသမီး​တစ်ဦး​နှင့် သူ၏​သားကို သမ္မာကျမ်းစာ​အကြောင်း အားတက်သရော​ပြောဆို​နေ​လေ​တော့​သည်။ ပြင်သစ်​စကား​နားမလည်​သောကြောင့် ကျွန်ုပ်​တို့​မှာ​မူ ပြုံးပြုံးလေး​ဖြင့်​သာ ရပ်နေ​နိုင်​ကြသည်! ထို​အမျိုးသမီး​သည် ကင်းမျှော်စင်​နှင့် နိုးလော့! ကို လက်ခံ​ယူ​နေစဉ်​ပင် ဘတ်စကား​ဆိုက်​လာပြီး လူတိုင်း ကား​ပေါ်​သို့ တစ်ပြိုင်တည်း​အားလုံး​တက်​ရန် ကြိုးစား​ကြသည်! ကျွန်ုပ်​တို့​လည်း အလုအယက်​တက်​နေကြ​စဉ် ကြိတ်ကြိတ်တိုး​နေသော​လူအုပ်​က အနောက်​မှ ကျွန်ုပ်​တို့ကို တွန်းထိုး​တင်​ကြသည်။ ဘတ်စကား​အတွင်း​သို့ မလဲ​ဘဲ​ဝင်​သွား​ကြ​ရန်​မှာ ကျွန်ုပ်​တို့အတွက် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​ခဲ့​၏။ ဒရိုင်ဘာ​က စက်​နှိုး​လိုက်​သည်​နှင့်​တစ်ပြိုင်နက် ကျွန်ုပ်​တို့​မှီ​ရာ​လှမ်းဆွဲ​ကိုင်ထား​ကြ​ရသည်။ ဘတ်စကား​သည် အခါ​အား​လျော်​စွာ တု​န့်​ခ​နဲ​ရပ်​လိုက်ပြီး လူများ​ပို​၍​ကျပ်​ညှပ်​တိုးတက်လာ​ကြသည်။ ကျွန်ုပ်​တို့၏​ခရီး​ဖော်​ချင်း​တို့ကို ကျွန်ုပ်​တို့​က​ပြုံးပြ​လိုက်​ရာ သူတို့ကလည်း ပြန်​ပြုံးပြ​ကြသည်။ သူတို့နှင့် စကားပြော​ဆို​ဆက်သွယ်​နိုင်​လျှင် တကယ်​ကောင်း​ပေမည်!

ဘတ်စကား​အရှိန်​နှင့်​ဆက်သွား​နေစဉ် ပြတင်းပေါက်​မှ လမ်းပေါ်​ကို ကျွန်ုပ်​တို့​လှမ်းကြည့်​ကြ​၏။ အမျိုးသမီး​နှစ်ဦး​သည် ခေါင်း​ပေါ်​တွင်​လေးလံ​သော​ဝန်ထုပ်​များ​တင်၍ ဘေးချင်းယှဉ်​လမ်း​သွား​နေကြ​သည်။ တစ်ဦး​သည် သစ်သား​ရေ​စ​ည်​ကြီး​ကို​ရွက်​၍​သွား​နေ​၏။ ဈေးသည်​တစ်ဦး​သည် လမ်းဘေး​စင်္ကြံ​တွင် စောင်​တစ်ထည်​ခင်း​၍ သူ​ရော​င်း​လို​သည့် တို​လီ​မုတ်​စ​များ​ကို ဖြန့်ကြဲ​ထား​သည်။ ရော​င်း​နိုင်၊ ဝယ်​နိုင်​သည့်​အရာ​မှန်သမျှကို နေရာတိုင်း​တွင် လူ​တို့​ရောင်းဝယ်​လျက်​ရှိကြသည်။

