မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ​ကို ဖတ်ရှု​ရ​၍ တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ဂျာမနီ​နိုင်ငံ​၏​ဖက်ဒရယ်​ဖွဲ့စည်းပုံ အခြေခံ​ဥပဒေပြု​တရားရုံး​သည် ဘာသာရေး​နှင့်​ပတ်သက်​၍ မည်သည့်​တရားဝင်​အောင်ပွဲ​ကို ရရှိစေ​ခဲ့​သနည်း။

ထို​တရားရုံး​သည် ယေဟောဝါသက်သေ​များနှင့်​စပ်လျဉ်း၍ တခြား​တရားရုံး​၏ မဟုတ်မမှန်​စီရင်ချက်​ကို ပယ်ဖျက်​ပြီး သက်သေခံ​များသည် ပြည်​သူ့ ဥပဒေ​အရ ကော်ပိုရေးရှင်း​တစ်ခု​ဖြစ်သည်​ကို တရားဝင်​အသိအမှတ်ပြု​ခဲ့​သည်။ ဘာသာရေး​လွတ်လပ်မှု​ဘောင်​အတွင်း​၌ တစ်ဦး​တစ်ယောက်​သည် တိုင်းပြည်​၏​တောင်းဆိုချက်​များ​ထက် ‘ယုံကြည်ခြင်း​၏​အခြေခံ​မူများ​ကို​နာခံ’ နိုင်​သည်​ဟု အနိုင်​ပေး​စီရင်ချက်​က မှတ်တမ်းတင်​ခဲ့​သည်။—၈/၁၅၊ စာမျက်နှာ ၈။

ယောဘသည် အချိန်​မည်မျှ​တိုင် ဆင်းရဲခြင်း​ခံ​ခဲ့​ရသနည်း။

ယောဘသည် နှစ်ပေါင်း​များစွာ ဆင်းရဲခံ​ခဲ့​ရသည်​ဟု ယောဘ​ကျမ်း​က မဖော်​ပြ​ထား​ချေ။ ယောဘ​၏​ဆင်းရဲခြင်း​နှင့် ၎င်း​၏​ဖြေရှင်းချက်​သည် လအနည်းငယ်​အကြာ တစ်နှစ်​အတွင်း​ဖြစ်​နိုင်​ဖွယ်​ရှိသည်။—၈/၁၅၊ စာမျက်နှာ ၃၁။

စာတန်​သည် အယူသီးမှု​မျှ​မဟုတ်​ကြောင်း အဘယ်ကြောင့် ကျွန်ုပ်​တို့​သေချာ​နိုင်​သနည်း။

စာတန် တကယ်​ရှိသည်​ကို ယေရှု​ခရစ်​သိရှိ​ခဲ့​၏။ ယေရှုသည် မိမိ​ကိုယ်နှိုက်​ရှိ ဆိုးညစ်သော​အရာတစ်ခု​ဖြင့်​မဟုတ်၊ တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​၏ စမ်းသပ်ခြင်း​ကို ခံ​ခဲ့​ရသည်။ (မဿဲ ၄:၁-၁၁; ယောဟန် ၈:၄၄; ၁၄:၃၀)—၉/၁၊ စာမျက်နှာ ၅-၆။

“ငွေ​ရ​တတ်သော​သူ၏​စည်းစိမ်​သည် သူ၏​ခိုင်ခံ့​သော​မြို့​ဖြစ်၏။ ဆင်းရဲသား​တို့၏​ဆင်းရဲခြင်း​မူ​ကား သူတို့၏​အကျိုး​နည်း​ကြောင်း​ဖြစ်၏” ဟု နယပုံပြင် ၁၀:၁၅ က​ဆို​သည်။ ယင်းသည် မည်သို့​ဖြစ်​နိုင်​သနည်း။

ခိုင်ခံ့​သော​မြို့​သည် ၎င်း​တွင်​နေထိုင်ကြ​သူများကို လုံခြုံမှု​အနည်း​အကျဉ်း​ပေး​သည့်​နည်းတူ စည်းစိမ်ဥစ္စာ​သည် ဘဝတွင်​ကြုံတွေ့​ရသည့် မရေရာမှု​အချို့​မှ ကာကွယ်​ပေး​နိုင်​သည်။ အခြား​တစ်ဖက်​တွင်​မူ၊ မမျှော်လင့်​သော​အဖြစ်အပျက်​များ ဖြစ်ပေါ်​လာသော​အခါ ဆင်းရဲခြင်း​သည် အခြေအနေ​ပို​ဆိုးဝါး​စေနိုင်​သည်။—၉/၁၅၊ စာမျက်နှာ ၂၄။

ဧ​နုတ်​ခေတ်တွင် မည်သည့်​သဘော​မျိုး​ဖြင့် “ယေဟောဝါ​၏​နာမကို ခေါ်​စ​ပြု” ခဲ့​ကြ​သနည်း။ (ကမ္ဘာဦး ၄:၂၆က​ဘ)

