မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏”

“အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏”

“အလင်းတော်​ထဲမှာ အကျွန်ုပ်​တို့သည် အလင်း​ကို​ရ​ကြ​ပါ​၏”

လျှပ်စစ်ဓာတ်​အားပြတ်​တောက်​၍ ရပ်ကွက်​တစ်ခုလုံး အမှောင်​ကျ​သွား​မှ​သာ အလင်း​ကို ကျွန်ုပ်​တို့​အလေးထား​တတ်ကြ​၏။ ဝမ်းသာစရာ​ကား ကောင်းကင် “ဓာတ်အား​ပေး​စက်ရုံ” ဖြစ်သော နေကို ကျွန်ုပ်​တို့​လုံးဝ​စိတ်ချ​နိုင်​သည်။ နေ​မှ​ရရှိသော​အလင်း​ကြောင့် ကျွန်ုပ်​တို့ မြင်နိုင်၊ စားသောက်​နိုင်၊ အသက်ရှူ​နိုင်​၍ အသက်ရှင်​နိုင်​ကြသည်။

အလင်း​သည် သက်ရှိ​တို့အတွက် မရှိမဖြစ်​လိုအပ်ရာ​ဖြစ်သော​ကြောင့် ဖန်ဆင်း​ရာ​ပထမ​နေ့၌ အလင်း​ဖြစ်ပေါ်​လာ​သည်​ဟု ကမ္ဘာဦးကျမ်း​တွင် ဖတ်​ရသည့်​အခါ မအံ့သြ​သင့်​ချေ။ “ဘုရားသခင်​က​လည်း ‘အလင်း​ဖြစ်စေ’ ဟု​အမိန့်တော်​ရှိ၍ အလင်း​ဖြစ်​လေ​၏။” (ကမ္ဘာဦး ၁:၃) ဒါဝိဒ်​ကဲ့သို့ ဘုရားတရား​ကြည်ညို​သော​ပုဂ္ဂိုလ်​များသည် ယေဟောဝါ​အား အသက်​နှင့်​အလင်း​၏​ရင်းမြစ်​အဖြစ် အမြဲ​အသိအမှတ်ပြု​ခဲ့​ကြပြီ။ ဒါဝိဒ်က “ကိုယ်တော်​ထံ​မှာ အသက်​စမ်းရေ​တွင်း​ရှိပါ၏။ အလင်းတော်​ထဲမှာ အကျွန်ုပ်​တို့သည် အလင်း​ကို​ရ​ကြ​ပါ​၏” ဟု ရေးသားခဲ့​သည်။—ဆာလံ ၃၆:၉

ဒါဝိဒ်​၏​စကား​များသည် စာသား​အရ​သက်ဆိုင်​သကဲ့သို့ ပုံဆောင်​သဘော​အရ​လည်း သက်ဆိုင်​ပါ​သည်။ ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​က “အလင်း​သည် မြင်တွေ့​ခံစား​နိုင်​စေ​သည်” ဟု​ဆို​၏။ ၎င်း​က​ထပ်ဆင့်၍ “အခြား​မည်သည့်​အာရုံခံ​အင်္ဂါများ​ထက်​မဆို မျက်စိ​မှ​တစ်ဆင့် လူ့​ဦးနှောက်​ထဲ​သို့ သတင်း​အချက်အလက်​များ သာ၍​များများ​ရောက်ရှိ​သည်။” ကျွန်ုပ်​တို့​တတ်သိလာ​သော​အရာ အမြောက်အမြား​သည် အမြင်​အာရုံ​ဆုကျေးဇူး​အပေါ် များစွာ​မူတည်​ကာ—ကောင်းစွာ​မြင်နိုင်​ရန် အလင်း​လို​သည်—အလင်း​ကို ကျမ်း​စာစောင်​များ​တွင် ပုံဆောင်​သဘော​အရ​လည်း အသုံးပြုလေ့​ရှိသည်။

ထို့​ကြောင့် ယေရှု​က “ငါသည် ဤ​လောက​၏​အလင်း​ဖြစ်၏။ ငါ့​နောက်သို့​လိုက်​သော​သူသည် မှောင်မိုက်​၌​မသွား​မလာ၊ အသက်​၏​အလင်း​ကို​ရ​လိမ့်​မည်” ဟု​တပည့်တော်​များ​အား မိန့်တော်မူ၏။ (ယောဟန် ၈:၁၂) ယေရှု​ရည်ညွှန်းခဲ့​သည့် ပုံဆောင်​အလင်း​သည် ကိုယ်တော်​ဟော​ကြား​ခဲ့​သည့် အမှန်တရား​သတင်း​ဖြစ်သည်၊ ယင်းက နားထောင်သူ​များ​၏ စိတ်နှလုံး​ကို​ထိန်လင်း​စေနိုင်​သည်။ ယေရှု၏​တပည့်တော်​များသည် ဝိညာဉ်​ရေး​မှောင်မိုက်​တွင် နှစ်ချီ​ရှိခဲ့​ပြီး​နောက် လူသားများ​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်​နှင့် ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်ကို နောက်ဆုံး​၌ သဘောပေါက်​နားလည်​လာ​ကြသည်။ ယင်းသည် “အသက်​၏​အလင်း” အမှန်ပင်​ဖြစ်၏၊ အကြောင်း​မူ​ကား ထို​အသိပညာ​သည် ထာဝရ​အသက်​ရစေ​နိုင်၏။ ကောင်းကင်​ခမည်းတော်​ထံ ဆုတောင်းရာ​တွင် ယေရှု​က “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း” ဟု​ဆို​ခဲ့​၏။ (ယောဟန် ၁၇:၃) ဤ​ဝိညာဉ်​ရေး​အလင်း​ကို အလေး​မထား​ဘဲ မနေကြ​စို့​နှင့်!