ကျွန်တော့်​နံဘေး​၌​ရပ်နေ​သော​ဘဲ​န်​က သူ၏​ခြေထောက် ထိုး​ဆိတ်​ခံရ​သည်ကို ရုတ်တရက်​ခံစား​လိုက်ရ​၏။ အဘယ်အရာ​ဖြစ်​နိုင်​သနည်း။ ဘတ်စကား​မှာ ကျပ်​ညှပ်​နေသည်၊ သို့သော် ထပ်၍​ထိုး​ဆိတ်​ခံရ​ပြန်​သည်။ သူ​ကြိုးစား​ငုံ့ကြည့်​လိုက်​ရာ သူ​ခြေထောက်​နား​ရှိ အိတ်​တစ်လုံး​ထဲ​မှ ဝမ်းဘဲ​တစ်ကောင်​သည် တစ်ခါတစ်ရံ ခေါင်း​ပြူထွက်​လာပြီး သူ့ကို တစ်ချက်​တစ်ချက်​ထိုး​ဆိတ်​နေသည်! ဤ​ဝမ်းဘဲ​ပိုင်ရှင်​သည် ၎င်းကို​ရော​င်း​ရန် ဈေး​သို့​ယူသွား​ခြင်း​ဖြစ်​နိုင်​ကြောင်း ဘဲ​န်​က​ရှင်းပြသည်။

ရပ်ကွက်​သို့​ကျွန်ုပ်​တို့​ရောက်​ကြသောအခါ အာဖရိက​ကျေးရွာ​ပီပီ​တစ်ခု​သို့ ရောက်လာ​ကြောင်း တွေ့ရှိ​ရ​၍​ဝမ်းမြောက်​မိ​ကြ​၏။ ပထမ​အိမ်​သို့​ရောက်​သောအခါ အိမ်ရှင်ကို​အသိပေး​ရန် ဘဲ​န်​သည် လက်ခုပ်​ခပ်​ကျယ်ကျယ်​တီး​လိုက်​သည်။ ကမ္ဘာ​၏​ဤ​ဒေသ​အ​ခြမ်း​တွင် လူတို့သည် ဤသို့ “တံခါး​ခေါက်” ကြသည်။ လူရွယ်​တစ်ဦး​ထွက်​လာပြီး မိမိ​အလုပ်များ​နေကြောင်း​ရှင်းပြ​၏၊ သို့သော် ခဏအကြာ​မှ​ပြန်လာ​ရန်​ပြော​သည်။

