လူမျိုးအပေါင်းကို ဘုရားသခင်ကြိုဆို
လူမျိုးအပေါင်းကို ဘုရားသခင်ကြိုဆို
မာလီသို့ ပထမဦးဆုံးခရီးစဉ်တွင် မာမာဒူနှင့်သူ့မိသားစု၏ နွေးထွေးသောဧည့်ဝတ်ပျူငှာမှုက ဂျောန်၏စိတ်ကိုထိမိခဲ့၏။ ဂျောန်သည် ကြမ်းပြင်ပေါ်ထိုင်ကာ ဘုံဟင်းပန်းကန်မှ ခိုးလိုးခုလု အစာစားသုံးစဉ် အိမ်ရှင်အား အဖိုးထိုက်ဆုံးလက်ဆောင်ဖြစ်သည့် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာမှ နိုင်ငံတော်သတင်းကောင်းကို ပေးကမ်းနိုင်မည့် အကောင်းဆုံးနည်းကို သူစဉ်းစားနေမိသည်။ မာလီနိုင်ငံတွင် ပြင်သစ်ဘာသာစကားပြောဆိုကြသော်လည်း ဘာသာတရားနှင့်တွေးခေါ်ပုံ လုံးဝခြားနားသော ထိုမိသားစုနှင့် သူမည်သို့ဆက်သွယ်ရမည်ကို ဂျောန်တွေးတောနေခဲ့၏။
ကျမ်းစာမှတ်တမ်းမှ ဘေဘဲလ်မြို့ကြီးအကြောင်းကို ဂျောန်စဉ်းစားမိခြင်းသည် အံ့ဩစရာမဟုတ်ပေ။ ထိုမြို့တွင် ဘုရားသခင်သည် ပုန်ကန်သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေခဲ့၏။ (ကမ္ဘာဦး ၁၁:၁-၉) ရလဒ်အနေဖြင့် ဘာသာစကား၊ ဘာသာတရားနှင့် တွေးခေါ်ပုံစံ အမျိုးမျိုးရှိလူတို့သည် ကမ္ဘာ့အစိတ်အပိုင်းအသီးသီးတွင် ပေါ်ပေါက်လာခဲ့ကြသည်။ ယနေ့ခရီးသွားခြင်းနှင့် ပြောင်းရွှေ့နေထိုင်ခြင်းတို့သည် သာမန်ကိစ္စဖြစ်လာသည်နှင့်အမျှ ဂျောန်ကြုံတွေ့ခဲ့ရသည့်အခက်အခဲမျိုးကို မိမိတို့၏အိမ်နီးချင်းရပ်ကွက်တွင်ပင် လူများစွာကြုံတွေ့နေကြရသည်။ ထိုအခက်အခဲမှာ မိမိတို့၏ကျမ်းစာအခြေပြုမျှော်လင့်ချက်ကို နောက်ခံချင်းမတူသူတို့အား မည်သို့ဝေမျှဟောပြောရမည်နည်းဖြစ်၏။
ရှေးပုံနမူနာတစ်ခု
ဣသရေလနိုင်ငံရှိ အခြားပရောဖက်များနည်းတူ ယောနသည် ဣသရေလလူမျိုးကို အဓိကထား ဟောပြောခဲ့၏။ ဖောက်ပြန်သောဣသရေလဆယ်နွယ်နိုင်ငံသည် ဘုရားသခင်အားဂုဏ်မတင်သည့် အလေ့အကျင့်များကို ထင်ထင်ပေါ်ပေါ် ပါဝင်ပြုလုပ်ချိန်တွင် သူပရောဖက်ပြုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၄:၂၃-၂၅) ယောနသည် မိမိ၏နိုင်ငံမှထွက်ခွာပြီး အာဆီးရီးယားနိုင်ငံသို့သွား၍ ဘာသာတရားနှင့် ထုံးတမ်းဓလေ့မတူသူ နိနေဝေမြို့သားများအား ဟောပြောရန် အထူးတာဝန်တစ်ခုကို ရရှိသောအခါ သူ၏တုံ့ပြန်မှုကို စဉ်းစားကြည့်ပါ။ ယောနသည် နိနေဝေဘာသာစကားကို ပြောတတ်ချင်မှပြောတတ်မည်၊ ပြောတတ်သည့်တိုင် သွက်သွက်လက်လက် ပြောဆိုနိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ၊ ယောနသည် ထိုစိန်ခေါ်ချက်ကိုမခံမရပ်နိုင်ဖြစ်ပြီး ထွက်ပြေးခဲ့သည်။—ယောန ၁:၁-၃။
