ဘုရားသခင်၏မေတ္တာတော်မှ ငါတို့ကိုမည်သူကွာစေမည်နည်း
ဘုရားသခင်၏မေတ္တာတော်မှ ငါတို့ကိုမည်သူကွာစေမည်နည်း
“ဘုရားသခင်သည် ငါတို့ကိုရှေးဦးစွာချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။”—၁ ယောဟန် ၄:၁၉။
၁၊ ၂။ (က) ချစ်မြတ်နိုးခံရကြောင်းသိရခြင်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးပါသနည်း။ (ခ) မည်သူ့မေတ္တာကို ကျွန်ုပ်တို့အလိုအပ်ဆုံးဖြစ်သနည်း။
ချစ်မြတ်နိုးခံရကြောင်းသိရခြင်းသည် သင့်အတွက် မည်မျှအရေးပါသနည်း။ လူသည် နို့စို့ကလေးအရွယ်မှစ၍ လူကြီးဘဝအထိ မေတ္တာအပေါ်ရှင်သန်နေကြသည်။ မိခင်၏ရင်ခွင်ထဲ မေတ္တာရှိစွာ ပိုက်ထွေးခံရသော ကလေးငယ်တစ်ဦးကို သင်သတိပြုမိဖူးသလော။ ပတ်ဝန်းကျင်တွင် အဘယ်အရာပင်ဖြစ်ပျက်နေပါစေ မိခင်၏အပြုံးမျက်ဝန်းကို စူးစိုက်ကြည့်နေစဉ် ကလေးငယ်သည် မိမိအားချစ်မြတ်နိုးသော မိခင်၏ရင်ခွင်တွင် အပူအပင်မရှိ၊ အေးချမ်းလျက်ရှိသည်။ သို့မဟုတ် တစ်ခါတစ်ရံ ကယောက်ကယက်နိုင်သော မြီးကောင်ပေါက်အရွယ်အတွင်း သင်မည်သို့ဖြစ်ခဲ့သည်ကို သတိရသလော။ (၁ သက်သာလောနိတ် ၂:၇၊ ၈) တစ်ခါတစ်ရံ သင်အဘယ်အရာကို အလိုရှိကြောင်း သို့မဟုတ် သင်မည်သို့ခံစားနေရကြောင်းကိုပင် သင်သိချင်မှသိမည်ဖြစ်သော်လည်း သင့်မိဘက သင့်ကိုချစ်မြတ်နိုးကြောင်းသိရခြင်းသည် အရေးကြီးလှလေခြင်း! မည်သည့်ပြဿနာ၊ မည်သည့်မေးခွန်းဖြင့်မဆို သူတို့ထံသင်ချဉ်းကပ်နိုင်ကြောင်းသိရခြင်းက အကူအညီမဖြစ်စေခဲ့ပေလော။ အမှန်တွင် ဘဝတစ်လျှောက်လုံး ကျွန်ုပ်တို့အလိုအပ်ဆုံးအရာတစ်ခုမှာ ချစ်မြတ်နိုးခံရခြင်းပင်ဖြစ်သည်။ ယင်းသို့သောချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့သည် အရာဝင်သူတစ်ဦးဖြစ်ကြောင်း မိမိတို့ကိုစိတ်ချစေသည်။
၂ မိဘများ၏တည်တံ့သောမေတ္တာက လျောက်ပတ်စွာကြီးထွားဖွံ့ဖြိုးရန်နှင့် ဟန်ချက်ညီဖို့ အမှန်ပင်ထောက်ကူပေးသည်။ သို့သော် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်၊ ယေဟောဝါသည် ကျွန်ုပ်တို့ကိုချစ်မြတ်နိုးကြောင်း ယုံကြည်စိတ်ချခြင်းက ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးအတွက် သာ၍ပင်အရေးပါ၏။ ဤမဂ္ဂဇင်းကိုဖတ်ရှုသူအချို့၌ မိမိတို့ကိုအမှန်တကယ်ဂရုစိုက်သောမိဘများ ရှိခဲ့ချင်မှရှိခဲ့မည်။ သင့်ကိစ္စတွင်လည်း ထိုသို့ဖြစ်မည်ဆိုလျှင် အားယူပါ။ မိဘမေတ္တာကိုမရခဲ့၊ သို့မဟုတ် အပြည့်အဝမရခဲ့လျှင်ပင် ဘုရားသခင်၏ တည်ကြည်သောမေတ္တာတော်က အစားဖြည့်ပေးပါသည်။
၃။ ယေဟောဝါသည် မိမိလူမျိုးတော်အပေါ်ထားရှိသော မေတ္တာတော်ကို မည်သို့စိတ်ချစေခဲ့သနည်း။
၃ ယေဟောဝါက မိခင်တစ်ဦးသည် မိမိ၏နို့စို့သူငယ်ကို “မေ့လျော့” နိုင်သော်လည်း မိမိ၏လူမျိုးတော်ကို ကိုယ်တော်မေ့လျော့မည်မဟုတ်ကြောင်း ပရောဖက်ဟေရှာယမှတစ်ဆင့် မိန့်ဆိုခဲ့သည်။ (ဟေရှာယ ၄၉:၁၅) အလားတူ ဒါဝိဒ်က ဤသို့ယုံကြည်စိတ်ချစွာပြောဆိုခဲ့သည်– “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူမည်။” (ဆာလံ ၂၇:၁၀) အားတက်စရာပါတကား! သင့်အခြေအနေ မည်သို့ပင်ရှိပါစေ သင်သည် ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသော ဆက်ဆံရေးရှိလျှင် သင့်အပေါ်ထားသော ကိုယ်တော်၏မေတ္တာတော်သည် မည်သည့်လူသားမေတ္တာထက်မဆို သာလွန်ကြောင်း အစဉ်သတိရသင့်သည်။
