မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြည်လင်သောသိစိတ်အတွက် မည်မျှပေးဆပ်ရသနည်း

ကြည်လင်သောသိစိတ်အတွက် မည်မျှပေးဆပ်ရသနည်း

ကြည်လင်​သော​သိစိတ်​အတွက် မည်မျှ​ပေး​ဆပ်​ရသနည်း

“ဘရာဇီး​ဒေါ်လာ ၂၀,၀၀၀ လက်​ခံယူ​ရန် အစိုးရ အမိန့်ပေး​ခံရ။” မကြာသေးမီ​က ဘရာဇီး​သတင်းစာ ကို​ရေ​ယူ ဒူး ပို​ဗူ တွင် ထူးဆန်းသော​ဤ​ခေါင်းစီး​ကို တွေ့​လိုက်ရ​သည်။ ထို​ဆောင်းပါး​တွင် အစိုးရ​ကို မြေကွက်​တစ်​ကွက်​ရော​င်း​ခဲ့​သော ဒေသခံ​စာပို့​သ​မား လူ​အီ​ဇ် အဲလ်​ဗို ဒီ အေ​ရေ​အူ​ဇူ​အကြောင်းပါ​သည်။ လူ​အီ​ဇ်​သည် မိမိ​ပိုင်ဆိုင်ခွင့်​ကို လွှဲပြောင်း​လက်မှတ်ထိုး​ပေး​ပြီး​နောက် သဘောတူ​ထား​သည့် တန်ဖိုး​ငွေ​ထက် ဘရာဇီး​ဒေါ်လာ ၂၀,၀၀၀ (ယူ.အက်စ်. ဒေါ်လာ ၈,၀၀၀ နီးပါး) ပို​ရရှိ​သည့်​အတွက် အံ့အားသင့်​ခဲ့​၏!

ပို​သော​ငွေ​ကို ပြန်ပေး​ခြင်း​သည် အပြော​လွယ်​သလော​က် အလုပ်​ခက်​၏။ လူ​အီ​ဇ်​သည် အစိုးရ​ဌာန​များစွာ​ထံ​သို့ သွားရောက်​ခဲ့​သော်လည်း မအောင်မြင်​သောကြောင့် ရှေ့နေ​တစ်ဦး​ကို ငှား​ရမ်း​ပြီး တရားရုံး​တွင် ထို​ပြဿနာ​ကို​ဖြေရှင်းရန် အကြံပေး​ခံ​ခဲ့​ရသည်။ ငွေ​ကို​လက်ခံ​ပြီး တရားရေး​ကုန်ကျ​စရိတ်​ကို ပေးဆက်​ရန် အစိုးရ​ကို စီရင်ချက်​ချ​ခဲ့​သော တရားသူကြီး​က ဤသို့​ထုတ်ဖော်​ပြောဆို​ခဲ့​သည်– “တစ်ယောက်ယောက် မှားသွား​တာ​ဖြစ်​မယ်၊ လွန်​စွာ​ရှုပ်ထွေး​တဲ့ တရားဝင်​လုပ်ထုံး​ကြောင့် ဒီ​ပြဿနာ​ကို ဘယ်လို​ဖြေရှင်း​ရ​မှန်း မသိကြဘူး။ ဒီလို​အမှု​မျိုး ကျွန်တော်​တစ်ခါမျှ မကြုံဖူး​ဘူး။”

ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ လူ​အီ​ဇ်​က ဤသို့​ရှင်းပြသည်– “ကျွန်တော့်​ရဲ့​ကျမ်းစာ​နဲ့​လေ့ကျင့်​ထား​တဲ့ သိစိတ်​က ကျွန်တော်​မပိုင်​တာ​ကို မယူ​ခိုင်း​ဘူး။ ဒီ​ငွေ​ကို ပြန်ပေး​ဖို့​သာ ကျွန်တော်​အတတ်နိုင်ဆုံး ကြိုးစား​ရတော့တယ်။”

ဤသို့​သော​စိတ်ထား​ကို လူများစွာက ထူးဆန်း​သည်၊ မယုံကြည်​နိုင်​ဖွယ်​ရာ​ဟူ၍ပင် ယူမှတ်​ကြ​ပေမည်။ သို့သော် ခရစ်ယာန်စစ်​များသည် လောက​အာဏာပိုင်​များနှင့် ဆက်ဆံ​ရာ​တွင် ကြည်လင်​သော​သိစိတ် ထိန်းသိမ်း​ထားခြင်း​ကို အလွန်​တန်ဖိုး​ထား​ကြ​ကြောင်း ကျမ်းစာ​က ဖော်ပြ​၏။ (ရောမ ၁၃:၅) ယေဟောဝါသက်သေ​များသည် “ကိုယ်ကို​ကိုယ်​သိသောစိတ်​ကြည်လင်​လျက်၊ အရာ​ရာ​တို့​၌ ကောင်းမွန်​စွာ​ကျင့်” ဖို့ သန္နိ​ဋ္ဌာန်​ချထား​ကြသည်။—ဟေဗြဲ ၁၃:၁၈