ယေဟောဝါဘုရားသခင်သည် အပြင်ပန်းသဏ္ဌာန်ထက်မကမြင်ပြီး နှလုံးကိုစစ်ဆေးတော်မူကြောင်း ယောနသိဖို့လိုအပ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၆:၇) ယေဟောဝါသည် ယောနကို ရေနစ်ရာမှ အံ့ဖွယ်နည်းဖြင့် ကယ်တင်ပြီးနောက် နိနေဝေမြို့သားများထံ သွားဟောပြောရန် ဒုတိယအကြိမ် မိန့်တော်မူခဲ့သည်။ ထိုအခါ ယောနနာခံခဲ့ရာ ရလဒ်အနေနှင့် နိနေဝေမြို့သားတစ်စုလုံး နောင်တယူခဲ့ကြ၏။ သို့တိုင်၊ ယောနတွင် မှန်ကန်သောအမြင်သဘောထားမရှိခဲ့ချေ။ ထို့ကြောင့် ယေဟောဝါသည် သူ့အား တန်ခိုးပါသောရုပ်ပြသင်ခန်းစာတစ်ခုဖြင့် သူ၏သဘောထားပြောင်းလဲသွားရန် သွန်သင်တော်မူခဲ့၏။ ယေဟောဝါသည် ယောနအား ဤသို့မိန့်တော်မူခဲ့သည်– “ကိုယ်လက်ယာလက်နှင့်လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ တစ်သိန်းနှစ်သောင်းမက လူများသောနိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လော။” (ယောန ၄:၅-၁၁) ယနေ့ ကျွန်ုပ်တို့ကော မည်သို့နည်း။ နောက်ခံချင်းမတူသူတို့ကို ကျွန်ုပ်တို့ မည်သို့အကူအညီပေးနိုင်မည်နည်း။
ရှမာရိအမျိုးသားများနှင့် ဂျူးမဟုတ်သူများကို ကြိုဆိုခြင်း
ပထမရာစုတွင် ယေရှုသည် မိမိ၏နောက်တော်လိုက်များအား လူမျိုးအပေါင်းတို့ကို တပည့်ဖြစ်စေရန် မိန့်မှာတော်မူခဲ့၏။ (မဿဲ
၂၈:၁၉) ထိုသို့ပြုလုပ်ရန် သူတို့အတွက် မလွယ်ကူလှချေ။ ယေရှု၏တပည့်တော်များသည် ဂျူးလူမျိုးများဖြစ်ကြပြီး ယောနကဲ့သို့ပင် နောက်ခံနှင့်ယဉ်ကျေးမှုတူသောလူတို့နှင့်သာ စကားပြောဆိုလေ့ရှိကြ၏။ ထို့အပြင် သူတို့သည် ထိုခေတ်ထိုအချိန်က စိတ်စွန်းကွက်မှုများ၏ ဖိအားပေးမှုကိုလည်း ခံခဲ့ကြရပေမည်။ သို့ရာတွင် ယေဟောဝါသည် မိမိ၏အလိုတော်ကို ကျေးကျွန်တော်များ တဖြည်းဖြည်း ပိုင်းခြားသိမြင်လာစေရန် ကိစ္စရပ်များကို ညွှန်ကြားတော်မူခဲ့သည်။ပထမခြေလှမ်းမှာ ဂျူးများနှင့်ရှမာရိအမျိုးသားများစပ်ကြားရှိ စိတ်စွန်းကွက်မှုကို ကျော်လွှားအောင်မြင်နိုင်ရမည်ဖြစ်၏။ ဂျူးများသည် ရှမာရိအမျိုးသားများနှင့် အဆက်အသွယ်မပြုလုပ်ကြချေ။ သို့တိုင်၊ ယေရှုသည် သတင်းကောင်းကို နောင်အချိန်အခါတွင် ရှမာရိအမျိုးသားများလက်ခံလာနိုင်ရန် တစ်ကြိမ်ထက်မက