ဘုရားသခင့်မေတ္တာတော်၌ သင့်ကိုယ်ကိုထားရှိလော့
၄။ ပထမရာစုခရစ်ယာန်များသည် ဘုရားသခင့်မေတ္တာတော်ကို မည်သို့ယုံကြည်စိတ်ချခဲ့ကြသနည်း။
၄ ယေဟောဝါ၏မေတ္တာတော်ကို သင်အဘယ်အချိန်က ဦးဆုံးသိခဲ့သနည်း။ သင့်အတွေ့အကြုံသည် ပထမရာစုခရစ်ယာန်များနှင့် အတော်ပင်ဆင်တူပေမည်။ တစ်ချိန်က ဘုရားသခင်ထံမှကင်းကွာခဲ့သော အပြစ်သားများသည် ယေဟောဝါ၏မေတ္တာတော်နှင့် မည်သို့ရင်းနှီးသိကျွမ်းလာပုံကို ရောမမြို့သားများထံ ပေါလုရေးသောစာ အခန်းကြီး ၅ တွင် နှစ်လိုဖွယ်ကောင်းစွာ ဖော်ပြထားသည်။ အခန်းငယ် ၅ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ငါတို့အားပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ သွန်းလောင်းတော်မူ၏။” အခန်းငယ် ၈ တွင်ပေါလုက ဤသို့ထပ်ဆင့်ဆိုသည်– “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။”
၅။ ဘုရားသခင့်မေတ္တာတော်ကြီးမားမှုကို သင်မည်သို့တန်ဖိုးထားတတ်လာခဲ့သနည်း။
၅ ထိုနည်းတူစွာ၊ သမ္မာကျမ်းစာပါ အမှန်တရားကို သင့်အားဖော်ပြခဲ့၍ သင်သည် စတင်ယုံကြည်လာသောအခါ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည် သင့်နှလုံး၌ စတင်လှုပ်ရှားလေသည်။ ဤနည်းဖြင့် ယေဟောဝါသည် ကိုယ်တော်၏ချစ်မြတ်နိုးသောသားတော်ကို သင့်အတွက်အသေခံဖို့စေလွှတ်ရာတွင် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သည့်အတိုင်းအတာကို သင်စတင်သဘောပေါက်နားလည်ခဲ့လေသည်။ သို့ဖြင့် ယေဟောဝါသည် လူသားများကို မည်မျှတိုင်ချစ်မြတ်နိုးကြောင်း သင်သိရှိလာခဲ့၏။ သင်သည် ကိုယ်တော်နှင့်ကင်းကွာသော အပြစ်သားတစ်ဦးအဖြစ် မွေးဖွားလာခဲ့စေကာမူ လူသားများသည် ရောမ ၅:၁၀။
အဆုံးမဲ့အသက်မျှော်လင့်ချက်ဖြင့် ဖြောင့်မတ်ရာသို့ရောက်သူများ ဖြစ်လာနိုင်ကြဖို့အတွက် ယေဟောဝါလမ်းဖွင့်ပေးခဲ့ကြောင်း သိရှိလာသောအခါ သင့်နှလုံးထိမိခဲ့သည်မဟုတ်ပေလော။ ယေဟောဝါကို သင်ချစ်မြတ်နိုးစိတ်မခံစားရခဲ့ပေလော။—၆။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ယေဟောဝါထံမှ ဝေးကွာနေသည့်အလား အဘယ်ကြောင့်ခံစားရမည်နည်း။
၆ သင့်ကောင်းကင်ခမည်းတော်၏မေတ္တာတော်ဖြင့် ဆွဲဆောင်ခံခဲ့ရပြီးသကာလ ကိုယ်တော်နှစ်သက်ရန်အလို့ငှာ သင့်ဘဝကိုပြုပြင်ပြီးနောက် သင့်အသက်တာကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခဲ့သည်။ ယခု သင်သည် ဘုရားသခင်နှင့် ငြိမ်သက်မှုခံစားရသည်။ သို့တိုင် တစ်ခါတစ်ရံ ယေဟောဝါထံမှ အတော်ပင်ဝေးနေသည်ဟု သင်ခံစားရသလော။ ထိုသို့ မည်သူမဆို ခံစားရနိုင်သည်။ သို့သော် ဘုရားသခင်သည်ပြောင်းလဲခြင်းမရှိကြောင်း အစဉ်သတိရပါ။ ကိုယ်တော်၏မေတ္တာတော်သည် မြေကြီးပေါ်သို့ နွေးထွေးသောရောင်ခြည် အစဉ်ဖြာထွက်သည့်နေကဲ့သို့ တည်တံ့မြဲမြံပြီး မပြောင်းလဲချေ။ (မာလခိ ၃:၆; ယာကုပ် ၁:၁၇) တစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် ပြောင်းလဲနိုင်သည်—အနည်းဆုံးတော့ အခိုက်အတန့်ဖြစ်သည်။ ကမ္ဘာကြီးလှည့်လိုက်သည်နှင့် ကမ္ဘာဂြိုဟ်တစ်ခြမ်းသည် မှောင်သွားသည်။ ထိုနည်းတူ ဘုရားသခင်ထံမှ ကျွန်ုပ်တို့အနည်းအကျဉ်းမျှလောက်ပင် လှည့်ထွက်သွားမည်ဆိုလျှင် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး အေးစက်လာသည်ကို ခံစားရပေမည်။ ထိုအခြေအနေကိုပြုပြင်ရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။