နောက်​တံခါး​တွင် ဘဲ​န်​နားမလည်​သည့် ဒေသခံ​စကား​တစ်မျိုး​ပြော​သော အမျိုးသမီး​တစ်ဦး​နှင့်​တွေ့ဆုံ​သည်။ သူသည် သားဖြစ်သူကို​လှမ်း​ခေါ်​လိုက်​ရာ ဘဲ​န်​ပြော​သမျှ​ကို သူက​ဘာသာပြန်​ပေး​၏။ ဘဲ​န်​ပြော​ပြီး​သောအခါ သမ္မာကျမ်းစာ​အကြောင်း​များ​ပါ ဘရိုရှာ​တစ်စောင်​ကို ထို​အမျိုးသမီး​လက်ခံ​ယူ​လိုက်​၏၊ သား​ဖြစ်သူက သူ့​အား ရှင်းပြ​ပေး​မည်​ဟု​ကတိပြု​သည်။ တတိယ​အိမ်​တွင် အိမ်ရှေ့​ခြံဝင်း​ထဲ​၌ လူငယ်များစွာ​ထိုင်​နေကြ​သည်။ သူတို့​ထဲ​မှ​နှစ်ဦး​က ဧည့်သည်​များ​ထိုင်​စေရန် သူတို့​ထိုင်ခုံများ​မှ ထ​ပေး​လိုက်​သည်။ ဝတ်ပြုရေး​၌ လက်ဝါး​ကားတိုင်​အသုံးပြုခြင်း​အကြောင်း တက်ကြွ​စွာ​ဆွေးနွေး​ပြောဆို​ခွင့်​ရခဲ့​ကြ​၏။ နောက်​အပတ်​တွင်​လည်း အခြား​အကြောင်း​ဆက်​ဆွေးနွေး​ရန် ချိန်းချက်​စီစဉ်​လိုက်​ကြသည်။ ယခု ပထမ​အိမ်​၌​တွေ့ခဲ့​သည့် အလုပ်များ​နေသော လူငယ်​ထံ​ပြန်သွား​ချိန်​ရောက်လာ​လေ​ပြီ။ တစ်အိမ်​နှစ်​အိမ်​ကျော်​မှ​လူငယ်တို့​နှင့် ကျွန်ုပ်​တို့၏​ဆွေးနွေးခန်း​အကြောင်း သူ​တစ်နည်း​နည်းဖြင့် ကြား​နှင့်​ပြီး​ဖြစ်သည်။ သမ္မာကျမ်းစာ​နှင့်​ပတ်သက်​၍ သူ့မှာ​မေးစရာ​မေးခွန်း​များစွာ​ရှိပြီး ကျမ်းစာ​သင်အံမှု တောင်းဆို​လေ​သည်။ ဘဲ​န်​က သူ၏​အချိန်ဇယား​ကို​စစ်ဆေး​ပြီး​နောက် နောက်​အပတ် ဤ​အချိန်၌​ပင် ပြန်လာ​ရန်​သဘောတူ​လိုက်​သည်။ နေ့လယ်​စာ​စား​ရန် သာသနာပြု​အိမ်​သို့ အပြန်ခရီး​တွင် ဘဲ​န်​နှင့် ကယ်​ရင်​တို့​က မိမိတို့၏​ကျမ်းစာ​သင်အံမှု​လုပ်ငန်း​ကို အစီအစဉ် အသေအချာ​ဆွဲ​ရ​ကြောင်း၊ သို့​မဟုတ်လျှင် မိမိတို့​ကျင်းပ​နိုင်​သည်ထက် ကျမ်းစာ​သင်အံမှုများ အလွယ်တကူ​ရနိုင်​ကြောင်း ရှင်းပြသည်။

ပြင်သစ်​စကား​ကို သူတို့​ကျွမ်း​ကျွမ်းကျင်​ကျင်​ပြောဆို​နိုင်​ကြ​ခြင်း​ကို သူတို့အား ကျွန်ုပ်​တို့​ချီးကျူး​လိုက်​သည်။ ဘဲ​န်​က သူနှင့် ကယ်​ရင်​သည် သာသနာပြု​လုပ်ငန်း​တွင် ခြောက်​နှစ်​ရှိပြီး ပြင်သစ်​စကား​ကို​ပြောရဲဆိုရဲ​ရှိပြီ​ဟု ရှင်းပြ​၏။ ဘာသာ​စကား​အသစ်​တစ်ခု သင်ယူခြင်း​မှာ​မလွယ်ကူ​သော်လည်း စွဲစွဲမြဲမြဲ​သင်ယူ​ခဲ့​ကြ​ခြင်း​က အကျိုးပေး​နေကြောင်း သူတို့​ပြောပြ​သည်။

နေ့လယ် ၁၂:၃၀ နာရီ​တွင် နေ့လယ်​စာ​စား​ရန် သာသနာပြု​အားလုံး အစားအစာ​စားပွဲ​သို့ ပြန်​စုရုံး​ရောက်ရှိ​လာ​ကြ​၏။ နံနက်​စာ​နှင့် နေ့လယ်​စာ​ချက်ပြုတ်​ပြင်ဆင်​ရန်​နှင့် ထို့နောက်​တွင် ပန်းကန်ခွက်ယောက်​များ ဆေးကြော​ရန် သာသနာပြု​ကို အလှည့်ကျ​တာဝန်​ပေး​ထား​ကြောင်း ပြောပြ​သည်။ ယနေ့ တာဝန်ကျ​သူ သာသနာပြု​က သူ၏​အထူး​ဟင်းလျာ​ဖြစ်သည့် ခရမ်းချဉ်သီး​သု​ပ်​နှင့် ကြက်သား​ကျော်၊ ပြင်သစ်​အာလူးကျော်​တို့ကို လျှာ​လည်​သွား​အောင် ချက်ပြုတ်​ထား​သည်။

