မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ဤကမ္ဘာ၏ ဆုံးခန်းတွင် မည်သို့ ကယ်တင်ခံရနိုင်မည်နည်း

သင်သည် ဤကမ္ဘာ၏ ဆုံးခန်းတွင် မည်သို့ ကယ်တင်ခံရနိုင်မည်နည်း

သင်သည် ဤ​ကမ္ဘာ​၏ ဆုံးခန်း​တွင် မည်သို့ ကယ်တင်​ခံရ​နိုင်​မည်​နည်း

သမ္မာကျမ်းစာ​က ဤ​လက်ရှိ​အစီအစဉ်​စနစ်​၏​ဆုံးခန်း​ကို “အမျက်ထွက်​သော​နေ့၊ ဆင်းရဲ​ပူပန်ခြင်း​ကို​ခံရ​သော​နေ့၊ သုတ်သင်​ပယ်ရှင်း​ဖျက်ဆီး​ရာ​နေ့၊ အလင်းကွယ်​၍ မှောင်မိုက်​သော​နေ့၊ မိုးအုံ့​၍​ထူထပ်​သော မှောင်မိုက်​ဖုံးလွှမ်း​သော​နေ့” ဟု​ဖော်ပြ​သည်။ (ဇေဖနိ ၁:၁၅) ယင်း​နေ့​သည် ပုံမှန်​အားဖြင့် သင်​မျှော်လင့်​နေကျ နေ့​နှင့်​တူ​မည်​မဟုတ်​သည်​မှာ သေချာ​၏! သို့​တိုင် တမန်​တော်​ပေတရု​က “မိုးကောင်းကင်​သည် မီး​နှင့်​ပျက်​၍ လောကဓာတ်​တို့သည် ပူ​အားကြီး​လျက်၊ အရည်ကျို​ခြင်း​ကို​ခံရ​သော​နေ့​တည်း​ဟူသော ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်​ဟု သင်တို့သည် မျှော်လင့်​တောင့်တ​လျက် သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရားဝတ်​၌ မွေ့လျော်ခြင်း​အားဖြင့် အဘယ်​သို့​သော​သူ​ဖြစ်​အပ်​ကြ​သနည်း။ ယခု​ရှိသမျှ​သော​အရာ​တို့သည် ပျက်​ရ​သော်လည်း ဖြောင့်မတ်ခြင်း​တရား​တည်နေရာ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်​ကို ငါ​တို့သည် ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ” ရန်​မိမိ၏​ခရစ်ယာန်​ချင်း​များ​ကို သတိပေး​ခဲ့​သည်။—၂ ပေတရု ၃:၁၂၊ ၁၃

ဤ​တွင် ပကတိ​မိုးကောင်းကင်​နှင့် မြေကြီး ပျက်စီးခြင်း​အကြောင်းကို ပေတရု​ပြောနေခြင်း​မဟုတ်​ချေ။ ဤ​ကျမ်းချက်​၏​ရှေ့နောက်စကား​၌ ပေတရု​ညွှန်း​သည့် “မိုးကောင်းကင်” နှင့် “မြေကြီး” သည် ယိုယွင်း​ဖောက်ပြန်သော လက်ရှိ​လူ့​အုပ်ချုပ်မှု​များနှင့် ဘုရားတရား​မဲ့​လူ့​ဘောင်​တို့ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ‘ယေဟောဝါ​၏​နေ့ကြီး’ တွင် ကမ္ဘာ​မြေကြီး​ကိုယ်နှိုက်​ကို မဖျက်ဆီး​ဘဲ “အပြစ်ကြီး​သော ပြည်သူပြည်သား​တို့ကို သုတ်သင်​ပယ်ရှင်း” မည်​ဖြစ်၏။ (ဟေရှာယ ၁၃:၉) မျက်မှောက်ခေတ် ဆိုးညစ်သော​လူ့ဘောင်တွင် ဖြစ်ပျက်​နေသော “စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​ကြောင့် ညည်းတွား​ငိုကြွေး” နေ​သူများ​အတွက် ယေဟောဝါ​၏​နေ့ကြီး​သည် ကယ်တင်​ရာ​နေ့​ဖြစ်​လိမ့်​မည်။—ယေဇကျေလ ၉:၄

သို့​ဖြစ်​လျှင် တစ်ဦး​တစ်ယောက်​သည် ‘ယေဟောဝါ​၏​ကြောက်မက်​ဖွယ်​သော​နေ့ကြီး’ တွင် မည်သို့​ကယ်တင်​ခံရ​နိုင်​မည်​နည်း။ “ထာဝရ​ဘုရား​၏[စကား]တော်” က ကိုယ်တော်​၏​ပရောဖက်​တစ်ဦး​အား ထို​မေးခွန်း​ကို ဤသို့​အဖြေပေး​ခဲ့​၏– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​နာမတော်​ကို [ခေါ်]သူ​တိုင်း ဘေးလွတ်​ခွင့်​ရ​လတ္တံ့။” (ယောလ ၁:၁; ၂:၃၁၊ ၃၂သ​မ) ယေဟောဝါ​၏​နာမတော်​ကို​ခေါ်​ခြင်း​သည် အဘယ်အရာကို​ဆိုလို​ကြောင်း​သိရှိ​ရန် သင့်​အား ယေဟောဝါသက်သေ​များ​က ဝမ်းသာ​အားရ​ကူညီပေး​ပါ​လိမ့်​မည်။