အမှန်တရားသည် သင့်အတွက်မည်မျှအဖိုးထိုက်သနည်း
အမှန်တရားသည် သင့်အတွက်မည်မျှအဖိုးထိုက်သနည်း
“[အမှန်]တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။”—ယောဟန် ၈:၃၂။
၁။ ‘အမှန်တရား’ ဟူသောစကားလုံးကို ပိလတ်အသုံးပြုပုံသည် ယေရှုအသုံးပြုပုံနှင့် မည်သို့ကွာခြားကြောင်း ထင်ရှားသနည်း။
‘အမှန်တရားကား အဘယ်နည်း။’ ဤမေးခွန်းကိုပိလတ်မေးသောအခါ အမှန်တရားအပေါ် သူ၏စိတ်ဝင်စားမှုသည် ထွေရာလေးပါး စကားအဖြစ်လောက်သာ ရည်ညွှန်းလိုက်ပုံရသည်။ အခြားတစ်ဖက်တွင် ယေရှုမူ ဤသို့ပြောပြီးခါစဖြစ်သည်– “[အမှန်]တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” (ယောဟန် ၁၈:၃၇၊ ၃၈) ယေရှုသည် ‘အမှန်တရား’ ကိုရည်ညွှန်းပြောဆိုသောအခါ တိကျအညွှန်းစကားလုံးကိုအသုံးပြုခဲ့ကြောင်း မူရင်းဂရိကျမ်းစောင်ကဖော်ပြသည်။ ပိလတ်နှင့်မတူဘဲ ယေရှုသည် အခြေခံဖြစ်သော ဘုရားသခင့်အမှန်တရားကို ရည်ညွှန်းခဲ့သည်။
အမှန်တရားအပေါ် လောက၏သဘောထား
၂။ ယေရှု၏အဘယ်ဖော်ပြချက်က အမှန်တရား၏တန်ဖိုးကိုပြသနည်း။
၂ ပေါလုက “ယုံကြည်ခြင်းသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်” ဟုဆိုခဲ့သည်။ (၂ သက်သာလောနိတ် ၃:၂၊ ကဘ) အမှန် တရားနှင့်ပတ်သက်၍လည်း ထိုသို့ဆိုနိုင်ပါသည်။ သမ္မာကျမ်းစာပေါ်အခြေပြုသော အမှန်တရားနှင့် ရင်ဆိုင်တိုးသည့်အခါ၌ပင် တမင်မသိကျိုးကျွန်ပြုသူများစွာရှိသည်။ သို့တိုင် ယင်းသည် အလွန်အဖိုးတန်၏! ယေရှုက “[အမှန်]တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွတ်လိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၈:၃၂။
၃။ လှည့်စားတတ်သောသွန်သင်မှုများနှင့်ပတ်သက်၍ အဘယ်သတိပေးချက်ကို ကျွန်ုပ်တို့သတိပြုသင့်သနည်း။
၃ တမန်တော်ပေါလုက အမှန်တရားကို လူ့အတွေးအခေါ်နှင့် ထုံးတမ်းစဉ်လာများ၌ ရှာ၍ရမည်မဟုတ်ဟုဆိုခဲ့သည်။ (ကောလောသဲ ၂:၈) အမှန်မှာ ယင်းတို့သည် လှည့်စားတတ်သောသွန်သင်ချက်များဖြစ်၏။ ၎င်းတို့ကိုယုံကြည်ပါက “သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့်၊ . . . နောက်တစ်ဖန် ခပ်သိမ်းသော . . . လေတိုက်၍ ဖရိုဖရဲလွင့်သွားသော” ဝိညာဉ်ရေးသူငယ်များနှင့် တူကြလိမ့်မည်ဟု ဧဖက်ခရစ်ယာန်များကို ပေါလုသတိပေးခဲ့သည်။ (ဧဖက် ၄:၁၄) ယနေ့ ဘုရားသခင့်အမှန်တရားကို ဆန့်ကျင်သူတို့၏ဝါဒဖြန့်မှုက “လူပရိယာယ်” ကိုအားပေးအားမြှောက်ပြုနေသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က “ဝါဒဖြန့်မှု” ကို “သူတစ်ပါး၏ယုံကြည်ချက်များ၊ သဘောထားများ သို့မဟုတ် လုပ်ဆောင်ချက်များကို အသုံးချဖို့ စနစ်တကျကြိုးပမ်းမှု” ဟုအနက်ဖွင့်ထားသည်။ ယင်းသို့သောဝါဒဖြန့်မှုသည် ပါးနပ်စွာဖြင့် အမှန်တရားကို အမှားဖြစ်စေပြီး မုသာကို အမှန်တရားဖြစ်စေသည်။ စဉ်းလဲသောဤဖိအားပေးမှုများကြားတွင် အမှန်တရားကိုရှာတွေ့ရန် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဇွဲရှိရှိ ဆင်ခြင်သုံးသပ်ရကြမည်။