လမ်းခင်းပေးခဲ့သည်။ ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားပြောဆိုခြင်းအားဖြင့် မျက်နှာမလိုက်ကြောင်း ကိုယ်တော်ပြတော်မူခဲ့သည်။ (ယောဟန် ၄:၇-၂၆) အခြားတစ်ကြိမ်တွင်၊ ကိုယ်နှင့်စပ်ဆိုင်သူစိတ်ထားရှိသည့် ရှမာရိအမျိုးသားပုံဥပမာအားဖြင့် ဘာသာရေးစိတ်ဓာတ်ရှိသူဂျူးတစ်ဦးအား ဂျူးမဟုတ်သူများလည်း အိမ်နီးချင်းများကို မေတ္တာပြနိုင်စွမ်းရှိကြောင်း ကိုယ်တော်ဖော်ပြတော်မူခဲ့၏။ (လုကာ ၁၀:၂၅-၃၇) ခရစ်ယာန်အသင်းတော်ထဲသို့ ရှမာရိလူမျိုးများကို ယေဟောဝါဆောင်သွင်းရန်အချိန် ကျရောက်လာသည့်အခါ၊ ဂျူးအမျိုးအနွယ်ဖြစ်ကြသည့် ဖိလိပ္ပု၊ ပေတရုနှင့် ယောဟန်တို့သည် ရှမာရိမြို့သားများကို ဟောပြောခဲ့ကြသည်။ သူတို့၏သတင်းတရားက ထိုမြို့၌ အကြီးအကျယ်ရွှင်လန်းဝမ်းမြောက်ခြင်းရှိစေခဲ့၏။—တမန်တော် ၈:၄-၈၊ ၁၄-၁၇။
ဂျူးများနှင့်ဆွေမျိုးနီးစပ်ဖြစ်သည့် ရှမာရိအမျိုးသားများကို ဂျူးခရစ်ယာန်များချစ်ရန် ခက်ခဲမည်ဆိုလျှင် ဂျူးများ အထင်အမြင်သေးပြီး မုန်းတီးသည့် ဂျူးမဟုတ်သူ သို့မဟုတ် တစ်ပါးအမျိုးသားများကို အိမ်နီးချင်းမေတ္တာပြရန် သာ၍ပင်ခက်ခဲပေမည်။ မည်သို့ဆိုစေ ယေရှုသေဆုံးပြီးနောက် ဂျူးခရစ်ယာန်များနှင့် တစ်ပါးအမျိုးသားများစပ်ကြားရှိ အတားအဆီးကို ဖယ်ရှားပစ်နိုင်ခဲ့ကြသည်။ (ဧဖက် ၂:၁၃၊ ၁၄) ဤအစီအစဉ်သစ်ကို ပေတရုလက်ခံနိုင်စေရန် ယေဟောဝါသည် သူ့အား အဆင်းအာရုံတစ်ခုပြတော်မူပြီး ထိုတွင်ကိုယ်တော်က “ဘုရားသခင်စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်ဟုမထင်” ရန် သူ့အားမိန့်တော်မူခဲ့၏။ ထို့နောက် ယေဟောဝါ၏ဝိညာဉ်တော်သည် သူ့ကို ကော်နေလိအမည်ရှိ တစ်ပါးအမျိုးသားတစ်ဦးထံ ပို့ဆောင်ခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ရှုမြင်ချက်ဖြစ်သည့် ဘုရားသခင်စင်ကြယ်စေခဲ့ပြီးဖြစ်သော ဤသူကို ညစ်ညူးသည်ဟု မခေါ်သင့်ကြောင်း နားလည်သဘောပေါက်သွားသောအခါ မှုတ်သွင်းခြင်းအားဖြင့် ဤသို့ပြောဆိုခဲ့သည်– “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။” (တမန်တော် ၁၀:၉-၃၅) ဘုရားသခင်သည် ကော်နေလိနှင့်သူ၏မိသားစုအပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးခြင်းအားဖြင့် သူတို့ကိုလက်ခံတော်မူကြောင်း တင်ပြသောအခါ ပေတရုအံ့သြလိုက်မည်ဖြစ်ခြင်း!
