မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

စစ်မှန်သော​ခရစ်ယာန်​တစ်ဦး​သည် ချာ့ခ်ျ​တွင်​ကျင်းပ​သည့် အသုဘ​အခမ်းအနား သို့​မဟုတ် လက်ထပ်​မင်္ဂလာပွဲ​ကို တက်ရောက်ခြင်း​က ပညာရှိရာ​ကျ​မည်​လော။

မှားယွင်းသော​ဘာသာ​၏ မည်သည့်​ပုံစံ​မဆို​တွင် ကျွန်ုပ်​တို့​ပါဝင်ခြင်း​ကို ယေဟောဝါ​မနှစ်သက်​သည့်​အတွက် ရှောင်ကြဉ်​ရမည်​ဖြစ်၏။ (၂ ကောရိန္သု ၆:၁၄-၁၇; ဗျာဒိတ် ၁၈:၄) ချာ့ခ်ျ​တွင်​ကျင်းပ​သည့် အသုဘ​အခမ်းအနား​တွင် မသေ​နိုင်သော​ဝိညာဉ်​စိုးလ်​နှင့် လူကောင်း​အားလုံး ကောင်းကင်​ဆုကျေးဇူး​ရမည် အစ​ရှိသည့် ကျမ်းစာ​နှင့်​မညီညွတ်​သော အယူအဆ​များ​ကို ထောက်ခံ​ပြောဆို တရားဟော​ပါ​လိမ့်​မည်။ ထို့​အပြင် လက်ဝါးကပ်တိုင် သင်္ကေတ​ပြုလုပ်ခြင်း​နှင့် ခရစ်ယာန်​ဘုန်းတော်ကြီး​ဆုတောင်းရာ​တွင် ပါဝင်​ရခြင်း အစ​ရှိသည့် ဓလေ့​ထုံးစံ​များ​တွင် ပါဝင်​ဖို့​လို​ပေမည်။ သမ္မာကျမ်းစာ​သွန်သင်ချက်​နှင့်​ဆန့်ကျင်​သည့် ဆုတောင်းချက်​များနှင့် အခြား​ဘာသာရေး​လုပ်ရပ်များ​သည်လည်း ချာ့ခ်ျ သို့​မဟုတ် အခြား​တစ်​နေရာ​ရာ​တွင်​ကျင်းပ​သည့် ဘာသာရေးဆိုင်ရာ လက်ထပ်​မင်္ဂလာ​အခမ်းအနား​တစ်ခု​တွင် ပါဝင်​နိုင်​သည်။ မှားယွင်းသော ဘာသာရေး​လုပ်ရပ်​တစ်ခု​ကို လူတိုင်း​ပါဝင်​ပြုလုပ်​နေသည့် အုပ်စု​တစ်စု​တွင် ခရစ်ယာန်​တစ်ဦး​ရောက်ရှိ​နေခြင်း​က ထို​လုပ်ဆောင်ချက်​တွင် မပါဝင်ဘဲ​နေ​ရန် သူ့​အတွက်​ခက်ခဲ​ပေမည်။ ထိုသို့​သော​အခြေအနေ​မျိုး​တွင် ရောက်နေ​ခြင်း​က ပညာ​မဲ့​ရာ​ကျ​မည်​ဖြစ်​ခြင်း!

ခရစ်ယာန်​တစ်ဦး​သည် ချာ့ခ်ျ​တွင်​ကျင်းပ​သည့် အသုဘ သို့​မဟုတ် လက်ထပ်​မင်္ဂလာပွဲ​တစ်ခု​ကို မ​တက်​မနေ တက်ရောက်​သင့်​သည်​ဟု ယူမှတ်​လျှင်​ကော အသို့နည်း။ ဥပမာ၊ မယုံကြည်​သူ​ခင်ပွန်း​သည်​က သူ၏​ခရစ်ယာန်​ဇနီးသည်​အား ထို​အချိန်​အခါ​တွင် မိမိ​နှင့်အတူ​ရှိ​ရမည်ဟု​ဆို​ပေ​သည်။ သူသည် တိတ်တဆိတ် ဘေး​မှ​ရပ်ကြည့်​သူ​တစ်ဦး​အဖြစ် ခင်ပွန်း​နှင့်​လိုက်သွား​နိုင်​ပါသလော။ ဇနီးသည်​သည် ဘာသာရေး​အခမ်းအနား​မှန်သမျှ​တွင် မပါဝင်ဖို့ စိတ်ပိုင်းဖြတ်​ထား​လျက် ခင်ပွန်း​သည်​၏​ဆန္ဒ​အတိုင်း လိုက်သွား​ရန် ဆုံးဖြတ်​ပေမည်။ အခြား​တစ်ဖက်​တွင်​မူ အခြေအနေ​၏​ဖိအားပေး​မှု​ကြောင့် ဘုရားသခင်​ရေးရာ​မူများ​ကို အလျှော့ပေး​လိုက်လျော​မိ​မည်​စိုး​၍ မသွား​တော့​ရန် ဆုံးဖြတ်​ပေမည်။ ဆုံးဖြတ်ချက်​ချ​ရမည့်​သူ​မှာ သူကိုယ်တိုင်​ဖြစ်၏။ သူ၏​သိစိတ်​ကြည်လင်​ကာ စိတ်​ရှင်း​နေ​သင့်​သည်။—၁ တိမောသေ ၁:၁၉