ဘဲ​န်​နှင့် ကယ်​ရင်​တို့၏ နေ့လယ်​ပိုင်း​အစီအစဉ်​ကား အဘယ်နည်း။ အပူရှိန်​ကြောင့် နေ့လယ် ၁ နာရီ​မှ ၃ နာရီ​အထိ တစ်မြို့လုံး​သည် အိမ်​တွင်​အနားယူ​လေ့​ရှိကြ​ရာ သာသနာပြု​များသည် ထို​အချိန်ပိုင်း​ကို လေ့လာမှု​ပြု​ရန် သို့​မဟုတ် တစ်မှေး​လောက်​အိပ်​ရန် များသောအားဖြင့် အသုံးပြု​ကြောင်း​ပြောပြ​သည်။ သာသနာပြု​အသစ်များ​သည် ဤ​ထုံးစံ​ကို မကြာမီ​ပင် လိုက်​တတ်​သွား​ကြောင်း ကယ်​ရင်​က ကျွန်ုပ်​တို့ကို​ပြောပြ​သောအခါ ကျွန်ုပ်​တို့​မအံ့သြ​ကြ​ပါ။

အနားယူ​ပြီး​နောက် လယ်ကွင်း​ဓမ္မ​အမှု​သို့ ကျွန်ုပ်​တို့​ပြန်သွား​ကြသည်။ ဘဲ​န်​ကြိုးစား​ပြန်သွား​ရှာ​သော စိတ်ဝင်စားသူ​အမျိုးသား​တစ်ဦး​သည် ယခု​ထိ​အိမ်​တွင်​မရှိ​သေး​ချေ၊ သို့သော် ဘဲ​န် လက်ခုပ်တီး​လိုက်​ရာ တံခါးပေါက်​သို့ လူငယ်​နှစ်ဦး​ထွက်​လာ​သည်။ အိမ်ရှင်​က ဘဲ​န်​လာ​ခဲ့​ကြောင်း မိမိတို့​အား ပြောပြ​ခဲ့​ဖူး​ပြီး ထာဝရ​အသက်​သို့​ပို့ဆောင်သော​အသိပညာ ကျမ်းစာ​လေ့လာမှု​အထောက်အကူ​ပြု​စာအုပ်​သည် တကယ်​ကောင်း​ကြောင်း သူ​ထောက်ခံ​ပြောဆို​သည်​ဟု သူတို့က​ပြောပြ​သည်။ သူတို့နှင့် ထို​စာအုပ်​တစ်အုပ်​ကို ကျွန်ုပ်​တို့​ဝမ်းမြောက်​အားရ​စွာ ထားခဲ့​ကြသည်။ ထို့နောက် ဘတ်စကား​စီး​ပြီး စိတ်ဝင်စားသူ​အမျိုးသမီး​တစ်ဦး​နှင့် ကယ်​ရင် ကျမ်းစာ​သင်​မည့်​နေရာသို့ ကျွန်ုပ်​တို့​သွား​ကြသည်။

ပြည့်ကျပ်​ရှုပ်ထွေး​နေသော​လမ်းများ​ပေါ် ကျွန်ုပ်​တို့​ကားစီး​သွားစဉ် ကယ်​ရင်​က အဆိုပါ​အမျိုးသမီးကို အခြား​ခရီးသည်​များနှင့်​အတူ တက္ကစီ​စီး​ရင်း​တွေ့ဆုံ​ခဲ့​ကြောင်း ကျွန်ုပ်​တို့အား ပြောပြ​သည်။ ကားစီး​ရင်း​ဖတ်ရှု​ရန် အဆိုပါ​အမျိုးသမီးကို ကယ်​ရင်​က ဝေစာ​တစ်စောင်​ပေး​လိုက်​၏။ ထို​အမျိုးသမီး​သည် ဝေစာ​ကို​ဖတ်​ပြီး​နောက် နောက်​တစ်မျိုး​ကို တောင်းဆို​လေ​သည်။ ဒုတိယ​ဝေစာ​ကို သာ၍​စိတ်ဝင်တစား ဖတ်ရှု​လိုက်​သည်။ ကယ်​ရင်​သည် ကား​ပေါ်​မှ​မဆင်း​မီ ထို​အမျိုးသမီး​၏​အိမ်​သို့ လည်ပတ်​လာရန်​စီစဉ်​ခဲ့​ပြီး ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်​ရာ​တောင်းဆို​တော်​မူ​သနည်း​ဘရိုရှာ​ဖြင့် သင်အံမှု​ကို အောင်မြင်စွာ​စတင်​ခဲ့​သည်။ ယနေ့ ကယ်​ရင်​သည် ထို​ဘရိုရှာ​မှ သင်ခန်းစာ​ငါး​ကို​လေ့လာ​တော့​မည်​ဖြစ်သည်။

