မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင့်မျက်စိ၌ခတ်ရန် မျက်စဉ်းဆေး’

‘သင့်မျက်စိ၌ခတ်ရန် မျက်စဉ်းဆေး’

‘သင့်​မျက်စိ​၌​ခတ်​ရန် မျက်​စဉ်း​ဆေး’

အာရှမိုင်းနားနယ် လောဒိကိ​မြို့ရှိ ပထမ​ရာစု ခရစ်ယာန်​အသင်းတော်​ထံ အဆိုပါ​ဆေး​ညွှန်း​ကို ယေရှု​ခရစ်​ပေး​ခဲ့​သည်။

ယေရှု ဤသို့​ဆို​၏– “သင်၏​မျက်စိ​မြင်​စေခြင်း​ငှာ မျက်စိ​၌​ခတ်​ရန်​မျက်​စဉ်း​ကို . . . ဝယ်​လော့။” ကုသ​ရန်လို​သည်​မှာ တကယ့်​မျက်စိ​ရောဂါ​မဟုတ်ဘဲ ဝိညာဉ်​ရေး​အရ မျက်စိကွယ်​ခြင်း​ကို​ဖြစ်သည်။ လောဒိကိ​မြို့ရှိ ခရစ်ယာန်​များသည် သူတို့​နေထိုင်​သည့် ကြွယ်ဝ​ချမ်းသာ​သော​မြို့​၏ ဩဇာ​လွှမ်းမိုးမှု​ခံ​ခဲ့​ရပြီး သူတို့၏ ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို အလေး​မထား​သူများ ဖြစ်လာ​ခဲ့​ကြသည်။

ယင်းကို သူတို့​အမြင်​အာရုံ​ချို့တဲ့​ရခြင်း​၏ အကြောင်းရင်း​အဖြစ် ဖော်ပြ​ရာ​တွင် ယေရှု ဤသို့​ဆို​သည်– “သင်က​လည်း၊ ‘ငါသည်​ဥစ္စာ​ရ​တတ်၏။ ဘဏ္ဍာများ​ကို​ဆည်းပူး​ပြီ။ တစ်စုံတစ်ခု​ကို​မျှ​မလို’ ဟု​ပြောဆို​၍၊ ကိုယ်တိုင်​ပင်ပန်းခြင်း၊ သနား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်း​ခြင်း၊ အဝတ်အချည်းစည်း​ရှိ​ခြင်း​ဖြစ်သည်​ကို မသိ​ပါ​တကား။” ယင်းကို အသင်းသားများ မသိကြ​စေ​ကာ​မူ သူတို့သည် ရောဂါ​ပျောက်စေ​သော “မျက်​စဉ်း” လိုအပ်​နေ​၏၊ ၎င်းကို ယေရှု​ခရစ်​၏ သွန်သင်ချက်​နှင့် ဆုံးမ​ပဲ့ပြင်​မှု​တို့ကို လက်အောက်ခံခြင်း​ဖြင့်​သာ သူတို့​ရရှိနိုင်​မည်​ဖြစ်သည်။ ယေရှု​က “ငါ့​ထံ​မှ​ဝယ်​လော့” ဟု​ဆို​သည်။—ဗျာဒိတ် ၃:၁၇၊ ၁၈သမ္မာ။

လောဒိကိ​မြို့ရှိ​သူများ​ကဲ့သို့​ပင် မျက်မှောက်ခေတ် ခရစ်ယာန်စစ်​များသည် သူတို့​နေထိုင်ကြ​သည့် ရုပ်​ဝါဒ​ဆန်​၍ အပျော်အပါး​ကို အဓိက​ထားသော​ဝန်းကျင်​၏ ဩဇာ​လွှမ်းမိုးမှု မသိမသာ​ခံ​နေရ​ခြင်း​ကို သတိထားဖို့​လို​သည်။ ကျန်း​ခံ့​သော​ဝိညာဉ်​ရေး​အမြင်ကို ထိန်းသိမ်း​ထား​ရန် ဆေး​ညွှန်း​ကို ဤ​ဆုံးမချက်​တွင်​ဖော်ပြ​ထား​သည်– ‘သင်၏​မျက်စိ​မြင်​စေခြင်း​ငှာ မျက်စိ​၌​ခတ်​ရန်​မျက်​စဉ်း​ကို . . . [ယေရှု] ထံ​မှ​ဝယ်​လော့။’

သတိပြု​ထိုက်​သည်​မှာ ထို “မျက်​စဉ်း” ကို​ဝယ်ယူ​ရမည်​ဖြစ်သည်။ ထို့​ကြောင့် ကုန်ကျ​စ​ရာ​ရှိသည်။ သမ္မာကျမ်းစာ​ကို လေ့လာ​၍ ဆင်ခြင်​သုံးသပ်ရန် အချိန်​ယူရ​မည်။ ထို​နှုတ်မြွက်​စကားတော်​များသည် “စင်ကြယ်​သည်​ဖြစ်၍၊ [ဝိညာဉ်​ရေး] မျက်စိ​ကို​ရှင်းလင်း​စေ​တတ်၏” ဟု ဆာလံဆရာ​က အာမခံ​ထား​သည်။—ဆာလံ ၁၉:၈