ခရစ်ယာန်များနှင့်လောက
၄။ အမှန်တရားကို အဘယ်သူရရှိနိုင်သနည်း၊ ယင်းကိုရရှိသူတို့၏တာဝန်ကား အဘယ်နည်း။
၄ ယေရှုခရစ်သည် မိမိတပည့်ဖြစ်လာသူတို့ကိုရည်ညွှန်းလျက် ယေဟောဝါထံဤသို့ဆုတောင်းခဲ့သည်– “ကိုယ်တော်၏[အမှန်]တရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်[မြွက်တော်]သည် [အမှန်]တရားဖြစ်ပါ၏။” (ယောဟန် ၁၇:၁၇) ထိုသူတို့သည် ယေဟောဝါကိုဝတ်ပြု၍ ကိုယ်တော်၏နာမတော်နှင့် နိုင်ငံတော်ကိုသိရှိစေဖို့ သန့်ရှင်းခံရ သို့မဟုတ် သီးသန့်ခွဲခြားထားခြင်းခံရကြမည်။ (မဿဲ ၆:၉၊ ၁၀; ၂၄:၁၄) ယေဟောဝါ၏အမှန်တရားသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်သော်လည်း မည်သည့်နိုင်ငံသား၊ လူမျိုး သို့မဟုတ် ယဉ်ကျေးမှုနောက်ခံရှိသူဖြစ်စေ ယင်းကိုရှာဖွေသူအားလုံး အခမဲ့ရနိုင်သော ဆုကျေးဇူးဖြစ်သည်။ တမန်တော်ပေတရုက “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏” ဟုဆိုခဲ့သည်။—တမန်တော် ၁၀:၃၄၊ ၃၅။
၅။ ခရစ်ယာန်များ အဘယ်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရလေ့ရှိသနည်း။
၅ ခရစ်ယာန်များသည် ကျမ်းစာအမှန်တရားကို သူတစ်ပါးအားဝေမျှပေးကြသော်လည်း နေရာတိုင်းတွင် လက်ခံကြိုဆိုမခံရကြပါ။ ယေရှုဤသို့သတိပေးခဲ့သည်– “ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြလိမ့်မည်။” (မဿဲ ၂၄:၉) ဤကျမ်းချက်ကိုဝေဖန်ရာ၌ အိုင်းရစ်ရှ်ဘုန်းတော်ကြီး ဂျွန် အာရ်. ကော်တာက ၁၈၁၇ ခုနှစ်တွင် ဤသို့ရေးသားခဲ့သည်– “ဟောပြောခြင်းဖြင့် လူတို့အသက်ရှင်ပုံပြောင်းလဲစေဖို့ သူတို့[ခရစ်ယာန်များ]၏ကြိုးပမ်းအားထုတ်မှုများသည် ထိုတပည့်တော်များအပေါ် လူတို့ကျေးဇူးတင်စိတ်ဝင်လာဖို့ဝေးစွ၊ ၎င်းတို့၏အကျင့်ဆိုးများကိုဖော်ထုတ်ခြင်းကြောင့် သူတို့အားမုန်းတီးစိတ်ဝင်စေပြီး နှိပ်စက်ညှဉ်းပန်းဖို့အကြောင်းဖြစ်စေခဲ့ပေမည်။” ထိုသို့နှိပ်စက်ညှဉ်းပန်းသူတို့သည် “ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ [အမှန်]တရား၌မွေ့လျော်သောစိတ်ကို မခံမယူကြ။” ထို့ကြောင့် “[အမှန်]တရားကိုမယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊ တရားရှုံးခြင်းသို့ရောက်မည်အကြောင်း၊ မုသာစကားကိုယုံစိမ့်သောငှာ၊ . . . ပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင်လွှတ်တော်မူလိမ့်မည်။”—၂ သက်သာလောနိတ် ၂:၁၀-၁၂။
၆။ ခရစ်ယာန်တစ်ဦး မမွေးမြူသင့်သော ဆန္ဒများကား အဘယ်နည်း။
၆ ရန်လိုသောဤလောက၌ အသက်ရှင်နေသောခရစ်ယာန်များကို တမန်တော်ယောဟန် ဤသို့သတိပေးသည်– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ . . . လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လော[က]စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။” (၁ ယောဟန် ၂:၁၅၊ ၁၆) “ရှိသမျှသောအရာ” ဟုယောဟန်ဆိုရာတွင် အဘယ်အရာကိုမျှ သူချန်လှပ်မထားပါ။ သို့ဖြစ်၍ အမှန်တရားမှသွေဖည်စေနိုင်သော ဤလောကမှကမ်းလှမ်းနိုင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ်တို့မမွေးမြူရပါ။ ယောဟန်၏ဆုံးမစကားကိုဂရုပြုခြင်းက ကျွန်ုပ်တို့၏ဘဝအသက်တာအပေါ် ကြီးမားသောသြဇာသက်ရောက်စေပါလိမ့်မည်။ မည်သို့အားဖြင့်နည်း။