လူ့​သမိုင်း​စတင်​ကတည်းက ဘုရားသခင့်​နာမတော်​ကို အသုံးပြု​ခဲ့​ကြ​၏; ထို့​ကြောင့် ဧ​နုတ်​အသက်ရှင်​ချိန်​အတွင်း စတင်​ခဲ့​ရာ​သည် ယုံကြည်ခြင်း​နှင့် ယေဟောဝါ​အား ခေါ်​ခဲ့​ခြင်း​မဖြစ်​နိုင်​ချေ။ လူတို့သည် မိမိတို့​ကိုယ်နှိုက်​ကိုလည်း​ကောင်း၊ ကြားခံ​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဟန်ဆောင်​ရန် အခြားသူများ​ကိုလည်း​ကောင်း ဘုရားသခင်​၏​နာမတော်​တပ်​ပြီး မ​ခန့်​လေးစား​ခေါ်​ခဲ့​ကြ​ခြင်း​ဖြစ်​ပေမည်။—၉/၁၅၊ စာမျက်နှာ ၂၉။

သမ္မာကျမ်းစာ​တွင် အသုံးပြု​ထားသော “ဆုံးမခြင်း” ဟူသည် အဘယ်နည်း။

ထို​အသုံးအနှုန်း​က ကြမ်းတမ်း​စွာ​ပြုမူခြင်း သို့​မဟုတ် ရက်စက်မှု​သဘော​မပါ​ချေ။ (သု. ၄:၁၃; ၂၂:၁၅) “ဆုံးမခြင်း” အတွက် ဂရိ​စကားလုံး​သည် သွန်သင်ခြင်း၊ ပညာ​ပေးခြင်း၊ ပဲ့ပြင်​ခြင်း​နှင့် ရံဖန်ရံခါ ခိုင်မာ​သော်လည်း မေတ္တာပါပါ​ရိုက်နှက်ခြင်း​သဘော​နှင့် အဓိက​ဆက်နွှယ်​၏။ မိဘတို့​သည် ယေဟောဝါ​ကို​တုပ​နိုင်​သည့် အရေးကြီးဆုံး​နည်း​မှာ မိမိတို့​ကလေး​များနှင့် ဆက်သွယ်ရေး​လမ်းကြောင်း အမြဲ​ပွင့်​နေ​စေခြင်း​အားဖြင့်​ဖြစ်သည်။ (ဟေဗြဲ ၁၂:၇-၁၀)—၁၀/၁၊ စာမျက်နှာ ၈၊ ၁၀။

ယနေ့ စစ်မှန်သော​ခရစ်ယာန်​များသည် ဘုရားသခင်​၏​အုပ်ချုပ်မှု​ကို​ထောက်ခံကြောင်း မည်သို့​ဖော်ပြ​ကြ​သနည်း။

ဘုရားသခင့်​နိုင်ငံတော်​ကို ကြေညာ​ရာ​တွင် ယေဟောဝါသက်သေ​များသည် ပိတ်ပင်​ခံရ​ကြ​သည့် နိုင်ငံ​များ​၌​ပင် နိုင်ငံရေး​နှင့်​ရော​ထွေး​ခြင်း​မရှိ၊ ဆန့်ကျင်​ပုန်ကန်​ရန် လှုံ့ဆော်ပေး​ခြင်း​မရှိကြ​ချေ။ (တိတု ၃:၁) သူတို့သည် ယေရှု​နှင့် ကိုယ်တော်​၏​အစောပိုင်း​တပည့်တော်​များ​နည်းတူ အပြုသဘောပါပါ ကူညီပေး​ကြ​ပြီး ရိုးသား​ဖြောင့်မတ်ခြင်း၊ ကိုယ်ကျင့်တရား​စင်ကြယ်​ခြင်း​နှင့် အလုပ်ကို​ကောင်းစွာ​လုပ်ကိုင်​သည့်​အကျင့်​ရှိ​ခြင်း​အစ​ရှိသော အကျိုးပြု​သည့် ကျမ်းစာ​စံနှုန်း​များ​ကို လက်ခံရန် ကြိုးစား​ကူညီပေး​ကြသည်။—၁၀/၁၅၊ စာမျက်နှာ ၆။

အင်ဒီးစ်​တောင်တန်း​များ​ပေါ်​တွင် အသက်ပေး​ရေ မည်သို့​စီးဆင်း​နေသနည်း။

ယေဟောဝါသက်သေ​များသည် ထို​တွင် ဒေသခံ​ဘာသာ​စကား​နှစ်ခု​ဖြစ်သော ကွီ​ချူ​ဝါ​နှင့် အိုင်​မာ​ရာ​စကား​နှင့်​ပင် လူများ​ထံ ကျမ်းစာ​အမှန်တရားကို ကြိုးစား​သယ်ဆောင်​ပေး​လျက်​ရှိကြသည်။ ကန်​ရေပေါ်​တွင် ပေါက်​နေသော​ကျူပင်​များ​ဖြင့် ပြုလုပ်​ထား​သည့် “ရေပေါ်” ကျွန်း​ကြမ်း​မြင့်​များ​အပါအဝင် တိ​တိ​ကာကာ​အိုင်​မှ ကျွန်း​များ​ပေါ် နေထိုင်ကြ​သူများ​ထံ သက်သေခံ​များ​လည်ပတ်​နေကြ​သည်။—၁၀/၁၅၊ စာမျက်နှာ ၈-၁၀။