တစ်နေ့တာ​လယ်ကွင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​ပျော်ရွှင်မှု​များစွာ​ရရှိခဲ့ကြ​ပြီ၊ သို့သော် သာသနာပြု​လုပ်ငန်း​နှင့်​ပတ်သက်​၍ မေးစရာ​မေးခွန်း​အချို့​ရှိ​နေသည်။ ကျွန်ုပ်​တို့ကို​ဧည့်ခံသူ​များ​က အိမ်ပြန်ရောက်​သောအခါ ကျွန်ုပ်​တို့အတွက် အ​ဆာ​ပြေ​ပြင်ဆင်​ပေး​ပြီး​နောက် မေးခွန်းများကို​ဖြေဆို​ပေး​မည်​ဟု ကတိပြု​သည်။

သူတို့ မည်သို့​ဆက်​ဆောင်ရွက်​သွား​နိုင်

ကြက်​ဥ​ကျော်၊ ပြင်သစ်​ပေါင်မုန့်​နှင့် ဒိန်​ခဲ​ကို ကျွန်ုပ်​တို့​စားသုံး​နေကြ​စဉ် သာသနာပြုဘဝ​အကြောင်း ကျွန်ုပ်​တို့​ပိုမို​သိရှိ​လာ​ရ​ကြသည်။ တနင်္လာ​နေ့တွင် သာသနာပြု​များ အများအားဖြင့် အနားယူခြင်း သို့​မဟုတ် ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို လုပ်ဆောင်ကြ​သည်။ သာသနာပြု​အများစု​သည် ထို​နေ့တွင် မိသားစု​နှင့် မိတ်ဆွေများ​ထံ​စာ​ရေးလေ့​ရှိကြ​၏။ သာသနာပြု​များ​အတွက် အိမ်​မှ​လာသော​သတင်း​သည် အလွန်​အရေးကြီး​ပြီး သူတို့သည် စာပို့ခြင်း​နှင့် စာ​ရရှိ​ခြင်း​မှ ပျော်ရွှင်မှု​များစွာ​ရရှိကြ​၏။

သာသနာပြု​များသည် အခြား​သူများ​နှင့်​နီးနီးကပ်ကပ် နေထိုင်​လုပ်ဆောင်ကြ​ရာ အချင်းချင်း​ပေါင်းသင်း​ခြင်း​နှင့် ဝိညာဉ်​ရေးရာ​အကြောင်း​များ ဆွေးနွေးခြင်း​ဖြင့် ဆက်ဆံ​ရေး​ကောင်း​ကို ထိန်းထား​ရန်​အရေးကြီး​၏။ ၎င်းနှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​ကို ကိုယ်ပိုင်​လေ့လာမှု မှန်မှန်​ပြုလုပ်​သည့်​အပြင် တနင်္လာ​နေ့​ညနေ​တိုင်း သာသနာပြု​များသည် သမ္မာကျမ်းစာ​ကို ကင်းမျှော်စင်​မဂ္ဂဇင်း​နှင့် အတူတကွ​လေ့လာ​ကြသည်။ နောက်ခံ​မတူ​သော​သာသနာပြု​များ အတူတကွ​နေထိုင်ကြ​သောအခါ ထင်မြင်​ယူဆချက် အနည်းငယ်​ကွာခြားမှု မလွဲမသွေ​တွေ့ကြုံ​တတ်ကြ​ကြောင်း၊ သို့သော် မိသားစု​လိုက်လေ့​လာ​မှု​ပြုခြင်း ဝိညာဉ်​ရေး​အစီအစဉ်​က သူတို့ကို​ကို ဆက်၍​သင့်မြတ်​နေ​စေပြီး စည်းလုံးစေ​ကြောင်း ဘဲ​န်​က​ညွှန်ပြ​သည်။ ထို့​ပြင် မိမိကိုယ်ကို သိပ်​အရေးပါ​လွန်း​သည်​ဟု မယူမှတ်​ခြင်း​သည်လည်း အထောက်အကူ​ပြု​ကြောင်း သူက​အလေးပေး​ဖော်ပြ​သည်။