၇။ အမှန်တရားအသိပညာက စိတ်ရိုးမှန်သူတို့ကို မည်သို့လှုံ့ဆော်ပေးသနည်း။
၇ ၂၀၀၁ ခုနှစ်အတွင်း၊ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် လစဉ် အိမ်တွင်းကျမ်းစာသင်အံမှုငါးသန်းနီးပါးကျင်းပကြပြီး အသက်ရရေးအတွက် ဘုရားသခင့်တောင်းဆိုချက်များကို တစ်ဦးချင်းကိုဖြစ်စေ၊ အုပ်စုလိုက်ကိုဖြစ်စေ သွန်သင်ပေးနေကြသည်။ ရလဒ်အနေနှင့် ၂၆၃,၄၃၁ ဦးနှစ်ခြင်းခံခဲ့ကြသည်။ ဤတပည့်သစ်ဧဖက် ၅:၅) အမှန်တရားသည် သင့်အတွက် ထိုမျှအဖိုးထိုက်သလော။
များအဖို့ အမှန်တရားအလင်းသည် အဖိုးတန်လာရာ မကောင်းသောအပေါင်းအသင်းများနှင့် ဤလောက၌ပျံ့နှံ့နေသော အကျင့်ယိုယွင်းပြီး ဘုရားသခင်အားဂုဏ်မတင်သည့်လမ်းစဉ်များကို သူတို့စွန့်ပစ်ခဲ့ကြသည်။ နှစ်ခြင်းခံပြီးချိန်မှစ၍ ခရစ်ယာန်ယောက်တိုင်းအတွက် ယေဟောဝါချမှတ်ထားသောစံနှုန်းများအတိုင်း ဆက်လက်နေထိုင်ကြသည်။ (ကျွန်ုပ်တို့ကို ယေဟောဝါဂရုစိုက်
၈။ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းကို ယေဟောဝါမည်သို့ တုံ့ပြန်တော်မူသနည်း၊ ‘နိုင်ငံတော်ကိုရှေးဦးထား’ ခြင်းသည် အဘယ်ကြောင့်ပညာရှိရာကျသနည်း။
၈ ကျွန်ုပ်တို့၏မစုံလင်မှုများကြားမှ ယေဟောဝါသည် ကျွန်ုပ်တို့ကိုဆွဲဆောင်ဖို့ ပုံဆောင်သဘောအရ မိမိကိုယ်ကိုနှိမ့်ချပြီး ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းကို ကရုဏာရှိစွာလက်ခံတော်မူ၏။ သို့ဖြင့် ကျွန်ုပ်တို့၏ပန်းတိုင်များနှင့် လိုအင်ဆန္ဒများကို မြှင့်တင်ရန်သွန်သင်ပေးတော်မူ၏။ (ဆာလံ ၁၁၃:၆-၈) တစ်ကြိမ်တည်းတွင် ကိုယ်တော်နှင့်နှစ်ကိုယ်ကြားဆက်ဆံရေးရှိခွင့်ပေးတော်မူပြီး “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာ[နေ]” မည်ဆိုလျှင် ကျွန်ုပ်တို့ကိုကြည့်ရှုစောင့်ရှောက်ဖို့ ယေဟောဝါကတိပြုတော်မူ၏။ ဤသို့ပြု၍ မိမိတို့၏ဝိညာဉ်ရေးကိုကာကွယ်ပါက “နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့” ဟုကိုယ်တော်ကတိပြုသည်။—မဿဲ ၆:၃၃။
၉။ “သစ္စာနှင့်သတိပညာရှိသောကျွန်” ကားမည်သူနည်း၊ ဤ “ကျွန်” ကိုအသုံးပြုပြီး ကျွန်ုပ်တို့ကို ယေဟောဝါမည်သို့ ဂရုစိုက်တော်မူသနည်း။
