မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆွီဒင်တွင် မျက်မှောက်ခေတ်အာဇာနည်များ သက်သေခံကြ

ဆွီဒင်တွင် မျက်မှောက်ခေတ်အာဇာနည်များ သက်သေခံကြ

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

ဆွီဒင်​တွင် မျက်မှောက်ခေတ်​အာဇာနည်​များ သက်သေခံ​ကြ

သက်သေခံ” ဟု​ပြန်ဆို​သော​စကားလုံး​အတွက် ဂရိ​စကားလုံး​မှာ မာ​တ​ရ် ဖြစ်၏၊ ၎င်း​မှ အင်္ဂလိပ်​စကားလုံး “မာ​တ​ရ်” (အာဇာနည်) ဖြစ်လာ​သည်၊ အဓိပ္ပာယ်​ကား “မိမိ၏​သေခြင်း​ဖြင့် သက်သေခံ​သူ” ဖြစ်၏။ ပထမ​ရာစု​ခရစ်ယာန်​များစွာ​သည် သူတို့၏​ယုံကြည်ခြင်း​အတွက် သေခြင်း​အားဖြင့် ယေဟောဝါ​အကြောင်း သက်သေခံ​ခဲ့​ကြသည်။

အလားတူ​စွာ ၂၀ ရာစု​တွင် ထောင်နှင့်ချီ​သော သက်သေခံ​များသည် နိုင်ငံရေး​နှင့် အမျိုးသားရေး​ကိစ္စရပ်​များ​တွင် ကြားနေ​မှု​ကို​ထိန်းသိမ်း​ခဲ့​ကြသော​ကြောင့် ဟစ်တလာ​၏​သြဇာ​ခံ​များ​လက်ချက်​ဖြင့် သေဆုံး​ခဲ့​ကြ​ရသည်။ ထို​မျက်မှောက်ခေတ် အာဇာနည်​များသည်​လည်း တန်ခိုး​ပါ​သော​သက်သေခံချက်​ကို ဖြစ်ပေါ်​စေ​ကြသည်။ ဆွီဒင်​နိုင်ငံ​တွင် မကြာမီ​က ထိုသို့​ဖြစ်ပျက်​ခဲ့​၏။

ဒုတိယ​ကမ္ဘာ​စစ်​ပြီးဆုံး​ခြင်း​၏ အနှစ် ၅၀ မြောက်​နှစ်ပတ်လည်​နေ့​နှင့်​ပတ်သက်​၍ ဆွီဒင်​အစိုးရ​သည် မီးလောင်​တိုက်​သွင်း​ခြင်း​အကြောင်း ပညာပေး​ရေး လှုပ်ရှားမှု​တစ်ရပ်​ကို တစ်နိုင်ငံ​လုံး​အနှံ့ အစပြု​ခဲ့​သည်။ ထို​စီမံကိန်း​ကို သက်ရှိ​သမိုင်း​ဟု ခေါ်ဆို​ကြသည်။ ထို​တွင် ယေဟောဝါသက်သေ​များ​ပါဝင်​ပြီး သူတို့၏​တွေ့ ကြုံ​မှုများ​ကို​တင်ပြ​ကြ​ရန် ဖိတ်ခေါ်​ခဲ့​သည်။

ယေဟောဝါသက်သေ​များ​က မီးလောင်​တိုက်​သွင်း​ခံရ​သည့် မေ့လျော့​ခံရ​သော​သားကောင်​များ​ခေါင်းစဉ်​ဖြင့် ပြပွဲ​တစ်ခု​ကို တင်ဆက်​ပြသ​ခဲ့​ကြသည်။ ၎င်းကို စ​ထ​ရင်း​နက်​စ်​ရှိ ယေဟောဝါသက်သေ​များ​၏ စည်းဝေး​ခန်းမ​ကြီး​တွင် စတင်​ဖွင့်လှစ်​ပြသ​ခဲ့​သည်။ ပထမ​နေ့၌ တက်ရောက်​လာ​ကြ​သူ ၈,၄၀၀ ကျော်​အား မီးလောင်​တိုက်​သွင်း​ခြင်း​မှ လွတ်မြောက်​လာ​ခဲ့​သူ သက်သေခံ​များသည် မိမိတို့၏​အတွေ့အကြုံ​များ​ကို ပြောပြ​ခဲ့​ကြသည်! ၁၉၉၉ နှစ်ကုန်ပိုင်း​တွင် ဆွီဒင်​တစ်ဝန်း​ရှိ ပြတိုက်​နှင့် လူထု​စာကြည့်တိုက်​ပေါင်း ၁၀၀ ကျော်​တွင် ထို​ပြပွဲ​ကို ပြသ​ခဲ့​ရာ လူပေါင်း ၁၅၀,၀၀၀ ခန့်​ကြည့်ရှု​ခဲ့​ကြ​ရသည်။ လည်ပတ်​ကြည့်ရှု​သူများ​တွင် အစိုးရ​အရာရှိ​အများအပြား​ပါဝင်​ခဲ့​ပြီး သူတို့က မြင်တွေ့​သမျှ​ကို ချီးမွမ်း​ပြောဆို​ခဲ့​ကြ​၏။