၇။ မိမိကိုယ်ကိုဆန်းစစ်ခြင်းက ဘုရားသခင့်မေတ္တာတော်၌တည်ရှိနေရန် မည်သို့ထောက်ကူပေးနိုင်သနည်း။
၇ ကျွန်ုပ်တို့သည် ဘုရားသခင့်မေတ္တာတော်မှ ကင်းကွာနေသလိုခံစားရပါက မိမိတို့ကိုယ်ကို ဤသို့မေးသင့်သည်– ‘ဘုရားသခင့်မေတ္တာတော်ကို ငါအလေးမထားဘဲနေသလား။ အသက်ရှင်ပြီး မေတ္တာရှိတဲ့ဘုရားသခင်ထံကနေ တဖြည်းဖြည်းသွေဖည်သွားပြီး ယုံကြည်ခြင်းအားနည်းနေတာကို နည်းအဖုံဖုံနဲ့ ငါတင်ပြနေသလား။ ငါဟာ “ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သောအရာတို့” အစား “ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့” အပေါ်ငါ့စိတ်ရောက်နေသလား။’ (ရောမ ၈:၅-၈; ဟေဗြဲ ၃:၁၂) ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ယေဟောဝါထံမှဝေးကွာစေခဲ့ပြီဆိုလျှင် ကိုယ်တော်နှင့်ရင်းနှီး၊ နွေးထွေးသောဆက်ဆံရေး ပြန်လည်ရရှိရန် ကိစ္စရပ်များကိုပြုပြင်ဖို့လုပ်ဆောင်နိုင်သည်။ ယာကုပ်က “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟုတိုက်တွန်းခဲ့သည်။ (ယာကုပ် ၄:၈) ယုဒ၏ဤစကားများကို ဂရုပြုပါ– “ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကိုတည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း . . . လျက်၊ ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက် . . . ကြလော့။”—ယုဒ ၂၀၊ ၂၁။
အခြေအနေပြောင်းလဲခြင်းက ဘုရားသခင့်မေတ္တာတော်ကိုမထိခိုက်
၈။ ကျွန်ုပ်တို့၏ဘဝတွင် အဘယ်အပြောင်းအလဲများ ရုတ်ခြည်းဖြစ်ပေါ်လာနိုင်သနည်း။
၈ ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့ ဘဝအပြောင်းအလဲများစွာကြုံတွေ့ရသည်။ “ခပ်သိမ်းသော [ကျွန်ုပ်] တို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်” ကြောင်းရှောလမုန်ဘုရင်ဒေ. ၉:၁၁) ကျွန်ုပ်တို့၏ဘဝသည် ညတွင်းချင်း လုံးလုံးပြောင်းလဲသွားနိုင်သည်။ တစ်နေ့တွင် ကျွန်ုပ်တို့ကျန်းကျန်းမာမာရှိသော်လည်း နောက်တစ်နေ့တွင် အသည်းအသန်ဖျားနာနိုင်သည်။ တစ်နေ့တွင် ကျွန်ုပ်တို့၏လောကအလုပ် တည်မြဲပုံရှိ၏၊ နောက်တစ်နေ့တွင် အလုပ်လက်မဲ့ဖြစ်သွားပေမည်။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတစ်ဦး ရုတ်တရက်သေဆုံးသွားနိုင်သည်။ နိုင်ငံတစ်စုံတစ်ရာရှိ ခရစ်ယာန်များသည် ငြိမ်းချမ်းသာယာစွာ အတန်ကြာနေထိုင်နေစဉ် မမျှော်လင့်ဘဲ အပြင်းအထန်နှိပ်စက်ညှဉ်းပန်းခံရပေမည်။ ကျွန်ုပ်တို့သည် မဟုတ်မမှန်စွပ်စွဲခံရကြသောကြောင့် မတရားသဖြင့်ပြုခံရကောင်းခံခဲ့ရပေမည်။ မှန်ပါ၏၊ ဘဝသည် တည်ငြိမ်မှု သို့မဟုတ် လုံးလုံးလျားလျားသေချာမှုမရှိချေ။—ယာကုပ် ၄:၁၃-၁၅။
တွေ့ရှိခဲ့သည်။ (၉။ ရောမအခန်းကြီး ၈ ၏အပိုင်းတစ်ပိုင်းကိုသုံးသပ်ရန် အဘယ်ကြောင့်သင့်လျော်မည်နည်း။