၉ ယေရှုခရစ်သည် တမန်တော် ၁၂ ပါးကိုရွေးချယ်၍ “ဘုရားသခင်၏ဣသရေလအမျိုး” ဟုအမည်ရလာသည့် ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်အတွက် အုတ်မြစ်ကိုချခဲ့သည်။ (ဂလာတိ ၆:၁၆; ဗျာဒိတ် ၂၁:၉၊ ၁၄) နောက်ပိုင်းတွင် ယင်းကို “အသက်ရှင်တော်မူသောဘုရားသခင်၏ အသင်းတော် . . . [အမှန်]တရား၏အမှီတံကဲ” အဖြစ်ဖော်ပြခဲ့သည်။ (၁ တိမောသေ ၃:၁၅) ထိုအသင်းတော်သားများကို “သစ္စာနှင့်သတိပညာရှိသောကျွန်” နှင့် ‘သစ္စာနှင့်သတိပညာရှိသောဘဏ္ဍာစိုး’ အဖြစ်ယေရှု အထူးပြုဖော်ပြခဲ့သည်။ ထိုသစ္စာရှိကျွန်သည် ခရစ်ယာန်များကို “အချိန်တန်လျှင် အစားအသောက်တို့ကိုဝေ” ပေးသည့်တာဝန်ရရှိမည်ဟု ယေရှုဆိုခဲ့သည်။ (မဿဲ ၂၄:၃၊ ၄၅-၄၇၊ သမ; လုကာ ၁၂:၄၂) အစာမရှိလျှင် ကျွန်ုပ်တို့ငတ်မွတ်သေဆုံးသွားပေမည်။ ထိုနည်းတူ ဝိညာဉ်အစာကိုမစားသုံးပါက ကျွန်ုပ်တို့အားနည်းပြီး ဝိညာဉ်ရေးသေဆုံးသွားပေမည်။ ထို့ကြောင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ရှိနေခြင်းက ကျွန်ုပ်တို့ကိုယေဟောဝါဂရုစိုက်တော်မူသည့် အထောက်အထားနောက်တစ်ခုဖြစ်သည်။ ထို “ကျွန်” မှတစ်ဆင့်ရရှိသော အဖိုးတန်ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို ကျွန်ုပ်တို့အစဉ် တန်ဖိုးထားလေးမြတ်နိုင်ပါစေ။—မဿဲ ၅:၃။
၁၀။ အစည်းအဝေးများကိုမှန်မှန်တက်ရောက်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၀ ဝိညာဉ်အစာသုံးဆောင်ခြင်းတွင် ကိုယ်ပိုင်လေ့လာမှုပါဝင်သည်။ အခြားခရစ်ယာန်များနှင့်ပေါင်းသင်း၍ အသင်းတော်အစည်းအဝေးများကို တက်ရောက်ခြင်းတို့လည်း အကျုံးဝင်သည်။ လွန်ခဲ့သောခြောက်လ၊ သို့မဟုတ် လွန်ခဲ့သောခြောက်ပတ်က စားသုံးခဲ့ရာကို သင်အတိအကျမှတ်မိသလော။ မှတ်မိချင်မှမှတ်မိမည်။ သို့သော် သင်စားသုံးခဲ့သမျှအရာက သင်၌လိုအပ်သောအာဟာရကို ရရှိစေခဲ့သည်။ ထိုအချိန်နောက်ပိုင်း အလားတူအစာမျိုးကို သင်စားကောင်းစားခဲ့ပေမည်။ ကျွန်ုပ်တို့၏ခရစ်ယာန်အစည်းအဝေးများ၌ရရှိသော ဝိညာဉ်အစာနှင့်ပတ်သက်၍လည်း ထိုနည်းလည်းကောင်းပင်။ အစည်းအဝေးများ၌ ကျွန်ုပ်တို့ကြားနာခဲ့သမျှကို အသေးစိတ်မှတ်မိချင်မှမှတ်မိပေမည်။ အလားတူအချက်အလက်များကို မကြာခဏရရှိခဲ့ပေမည်။ သို့သော် ယင်းသည် ကျွန်ုပ်တို့ကောင်းကျိုးအတွက်အရေးပါသော ဝိညာဉ်အစာဖြစ်သည်။ ကျွန်ုပ်တို့၏အစည်းအဝေးများသည် အစဉ်သဖြင့် အချိန်တန်ဝိညာဉ်အစာအာဟာရများကို တည်ခင်းပေးပါသည်။
၁၁။ ခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်သောအခါ ကျွန်ုပ်တို့၌အဘယ်တာဝန်ရှိသနည်း။
၁၁ ခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်ခြင်းသည် ကျွန်ုပ်တို့တွင် တာဝန်တစ်ခုလည်းရှိစေသည်။ ခရစ်ယာန်များသည် “မေတ္တာစိတ်ရှိစေခြင်းငှာ . . . ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာ” အသင်းတော်သားအချင်းချင်း တိုက်တွန်းနှိုးဆော်လျက် ‘တစ်ဦးကိုတစ်ဦးအားပေး’ ရန် တိုက်တွန်းခံရကြသည်။ ခရစ်ယာန်အစည်းအဝေးအားလုံးအတွက် ပြင်ဆင်၊ တက်ရောက်ပါဝင်ခြင်းက ကျွန်ုပ်တို့တစ်ဦးချင်းအတွက် ယုံကြည်ခြင်းခိုင်ခံ့စေပြီး အချင်းချင်းအားပေးမှုဖြစ်စေသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) အစားအသောက်ကြေးများသော ကလေးငယ်များကဲ့သို့ ဝိညာဉ်အစာအာဟာရစားသုံးရန် မခြားမလပ်အားပေးနေဖို့ လိုအပ်သူအချို့ရှိပေမည်။ (ဧဖက် ၄:၁၃) ဤကဲ့သို့သောသူများ ရင့်ကျက်သည့်ခရစ်ယာန်များဖြစ်လာနိုင်စေဖို့ ထိုသို့အားပေးခြင်းသည် မေတ္တာရှိရာရောက်၏၊ ရင့်ကျက်သူတို့နှင့်စပ်လျဉ်း၍ ပေါလုဤသို့ရေးသားခဲ့သည်– “ကြေခဲသောအစာအာဟာရမူကား ကိုယ့်အာရုံများကိုအသုံးပြုတတ်သဖြင့် အလေ့အကျင့်ရှိ၍ ကောင်းမကောင်းကို ပိုင်းခြားသိနိုင်သော အရွယ်ရောက်သူတို့အဖို့ဖြစ်၏။”—ဟေဗြဲ ၅:၁၄။
