မွန်မြတ်သောလုပ်ငန်းများအတွက် လူမျိုးတစ်မျိုးအနေဖြင့်သန့်စင်ခံရ
မွန်မြတ်သောလုပ်ငန်းများအတွက် လူမျိုးတစ်မျိုးအနေဖြင့်သန့်စင်ခံရ
“ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင် [“သန့်စင်၊” ကဘ] စေလျက်၊ ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း . . . နှင့်ပြည့်စုံကြကုန်အံ့။”—၂ ကောရိန္သု ၇:၁။
၁။ ယေဟောဝါအား ဝတ်ပြုသူများထံမှ ကိုယ်တော်အဘယ်အရာတောင်းဆိုသနည်း။
“ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည် ရပ်နေရမည်နည်း။” ရှေးခေတ်ဣသရေလနိုင်ငံ၏ဘုရင် ဒါဝိဒ်သည် ယေဟောဝါနှစ်သက်လက်ခံနိုင်သော ဝတ်ပြုမှုနှင့်စပ်လျဉ်း၍ စဉ်းစားတွေးတောစေသည့် ထိုမေးခွန်းကိုထုတ်ခဲ့သည်။ ထို့နောက် “သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသောသူ၊ မုသာကိုမမှီဝဲမဆည်းကပ် မမှန်သောကျိန်ဆိုခြင်းကိုမပြုသောသူ” ပေတည်းဟု သူဖြေဆိုခဲ့သည်။ (ဆာလံ ၂၄:၃၊ ၄) လူတစ်ဦးသည် သန့်ရှင်းခြင်း၏ပြယုဂ်ဖြစ်တော်မူသော ယေဟောဝါ၏ နှစ်သက်လက်ခံမှုရရန် စင်ကြယ်၍သန့်ရှင်းရမည်။ အစောပိုင်းတွင် ဣသရေလပရိသတ်အပေါင်းကို ယေဟောဝါဤသို့သတိပေးခဲ့သည်– “ငါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း ကိုယ်ကိုကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။”—ဝတ်ပြုရာ ၁၁:၄၄၊ ၄၅; ၁၉:၂။
၂။ စစ်မှန်သောဝတ်ပြုရေးတွင် စင်ကြယ်ခြင်းအရေးပါမှုကို ပေါလုနှင့်ယာကုပ်တို့ မည်သို့အလေးပေးဖော်ပြခဲ့ကြသနည်း။
၂ ရာစုနှစ်များစွာကြာပြီးနောက် အကျင့်ယိုယွင်းသော ကောရိန္သုမြို့ရှိ ခရစ်ယာန်ချင်းများထံ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “ထို့ကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက် ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း . . . နှင့်ပြည့်စုံကြကုန်အံ့။” (၂ ကောရိန္သု ၇:၁) လူတစ်ဦးသည် ဘုရားသခင်နှင့်ဆက်ဆံရေးရှိပြီး ကိုယ်တော်ကတိထားရာ ကောင်းချီးများကိုခံစားရဖို့ ကာယနှင့် ဝိညာဉ်ရေးအညစ်အကြေး၊ ပျက်စီးယိုယွင်းမှုမှ ကင်းစင်ရပေမည်။ ထိုနည်းတူ ဘုရားသခင်နှစ်သက်လက်ခံနိုင်သော ဝတ်ပြုမှုနှင့်ပတ်သက်၍ တပည့်တော်ယာကုပ် ဤသို့ရေးသားခဲ့သည်– “ခမည်း တော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော [အကျင့်] ဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လော[က]အညစ်အကြေးနှင့်ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။”—ယာကုပ် ၁:၂၇။