၉ ဝမ်းနည်းဖွယ်ရာများကို ကျွန်ုပ်တို့ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့အပေါ် ဘုရားသခင့်မေတ္တာတော်လျော့နည်းသွားပြီဟုပင် ထင်မှတ်ကာ စွန့်ပစ်ခံထားရသည်ဟု စတင်ခံစားရနိုင်သည်။ ယင်းသို့သောအဖြစ်အပျက်များကို ကျွန်ုပ်တို့အားလုံး တွေ့ကြုံခံစားရကြသည်ဖြစ်ရာ ရောမအခန်းကြီး ၈ ၌တမန်တော်ပေါလုမှတ်တမ်းတင်ထားသော အလွန်စိတ်သက်သာမှုဖြစ်စေသည့်စကားများကို ဂရုတစိုက်သုံးသပ်သင့်သည်။ ထိုစကားများကို ဝိညာဉ်တော်ဖွားခရစ်ယာန်များထံ ရေးသားခဲ့ခြင်းဖြစ်သည်။ သို့သော် ခရစ်ယာန်ခေတ်မတိုင်မီက အာဗြဟံကဲ့သို့ ဘုရားသခင့်မိတ်ဆွေများအဖြစ် ဖြောင့်မတ်သည်ဟုကြေညာခံခဲ့ရသော အခြားသိုးများနှင့်လည်း မူအရသက်ဆိုင်သည်။—ရောမ ၄:၂၀-၂၂; ယာကုပ် ၂:၂၁-၂၃။
၁၀၊ ၁၁။ (က) ဘုရားသခင့်လူမျိုးတော်ကို ရန်သူများက တစ်ခါတစ်ရံ မည်သို့စွပ်စွဲကြသနည်း။ (ခ) ဤသို့သောစွပ်စွဲချက်များသည် ခရစ်ယာန်များအတွက် အဘယ်ကြောင့်အကြောင်းမဟုတ်သနည်း။
၁၀ ရောမ ၈:၃၁-၃၄ ကိုဖတ်ပါ။ “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း” ဟုပေါလုမေးသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏တစ်ဖက်၌ စာတန်နှင့် သူ၏ဆိုးသွမ်းသောလောကရှိသည်။ ရန်သူများသည် နယ်မြေတရားရုံးများ၌ပင် ကျွန်ုပ်တို့ကိုမဟုတ်မမှန်စွပ်စွဲကြပေမည်။ ခရစ်ယာန်မိဘအချို့သည် ဘုရားသခင့်ပညတ်တော်ကို ချိုးဖောက်သည့် ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို မိမိတို့သားသမီးများအား လက်ခံခွင့်မပြုသောကြောင့်၊ သို့မဟုတ် အယူမှားအထိမ်းအမှတ်ပွဲများတွင် ပါဝင်ခွင့်မပြုသောကြောင့် သားသမီးကိုမချစ်ဟု စွပ်စွဲခံခဲ့ရကြပြီ။ (တမန်တော် ၁၅:၂၈၊ ၂၉; ၂ ကောရိန္သု ၆:၁၄-၁၆) တည်ကြည်သော အခြားခရစ်ယာန်များမူ စစ်ပွဲတွင် လူသားချင်းကိုမသတ်၊ နိုင်ငံရေး၌မပါဝင်ကြသောကြောင့် ပုန်ကန်မှုလှုံ့ဆော်သူများဟု မဟုတ်မမှန်စွပ်စွဲခံခဲ့ရကြပြီ။ (ယောဟန် ၁၇:၁၆) ဆန့်ကျင်သူအချို့သည် ယေဟောဝါသက်သေများကို အန္တရာယ်ရှိသောဂိုဏ်းတစ်ခုအဖြစ် မဟုတ်မမှန်စွပ်စွဲသည့်အထိ လူထုဆက်သွယ်ရေးသတင်းများတွင် သွားပုပ်လေလွင့်သတင်းဖြန့်ခဲ့ကြသည်။
၁၁ သို့သော် တမန်တော်များခေတ်၌ “ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကိုခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်” ဟုပြောဆိုခဲ့ကြောင်း မမေ့ပါနှင့်။ (တမန်တော် ၂၈:၂၂) မဟုတ်မမှန်စွပ်စွဲချက်များသည် အကြောင်းလော။ ခရစ်တော်၏ပူဇော်သကာကို ယုံကြည်ခြင်းအပေါ်အခြေပြု၍ ခရစ်ယာန်စစ်များအား ဖြောင့်မတ်သည်ဟုကြေညာခဲ့သူမှာ ဘုရားသခင်ဖြစ်သည်။ ယေဟောဝါပေးသည့် တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်သော ကိုယ်တော်တိုင်ချစ်မြတ်နိုးသောသားတော်ကို ပေးဆက်ခဲ့ပြီးနောက်မှ မိမိအားဝတ်ပြုသူများကို ကိုယ်တော်အဘယ်ကြောင့်မေတ္တာပျက်မည်နည်း။ (၁ ယောဟန် ၄:၁၀) ခရစ်တော်သည် ယခု သေခြင်းမှထမြောက်တော်မူပြီး ဘုရားသခင့်လက်ယာလက်တော်၌ရှိနေပြီဖြစ်ရာ ခရစ်ယာန်များအဖို့ ကိုယ်တော်သည်တက်ကြွစွာ လုပ်ဆောင်ထောက်မပေးနေတော်မူ၏။ ခရစ်တော်သည် မိမိ၏နောက်လိုက်များကို ကာကွယ်ပေးမှုအား မည်သူသည် မှန်ကန်စွာကန့်ကွက်ချေပနိုင်မည်နည်း၊ သို့မဟုတ် ကိုယ်တော်အားတည်ကြည်သူများအပေါ် ဘုရားသခင့်မျက်နှာသာစီရင်ချက်အား မည်သူသည် အောင်မြင်စွာစောဒကတက်နိုင်မည်နည်း။ မည်သူမျှမရှိချေ!—ဟေရှာယ ၅၀:၈၊ ၉; ဟေဗြဲ ၄:၁၅၊ ၁၆။