ကျွန်ုပ်တို့ကိုယ်ကို ဝိညာဉ်ရေးအရဂရုစိုက်ခြင်း
၁၂။ အမှန်တရား၌ကျွန်ုပ်တို့တည်နေဖို့ မည်သူ၌တာဝန်အရှိဆုံးဖြစ်သနည်း။ ရှင်းပြပါ။
၁၂ ကျွန်ုပ်တို့၏အိမ်ထောင်ဖက် သို့မဟုတ် မိဘများသည် အမှန်တရားလမ်းတွင် ကျွန်ုပ်တို့ကိုအားပေးနိုင်သည်။ ထိုနည်းတူ အသင်းတော်အကြီးအကဲများသည် မိမိတို့လက်အောက်ရှိ သိုးတော်စုအဝင်အဖြစ် ကျွန်ုပ်တို့ကိုထိန်းကျောင်းပေးနိုင်သည်။ (တမန်တော် ၂၀:၂၈) သို့သော် အမှန်တရားအပေါ် အခြေပြုသောဘဝလမ်းစဉ်၌ ကျွန်ုပ်တို့စွဲမြဲနေကြဖို့ဆိုလျှင် မည်သူ၌တာဝန်အရှိဆုံးဖြစ်သနည်း။ ကျွန်ုပ်တို့ယောက်စီယောက်တိုင်း၌ တာဝန်ရှိပါသည်။ ပုံမှန်အခြေအနေ၌ရော ဆင်းရဲခက်ခဲချိန်၌ပါ ထိုသို့ဖြစ်သည်။ အောက်ပါအဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။
၁၃၊ ၁၄။ သိုးသငယ်တစ်ကောင်နှင့်ပတ်သက်သည့် အတွေ့အကြုံတစ်ခု၏ ဖော်ပြချက်အရ လိုအပ်သောဝိညာဉ်ရေးအကူအညီကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်သနည်း။
၁၃ စကော့တလန်နိုင်ငံတွင် သိုးသငယ်အချို့ စားကျက်တွင်ကျက်စားနေကြစဉ် သိုးငယ်တစ်ကောင်သည် တောင်ပူစာတစ်ဖက်သို့လမ်းမှားသွားပြီး အောက်သို့လိမ့်ကျသွားသည်။ ဒဏ်ရာမရသော်လည်း ၎င်းသည် ထိတ်လန့်ပြီး ပြန်မတက်နိုင်တော့ချေ။ ထို့ကြောင့် ညည်းတွားသံပြု၍ စအော်လေတော့သည်။ သိုးမကြီးကကြားသောအခါ သူပါလိုက်အော်ရာ သိုးထိန်းရောက်လာပြီး သိုးငယ်ကိုပြန်ကောက်သည့်အချိန်အထိပင်။
၁၄ ဖြစ်စဉ်အဆင့်ဆင့်ကိုသတိပြုပါ။ သိုးငယ်ကအကူအညီတောင်းသည်၊ သိုးမကြီးက ကူ၍အော်ပေးသည်၊ သတိရှိသောသိုးထိန်းက အမြန်လာကယ်ဆယ်သည်။ အလွန်ငယ်သောတိရစ္ဆာန်နှင့် ၎င်း၏မိခင်သည်ပင် အန္တရာယ်ကိုသတိပြုမိနိုင်ကာ ချက်ချင်းအကူအညီတောင်းသည်ဆိုလျှင် ကျွန်ုပ်တို့ကော ဝိညာဉ်ရေးတွင်ယိမ်းယိုင်သွားသောအခါ သို့မဟုတ် စာတန့်လောကမှ မမျှော်လင့်သောအန္တရာယ်များကိုရင်ဆိုင်ရသောအခါ ထိုနည်းတူမပြုသင့်ပေလော။ (ယာကုပ် ၅:၁၄၊ ၁၅; ၁ ပေတရု ၅:၈) အထူးသဖြင့် ကျွန်ုပ်တို့သည် ငယ်ရွယ်သောကြောင့် သို့မဟုတ် အမှန်တရားတွင် လူသစ်ဖြစ်သောကြောင့် အတွေ့အကြုံနည်းသူများဖြစ်မည်ဆိုလျှင် ထိုသို့ပြုသင့်ပါသည်။
ဘုရားသခင့်လမ်းညွှန်မှုလိုက်ခြင်းက ပျော်ရွှင်စေ
၁၅။ ခရစ်ယာန်အသင်းတော်နှင့်ပေါင်းသင်းခါစတွင် အမျိုးသမီးတစ်ဦး မည်သို့ခံစားမိခဲ့သနည်း။