၃။ ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ဘုရားသခင်နှစ်သက်လက်ခံနိုင်ဖို့ အဘယ်အရာကို အလွန်အလေးအနက်ထားသင့်သနည်း။
၃ စစ်မှန်သောဝတ်ပြုရေးတွင် စင်ကြယ်၊ သန့်ရှင်းခြင်းသည် အရေးပါလှသောကြောင့် ဘုရားသခင့်မျက်နှာသာရလိုသူ မည်သူမဆို ဤတောင်းဆိုချက်ကိုပြည့်မီဖို့ အလွန်အလေးအနက်ထားသင့်သည်။ ယနေ့ လူတို့တွင် သန့်ရှင်းခြင်းနှင့်ပတ်သက်၍ စံနှုန်းများနှင့် အယူအဆအမျိုးမျိုးရှိကြသည်မှန်သော်လည်း သန့်ရှင်း၍ နှစ်သက်လက်ခံဖွယ်ဖြစ်သည်ဟု ယေဟောဝါယူမှတ်ရာကို ကျွန်ုပ်တို့သိနားလည်ပြီး လိုက်နာဖို့လိုသည်။ ဤကိစ္စတွင် ဘုရားသခင်အားဝတ်ပြုသူများထံမှ ကိုယ်တော်အဘယ်အရာတောင်းဆိုကြောင်း၊ သူတို့သည် သန့်ရှင်းပြီး နှစ်သက်လက်ခံနိုင်ဖွယ်သူများ ဖြစ်လာနိုင်ဖို့ ကိုယ်တော်အဘယ်အရာ လုပ်ဆောင်ပေးခဲ့ကြောင်း ကျွန်ုပ်တို့သိရှိဖို့လို၏။—ဆာလံ ၁၁၉:၉; ဒံယေလ ၁၂:၁၀။
စစ်မှန်သောဝတ်ပြုရေးအတွက် စင်ကြယ်ခြင်း
၄။ စင်ကြယ်ခြင်းဆိုင်ရာ ကျမ်းစာအယူအဆကို ရှင်းပြပါ။
၄ စင်ကြယ်သည်ဟုဆိုရာတွင် အညစ်အကြေး သို့မဟုတ် ညစ်ညမ်းမှုမှ ကင်းစင်ခြင်းမျှဖြစ်၏ဟု လူအများယူမှတ်သည်။ သို့သော် စင်ကြယ်ခြင်းအကြောင်းဖော်ပြသော သမ္မာကျမ်းစာပါ ဟေဗြဲနှင့် ဂရိစကားလုံးအတော်များများသည် ကာယရေးစင်ကြယ်မှု မျှသာမဟုတ်ဘဲ အများအားဖြင့် ကျင့်ဝတ်နှင့် ဝိညာဉ်ရေးပိုင်းသဘော ပိုမိုသက်ရောက်သည်။ ထို့ကြောင့် ကျမ်းစာစွယ်စုံကျမ်းတစ်ခုက ဤသို့ဆိုသည်– “‘စင်ကြယ်’ နှင့် ‘မစင်ကြယ်’ ဟူသောဝေါဟာရများသည် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မဆက်စပ်လှချေ၊ အဓိကအနေနှင့် ဘာသာရေးသဘောအရဖြစ်သည်။ သို့ဖြစ်၍ ‘သန့်ရှင်းခြင်း’ နှင့်ဆိုင်သောမူသည် ဘဝကဏ္ဍအားလုံးနီးပါးကို အကျိုးသက်ရောက်သည်။”
၅။ မောရှေပညတ်သည် ဣသရေလလူတို့ဘဝတွင် စင်ကြယ်ခြင်းကို အဘယ်အတိုင်းအတာအထိ စည်းမျဉ်းချမှတ်ထားသနည်း။
၅ အမှန်မှာ မောရှေပညတ်တွင် ဣသရေလလူတို့၏ ဘဝကဏ္ဍအားလုံးနီးပါးအတွက် စည်းမျဉ်းဥပဒေများပါရှိပြီး အဘယ်အရာသည် စင်ကြယ်၍ လက်ခံနိုင်ဖွယ်ဖြစ်ခဲ့သည်၊ မဖြစ်ခဲ့သည်ကို အသေးစိတ်ဖော်ပြထားပါသည်။ ဥပမာ၊ ဝတ်ပြုရာကျမ်းအခန်းကြီး ၁၁ မှ ၁၅ တွင် စင်ကြယ်ခြင်းနှင့် မစင်ကြယ်ခြင်းဆိုင်ရာ အသေးစိတ်ညွှန်ကြားချက်များကို ကျွန်ုပ်တို့တွေ့ရှိရသည်။ တိရစ္ဆာန်အချို့သည် မစင်ကြယ်ပေ၊ ယင်းတို့ကို ဣသရေလလူမျိုးတို့ မစားရကြ။ သားဖွားခြင်းကြောင့် အမျိုးသမီးတစ်ဦးသည် အချိန်အကန့်အသတ် မစင်ကြယ်သူဖြစ်ပေလိမ့်မည်။ အရေပြားရောဂါအချို့၊ အထူးသဖြင့် နူနာရောဂါနှင့် ယောက်ျား၊ မိန်းမတို့၏ လိင်အင်္ဂါမှထွက်သောအရည်တို့သည်လည်း လူတစ်ဦးကို မစင်ကြယ်သူ ဖြစ်စေနိုင်၏။ ပညတ်တရားက မစင်ကြယ်သောအခြေအနေများတွင် အဘယ်အရာပြုလုပ်သင့်ကြောင်း အသေးစိတ်ဖော်ပြသည်။ ဥပမာ၊ တောလည်ရာ ၅:၂၊ ၃ တွင်ဤသို့ဖတ်ရသည်– “ငါနေသောတပ်ကိုမညစ်ညူးစေခြင်းငှာ ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို တပ်ပြင်မှာနေရာချထားရမည်အကြောင်း ဆင့်ဆိုလော့။”
၆။ စင်ကြယ်ခြင်းနှင့်ဆိုင်သော ပညတ်ချက်များကို အဘယ်ရည်ရွယ်ချက်ဖြင့် ပေးခဲ့သနည်း။
၆ ယေဟောဝါထံမှလာသော ၎င်းပညတ်ချက်နှင့် အခြားပညတ်များသည် ဆေးဘက်ဆိုင်ရာနှင့် ဇီဝကမ္မဆိုင်ရာအယူအဆများမပေါ်မီ ကြိုတင်ဖော်ပြနှင့်ပြီး ယင်းတို့ကို လိုက်နာကြသောအခါ လူတို့အကျိုးခံစားကြရသည်မှာ သေချာ၏။ သို့သော် ၎င်းပညတ်ဥပဒေများကို ကျန်းမာရေးအတွက်ကျင့်ထုံး သို့မဟုတ် ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များအဖြစ်သာ ပေးခဲ့ခြင်းမဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သောဝတ်ပြုရေး၏ ကဏ္ဍတစ်ခုဖြစ်ခဲ့သည်။ ၎င်းစည်းမျဉ်းများသည် အစာစားခြင်း၊ ကလေးမွေးဖွားခြင်း၊ အိမ်ထောင်ရေးအစရှိသည့် လူတို့၏နေ့စဉ် ဘဝအသက်တာနှင့်သက်ဆိုင်ခြင်းက ယေဟောဝါထံ အကြွင်းမဲ့ဆက်ကပ်အပ်နှံထားသူတို့၏ ဘဝကဏ္ဍအသီးသီးတွင် အဘယ်အရာ သင့်လျော်သည်၊ မသင့်လျော်သည်ကို သူတို့၏ဘုရားသခင် ယေဟောဝါ ဆုံးဖြတ်ပိုင်ထိုက်ကြောင်း ထင်ရှားစေသည်။—တရားဟောရာ ၇:၆; ဆာလံ ၁၃၅:၄။
၇။ ပညတ်တရားကို လိုက်နာစောင့်ရှောက်ခြင်းဖြင့် အဘယ်ကောင်းချီးများကို ဣသရေလလူမျိုး ခံစားရမည်နည်း။
၇ ပညတ်ပဋိညာဉ်သည် ဣသရေလလူမျိုးဝန်းကျင်ရှိ နိုင်ငံများ၏ ညစ်ညမ်းသောအကျင့်များမှ သူတို့ကိုကာကွယ်ပေးခဲ့သည်။ ယေဟောဝါ၏မျက်မှောက်တော်၌ စင်ကြယ်စွာနေဖို့ ပြဋ္ဌာန်းချက်များအပါအဝင် ပညတ်တရားကို သစ္စာရှိရှိလိုက်နာခြင်းဖြင့် ဣသရေလလူမျိုးသည် ဘုရားသခင့်အမှုထမ်းရန်နှင့် ကောင်းချီးရရှိရန် ထိုက်တန်သူများဖြစ်ကြပေမည်။ ယင်းနှင့်စပ်လျဉ်း၍ လူမျိုးတော်ကို ယေဟောဝါဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်ထွက်မြောက်ရာ ၁၉:၅၊ ၆; တရားဟောရာ ၂၆:၁၉။