ပေါလု—တစ်ပါးအမျိုးသားတို့အတွက် ရွေးကောက်သောတန်ဆာ
လူအပေါင်းကို ချစ်ခင်ပြီး အကူအညီပေးရန် မိမိ၏ကျေးကျွန်များကို ယေဟောဝါ တဖြည်းဖြည်းပြင်ဆင်ပေးတော်မူခြင်းနှင့်ပတ်သက်၍ ပေါလု၏ဓမ္မအမှုသည် ထူးခြားသောစံနမူနာတစ်ရပ်ဖြစ်၏။ ပေါလုဘာသာပြောင်းဝင်လာချိန်တွင် သူသည် တစ်ပါးအမျိုးသားတို့ထံ မိမိ၏နာမတော်ခံယူရန် ရွေးကောက်သောတန်ဆာဖြစ်လိမ့်မည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ (တမန်တော် ၉:၁၅) ထို့နောက် ပေါလုသည် လူမျိုးအပေါင်းရှေ့ သတင်းကောင်းကြေညာရာတွင် မိမိအသုံးပြုခံရမည့်အကြောင်း ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို တွေးတောစဉ်းစားဖို့ အာရေဗျကျွန်းဆွယ်သို့ထွက်ခွာခဲ့ခြင်းဖြစ်မည်။—ဂလာတိ ၁:၁၅-၁၇။
ပေါလု၏ပထမသာသနာပြုခရီးစဉ်တွင် ဂျူးမဟုတ်သူများတမန်တော် ၁၃:၄၆-၄၈) ပေါလု၏လုပ်ဆောင်ချက်ကို ယေဟောဝါကောင်းချီးပေးတော်မူခဲ့ရာ ထိုတမန်တော်သည် ယေဟောဝါ၏အစီအစဉ်အတိုင်း လုပ်ဆောင်နေကြောင်း သက်သေထူ၏။ ပေါလုသည် ဂျူးမဟုတ်သောညီအစ်ကိုများနှင့်ပေါင်းဖော်ခြင်းကို ရှောင်ခြင်းဖြင့် မျက်နှာလိုက်ကြောင်းတင်ပြခဲ့သည့် ပေတရုကို ရဲရင့်စွာ တည့်မတ်ပေးခဲ့သောအခါ ယေဟောဝါ၏ရှုမြင်ချက်ကို သူအပြည့်အဝနားလည်ခဲ့ကြောင်း ဖော်ပြခဲ့သည်။—ဂလာတိ ၂:၁၁-၁၄။
အား စိတ်ထက်သန်စွာ သူဟောပြောခဲ့သည်။ (ဘုရားသခင်သည် ပေါလု၏အားထုတ်မှုများကို လမ်းညွှန်ပေးခဲ့ကြောင်းဖော်ပြသည့် ထပ်ဆင့်အထောက်အထားတစ်ခုကား သူ၏ဒုတိယသာသနာပြုခရီး၌ သန့်ရှင်းသောဝိညာဉ်တော်သည် ပေါလုအား ရောမခရိုင်ဗိသုန်ဒေသတွင် မဟောပြောရန် တားမြစ်ခဲ့ချိန်ဖြစ်၏။ (တမန်တော် ၁၆:၇) အချိန်မတန်သေးသည်မှာ ထင်ရှား၏။ သို့သော် နောက်ပိုင်းတွင် ဗိသုန်ပြည်သားအချို့သည် ခရစ်ယာန်များဖြစ်လာကြသည်။ (၁ ပေတရု ၁:၂) အဆင်းအာရုံတစ်ခုတွင် မာကေဒေါနိလူတစ်ယောက်က “မာကေဒေါနိပြည်သို့ကူးပါ၊ ငါတို့ကိုမစပါ” ဟု ပေါလုအား တောင်းပန်လေသော် ထိုရောမခရိုင်တွင် သတင်းကောင်းကြေညာရန် သူ၏ခရီးစဉ်ကို ပြောင်းလဲသင့်သည်ဟု ပေါလုကောက်ချက်ချခဲ့သည်။—တမန်တော် ၁၆:၉၊ ၁၀။
ပေါလုသည် အာသင်မြို့သားများကို ဟောပြောသောအခါ သူ၏လိုက်လျောညီထွေလုပ်နိုင်စွမ်းသည် အပြင်းအထန်စမ်းသပ်ခံခဲ့ရ၏။ ဂရိနှင့်ရောမဥပဒေတို့က တိုင်းတစ်ပါးဘုရားများနှင့် အသစ်သောဘာသာရေးဓလေ့ထုံးစံများအကြောင်း ပြောဆိုခြင်းကို တားမြစ်သည်။ လူတို့အပေါ် ပေါလုထားရှိသည့်မေတ္တာက သူတို့၏ဘာသာရေးဓလေ့ထုံးစံများကို အသေအချာတွေးတောဆင်ခြင်စေခဲ့သည်။ အာသင်မြို့တွင် “ငါတို့မသိသောဘုရားသခင်အဖို့” ဟူသောအက္ခရာတင် ယဇ်ပလ္လင်တစ်ခုကို သူသတိပြုမိခဲ့၏။ ထိုနောက် ဤအချက်ကို သူ၏သက်သေခံခြင်းလုပ်ငန်းတွင် ဖော်ပြခဲ့သည်။ (တမန်တော် ၁၇:၂၂၊ ၂၃) သူ၏သတင်းတရားကို ကြင်ကြင်နာနာနှင့် လေးစားစွာ နိဒါန်းပျိုးခဲ့ခြင်းပါတကား!