၁၅ အမှန်တရား၏ဘုရားသခင်ကို ဝတ်ပြုသူတို့ရရှိသော ကျမ်းစာသိနားလည်မှုနှင့် စိတ်ငြိမ်သက်မှု၏တန်ဖိုးကို စဉ်းစားသုံးသပ်ကြည့်ပါ။ ချာ့ခ်ျအော့ဖ်အင်္ဂလန်ကို တစ်သက်လုံးတက်ခဲ့သူ အသက် ၇၀ ရှိအမျိုးသမီးကြီးတစ်ဦးသည် ယေဟောဝါသက်သေတစ်ဦးနှင့် ကိုယ်ပိုင်ကျမ်းစာသင်အံမှုပြုရန် သဘောတူခဲ့သည်။ မကြာမီ ဘုရားသခင့်နာမတော်မှာ ယေဟောဝါဖြစ်ကြောင်း သူသိလာခဲ့ပြီး ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမတွင် နှလုံးပါစွာတောင်းလျှောက်သော လူထုဆုတောင်းချက်ကို “အာမင်” ဟုဆိုရာ၌ပါဝင်ခဲ့သည်။ စိတ်လှုပ်ရှားမှုပြင်းထန်စွာ သူဤသို့ပြောခဲ့သည်– “သေမျိုးမျှသာဖြစ်တဲ့
ကျွန်မတို့လူသားတွေ မချဉ်းကပ်နိုင်တဲ့အရှင်အဖြစ် ဘုရားသခင်ကိုပုံဖော်မယ့်အစား အတူရှိနေတဲ့ချစ်ခင်ရတဲ့မိတ်ဆွေတစ်ယောက်လိုမြင်လာအောင် ပုံဖော်ပေးခဲ့တယ်။ အရင်က ကျွန်မတစ်ခါမှ အဲဒီလိုမကြုံခဲ့ဖူးဘူး။” အမှန်တရားက ဦးဆုံးစွဲမှတ်စေခဲ့ပုံကို ချစ်ဖွယ်ကောင်းသော ထိုစိတ်ဝင်စားသူ ဘယ်သောအခါမျှ မေ့လျော့နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့လည်း အမှန်တရားကို လက်ခံခါစက ကျွန်ုပ်တို့အတွက် ယင်းသည်မည်မျှအဖိုးတန်ခဲ့ပုံကို ဘယ်သောအခါမျှ မမေ့လျော့ကြပါစေနှင့်။၁၆။ (က) ငွေရှာခြင်းကို ကျွန်ုပ်တို့၏အဓိကပန်းတိုင်ဖြစ်စေပါက အဘယ်သို့ဖြစ်ပျက်နိုင်သနည်း။ (ခ) စစ်မှန်သောပျော်ရွှင်မှုကို ကျွန်ုပ်တို့မည်သို့ရှာတွေ့နိုင်သနည်း။
၁၆ ငွေများများရှိလျှင် ပို၍ပျော်ရွှင်မည်ဟု လူအများယုံကြည်ကြသည်။ သို့သော် ငွေရှာခြင်းကို ဘဝ၏အဓိကပန်းတိုင်ဖြစ်စေမည်ဆိုလျှင် “မရေတွက်နိုင်သော ပြင်းပြသည့်စိတ်ဝေဒနာများ” ကိုကျွန်ုပ်တို့ခံရနိုင်သည်။ (၁ တိမောသေ ၆:၁၀၊ ဖိလစ်) များစွာသောသူတို့သည် ငွေအမြောက်အမြားရမည်စိတ်ထင်ဖြင့် ထီထိုးကြ၊ လောင်းကစားရုံများတွင် ငွေဖြုန်းကြ၊ သို့မဟုတ် စတော့ဈေးကွက်တွင် မဆင်မခြင်ငွေရင်းနှီးထားကြပုံကို သုံးသပ်ကြည့်ပါ။ သူတို့မျှော်လင့်ထားသလို ငွေအမြောက်အမြားရသူမှာ အလွန်နည်းပါသည်။ ထိုသို့ရရှိသူများပင် မိမိတို့ရုတ်တရက်ရရှိသော စည်းစိမ်ဥစ္စာများသည် အများအားဖြင့် ပျော်ရွှင်မှုမပေးကြောင်းတွေ့ရကြသည်။ ယင်းအစား၊ တည်မြဲသောပျော်ရွှင်မှုသည် ယေဟောဝါ၏အလိုတော်ဆောင်ခြင်း၊ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်နှင့် ကောင်းကင်တမန်များအကူအညီဖြင့် ခရစ်ယာန်အသင်းတော်နှင့်အတူလုပ်ဆောင်ခြင်းမှလာသည်။ (ဆာလံ ၁:၁-၃; ၈၄:၄၊ ၅; ၈၉:၁၅) ထိုသို့ပြုသောအခါ မျှော်လင့်မထားသောကောင်းချီးများကို ကျွန်ုပ်တို့ရရှိကောင်းရရှိကြပေမည်။ သင့်ဘဝတွင် ထိုသို့သောကောင်းချီးများရစေလောက်အောင် အမှန်တရားသည် သင့်အတွက် အဖိုးထိုက်သောအရာဖြစ်သလော။
၁၇။ သားရေလုပ်သားတစ်ဦးဖြစ်သူ ရှိမုန်နှင့်အတူ ပေတရုနေထိုင်ခဲ့ခြင်းက တမန်တော်၏အဘယ်သဘောထားကို ဖော်ပြသနည်း။