၁၂၊ ၁၃။ (က) အဘယ်အခြေအနေ သို့မဟုတ် အဖြစ်အပျက်များက ဘုရားသခင့်မေတ္တာတော်နှင့် ကျွန်ုပ်တို့ကိုမကွာစေနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ကို အခက်အခဲများတွေ့စေရသည့် စာတန်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ (ဂ) ခရစ်ယာန်များသည် အဘယ်ကြောင့်လုံးလုံးအောင်မြင်ကြသနည်း။
၁၂ ရောမ ၈:၃၅-၃၇ ကိုဖတ်ပါ။ ယေဟောဝါနှင့် ကိုယ်တော့်သားတော်ခရစ်တော်ယေရှုတို့၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့ကို ဝေးကွာစေနိုင်သူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာရှိသလော။ စာတန်သည် ခရစ်ယာန်များအား အခက်အခဲများစွာတွေ့စေရန် မြေကြီးပေါ်ရှိ သူ၏ကိုယ်စားလှယ်များကို အသုံးပြုပေမည်။ လွန်ခဲ့သောရာစုနှစ်တစ်လျှောက် နိုင်ငံများစွာတွင် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မအများသည် အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ကြရ၏။ ယနေ့ နေရာဒေသအချို့၌ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် စီးပွားရေးခက်ခဲမှုကို နေ့စဉ်ရင်ဆိုင်နေရကြသည်။ အချို့တို့မူ မွတ်သိပ်ခြင်းဝေဒနာ သို့မဟုတ် အဝတ်အစားမလုံလောက်ခြင်းကို ကြုံတွေ့ရကြသည်။ ဤအခက်အခဲများကို ဖြစ်ပေါ်စေသည့် စာတန်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ မည်သို့ပင်ဖြစ်စေ သူ၏ရည်ရွယ်ချက်တစ်ခုမှာ ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးကို စိတ်ပျက်သွားစေရန်ဖြစ်သည်။ ဘုရားသခင့်မေတ္တာတော်သည် အေးစက်သွားပြီဟု ကျွန်ုပ်တို့ကိုစာတန်ယူမှတ်စေလိုသည်။ သို့ရာတွင် ထိုသို့ဖြစ်နိုင်ပါသလော။
၁၃ ဆာလံ ၄၄:၂၂ ကိုကိုးကားခဲ့သောပေါလုကဲ့သို့ ကျွန်ုပ်တို့လည်း သမ္မာကျမ်းစာကို လေ့လာခဲ့ကြပြီ။ ကိုယ်တော့် “သိုး” များဖြစ်ကြသော ကျွန်ုပ်တို့ ဤအမှုများကိုတွေ့ကြုံခံစားရခြင်းမှာ ဘုရားသခင့်နာမတော်ကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့သိနားလည်ကြသည်။ ဘုရားသခင့်နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် စကြဝဠာပိုင်သအုပ်စိုးမှု သံသယကင်းရှင်းစေခြင်းတို့ အကျုံးဝင်နေ၏။ ဤသို့သောအရေးပါသည့် ကိစ္စများအတွက် စမ်းသပ်မှုများကို ဘုရားသခင်ခွင့်ပြုရခြင်းဖြစ်သည်၊ ကျွန်ုပ်တို့ကို ဘုရားသခင်မေတ္တာမရှိတော့သည့်အတွက်ကြောင့်မဟုတ်ပေ။ အဘယ်စိတ်ဆင်းရဲစရာ အခြေအနေပင်ဖြစ်စေ ကျွန်ုပ်တို့တစ်ဦးစီအပါအဝင် ကိုယ်တော့်လူမျိုးတော်အပေါ် ဘုရားသခင့်မေတ္တာတော်သည် ပြောင်းလဲခြင်းမရှိကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ကျွန်ုပ်တို့သည် ဆက်၍သမာဓိစောင့်သိကြမည်ဆိုလျှင် ကျွန်ုပ်တို့ခံရနိုင်သော မည်သည့်ရှုံးနိမ့်နေပုံမဆိုသည် အောင်ပွဲအဖြစ်သို့ပြောင်းသွားပါလိမ့်မည်။ ဘုရားသခင်၏ခိုင်မြဲသောမေတ္တာတော်ကို ရရှိထားကြောင်း ယုံကြည်စိတ်ချခြင်းအားဖြင့် ကျွန်ုပ်တို့ခွန်အားရှိပြီး ခံရပ်နိုင်ကြပါသည်။
၁၄။ ခရစ်ယာန်များသည် အခက်အခဲများကြုံတွေ့ရမည်ဖြစ်သော်လည်း ဘုရားသခင့်မေတ္တာတော်ကို ပေါလု အဘယ်ကြောင့်ယုံကြည်စိတ်ချခဲ့သနည်း။