ပေါလုသည် တစ်ပါးအမျိုးသားတို့ထံ တမန်တော်တာဝန်၏ရလဒ်များကို နောက်ကြောင်းပြန်ကြည့်ရှုခဲ့သောအခါ ပျော်လိုက်မည်ဖြစ်ခြင်း! သူသည် ကောရိန္သု၊ ဖိလိပ္ပိ၊ သက်သာလောနိတ်နှင့် ဂလာတိမြို့များတွင် ဂျူးမဟုတ်သူ ခရစ်ယာန်အမြောက်အမြားဖြင့်ဖွဲ့စည်းထားသည့် အသင်းတော်များတည်ထောင်ရန် အကူအညီပေးခဲ့သည်။ ဒမာရိ၊ ဒယောနုသိ၊ သေရဂိပေါလုနှင့် တိတုကဲ့သို့သော ယုံကြည်ခြင်းရှိသူ အမျိုးသားအမျိုးသမီးများကို အကူအညီပေးခဲ့၏။ ယေဟောဝါနှင့် သမ္မာကျမ်းစာကို မသိရှိခဲ့ကြသူတို့သည် ခရစ်ယာန်ဘာသာတရားစစ်ကို လက်ခံလာကြကြောင်း တွေ့မြင်ရခြင်းသည် တကယ့်အခွင့်ထူးပါတကား! ဂျူးမဟုတ်သူများ အမှန်တရားသိရှိလာစေရန် အကူအညီပေးရာတွင် မိမိ၏ကဏ္ဍနှင့်စပ်လျဉ်း၍ ပေါလုဤသို့ဆိုခဲ့သည်– “ခရစ်တော်၏နာမကိုမကြားဖူးသောအရပ်၌ ဧဝံဂေလိတရား [သတင်းကောင်း] ကိုဟောခြင်းငှာ စေတနာစိတ်နှင့်ရောမ ၁၅:၂၀၊ ၂၁) ကျွန်ုပ်တို့၏ယဉ်ကျေးမှုမှမဟုတ်သူတို့ကို သတင်းကောင်းကြေညာရာတွင် ကျွန်ုပ်တို့လည်းပါဝင်နိုင်ကြမည်လော။
ငါကြိုးစားအားထုတ်လေ့ရှိ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ‘ထိုသူ၏အကြောင်းကို အဘယ်သူမျှမပြဖူးသော်လည်း၊ သူတို့သည် မြင်ကြလိမ့်မည်။ မကြားဖူးသောသူတို့သည် နားလည်ကြလိမ့်မည်’ ဟုလာသတည်း။” (မြေကြီးသားအပေါင်းတို့ကို ကူညီပေးခြင်း
ရှောလမုန်သည် ယေရုရှလင်ဝတ်ပြုရာအိမ်တော်၌ လာရောက်ဝတ်ပြုကြမည့် ဣသရေလလူမျိုးမဟုတ်သူများနှင့်ပတ်သက်၍ ယေဟောဝါထံ ဤသို့အသနားခံဆုတောင်းသည်– “ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ . . . မြေကြီးသားအပေါင်းတို့သည် . . . နာမတော်ကိုသိစေခြင်းငှာ . . . ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။” (၃ ဓမ္မရာဇဝင် ၈:၄၁-၄၃) ယနေ့နိုင်ငံများစွာတို့တွင် ထောင်နှင့်ချီသော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများသည်လည်း အလားတူခံစားချက်မျိုးကို ပဲ့တင်ထပ်နေကြသည်။ သူတို့သည် ဝိညာဉ်ရေးရာများနှင့်စပ်လျဉ်း၍ “ကိုယ်လက်ယာလက်နှင့်လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသော” နိနေဝေမြို့သားများကဲ့သို့သောလူတို့နှင့် တွေ့ဆုံကြရ၏။ ဘုရားသခင့်နိုင်ငံတော်ဟောပြောသူများသည် နိုင်ငံအသီးသီးမှ စစ်မှန်သောဝတ်ပြုသူများကို စုဝေးလာစေခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များ ပြည့်စုံရေးတွင် စိတ်အားထက်သန်စွာပါဝင်လိုကြသည်။—ဟေရှာယ ၂:၂၊ ၃; မိက္ခာ ၄:၁-၃။