မျက်မှောက်ခေတ် ခရီးသည်​တင်​လေယာဉ်များ​ပေါ်​မှ ကွန်ပျူတာ​လမ်းညွှန်မှု​စနစ်​နှင့်​နှိုင်းယှဉ်​နိုင်​သည့် ကျွန်ုပ်​တို့ကို​လမ်းညွှန်​သော အဘယ်အရာကို ဘုရားသခင်​ပေး​ထား​သနည်း။

ဘုရားသခင်​သည် လူသားတို့အား ကိုယ်ကျင့်တရား​လမ်းညွှန်မှု၊ အတွင်း​ကိုယ်ကျင့်တရား​အသိစိတ်​ကို ပေး​ထား​သည်။ ယင်းသည် ကျွန်ုပ်​တို့​အမွေ​ရရှိ​ထားသော သိစိတ်​ဖြစ်သည်။ (ရောမ ၂:၁၄၊ ၁၅)—၁၁/၁၊ စာမျက်နှာ ၃-၄။

ယေရှု၏​သေခြင်း​သည် အဘယ်ကြောင့် တန်ဖိုး​ကြီးမား​လှ​သနည်း။

စုံလင်သော​လူသား​အာဒံ အပြစ်ပြု​သောအခါ သူကိုယ်တိုင်​နှင့် သူ၏​သားစဉ်မြေးဆက်​များသည် လူ့​အသက်ဆုံးရှုံး​ခဲ့​ရသည်။ (ရောမ ၅:၁၂) စုံလင်သော​လူသား ယေရှုသည် မိမိ၏​လူ့​အသက်ကို ရွေးနုတ်ဖိုး​အဖြစ်​ယဇ်​ပူဇော်​ပြီး တည်ကြည်သော​လူသားများ​ကို ထာဝရ​အသက်​ရရှိနိုင်​စေ​ခဲ့​သည်။—၁၁/၁၅၊ စာမျက်နှာ ၅၊ ၆။

ကောလောသဲ ၃:၁၁ တွင်​ဖော်ပြ​ထားသော ဆစ်​သီ​ယန်း​များ​ကား မည်သူ​နည်း။

ဆစ်​သီ​ယန်း​များသည် ယူ​ရေ​ရှား​စတက်​လွင်ပြင်​တွင် နေထိုင်ကြ​သော ခြေသလုံး​အိမ်​ပါ​လူမျိုး​ဖြစ်​ပြီး ဘီ.စီ.အီး. ၇၀၀ ခန့်​မှ ၃၀၀ အထိ လွှမ်းမိုး​ခဲ့​ကြသည်။ သူတို့သည် မြင်းစီးသူရဲ​ကောင်း​များနှင့် စစ်သည်တော်​များ​ဖြစ်​ကြသည်။ ကောလောသဲ ၃:၁၁ က​သတ်သတ်မှတ်မှတ်​နိုင်ငံ​တစ်ခု​ကို ဆိုလို​နေခြင်း​မဟုတ်ဘဲ အ​ရိုင်းစိုင်း​ဆုံး​လူများ​ကို ဆိုလိုခြင်း​ဖြစ်​ပေမည်။—၁၁/၁၅၊ စာမျက်နှာ ၂၄-၅။

ရွှေ​ပညတ်​သည် ကျွန်ုပ်​တို့​မှန်မှန်​ဂရုစိုက်​သင့်​သည့် သွန်သင်ချက်​တစ်ခု​ဖြစ်သည်ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

လူ့​ကျင့်ဝတ်​ဆိုင်ရာ ဤ​အခြေခံ​မူကို ယုဒ​ဘာသာ၊ . . . ဘာသာ၊ ဂရိ​အတွေးအခေါ်​ပညာရပ်​နှင့် ကွန်ဖြူးရှပ်​ဘာသာ​တို့​တွင် ရှင်းလင်း​ဖော်ပြ​ထား​သည်။ သို့သော် ယေရှု၏ တောင်ပေါ်​တရားတော်​တွင်​ပါ​သည့် ကိုယ်တော့်​ညွှန်ကြားချက်​သည် အပြုသဘောဆောင်​ပြီး နေရာတိုင်း​ရှိ လူများ​နှင့်​အသက်အရွယ်​တိုင်း​၏​ဘဝ​အပေါ် သက်ရောက်မှု​ရှိသည်။ (မဿဲ ၇:၁၂)—၁၂/၁၊ စာမျက်နှာ ၃။