နှိမ့်ချမှု​ရှိဖို့လည်း အရေးကြီး​၏။ သာသနာပြု​များသည် သူတစ်ပါးကို​စေ​စားဖို့​မဟုတ်၊ သူတစ်ပါး​အစေ​ကို​ခံ​ဖို့ စေလွှတ်​ခံရ​ကြသည်။ မည်သည့်​ဘာသာ​စကား​မဆို​တွင် “ကျွန်ုပ်​မှားသွား​တယ်” ဟူ၍​ပြောဆို​ရန် အခဲယဉ်းဆုံး​ဖြစ်သည်၊ အထူးသဖြင့် လူတစ်ဦး​သည် မရည်ရွယ်​ဘဲ သူ​ပြောဆို​ပြုမူ​မိ​သည့်​အရာတစ်ခု​အတွက် တောင်းပန်​ရန်ဖြစ်​သည်​ဟု ကျွန်ုပ်​တို့၏​မိတ်ဆွေများ​က ပြောပြ​ကြသည်။ ခင်ပွန်း​ဖြစ်သူ​၏ ရိုင်း​ပျ​သော​အပြုအမူကို တောင်းပန်​ခဲ့​ရာ ဘေး​တွေ့​နိုင်​သည့်​အခြေအနေ​ကို ဖြေရှင်း၍ ပြေလည်​စေ​ခဲ့​သော အဘိဂဲလ​၏​သမ္မာကျမ်းစာ​ပုံ​နမူနာ​အကြောင်း ဘဲ​န်​က ကျွန်ုပ်​တို့ကို​သတိပေး​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၅:၂၃-၂၈) သာသနာပြု​ကောင်း​တစ်ဦး​အဖြစ် “အချင်းချင်း​အသင့်အတင့်​နေ” ခြင်း​စွမ်းရည်​မှာ အရေးကြီး​၏။—၂ ကောရိန္သု ၁၃:၁၁

သာသနာပြု​များသည် မိသားစု​နှင့်​သက်ဆိုင်​သည့် အကြောင်းကိစ္စ​များ​အပြင် အပြောင်းအလဲ​များ​ကို စီစဉ်​ဆွေးနွေး​ရန် တစ်လ​တစ်ခါ စည်းဝေး​ကြသည်။ ထို့နောက် အထူး​အချိုပွဲ​တစ်မျိုး​မျိုးကို အားလုံး​အတူတူ​သုံးဆောင်​ကြ​၏။ ယင်းက ကျွန်ုပ်​တို့အတွက် အလွန်​လက်တွေ့ကျ​ပြီး နှစ်သက်ဖွယ်​ကောင်းသော အစီအစဉ်​တစ်ရပ်​ဖြစ်​ပုံ​ရှိသည်။