သမ္မာကျမ်းစာ၏မျှော်လင့်ချက်သတင်းတရားကို ခရစ်ယာန်ဘောင်မှလူများ လက်ခံခဲ့ကြသကဲ့သို့ အခြားဘာသာရေးနောက်ခံများမှလူတို့သည်လည်း လက်ခံနေကြ၏။ ယင်းက သင့်ကိုမည်သို့ အကျိုးသက်ရောက်စေသင့်သနည်း။ မိမိကိုယ်ကို ရိုးသားစွာ ဆန်းစစ်ကြည့်ကြပါ။ သင်၌ စိတ်စွန်းကွက်မှု အမြစ်တွယ်နေသည်ဟုယူမှတ်လျှင် မေတ္တာဖြင့် ယင်းကိုဖယ်ရှားပစ်ပါ။ * ဘုရားသခင်တလိုတလားလက်ခံတော်မူသည့် လူတို့ကို မပစ်ပယ်ပါနှင့်။—ယောဟန် ၃:၁၆။
အခြားနောက်ခံတစ်ခုမှလူတို့နှင့် စကားမပြောဆိုမီ မိမိစိတ်ကို ပြင်ဆင်ထားပါ။ သူတို့၏ခံယူချက်များ၊ သူတို့၏ပူပင်သောကများနှင့် သူတို့တွေးခေါ်ပုံများကို အကျွမ်းတဝင်ရှိရန်ကြိုးစားပြီး နှစ်ဦးနှစ်ဖက်သဘောတူညီနိုင်မည့်အချက်ကို ရှာဖွေထားပါ။ အခြားသူများအပေါ် ကောင်းမြတ်မှုနှင့်ထောက်ထားစာနာမှုတင်ပြပါ။ ငြင်းခုံမှုများကိုရှောင်ကြဉ်ပြီး ပြောင်းသာလွှဲသာရှိ၍ အပြုသဘောဆောင်ပါ။ (လုကာ ၉:၅၂-၅၆) ထိုသို့ပြုခြင်းဖြင့် “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်] တရားကိုသိစေခြင်းငှာအလိုတော်ရှိတော်မူသော” ယေဟောဝါ၏စိတ်တော်နှင့် သင်တွေ့ပေလိမ့်မည်။—၁ တိမောသေ ၂:၄၊ ကဘ။
ကျွန်ုပ်တို့၏အသင်းတော်များတွင် နောက်ခံအမျိုးမျိုးမှလူတို့ ရှိနေခြင်းသည် အမှန်တကယ်အားရဝမ်းသာစရာ ဖြစ်ပေသည်တကား! (ဟေရှာယ ၅၆:၆၊ ၇) ယနေ့ သီတာ၊ အောင်အောင်၊ တိုးတိုးနှင့် တင်ထွန်းတို့ကဲ့သို့သောအမည်များကိုသာမက မာမာဒူ၊ ဂျီဂန်၊ ရီဇာနှင့် ချန်ကဲ့သို့သောအမည်များကိုပါကြားရခြင်းသည် အလွန်အားရစရာပင်! မှန်ပါသည်၊ ကျွန်ုပ်တို့အတွက် “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးသည် အဆင်သင့်၍ ဖွင့်လျက်ရှိ၏။” (၁ ကောရိန္သု ၁၆:၉၊ ကဘ) လူမျိုးအပေါင်းတို့ကိုကြိုဆိုရန် မျက်နှာမလိုက်သောယေဟောဝါဘုရားသခင် ကမ်းလှမ်းတော်မူသည့်ဖိတ်ခေါ်ချက်ကို ထပ်ဆင့်ကမ်းလှမ်းဖို့ ကျွန်ုပ်တို့ရှေ့တွင်ရှိ အခွင့်အရေးများကို လက်ခံယူနိုင်ကြပါစေ!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 ၁၉၉၆၊ ဇူလိုင် ၈ နိုးလော့! မှ “ဆက်သွယ်ရေးကိုတားဆီးသည့် တံတိုင်းများ” [လိပ်]၊ စာမျက်နှာ ၅-၇ ကိုရှု။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ပေါလုသည် ပြောင်းသာလွှဲသာ ရှိခြင်းအားဖြင့် နေရာတကာရှိလူတို့ကို သတင်းကောင်းဝေမျှခဲ့
. . . အာသင်မြို့တွင်
. . . ဖိလိပ္ပိမြို့တွင်
. . . ခရီးလှည့်လည်စဉ်