တို့သည်လည်း မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုးဖြစ်ရကြလိမ့်မည်။”—၈။ စင်ကြယ်ခြင်းနှင့်ပတ်သက်၍ ပညတ်ထားရာကို ယနေ့ ခရစ်ယာန်များ အဘယ်ကြောင့်ဂရုပြုသင့်သနည်း။
၈ ဣသရေလလူမျိုးသည် စင်ကြယ်၊ သန့်ရှင်းပြီး ယေဟောဝါ နှစ်သက်လက်ခံနိုင်တော်မူမည့်သူများ မည်သို့ဖြစ်လာနိုင်ကြောင်းကို ပညတ်တရားတွင် အသေးစိတ်ဖော်ပြထားသည်ဖြစ်ရာ မျက်မှောက်ခေတ်ခရစ်ယာန်များလည်း ၎င်းပြဋ္ဌာန်းချက်တို့ကို ပြည့်မီ၊ မမီ အသေအချာသုံးသပ်သင့်သည်မဟုတ်ပေလော။ ခရစ်ယာန်တို့သည် ပညတ်တရားအောက်မရှိကြသော်လည်း ပေါလုဖော်ပြသကဲ့သို့ ၎င်းတို့သည် “နောက်ဖြစ်လတ္တံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်” ကြောင်းကို စိတ်စွဲမှတ်ကြရမည်။ (ကောလောသဲ ၂:၁၇; ဟေဗြဲ ၁၀:၁) “ငါသည် . . . ပြောင်းလဲခြင်းမရှိ” ဟုဆိုသော ယေဟောဝါဘုရားသခင်က စစ်မှန်သောဝတ်ပြုရေးတွင် စင်ကြယ်၊ သန့်ရှင်းမှုကို ယခင်က ထိုမျှလောက်အရေးတကြီး ရှုမြင်ခဲ့လျှင် ယနေ့ ကျွန်ုပ်တို့သည် ကိုယ်တော်၏မျက်နှာသာရရှိပြီး ကောင်းချီးခံစားလိုပါက ကာယရေး၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေး စင်ကြယ်မှုကို အလေးအနက်ထားရကြမည်။—မာလခိ ၃:၆; ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၁၁၊ ၃၁။
ကာယရေးစင်ကြယ်မှုက ကျွန်ုပ်တို့ကိုထောက်ခံပေး
၉၊ ၁၀။ (က) ကာယရေးစင်ကြယ်မှုသည် ခရစ်ယာန်တစ်ဦးအတွက် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ယေဟောဝါသက်သေတို့၏ စည်းဝေးကြီးများနှင့်စပ်လျဉ်း၍ အဘယ်ကောက်ချက်များ ချလေ့ရှိကြသနည်း။
၉ ကာယရေးစင်ကြယ်မှုသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်ဆဲလော။ ကာယရေးစင်ကြယ်မှုတစ်ခုတည်းကသာ လူတစ်ဦးကို ဘုရားသခင်၏စစ်မှန်သောဝတ်ပြုသူ မဖြစ်စေသော်လည်း ထိုသူသည် အခြေအနေပေးသ၍ ကာယရေးအရစင်ကြယ်ရန်မှာ အမှန်ပင်လျောက်ပတ်သည်။ အထူးသဖြင့်၊ ယနေ့ လူအများသည် သူတို့ကိုယ်ကိုဖြစ်စေ၊ သူတို့၏အဝတ်အစားနှင့် သူတို့၏ပတ်ဝန်းကျင်ကိုဖြစ်စေ စင်ကြယ်စွာထားဖို့ အလေးမထားကြချိန်တွင် ယင်းသို့ပြုနေကြသူတို့ကို ပတ်ဝန်းကျင်က သတိပြုမိလေ့ရှိသည်။ ၎င်းက အကျိုးရှိစေနိုင်သည်၊ ကောရိန္သုမြို့ရှိ ခရစ်ယာန်များကို ပေါလုဤသို့ဆိုခဲ့သည့်အတိုင်းပင်ဖြစ်နိုင်သည်– “ငါတို့သည် . . . အမှုတော်ဆောင် ရာထူး၌ အပြစ်တင်ခွင့်မရှိစေခြင်းငှာ မှောက်မှားရန်အကြောင်းကိုမျှမပြုဘဲ ဘုရားသခင့်အမှုတော်ဆောင်များအဖြစ် အနည်းနည်းအားဖြင့် ကိုယ်ကိုထောက်ခံကြသည်။”—၂ ကောရိန္သု ၆:၃၊ ၄၊ သမ။
