မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖခင်ကို သားကူညီပေးခဲ့ပုံ

ဖခင်ကို သားကူညီပေးခဲ့ပုံ

ဖခင်​ကို သား​ကူညီပေး​ခဲ့​ပုံ

အင်္ဂလန်​နိုင်ငံ​မှ ဂျိမ်းစ်​သည် အသက် ၃၀ ကျော်​တွင် အကြီးအကျယ်​စိတ်​ဖောက်ပြန်​ပြီး ယ​ဉ်​ယ​ဉ်​လေး​နှင့် စိတ်​ကွ​န့်​မြူး​ခြင်း​ရောဂါ​ရခဲ့​၏။ သို့​တိုင် သူ၏​မိခင်၊ အစ်မ​တို့​နှင့်အတူ ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​များ​ကို နှစ်​နှင့်​ချီ​၍ တက်ရောက်​ခဲ့ပြီ။ သို့သော် ဖခင်​ဖြစ်သူ​သည် သူတို့၏​ယုံကြည်ချက်များ​ကို စိတ်ဝင်စားမှု တစ်ခါမျှ​မပြခဲ့ချေ။ မိတ်ဆွေ​တစ်ဦး​အား ခရစ်တော်​၏​သေခြင်း သတိရအောက်မေ့ပွဲ​သို့ ဖိတ်ခေါ်​ပုံ​ကို သရုပ်ပြ​သည့် အစည်းအဝေး​ကို​တက်​ခဲ့​ပြီး တစ်​ညနေခင်း​တွင် ဂျိမ်းစ်​သည် မိမိ​အခန်း​သို့ အပြေးအလွှား​ဝင်​သွား​သည်။ သူ၏​မိခင်​သည် စိုးရိမ်​တ​ကြီး​ဖြင့် သူ့​နောက်သို့​လိုက်သွား​သောအခါ ဂျိမ်းစ်​သည် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​အဟောင်း​များ​ကို အပူ​တ​ပြင်း​ရှာဖွေ​နေသည်​ကို တွေ့​လိုက်ရ​၏။ နောက်ကျော​စာမျက်နှာ​တွင် သတိရအောက်မေ့ပွဲ ဖိတ်ခေါ်ချက်​ရုပ်ပုံ​ပါ​သည့် မဂ္ဂဇင်း​တစ်စောင်​ကို ဂျိမ်းစ်​ရွေးယူ​လိုက်ပြီး ဖခင်​ဆီ​သို့ ပြေး​သွား​သည်။ ရုပ်ပုံကို ဦးဆုံး​ထိုး​ပြပြီး ဖခင်​အား​လက်ညှိုးထိုး​ကာ “အဖေ” ဟု​ခေါ်​လိုက်​သည်! ဂျိမ်းစ်​က သတိရအောက်မေ့ပွဲကို တက်ရောက်​ရန် သူ၏​ဖခင်​အား ဖိတ်ခေါ်​နေကြောင်း မိခင်​နှင့်​ဖခင်​တို့​သိရှိ​ကာ တအံ့တသြ​ဖြင့် တစ်ဦး​ကိုတစ်​ဦး လှမ်းကြည့်​ကြ​၏။ ထို​အခါ သူ၏​ဖခင်​က တက်​မည်​ဟု​ပြောလိုက်​သည်။

သတိရအောက်မေ့ပွဲ​ကျင်းပ​မည့် ညနေခင်း​တွင် ဂျိမ်းစ်​သည် ဖခင်​၏​အဝတ်ဗီရို​ကို​ဖွင့်​၍ ဘောင်းဘီရှည်​တစ်ထည်​ရွေး​ကာ ဖခင်​ထံ​ယူသွား​ပြီး ဝတ်​ပါ​ဟု အမူအရာ​ဖြင့်​ပြ​သည်။ ဖခင်​က အစည်းအဝေး မ​တက်​ဖြစ်​ဘူး​ဟု ပြော​ခဲ့​၏။ သို့ ဖြင့် ဂျိမ်းစ်​နှင့် သူ၏​မိခင်​တို့​သာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ သွား​ကြသည်။