၁၇ တမန်တော်ပေတရု၏အတွေ့အကြုံတစ်ခုကို စဉ်းစားကြည့်ပါ။ စီ.အီး. ၃၆ ခုနှစ်တွင် သူသည် ရှာရုန်လွင်ပြင်သို့ သာသနာပြုခရီးထွက်ခဲ့သည်။ လုဒ္ဒမြို့တွင်ရပ်နားခိုက် လက်ခြေသေသူအဲနေကို ကုသပေးပြီးနောက် ယုပ္ပေအမည်ရှိပင်လယ်ဆိပ်ကမ်းမြို့သို့ ဆက်သွားခဲ့သည်။ ထိုတွင် ဒေါ်ကာကိုရှင်ပြန်ထမြောက်စေခဲ့သည်။ တမန်တော် ၉:၄၃ က ဤသို့ပြောပြသည်– “ပေတရုသည် ယုပ္ပေမြို့၌ ရှိမုန်အမည်ရှိသော သားရေလုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။” ဤဖော်ပြချက်အကျဉ်းက ထိုမြို့တွင်အမှုဆောင်နေခိုက် ပေတရု၏ စိတ်စွန်းကွက်မှုမရှိသောသဘောထားကိုတင်ပြသည်။ မည်သို့အားဖြင့်နည်း။ ကျမ်းပညာရှင် ဖရက်ဒရစ် ဒဗလျူ. ဖာရာက ဤသို့ရေးသားသည်– “[မောရှေ၏]နှုတ်တိုက်ပညတ်ကို တစ်သဝေမတိမ်း ခိုင်ခိုင်မြဲမြဲစွဲကိုင်လိုက်လျှောက်သူတစ်ဦးကို သားရေလုပ်သားတစ်ဦး၏အိမ်တွင်နေဖို့ နားချ၍မရနိုင်ပါ။ ၎င်းလုပ်ငန်းတွင်လိုအပ်သော တိရစ္ဆာန်သားရေများ၊ တိရစ္ဆာန်အသေကောင်အမျိုးမျိုးနှင့် ပစ္စည်းများကို နေ့စဉ်ထိတွေ့ရခြင်းသည် တရားသေသမားတို့၏အမြင်၌ မသန့်မရှင်း၊ စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်သည်။” ရှိမုန်၏ “ပင်လယ်နားမှာရှိ” သော “အိမ်” သည် သူ၏သားရေအလုပ်ရုံနှင့် ကပ်လျက်မဟုတ်လျှင်ပင် ‘ရွံရှာဖွယ်ရာအဖြစ်ရှုမြင်ခံရသဖြင့် ယင်းသို့လုပ်ဆောင်သူအားလုံး၏ သိက္ခာကို ယုတ်လျော့စေသည့်လုပ်ငန်း’ ၌ရှိမုန်ပါဝင်ခဲ့သည်ဟု ဖာရာကဆိုသည်။—တမန်တော် ၁၀:၆။
၁၈၊ ၁၉။ (က) ပေတရုသည် သူရရှိခဲ့သောအဆင်းအာရုံ၌ အဘယ်ကြောင့်စိတ်ရှုပ်ထွေးခဲ့သနည်း။ (ခ) အဘယ်မမျှော်လင့်သောကောင်းချီးများကို ပေတရုရရှိခဲ့သနည်း။
၁၈ စိတ်စွန်းကွက်ခြင်းမရှိသောပေတရုသည် ရှိမုန်၏ဧည့်ဝတ်ပြုမှုကိုလက်ခံခဲ့ပြီး ထိုတွင် မမျှော်လင့်ဘဲ ဘုရားသခင့်ညွှန်ကြားချက်ကိုရရှိခဲ့သည်။ ဂျူးပညတ်အရ မစင်ကြယ်ဟုသတ်မှတ်ထားသောသတ္တဝါများကိုစားရန် အဆင်းအာရုံတစ်ခု၌ သူမိန့်မှာခံခဲ့ရသည်။ ပေတရုက မိမိသည် “ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို တစ်ရံတစ်ခါမျှမစားဖူး” ပါဟုပြော၍ငြင်းပယ်ခဲ့သည်။ သို့သော် “ဘုရားသခင်စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်” ဟုသုံးကြိမ်မိန့်ဆိုခံရသည်။ “ပေတရုသည် မိမိမြင်ရသော[အဆင်းအာ]ရုံကား၊ အဘယ်သို့ဆိုလိုသနည်းဟု တွေးတောဆင်ခြင်[“အကြီးအကျယ်စိတ်ရှုပ်ထွေး၊” ကဘ]” ခဲ့မည်ဆိုလည်း ရှုပ်ထွေးလောက်ပေသည်။—တမန်တော် ၁၀:၅-၁၇; ၁၁:၇-၁၀။
၁၉ ယမန်နေ့က မိုင် ၃၀ အကွာရှိ ကဲသရိမြို့မှ ကော်နေလိအမည်ရှိ တစ်ပါးအမျိုးသားတစ်ဦးသည်လည်း အဆင်းအာရုံတစ်ခုရခဲ့ကြောင်း ပေတရုမသိခဲ့ချေ။ ယေဟောဝါ၏ကောင်းကင်တမန်တမန်တော် ၁၀:၁-၄၈; ၁၁:၁၈) ပေတရုအတွက် အခွင့်ထူးကြီးတစ်ရပ်ပါတကား!—ယင်းတို့အားလုံးမှာ အမှန်တရားသည် သူ့အတွက်အဖိုးထိုက်ပြီး ယေဟောဝါထံမှညွှန်ကြားချက်ကို လိုက်နာ၍ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်စေခဲ့သောကြောင့်ဖြစ်သည်။