မည်သို့​ပင်​ဖြစ်စေ၊ သူသည် မိမိ၏​သိစိတ်​ကြောင့် ဘာသာရေး​အခမ်းအနား​များ​တွင် မပါဝင်နိုင်​ကြောင်း၊ ဓမ္မ​သီချင်းများ မဆို​နိုင်​ကြောင်း၊ ဆုတောင်း​သည့်​အခါ မိမိ​ခေါင်း​မ​ငုံ့​နိုင်​ကြောင်း ခင်ပွန်း​အား ကြိုတင်​ရှင်းပြ​ထား​လျှင် ကောင်း​ပေမည်။ သူ့ ရှင်းပြချက်ကို​ထောက်၍ ခင်ပွန်း​သည်,က မိမိ​ဇနီးသည် ရှိနေခြင်း​သည် သူ့​အတွက် မျက်နှာ​ပျက်​စ​ရာ​ဖြစ်စေ​နိုင်​မည်​ဟု ကောက်ချက်​ချ​ပေမည်။ မိမိ​ဇနီးသည်​အား​ချစ်​သည့်​မေတ္တာ၊ သူ၏​ယုံကြည်ချက်များ​ကို လေးစားမှု​ရှိသဖြင့်၊ သို့​မဟုတ် အရှက်ကွဲ​စ​ရာ​အကြောင်း မှန်သမျှကို ရှောင်ကြဉ်​လို​သည့်​ဆန္ဒ​တို့​ကြောင့် မိမိ​ဘာသာ တစ်ဦးတည်း​သွား​လို​ပေမည်။ သို့သော် ခင်ပွန်း​သည်​က ဇနီးသည်​အား သူနှင့်​အတူ​လိုက်ရမည်​ဟု အနိုင်အထက်​တောင်းဆို​မည်​ဆိုလျှင် လေ့လာ​အကဲခတ်​သူ​တစ်ဦး​အဖြစ် ဇနီး​ဖြစ်သူ လိုက်သွား​နိုင်​ပါ​သည်။

ကျွန်ုပ်​တို့​ထည့်​စဉ်းစား​သုံးသပ်​ရမည်​မှာ ဘာသာရေး​အဆောက်အအုံ​တစ်ခု​ရှိ အခမ်းအနား​တစ်ခု​ကို တက်ရောက်ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​များ​အပေါ် သက်ရောက်​မည့်​အကျိုး​ဖြစ်သည်။ ထိုသို့​ပြုခြင်း​ဖြင့် အချို့​သော​သူများ​၏ သိစိတ်ကို ထိခိုက်​နိုင်​ပါသလော။ ရုပ်ပုံ​ကိုးကွယ်​ခြင်း​၌​ပါဝင်မှု​ကို ရှောင်ကြဉ်​ရန် သူတို့၏ ခုခံနိုင်​သည့်​စွမ်းအား​သည် အားနည်း​သွား​နိုင်​မည်​လော။ ‘သင်တို့သည် ခြားနား​သော​အရာ​တို့ကို ပိုင်းခြား​စေခြင်း​ငှာ ခရစ်တော်​၏​နေ့ရက်​တိုင်အောင် စိတ်​ကြည်ဖြူ​လျက်၊ တိုက်မိ​၍​လဲစရာ​အမှု​နှင့် ကင်းလွတ်​လျက်​ရှိ’ ရန်ပြု​လုပ်ပါ​ဟု တမန်​တော်​ပေါလု​သတိပေး​သည်။—ဖိလိပ္ပိ ၁:၉၊ ၁၁

အဆိုပါ​အချိန်​အခါ​သည် အလွန်​ရင်းနှီးသော ဆွေမျိုးသားချင်း​တစ်ဦး​နှင့်​ပတ်သက်​နေလျှင် မိသားစု​၏ ဖိအားပေး​မှုများ​ကို​ခံရ​ရန် ထပ်ဆင့်​အကြောင်း​ရှိ​ပေ​သည်။ မည်သို့​ပင်​ဖြစ်စေ၊ ခရစ်ယာန်​တစ်ဦး​သည် ပါဝင်​ပတ်သက်​သည့်​အကြောင်းအရာ​မှန်သမျှကို ဂရုတစိုက်​ချင့်ချိန်​ရမည်။ အခြေအနေ​အချို့​တွင် ချာ့ခ်ျ​အသုဘ သို့​မဟုတ် လက်ထပ်​မင်္ဂလာ​အခမ်းအနား​တစ်ခု​သို့ သွားရာတွင် လေ့လာသူ​တစ်ဦး​အဖြစ် သွားခြင်း​မှ အဘယ်​အခက်အခဲ​မျှ ပေါ်ပေါက်​လာ​စ​ရာ​အကြောင်း​မရှိ​ဟု ကောက်ချက်​ချ​နိုင်​ပေမည်။ သို့သော် ၎င်းကို​တက်ရောက်ခြင်း​မှ ရရှိနိုင်​ဖွယ်​အကျိုးကျေးဇူးများ​ထက် ပို​ပြီး​အလေးထား​ရမည့်​ကိစ္စ​မှာ မိမိ သို့​မဟုတ် အခြားသူများ​၏​သိစိတ်ကို ထိခိုက်​စေနိုင်​ခြင်း​ဖြစ်သည်။ မည်သည့်​အခြေအနေ​မျိုး​ပင်​ဖြစ်ပါစေ အဆိုပါ​ခရစ်ယာန်​သည် မိမိ၏​ဆုံးဖြတ်ချက်​ကြောင့် ဘုရားသခင်​နှင့်​လူ​တို့​ရှေ့တွင် မိမိ၏​ကောင်းသော​သိစိတ်ကို မထိခိုက်​စေ​သင့်​ပါ။