ဆွီဒင်​နိုင်ငံ​တွင် ယေဟောဝါသက်သေ​များ​၏ လုပ်ဆောင်မှုများ​နှင့်​စပ်လျဉ်း၍ အခြား​မည်သည့်​ဖြစ်ရပ်​မျှ ဤ​ပြပွဲ​လောက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်​တင်ပြခြင်း​မရှိခဲ့​ပေ၊ လူအများ​၏​နှစ်သက်​လက်ခံမှုကို​လည်း ဤမျှ​လောက် မရရှိ​ခဲ့​ဖူး​ချေ။ လာရောက်​ကြည့်ရှု​သူများစွာ​က “မီးလောင်​တိုက်​သွင်း​ခြင်း​တွေ့ ကြုံ​မှု​တွေ​ကို အရင်က ဘာကြောင့်​မပြောပြတာလဲ” ဟု​မေးခဲ့​ကြ​၏။

အသင်းတော်​တစ်ခု​၏​ဒေသ​အတွင်း ထို​ပြပွဲ​ကို​ပြသ​ပြီး​နောက် အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၃၀ ရာခိုင်နှုန်း​တိုးတက်လာ​ကြောင်း သတင်းပို့​သည်! သက်သေခံ​တစ်ဦး​သည် ပြပွဲ​သွား​ကြည့်​ရန် အလုပ်ဖော်​တစ်ဦး​ကို​ဖိတ်ခေါ်​ခဲ့​၏။ အလုပ်ဖော်​သည် ဝမ်း​ပန်း​တ​သာ​လက်ခံ​ကာ သူငယ်ချင်း​တစ်ယောက်ကို​ပါ ခေါ်လာ​ခဲ့​သည်။ ပြပွဲ​အပြီး​တွင် သူငယ်ချင်း​ဖြစ်သူက မိမိတို့၏​ယုံကြည်ခြင်းကို​စွန့်​ကြောင်း လက်မှတ်ထိုး​မည့်​အစား သေဒဏ်​စီရင်ခံ​လို​ကြ​သည့်​အထိ ခိုင်မြဲ​သော​ယုံကြည်ခြင်း​မျိုး မည်သို့​ရှိ​နိုင်​သည်ကို နားလည်​ရ​ခက်​ကြောင်း ပြောပြ​သည်။ ဤ​မှ ထပ်ဆင့်​ဆွေးနွေး​စ​ရာ​များ ပေါ်ပေါက်​လာ၍ ထို​သူနှင့်​ကျမ်းစာ​သင်အံမှု စတင်​ပြုလုပ်​နိုင်​ခဲ့​သည်။

၂၀ ရာစု​မှ တည်ကြည်သော​ဤ​အာဇာနည်​များသည် ပထမ​ရာစု​မှ သူတို့၏​အပေါင်းအဖော်​များ​နည်းတူ ယေဟောဝါ​သာ​လျှင် စစ်မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်၍ ကျွန်ုပ်​တို့၏ ခိုင်မြဲ​သော​ယုံကြည်ခြင်း​နှင့် တည်ကြည်မှု​ကို​ရထိုက်​ကြောင်း ရဲရင့်စွာ​သက်သေခံ​ခဲ့​ကြပြီ။—ဗျာဒိတ် ၄:၁၁

[Picture Credit Line on page 13]

Camp prisoner: Pań​stwowe Muzeum Oś​wię​cim-Brzezinka, courtesy of the USHMM Photo Archives