က လူစေလွှတ်ပြီး သားရေလုပ်သားရှိမုန်၏အိမ်၌ ပေတရုကိုရှာရန် ကော်နေလိကိုညွှန်ကြားခဲ့သည်။ ကော်နေလိက ရှိမုန်အိမ်သို့ သူ၏ကျွန်ကိုစေလွှတ်ခဲ့ရာ ကဲသရိမြို့သို့ သူတို့နှင့်အတူ ပေတရုလိုက်ပါလာသည်။ ထိုတွင် ကော်နေလိနှင့် သူ၏ဆွေမျိုး၊ မိတ်သင်္ဂဟများကိုဟောပြောခဲ့သည်။ ရလဒ်မှာ သူတို့သည် ဘုရားသခင့်နိုင်ငံတော်အမွေခံများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရမည့် အရေဖျားမလှီးသောတစ်ပါးအမျိုးသားများတွင် ဦးဆုံးယုံကြည်သူများဖြစ်လာကြသည်။ အရေဖျားမလှီးသော အမျိုးသားများဖြစ်ကြသော်လည်း ပေတရု၏စကားကိုကြားနာသူအားလုံး နှစ်ခြင်းယူခဲ့ကြသည်။ ယင်းက ဂျူးတို့၏အမြင်တွင် မစင်ကြယ်ဟုရှုမြင်ခံရသော လူမျိုးအားလုံးမှလူတို့ ခရစ်ယာန်အသင်းသားများဖြစ်လာဖို့ လမ်းပွင့်ခဲ့သည်။ (၂၀။ ကျွန်ုပ်တို့၏ဘဝတွင် အမှန်တရားကိုရှေးဦးထားသောအခါ ဘုရားသခင်၏ အဘယ်ထောက်မမှုကို ကျွန်ုပ်တို့ရရှိကြသနည်း။
၂၀ ပေါလုက “မေတ္တာစိတ်နှင့် [အမှန်]တရားကိုဟောပြောသဖြင့် ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ကြီးပွားကြမည်အကြောင်း” တိုက်တွန်းခဲ့သည်။ (ဧဖက် ၄:၁၅) ကျွန်ုပ်တို့၏ဘဝတွင် အမှန်တရားကိုရှေးဦးထားပြီး ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ခြေလှမ်းများကိုလမ်းညွှန်ရန် ယေဟောဝါအားခွင့်ပြုကြမည်ဆိုလျှင် တုနှိုင်းမရသောပျော်ရွှင်မှုများကို ခံစားရပါလိမ့်မည်။ ကျွန်ုပ်တို့၏ဧဝံဂေလိဟောပြောခြင်းလုပ်ငန်း၌ သန့်ရှင်းသောကောင်းကင်တမန်များ၏ ထောက်မကူညီမှုကိုလည်း စိတ်စွဲမှတ်ထားပါ။ (ဗျာဒိတ် ၁၄:၆၊ ၇; ၂၂:၆) ကျွန်ုပ်တို့လုပ်ဆောင်ရန် ယေဟောဝါအမိန့်ပေးထားသောလုပ်ငန်းတွင် ယင်းသို့ကျောထောက်နောက်ခံမှုရရှိထားခြင်းသည် အခွင့်ထူးပါတကား! ဆက်လက်တည်ကြည်ခြင်းက အမှန်တရား၏ဘုရားသခင် ယေဟောဝါကို ထာဝစဉ်ချီးမွမ်းစေပါလိမ့်မည်။ ယင်းထက်သာ၍အဖိုးတန်ရာ ရှိနိုင်ပါဦးမည်လော။—ယောဟန် ၁၇:၃။
ကျွန်ုပ်တို့အဘယ်အရာသင်ယူခဲ့ပြီနည်း
• များစွာသောသူတို့သည် အမှန်တရားကိုအဘယ်ကြောင့် လက်မခံကြသနည်း။
• စာတန့်လောကရှိအရာများကို ခရစ်ယာန်များမည်သို့ရှုမြင်သင့်သနည်း။
• အစည်းအဝေးများကို ကျွန်ုပ်တို့မည်သို့ သဘောထားသင့်သနည်း၊ အဘယ်ကြောင့်နည်း။
• ကျွန်ုပ်တို့ကိုယ်တိုင်၏ဝိညာဉ်ရေးကို ဂရုစိုက်ဖို့ ကျွန်ုပ်တို့၌ အဘယ်တာဝန်ရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မြေထဲ ပင်လယ်
ကဲသရိမြို့
ရှာရုန်လွင်ပြင်
ယုပ္ပေမြို့
လုဒ္ဒမြို့
ယေရုရှလင်မြို့
[ရုပ်ပုံ]
ပေတရုသည် ဘုရားသခင့်ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး မမျှော်လင့်သောကောင်းချီးများကို ရိတ်သိမ်းခဲ့
[Credit Line]
Map: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေရှုသည် အမှန်တရားကိုသက်သေခံခဲ့
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဝိညာဉ်အစာသည် ကာယအစာကဲ့သို့ ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်အရေးပါ၏