မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏မေတ္တာတော်ကို သင်သဘောပေါက်သလော

ဘုရားသခင်၏မေတ္တာတော်ကို သင်သဘောပေါက်သလော

ဘုရားသခင်​၏​မေတ္တာတော်ကို သင်​သဘောပေါက်​သလော

ယောဘသည် တစ်ခါ​က ဤ​စကား​များ​ဖြင့် မစုံလင်​သော​လူ့​အခြေအနေ​ကို ဖော်ပြ​ခဲ့​၏– “လူသည် မိန်းမ​ဖွား​သော​သူ​ဖြစ်​သဖြင့် အသက်​တို​၍ [ဆင်းရဲခြင်း]နှင့်​ပြည့်စုံ​ပါ​၏။ ပန်း​ပွင့်​ကဲ့သို့​ပွင့်​၍ ရိတ်​ဖြတ်​ခြင်း​ကို​ခံရ​ပါ​၏။ မတည်​မ​ရပ်​ဘဲ အရိပ်​ကဲ့သို့​ရွေ့သွား​တတ်​ပါ​၏။” (ယောဘ ၁၄:၁၊ ၂) ထို​စဉ်​က ယောဘ​ကြုံတွေ့​နေရ​သည့်​အဖြစ်​ကြောင့် သူ၏​ဘဝ​သည် ကိုယ်​ဆင်းရဲခြင်း၊ စိတ်​ဆင်းရဲခြင်း​တို့​နှင့် ပြည့်နှက်​လျက်​ရှိသည်။ ထိုသို့ သင်​ခံစား​ခဲ့​ဖူး​သလော။

အခက်အခဲ​ပြဿနာ​အမျိုးမျိုးကို ကျွန်ုပ်​တို့​ရင်ဆိုင်​နေရ​ကြသော်လည်း ဘုရားသခင်​၏​သနား​ကြင်နာ​ခြင်း​နှင့် မေတ္တာ​အပေါ် အခြေပြု​သည့် ခြေမြစ်​ခိုင်လုံ​သော မျှော်လင့်ချက်​တစ်ခု​ရှိပါ၏။ ဦးဆုံး​အနေ​နှင့် ကျွန်ုပ်​တို့၏​သနား​ညှာတာ​ရှင် ကောင်းကင်​ခမည်းတော်​သည် လူသား​တို့၏​အပြစ်ရှိ​အနေအထား​မှ ကယ်နုတ်​ရန် ရွေးနုတ်ဖိုး​ယဇ်ကို ပြင်ဆင်​ပေး​ခဲ့​သည်။ ယောဟန် ၃:၁၆၊ ၁၇ အရ ယေရှု​ခရစ်​ဤသို့​မိန့်ဆိုခဲ့သည်– “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လော[က]သားတို့​ကို ချစ်တော်မူ​၏။ လော[က]သားတို့​အား အပြစ်စီရင်​ခြင်း​ငှာ ဘုရားသခင်​သည် သားတော်ကို ဤ​လောက​သို့​စေလွှတ်​တော်​မူ​သည်မဟုတ်။ လော[က]သားတို့​သည် ကိုယ်တော်​အားဖြင့် ကယ်တင်ခြင်း​သို့​ရောက်မည်​အကြောင်း စေလွှတ်​တော်​မူ​၏။”

ထို့​ပြင် မစုံလင်​သော​လူသားများ​အပေါ် ဘုရားသခင်​၏​ကြင်နာ​သော​သဘောထားကို​လည်း သုံးသပ်ကြည့်​ပါ။ “ဘုရားသခင်​သည် မြေတစ်ပြင်လုံး၌​နေရ​သော လူအမျိုးမျိုး​တို့ကို တစ်​သွေး​တည်း​နှင့်​ဖန်ဆင်း​တော်​မူ​၍ သူတို့အား​ခွဲဝေ​စီမံ​သော​အချိန်ကာလ​ကိုလည်း​ကောင်း၊ သူတို့၏​နေရာ​အပိုင်းအခြား​ကိုလည်း​ကောင်း မှတ်သား​တော်​မူ​၏။ အကြောင်း​မူ​ကား၊ လူတို့သည် ဘုရားသခင်​ကို​ရှာစမ်း​သဖြင့် တွေ့​ကောင်း​တွေ့ ကြလိမ့်မည်​အကြောင်း​တည်း။ သို့​ဆို​သော်လည်း ဘုရားသခင်​သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ ဝေး​တော်​မူ​သည်မဟုတ်” ဟူ၍ တမန်​တော်​ပေါလု​က အခိုင်အမာ​ပြောဆို​ခဲ့​၏။ (တမန်​တော် ၁၇:၂၆၊ ၂၇) စဉ်းစား​ကြည့်​ပါ​လေ! ကျွန်ုပ်​တို့သည် မစုံလင်​သော​လူသားများ​ဖြစ်​ကြသော်လည်း ကျွန်ုပ်​တို့၏​မေတ္တာ​ရှိ​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိ​နိုင်​ကြသည်။

သို့ဖြင့် ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို​ဂရုစိုက်​ပြီး ကျွန်ုပ်​တို့၏​ရေရှည်​အကျိုးအတွက် မေတ္တာပါ​စွာ​ပြင်ဆင်​ပေး​ထား​သည်ကို သိရှိပြီး ယုံကြည်​စိတ်ချ​စွာ​ဖြင့် အနာဂတ်​ကို ရင်ဆိုင်​နိုင်​ကြသည်။ (၁ ပေတရု ၅:၇; ၂ ပေတရု ၃:၁၃) ထို့​ကြောင့် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို​လေ့လာခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​မေတ္တာရှင် ဘုရားသခင်​အကြောင်း ပို​၍​သင်ယူ​နိုင်​စ​ရာ​အကြောင်း များစွာ​ရှိသည်။