၁၄ ရောမ ၈:၃၈၊ ၃၉ ကိုဖတ်ပါ။ မည်သည့်အရာကမျှ ခရစ်ယာန်များကို ဘုရားသခင့်မေတ္တာတော်မှ မကွာစေနိုင်ဟု အဘယ်အရာက ပေါလုကိုစိတ်ချစေသနည်း။ ဓမ္မအမှုတွင် ပေါလု၏ကိုယ်ပိုင်အတွေ့အကြုံများက ကျွန်ုပ်တို့အပေါ်ရှိသည့် ဘုရားသခင့်မေတ္တာကို အခက်အခဲများက မထိခိုက်စေနိုင်ဟူသည့် သူ၏ခံယူချက်ကို ပို၍ခိုင်ခံ့စေခဲ့သည်မှာ သေချာသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇; ဖိလိပ္ပိ ၄:၁၃) ထို့ပြင် ယေဟောဝါ၏ထာဝရရည်ရွယ်ချက်နှင့် ကိုယ်တော့်လူမျိုးတော်နှင့် ယခင်က ဆက်ဆံခဲ့ပုံတို့ကို ပေါလုသိထားသည်။ ဘုရားသခင်ကို တည်ကြည်စွာအမှုထမ်းခဲ့သူတို့အပေါ် ကိုယ်တော်ထားသောမေတ္တာတော်ကို သေခြင်းကအနိုင်ယူနိုင်မည်လော။ ဝေးလေစွ! သေဆုံးသွားကြသော ထိုတည်ကြည်သူများသည် ဘုရားသခင်၏တိကျသောမှတ်ဉာဏ်၌ အသက်ရှင်နေကြ၍ အချိန်တန်လျှင် သူတို့ကို ကိုယ်တော်ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။—လုကာ ၂၀:၃၇၊ ၃၈; ၁ ကောရိန္သု ၁၅:၂၂-၂၆။
၁၅၊ ၁၆။ မိမိ၏တည်ကြည်သောကျေးကျွန်များကို မေတ္တာပျက်စေဖို့ ဘယ်သောအခါမျှ ဘုရားသခင်အား မပြုလုပ်နိုင်သော အရာတချို့ကို ပြန်ပြောပြပါ။
၁၅ ချည့်နဲ့သွားစေသည့်မတော်တဆဖြစ်မှု၊ ရောဂါကျွမ်းနေခြင်း၊ သို့မဟုတ် စီးပွားရေးကပ်ဆိုက်ခြင်းဖြစ်စေ မည်သည့်အကြောင်းမလှမှုများကိုမဆို ကျွန်ုပ်တို့ကြုံတွေ့ရစေကာမူ လူမျိုးတော်အပေါ် ဘုရားသခင့်မေတ္တာတော်ကို အဘယ်အရာကမျှမပျက်စီးစေနိုင်ချေ။ ယေဟောဝါအားဆက်ကပ်အပ်နှံထားသောကျေးကျွန်များကို ကိုယ်တော်မေတ္တာပျက်စေဖို့ စာတန်ဖြစ်သွားသော မနာခံသည့်ကောင်းကင်တမန်ကဲ့သို့သော တန်ခိုးကြီးသည့်ကောင်းကင်တမန်များက ကိုယ်တော်အားမလွှမ်းမိုးနိုင်ပါ။ (ယောဘ ၂:၃) အစိုးရများက ဘုရားသခင့်ကျေးကျွန်များကို ပိတ်ပင်ပေမည်၊ ထောင်ချ၍ မတော်မတရားပြုကာ “လက်ခံနိုင်ဖွယ်မရှိသောသူ” အဖြစ်ပင် သတ်မှတ်ပေလိမ့်မည်။ (၁ ကောရိန္သု ၄:၁၃) တိုင်းနိုင်ငံများက ဤသို့အကြောင်းမဲ့မုန်းတီးကြခြင်းကြောင့် ကျွန်ုပ်တို့ကိုရန်ပြုရန် လူအများ ဖိအားပေးခံရပေမည်၊ သို့သော် ယင်းက စကြဝဠာပိုင်သအုပ်စိုးရှင်အား ကျွန်ုပ်တို့ကိုစွန့်ပစ်ရန် မတိမ်းယိမ်းစေပါ။
၁၆ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ပေါလုခေါ်ဆိုခဲ့သည့် “မျက်မှောက်အရာ”—လက်ရှိအစီအစဉ်စနစ်၏ ဖြစ်ရပ်များနှင့် အခြေအနေများ—ဖြစ်စေ၊ နောင် “လာလတ္တံ့သောအရာ” များဖြစ်စေ တစ်ခုခုက ဘုရားသခင့်လူမျိုးအပေါ် ကိုယ်တော့်တွယ်တာမှုအား ပျက်သွားစေမည်ကို ကြောက်စရာမလိုပေ။ မြေကြီးနှင့် ကောင်းကင်ဆိုင်ရာတန်ခိုးများက ကျွန်ုပ်တို့တစ်ဖက်၌ စစ်တိုက်ကြသော်လည်း ကျွန်ုပ်တို့ကိုထောက်မပေးဖို့ ဘုရားသခင်၏တည်ကြည်သောမေတ္တာတော်ရှိသည်။ ပေါလုဖော်ပြခဲ့သည်အတိုင်း “အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ” ဘုရားသခင့်မေတ္တာတော်ကို မတားဆီးနိုင်ပါ။ မှန်ပါသည်၊ ကျွန်ုပ်တို့ကိုဆွဲချတတ်ပုံရှိသောအရာဖြစ်စေ၊ ကျွန်ုပ်တို့အပေါ်သြဇာလွှမ်းမိုးလိုသော မည်သည့်အရာပင်ဖြစ်စေ ဘုရားသခင့်မေတ္တာတော်နှင့် ကျွန်ုပ်တို့ကိုမကွာစေနိုင်ပါ; မည်သည့်ဖန်ဆင်းရာကမျှ တည်ကြည်သောကျေးကျွန်များနှင့် ဖန်ဆင်းရှင်၏ဆက်ဆံရေးကို ပြတ်တောက်မသွားစေနိုင်ပါ။ ဘုရားသခင့်မေတ္တာတော်သည် တည်မြဲသည်; ယင်းသည်ထာဝရဖြစ်သည်။—၁ ကောရိန္သု ၁၃:၈။