ကျွန်ုပ်​တို့သည် ညစာ​စား​ပြီး​နောက် သာသနာပြု​အိမ်ထဲ တစ်ခဏ​လှည့်လည်​ကြည့်ရှု​ကြသည်။ အဆိုပါ​အိမ်မှာ မခမ်းနား​လှသော်လည်း အသေးအဖွဲ​က​အစ သန့်ရှင်း​စင်ကြယ်​စွာ​ရှိစေရန် သာသနာပြု​များ ပူးပေါင်း​လုပ်ဆောင်ကြ​ကြောင်း ကျွန်ုပ်​တို့​ကြားသိ​ကြ​ရ၏။ ရေခဲ​သေတ္တာ​တစ်လုံး၊ အဝတ်​လျှော်​စက်​နှင့် မီးဖို​ရှိသည်။ အနောက်​အာဖရိက​ရှိ ဤ​ကဲ့သို့​သော အပူပိုင်း​ဒေသ​နိုင်ငံ​များ​တွင် လေ​အေးစက်​ကိုလည်း​ရရှိနိုင်​ကြောင်း ကယ်​ရင်​က ပြောပြ​သည်။ သင့်လျော်​သော နေရာ​ထိုင်​ခင်း​များ၊ ကျန်းမာ​ရေး​နှင့်​ညီညွတ်သော​အစားအစာ၊ ကျန်းမာ​ရေး​ကာကွယ်​မှု​အတွက် ရိုးရှင်း​သော​အစီအစဉ်များ​က သာသနာပြု​များ​ကို ကျန်း​ကျန်းမာ​မာ​ဆက်​ရှိစေ​၍ ထိရောက်​စွာ​လုပ်ဆောင်ရန် အထောက်အကူ​ပြု​သည်။

အပြုသဘော​ကို အာရုံစိုက်​ခြင်း

ကျွန်ုပ်​တို့​တွေ့မြင်​သမျှ​သည် စိတ်​စွဲမှတ်စရာ​ပင်​ဖြစ်​ခဲ့​သည်။ သာသနာပြု​လုပ်ငန်း​သည် ကျွန်ုပ်​တို့အတွက် ဖြစ်​နိုင်​မည်​လော။ မည်သို့​သိနိုင်​မည်​နည်း။ ကျွန်ုပ်​တို့ကို​ဧည့်ခံသူ​များ​က ကျွန်ုပ်​တို့အား စဉ်းစားစရာ​အနည်းငယ်​ရှိစေသည်။

ဦးဆုံး ခရစ်ယာန်​သာသနာပြု​များသည် စွန့်စား​ခန်း​ရှာဖွေ​နေကြ​သူများ​မဟုတ်​ကြောင်း ကျွန်ုပ်​တို့အား​သိစေ​၏။ သူတို့သည် ဘုရားသခင့်​အံ့ချီးဖွယ်​ကတိတော်​များ​ကို သိ​လို​သူ စိတ်နှလုံး​ရိုး​ဖြောင့်​သူတို့ကို ရှာဖွေ​နေကြ၏။ သာသနာပြု​များသည် လယ်ကွင်း​လုပ်ငန်း​၌ တစ်လ​လျှင်​နာရီ​အနည်းဆုံး ၁၄၀ ပါဝင်​ကြ​ရာ ဓမ္မ​အမှုကို​တန်ဖိုး​ထား​သည့်​စိတ် မရှိမဖြစ်​လိုအပ်​သည်။