၎င်းနောက်​ပိုင်း​တွင် အသင်းတော်​အစည်းအဝေး​များ​ကို​တက်​ရန် မိခင်​က ဂျိမ်းစ်​ကို အသင့်ပြင်​ဆင်​ပေး​တိုင်း သူသည် တဖြည်းဖြည်း​ငြင်းဆန်​လာ​တတ်​ပြီး ဖခင်​နှင့်အတူ အိမ်​တွင်​နေရစ်​လို​ခဲ့​၏။ တနင်္ဂနွေ​တစ်မနက်​တွင် အစည်းအဝေး​သွား​ရန် မိခင်​က ဂျိမ်းစ်​ကို​ပြင်ဆင်​ပေးဖို့ ကြိုးစား​သောအခါ ထို့​အတူ​ငြင်းဆို​ပြန်​၏။ ထို​အခါ ဂျိမ်းစ်​၏​ဖခင်​က သား​ဘက်​လှည့်၍ “ဂျိမ်းစ်၊ ဒီနေ့ အဖေ စည်းဝေး​သွား​ရင် သား​ရော​သွားမှာလား” ဟု​မေးလိုက်​ရာ မိခင်​မှာ အကြီးအကျယ်​အံ့အားသင့်​ခဲ့​ရ၏။ ဂျိမ်းစ်​၏​မျက်နှာ ပြုံးရွှင်​သွားလေသည်။ သူ၏​ဖခင်​ကို ပွေ့ဖက်​၍ “ဟုတ်ကဲ့!” ဟု​ပြောလိုက်​ရာ သူတို့​သုံးဦး​စ​လုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ သွား​ကြ​လေ​သည်။

ထို​နေ့ရက်​မှ​စ၍ ဂျိမ်းစ်​၏​ဖခင်​သည် တနင်္ဂနွေ​အစည်းအဝေး​တိုင်း​ကို မပြတ်​တမ်း​တက်ရောက်​ခဲ့​၏၊ သို့သော် များ​မကြာမီ ဖခင်​ဖြစ်သူက မိမိသည်​လည်း တိုးတက်မှု​ရှိ​ရမည်​ဆိုလျှင် အခြား​အစည်းအဝေး​များ​ကို​ပါ တက်​ရတော့မည်​ဟု ဆို​လေ​သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သူ​ပြော​သည့်​အတိုင်း​ပြုလုပ်​ခဲ့​ရာ နောက်​နှစ်လ​အကြာတွင် ကျမ်းစာ​ကို မှန်မှန်​လေ့လာ​တော့​သည်။ ထို​အခါ ဂျိမ်းစ်​၏​ဖခင်​သည် အလျင်အမြန်​တိုးတက်လာ​ပြီး သူ၏​ဘဝတွင် လိုအပ်​သလို​ပြုပြင်​ပြောင်းလဲ​ခဲ့​ရာ များ​မကြာမီ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တွင်​ပင် ပါဝင်​လာ​၏။ သမ္မာကျမ်းစာ​စတင်​လေ့လာ​ပြီး တစ်နှစ်​အကြာတွင် သူ၏​ဘဝကို ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံ​ပြီး ရေနှစ်ခြင်း​ခံယူ​ခဲ့​၏။ လောလောဆယ်တွင် သူ၏​အသင်းတော်၌ ဓမ္မ​အမှုထမ်း​အဖြစ် အမှုထမ်းဆောင်​လျက်​ရှိသည်။ ယခု​ထို​မိသားစု​အားလုံး ယေဟောဝါ​၏​အမှုတော်ကို စည်းလုံး​ညီညွတ်​စွာ ထမ်းဆောင်​နေကြပြီ။