ဘုရားသခင့်မေတ္တာကရုဏာတော်ကို အစဉ်တန်ဖိုးထားပါ
၁၇။ (က) ဘုရားသခင့်မေတ္တာတော်ရရှိခြင်းသည် အဘယ်ကြောင့် “အသက်ထက်သာ၍ကောင်း” သနည်း။ (ခ) ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကျွန်ုပ်တို့မြတ်နိုးကြောင်း မည်သို့တင်ပြကြသနည်း။
၁၇ ဘုရားသခင့်မေတ္တာတော်သည် သင့်အတွက်မည်မျှအရေးပါသနည်း။ “[မေတ္တာ] ကရုဏာတော်သည် အသက်ထက်သာ၍ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းရပါမည်။ ဆာလံ ၆၃:၃၊ ၄) ဘုရားသခင့်မေတ္တာတော်နှင့် တည်မြဲသောမိတ်သဟာယ၌ မွေ့လျော်ခြင်းထက်သာသောအရာကို ဤလောကက ကမ်းလှမ်းပေးနိုင်ပါသလော။ ဥပမာ၊ ဝင်ငွေကောင်းသော လောကအလုပ်တစ်ခုကိုလုပ်ကိုင်ခြင်းသည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိခြင်းမှရသည့် စိတ်ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုထက် သာ၍ကောင်းသလော။ (လုကာ ၁၂:၁၅) ခရစ်ယာန်အချို့သည် ယေဟောဝါအားကျောခိုင်းစွန့်ပယ်မည်လော သို့မဟုတ် အသေခံမည်လောဟူသည့် ရွေးချယ်မှုကိုရင်ဆိုင်ခဲ့ကြရ၏။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီချွေးတပ်စခန်းများတွင် ယေဟောဝါသက်သေများစွာ ထိုအရေးကိုကြုံတွေ့ခဲ့ရသည်။ ခြွင်းချက်အနည်းအကျဉ်းလေးမှလွဲ၍ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများသည် လိုအပ်ပါက အသေခံဖို့အသင့်ရှိခဲ့ကြပြီး ဘုရားသခင့်မေတ္တာတော်၌ ဆက်၍တည်နေရန် ရွေးချယ်ခဲ့ကြသည်။ ကိုယ်တော်၏မေတ္တာတော်၌ တည်ကြည်စွာဆက်၍နေခဲ့သူများသည် ကျွန်ုပ်တို့ကို ဤလောကမပေးနိုင်သော ထာဝရအနာဂတ်ကို ဘုရားသခင်ထံတော်မှရရှိမည်ဟု စိတ်ချနိုင်ကြသည်။ (မာကု ၈:၃၄-၃၆) သို့သော် ထာဝရအသက်ရရေးထက်မက အကျုံးဝင်ပါသေးသည်။
ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကိုကောင်းချီးပေးပါမည်။ နာမတော်ကိုအမှီပြုလျက် လက်ကိုချီပါမည်” ဟုရေးသားခဲ့သူ ဒါဝိဒ်ကဲ့သို့သင်ခံစားရသလော။ (၁၈။ ထာဝရအသက်သည် အဘယ်ကြောင့်ဤမျှနှစ်လိုဖွယ်ဖြစ်သနည်း။
၁၈ ယေဟောဝါမပါဘဲ ထာဝစဉ်အသက်ရှင်ဖို့ မဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့၏ဖန်ဆင်ရှင်းမပါဘဲ သက်တမ်းလွန်စွာရှည်သည့်ဘဝသည် မည်သို့ဖြစ်မည်ကို ကြိုးစားမြင်ယောင်ကြည့်ပါ။ ယင်းသည် ဟာလာဟင်းလင်း၊ စစ်မှန်သောရည်ရွယ်ချက်မဲ့နေပေမည်။ ဤနောက်ဆုံးကာလတွင် ယေဟောဝါသည် မိမိ၏လူမျိုးတော်အား ကျေနပ်ဖွယ်ကောင်းသောအလုပ်ကိုလုပ်ကိုင်ဖို့ တာဝန်ပေးအပ်ထားသည်။ ထို့ကြောင့် ကြီးမြတ်သောရည်ရွယ်တော်မူရှင် ယေဟောဝါက ထာဝရအသက်ပေးသောအခါ ကျွန်ုပ်တို့သင်ယူစရာ၊ လုပ်ကိုင်စရာ စိတ်ဝင်စားဖွယ်ရာများရှိနေမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ (ဒေ. ၃:၁၁) လာမည့်အနှစ်ထောင်ပေါင်းများစွာအတွင်း ကျွန်ုပ်တို့မည်မျှပင် စူးစမ်းလေ့လာပါစေ “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော် အလွန်ကျယ်ဝန်းနက်နဲ” မှုကို ကျွန်ုပ်တို့ဘယ်သောအခါမျှ အပြည့်အဝနားလည်မည်မဟုတ်ပေ။—ရောမ ၁၁:၃၃။