‘သို့သော် မြွေ​များ၊ အိမ်မြှောင်​များ၊ ကြမ်းပိုး​များ​ကော’ ဟု​ကျွန်ုပ်​တို့​သိ​လို​ကြသည်။ ၎င်းတို့ကို သာသနာပြု​တာဝန်ကျ​ရာ​နေရာများ​စွာ​၌ တွေ့ရှိ​နိုင်​သည်​ဖြစ်သော်လည်း သာသနာပြု​များသည် ယင်း​တို့​နှင့် နေသား​တ​ကျ​ဖြစ်​ကြ​၏​ဟု ဘဲ​န်​က​ကျွန်ုပ်​တို့ကို​ပြောပြ​သည်။ သာသနာပြု​တာဝန်ကျ​ရာ​နေရာတိုင်း​တွင် ထူးခြားသော​စွဲမက်​စ​ရာ​ရှိပြီး အချိန်တန်သော် သာသနာပြု​များသည် မိမိတို့၏​တာဝန်ကျ​ရာ​နေရာ​ရှိ မက်မော​စ​ရာ​များ​ကို အာရုံစိုက်​သတိမူ​မိ​ကြသည်​ဟု သူ​ထပ်ဆင့်​ပြောပြ​သည်။ “ခြားနား​သည်” ဟု​အစောပိုင်းက ယူမှတ်ခဲ့​မည်​ဖြစ်သော​အခြေအနေ​များ​မှာ များ​မကြာမီ မ​ဆန်း​တော့​ချေ၊ အချို့​ကိစ္စ​များ​တွင် နှစ်သက်စရာ​ပင်​ဖြစ်လာ​တတ်​သည်။ အနောက်​အာဖရိကတွင် နှစ်ပေါင်း​များစွာ အမှုဆောင်ခဲ့​သော သာသနာပြု​တစ်ဦး​သည် ကိုယ်ရေးကိုယ်တာ​တာဝန်​များ​အတွက် သူ၏​ဇာတိမြေ​သို့ မလွှဲ​မရှောင်​ပြန်သွား​ရန် အကြောင်း​ပေါ်သော​အခါ လွန်ခဲ့သော​နှစ်များ​စွာ​က မိမိ၏​နေရင်းပြည်​မှ ထွက်ခွာ​ခဲ့​ရခြင်း​ထက် မိမိ​တာဝန်ကျ​ရာ​နေရာကို စွန့်ခွာ​သွား​ရခြင်း​မှာ သူ့​အတွက်​ပို​၍​ခက်ခဲ​ကြောင်း ပြောပြ​သည်။ သူ၏​သာသနာပြု​တာဝန်ကျ​ရာ​နေရာ​သည် သူ​စံအိမ်​ဖြစ်​ခဲ့​ချေ​ပြီ။

သင် အသင့်ရှိ​သလော

ဘဲ​န်​နှင့် ကယ်​ရင်​တို့သည် ကျွန်ုပ်​တို့ကို စဉ်းစားစရာ အတော်များများ​ရှိစေခဲ့​သည်။ အသင်​ကော။ တိုင်းတစ်ပါး​လယ်ကွင်း​တစ်ခုခု​တွင် သာသနာပြု​တစ်ဦး​အဖြစ် အမှုတော်ထမ်း​ဆောင်ရန် စဉ်းစား​ခဲ့​ဖူး​သလော။ သို့​ဆိုလျှင် သင်​ထင်​သည်ထက် အဆိုပါ​ပန်းတိုင်​ပို​၍​နီးကပ်​နေ​ပေမည်။ လိုအပ်သော အဓိက​အရာတစ်ခု​မှာ အချိန်ပြည့်​ဓမ္မ​အမှုကို မြတ်နိုးခြင်း​နှင့် လူအများ​ကို​အကူအညီ​ပေး​သည့်​လုပ်ငန်း​တွင် ပျော်မွေ့​နေခြင်း​ဖြစ်သည်။ သတိရပါ၊ သာသနာပြု​များသည် လူစွမ်းကောင်း​များ​မဟုတ်၊ သာမန်​အမျိုးသား အမျိုးသမီးများ​သာ​ဖြစ်​ကြသည်။ သူတို့သည် အလွန်​အရေးကြီးသော လုပ်ငန်း​တစ်ခု​ကို ပြီးမြောက်​အောင်မြင်​ရန် အတတ်နိုင်ဆုံး​လုပ်ဆောင်နေ​သူများ​ဖြစ်​ကြသည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ကျမ်းချက်​တစ်ချက်​ဆွေးနွေးခြင်း​ဖြင့် နေ့စဉ်​စတင်​ကြ

[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]

အာဖရိက​မှ ရှုမျှော်ခင်း​များ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ခရစ်ယာန်​သာသနာပြု​တစ်ဦး​အနေ​နှင့် ဘဝ​သည် ကျေနပ်​နှစ်သက်ဖွယ်ရာ​ဖြစ်​နိုင်