မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထွက်ပြေးရန် ပညာရှိသည့်အခါ

ထွက်ပြေးရန် ပညာရှိသည့်အခါ

ထွက်ပြေး​ရန် ပညာရှိ​သည့်​အခါ

ယနေ့ ဤ​လောက​၏​အမှတ်အသား​သည် မိုက်ရူး​ရဲ​ဆန်​သည့်​စိတ်ဓာတ်​နှင့် ရန်မူခြင်း သို့​မဟုတ် သွေးဆောင်မှု​တို့ ဖြစ်၏။ အခြေအနေ​တစ်ရပ်​မှ ထွက်ပြေး​သူ​တစ်ဦး​ကို များသောအားဖြင့် အားနည်း​သူ သို့​မဟုတ် သူရဲဘောကြောင်သူ​အဖြစ် ယူမှတ်​ကြသည်။ ထို​သူသည် သရော်​လှောင်ပြောင်ခြင်း​ကို​ပင် ခံရ​နိုင်​သည်။

သို့ရာတွင် ပညာရှိရှိ​နှင့် ရဲရင့်စွာ​ထွက်ပြေး​ရမည့်​အချိန်​အခါ​မျိုး​ရှိကြောင်း သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။ ၎င်းကို​ထောက်ခံ​သည့်​အနေ​ဖြင့် ယေရှု​ခရစ်​သည် တပည့်တော်​များ​ကို ခရစ်ယာန်​ဓမ္မ​အမှု​သို့​မစေလွှတ်မီ ဤသို့​မိန့်ဆို​တော်​မူ​ခဲ့​၏– “တစ်မြို့​၌​သင်တို့ကို​ညှဉ်းဆဲ​လျှင် တစ်မြို့​သို့​ပြေး​ကြလော့။” (မဿဲ ၁၀:၂၃) ယေရှု၏​တပည့်တော်​များသည် ညှဉ်းဆဲ​သူများ​လက်​မှ​လွတ်မြောက်​ရန် ကြိုးစား​ကြ​ရမည်​ဖြစ်သည်။ သူတို့သည် အခြား​သူများကို အတင်းအကျပ် ဘာသာ​ပြောင်း​စေရန် ကြိုးစား​ဖို့​မဟုတ်၊ ဘာသာရေး​စစ်ပွဲ​ပုံစံ​မျိုးကို ပြုလုပ်​ဖို့​မဟုတ်​ချေ။ ငြိမ်သက်ခြင်း​သတင်း သူတို့တွင်​ရှိကြသည်။ (မဿဲ ၁၀:၁၁-၁၄; တမန်​တော် ၁၀:၃၄-၃၇) ထို့​ကြောင့် ခရစ်ယာန်​များသည် ဒေါသ​ထွက်ကြ​မည့်​အစား အမျက်​နှိုးဆော်​သည့်​အရာ​မှ ဝေးဝေးလံလံ ထွက်ပြေး​ကြ​ရမည်​ဖြစ်၏။ ဤ​နည်း​အားဖြင့် သူတို့သည် ကြည်လင်​သော​သိစိတ်​အပြင် ယေဟောဝါ​နှင့်​တန်ဖိုး​ရှိ​ဆက်ဆံ​ရေး​ကို​ပါ ထိန်းသိမ်း​ထား​နိုင်​ကြသည်။—၂ ကောရိန္သု ၄:၁၊ ၂

ကွဲပြား​ခြားနား​သော​ပုံ​နမူနာ​တစ်ခု​ကို နယပုံပြင်​ကျမ်း​တွင် တွေ့ ရှိ​ရ၏။ သွေးဆောင်မှု​ကို​ရင်ဆိုင်​ရသည့်​အခါ ထွက်ပြေး​သွား​မည့်​အစား “နွား​သည်​အသေခံ​ရာ​နောက်သို့ လိုက်​သကဲ့သို့” ပြည့်တန်ဆာ​မိန်းမ​နောက်လိုက်​သွားခဲ့​သည့် လူရွယ်​တစ်ဦး​အကြောင်းကို ထို​ကျမ်းစောင်​က​ပြောပြ​သည်။ ရလဒ်​ကား​အဘယ်နည်း။ သူသည် သွေးဆောင်​ခံ​လိုက်​သည့်​အတွက် ဘေးဆိုး​ကြုံ​ခဲ့​ရ၏။—သု. ၇:၅-၈၊ ၂၁-၂၃

သင်သည် လိင်​အကျင့်​ယိုယွင်းခြင်း​ကို ကျူးလွန်​ရန် သွေးဆောင်​ခံရ​မည်၊ သို့​မဟုတ် စိုးရိမ်​စ​ရာ​ရှိသော အခြား​အန္တရာယ်​တစ်မျိုး​တစ်​မည်​နှင့် ပက်ပင်းတိုး​ပါ​က အ​သို့ နည်း။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အရ သင့်လျော်​သော​အပြုအမူမှာ ထွက်ပြေး​ရန်ဖြစ်​သည်၊ ထို​နေရာ​မှ အဝေး​သို့ ချက်ချင်း​ရှောင်ပြေး​ရန်ဖြစ်​သည်။—သု. ၄:၁၄၊ ၁၅; ၁ ကောရိန္သု ၆:၁၈; ၂ တိမောသေ ၂:၂၂