ခမည်းတော်သည် သင်တို့ကိုချစ်ခင်တွယ်တာတော်မူ၏
၁၉။ ယေရှုခရစ်သည် မိမိ၏တပည့်တော်များနှင့် ခွဲခွာခါနီးတွင် အဘယ်အားပေးစကားကိုပြောဆိုခဲ့သနည်း။
၁၉ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့ နောက်ဆုံးညနေခင်း၌ မိမိ၏တည်ကြည်သော တမန်တော် ၁၁ ပါးနှင့် ယေရှုအတူရှိစဉ် ကိုယ်တော်သည် ရှေ့တွင်ကြုံတွေ့ကြရမည့်အရာများအတွက် သူတို့ခံနိုင်ရည်ရှိစေရန် များစွာမိန့်ဆိုခဲ့သည်။ ယေရှုဆင်းရဲခြင်းအမျိုးမျိုး ခံခဲ့ရစဉ် သူတို့အားလုံးသည် ကိုယ်တော့်ကိုမစွန့်မခွာ စွဲကပ်ခဲ့ကြပြီး မိမိတို့ကို ကိုယ်တော်မေတ္တာရှိကြောင်း သူတို့ကိုယ်တိုင်ခံစားခဲ့ကြရသည်။ (လုကာ ၂၂:၂၈၊ ၃၀; ယောဟန် ၁:၁၆; ၁၃:၁) ထို့နောက် ယေရှုက “ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏” ဟု သူတို့ကိုစိတ်ချစေခဲ့သည်။ (ယောဟန် ၁၆:၂၇) သူတို့အပေါ် ကောင်းကင်ခမည်းတော်ထားရှိသော သနားကြင်နာတတ်သည့်စိတ်ထားကို တပည့်တော်များသိလာစေဖို့ ထိုစကားများက မည်မျှထောက်ကူလိုက်မည်ဖြစ်ခြင်း!
၂၀။ အဘယ်အရာလုပ်ဆောင်ဖို့ သင်သန္နိဋ္ဌာန်ချထားသနည်း၊ အဘယ်အရာကို သင်ယုံကြည်စိတ်ချနိုင်သနည်း။
၂၀ ယခုအသက်ရှင်နေသူများစွာတို့သည် ယေဟောဝါ၏အမှုတော်ကို ဆယ်စုနှစ်ချီ တည်ကြည်စွာအမှုထမ်းခဲ့ကြပြီ။ ဤစနစ်ဆိုး နိဂုံးမချုပ်မီ နောက်ထပ်စမ်းသပ်မှုများစွာကို ကျွန်ုပ်တို့ကြုံတွေ့ကြရဦးမည်မှာသေချာသည်။ ထိုသို့သောစမ်းသပ်မှုများ သို့မဟုတ် ပူပင်သောကများက ဘုရားသခင်၏တည်ကြည်သောမေတ္တာတော်ကို ဘယ်သောအခါမျှ သံသယမဝင်ပါစေနှင့်။ သင့်ကို ယေဟောဝါချစ်မြတ်နိုးကြောင်းမှာ ချဲ့ကားပြောနေခြင်းမဟုတ်ပါ။ (ယာကုပ် ၅:၁၁) ကျွန်ုပ်တို့ယောက်စီယောက်တိုင်း ဘုရားသခင့်ပညတ်တော်များကို တည်ကြည်စွာစောင့်ရှောက်လျက် မိမိတို့အပိုင်းကို ဆက်၍လုပ်ဆောင်ကြပါစို့။ (ယောဟန် ၁၅:၈-၁၀) အခွင့်အရေးရတိုင်း ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြစို့လေ။ ဆုတောင်းခြင်းနှင့် သမ္မာကျမ်းစာကိုလေ့လာခြင်းဖြင့် ယေဟောဝါထံဆက်လက်ချဉ်းကပ်ရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မြဲစေသင့်သည်။ မနက်ဖြန် မည်သို့ပင်ဖြစ်လာပါစေ ယေဟောဝါနှစ်သက်ရာကို ကျွန်ုပ်တို့အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေကြမည်ဆိုလျှင် ကိုယ်တော်၏တည်တံ့သောမေတ္တာတော်ကို အပြည့်အဝယုံကြည်စိတ်ချလျက် ငြိမ်သက်မှုရှိနေကြပေမည်။—၂ ပေတရု ၃:၁၄။
သင်မည်သို့ဖြေဆိုမည်နည်း
• ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် ဟန်ချက်ညီစေရန် မည်သူ့မေတ္တာကို ကျွန်ုပ်တို့အထူးသဖြင့်လိုအပ်ကြသနည်း။
• အဘယ်အရာများက ယေဟောဝါအား မိမိ၏ကျေးကျွန်များအပေါ် ဘယ်သောအခါမျှ မေတ္တာပျက်စေနိုင်မည်မဟုတ်သနည်း။
• ယေဟောဝါ၏မေတ္တာတော်ခံစားရခြင်းသည် အဘယ်ကြောင့် “အသက်ထက်သာ၍ကောင်း” သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဘုရားသခင့်မေတ္တာတော်မှ ကင်းကွာနေသည်ဟု ကျွန်ုပ်တို့ ခံစားရလျှင် ကိစ္စရပ်များကို ပြုပြင်ဖို့လုပ်ဆောင်နိုင်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပေါလုသည် မိမိအဘယ်ကြောင့်နှိပ်စက်ညှဉ်းပန်းခံရကြောင်း နားလည်ခဲ့