မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မလွတ်အပ်သော ဖြစ်ရပ်တစ်ခု

သင် မလွတ်အပ်သော ဖြစ်ရပ်တစ်ခု

သင် မလွတ်​အပ်သော ဖြစ်ရပ်​တစ်ခု

“ကောင်းမြတ်​စုံလင်သော ဆုကျေးဇူး​ရှိသမျှ​တို့သည်” ကျွန်ုပ်​တို့၏ ကောင်းကင်​ခမည်းတော် ဘုရားသခင်​ထံ​တော်​မှ သက်ရောက်​လာ​သည်။—ယာကုပ် ၁:၁၇။ကျရှုံး​သွား​သည့် လူသားတို့​အတွက် ဘုရားသခင်​ပေး​ခဲ့​သည့် အကြီးမြတ်ဆုံး​လက်ဆောင်​မှာ မိမိ၏​တစ်ပါး​တည်း​သော​သားတော် ယေရှု​ခရစ်​အားဖြင့် သူတို့၏​မူလ​အခြေအနေ​ပြန်ရောက်​စေရန် ပြင်ဆင်​ပေး​ချက်​ဖြစ်သည်။ ကျွန်ုပ်​တို့၏​ရွေးနုတ်ရှင်​အဖြစ် ယေရှု၏​သေခြင်းက ကမ္ဘာ့​ပရဒိသု​တွင် ထာဝရ​အသက်​ရ​ရန်ဖြစ်​စေ​သည်။ လုကာ ၂၂:၁၉ တွင် ကိုယ်တော်​၏​သေခြင်းကို အောက်မေ့​သတိရ​ကြ​ရန် ကျွန်ုပ်​တို့အား မိန့်မှာ​ထား​သည်။

ယေဟောဝါသက်သေ​များသည် ယေရှု၏​မိန့်မှာချက်ကို နာယူ​ရာ​တွင် သူတို့နှင့်​အတူပါ​ဝင်ရန် သင့်​အား လှိုက်လှဲ​စွာ​ဖိတ်ခေါ်ပါ​သည်။ ဤ​နှစ်ပတ်လည်​အခါသမယ​သည် ကျမ်းစာ​၏​လ​ပြက္ခဒိန်​တွင် နိသန် ၁၄ ရက်​နှင့် ကိုက်ညီ​သည့်​နေ့စွဲ​ဖြစ်သည့် ၂၀၀၂၊ မတ် ၂၈၊ ကြာသပတေး​နေ့ နေဝင်ပြီး​နောက်​အချိန်တွင် ကျရောက်​မည်။ ယင်းကို သင်​မမေ့​သွား​ရလေ​အောင် နေ့စွဲ​ကို မှတ်သား​ထား​ပါ။ သင့်​နယ်မြေ​ရှိ ယေဟောဝါသက်သေ​များသည် အစည်းအဝေး​ကျင်းပ​မည့် နေရာ​နှင့် အချိန်​အတိအကျ​ကို ပြောပြ​နိုင်​ပါ​သည်။