၁၀ ယေဟောဝါသက်သေများသည် အထူးသဖြင့် သူတို့၏စည်းဝေးကြီးများတွင် တွေ့မြင်ကြရသော စင်ကြယ်မှု၊ စည်းစနစ်ကျနမှု၊ လေးစားဖွယ်အပြုအမူ၊ အလေ့အကျင့်တို့ကြောင့် အစိုးရအရာရှိများ၏ချီးမွမ်းခြင်းကို မကြာခဏခံခဲ့ကြရပြီ။ ဥပမာ၊ အီတလီနိုင်ငံ၊ စဗိုနာပြည်နယ်၌ ကျင်းပခဲ့သော စည်းဝေးကြီးတစ်ခုနှင့်ပတ်သက်၍ လာစတဲန်ပါသတင်းစာက ဤသို့ကောက်ချက်ချသည်– “အဆောက်အအုံထဲ လျှောက်သွားသည့်အခါ ချက်ချင်းသတိပြုမိသည့်အရာမှာ ၎င်းကိုအသုံးပြုကြသူများ၏ စင်ကြယ်မှုနှင့် စည်းစနစ်ကျနမှုဖြစ်သည်။” ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့ရှိ အားကစားရုံတစ်ရုံတွင် သက်သေခံများ စည်းဝေးကြီးတစ်ခု ကျင်းပပြီးနောက် အားကစားရုံ၏အရာရှိက ၎င်း၏သန့်ရှင်းရေးအဖွဲ့ ကြီးကြပ်သူကို ဤသို့ပြောခဲ့သည်– “ခုအချိန်ကစပြီး ယေဟောဝါသက်သေတွေ လုပ်ခဲ့တဲ့အတိုင်း အားကစားရုံကို စင်ကြယ်စေချင်တယ်။” ၎င်းအားကစားရုံမှ အရာရှိနောက်တစ်ဦးက ဤသို့ဆိုခဲ့သည်– “ယေဟောဝါသက်သေတွေ အားကစားရုံကို ငှားချင်တဲ့အခါ ရက်စွဲကိုပဲ ကျွန်တော်တို့စိုးရိမ်တာ။ တခြားဘာမှ စိတ်ပူစရာမရှိဘူး။”
၁၁၊ ၁၂။ (က) တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ အဘယ်ကျမ်းစာမူကို စိတ်စွဲမှတ်သင့်သနည်း။ (ခ) ကျွန်ုပ်တို့၏ကိုယ်ပိုင်အမူအကျင့်၊ အသက်ရှင်ပုံတို့နှင့်ပတ်သက်၍ အဘယ်မေးခွန်းများ မေးနိုင်သနည်း။
၁၁ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ရာနေရာ၏ စင်ကြယ်မှုနှင့် စည်းစနစ်ကျနမှုက ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်အား ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်သည်ဆိုလျှင် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ၎င်းအရည်အချင်းများကို တင်ပြခြင်းသည် ထပ်တူထပ်မျှအရေးပါ၏။ သို့သော် ကိုယ့်အိမ်တွင် ကိုယ်ကြိုက်သလိုပြုမူနေထိုင်ခွင့်ရှိသည်ဟု ကျွန်ုပ်တို့ယူဆပေမည်။ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်လျှင်လည်း သက်သောင့်သက်သာရှိပြီး ကြိုက်နှစ်သက်ရာကို ကျွန်ုပ်တို့ရွေးချယ်ဝတ်ဆင်ခွင့်ရှိသည်မှာ မှန်ပါ၏! သို့တိုင် ထိုသို့ပြုမူခြင်းအားလုံးသည် များသောအားဖြင့် အကြွင်းမဲ့မဟုတ်။ ဥပမာ၊ အချို့အစားအစာများကို ရွေးချယ်စားသုံးရန်အကြောင်း ဆွေးနွေးရာတွင် ခရစ်ယာန်ချင်းတို့အား ပေါလုဤသို့သတိပေးခဲ့ကြောင်း သတိရပါ– “သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်းမဖြစ်စေခြင်းငှာ သတိပြုကြလော့။” ထို့နောက် အဖိုးတန်သောဤမူကို သူဖော်ပြခဲ့သည်– “အပြစ်မသင့်ဘဲ ခပ်သိမ်းသောအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာတို့သည် သူတစ်ပါးကိုတည်ဆောက်တတ်သည်မဟုတ်။” (၁ ကောရိန္သု ၈:၉; ၁၀:၂၃) ပေါလု၏အကြံပေးချက်သည် စင်ကြယ်ခြင်းကိစ္စတွင် ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။
၁၂ ဘုရားသခင့်အမှုဆောင်တစ်ဦးသည် စင်ကြယ်၍ စည်းစနစ်ကျစွာ အသက်ရှင်နေထိုင်ရန် လူတို့မျှော်လင့်ကြခြင်းသည်၂ ပေတရု ၃:၁၃) ထိုနည်းတူ၊ အပန်းဖြေချိန်၌ဖြစ်စေ၊ အမှုဆောင်ချိန်၌ဖြစ်စေ ကျွန်ုပ်တို့၏အသွင်အပြင်သည် ကျွန်ုပ်တို့ဟောပြောသောသတင်းတရားကို ဆွဲဆောင်မှုပိုရှိစေသလော၊ တန်ဖိုးလျော့နည်းစေသလော။ ဥပမာ၊ မက္ကဆီကိုနိုင်ငံမှ သတင်းထောက်တစ်ဦး ဤသို့ကောက်ချက်ချခဲ့သည်ကို ဂရုပြုပါ– “ယေဟောဝါသက်သေတွေမှာ လူငယ်အတော်များများပါဝင်ကြတယ်၊ ထူးခြားတာက သူတို့ရဲ့ဆံပင်ပုံစံ၊ စင်ကြယ်မှုနဲ့ တင့်တယ်လျောက်ပတ်တဲ့ ဝတ်ဆင်မှုပဲ။” ဤသို့သောလူငယ်လူရွယ်များ ကျွန်ုပ်တို့အလယ်တွင်ရှိခြင်းသည် ဝမ်းမြောက်စရာပင်!
ကျိုးကြောင်းဆီလျော်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နေအိမ်နှင့် ဝန်းကျင်အသွင်အပြင်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှုဆောင်များ၏တန်ဖိုးကို ယုတ်လျော့မသွားစေရန် အသေအချာဂရုစိုက်သင့်သည်။ ကျွန်ုပ်တို့၏နေအိမ်က ကျွန်ုပ်တို့အကြောင်း၊ ကျွန်ုပ်တို့၏ယုံကြည်ချက်များအကြောင်း အဘယ်သက်သေခံချက်ကိုပေးသနည်း။ အခြားသူများကို ကျွန်ုပ်တို့အခိုင်အမာညွှန်းတတ်သော၊ စင်ကြယ်၍ စည်းစနစ်ကျသည့် ဖြောင့်မတ်သောကမ္ဘာသစ်တွင်နေထိုင်ရန် ကျွန်ုပ်တို့ အမှန်တကယ်တောင့်တကြောင်းဖော်ပြသလော။ (၁၃။ ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာကဏ္ဍအားလုံး စင်ကြယ်၍ စည်းစနစ်ကျဖို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၃ ကျွန်ုပ်တို့ကိုယ်ခန္ဓာ၊ ကျွန်ုပ်တို့ပိုင်ဆိုင်ရာများနှင့် ကျွန်ုပ်တို့၏နေအိမ်ကို အစဉ်စင်ကြယ်စွာ၊ စည်းစနစ်ကျနစွာ ရှိစေခြင်းသည် အပြောထက် အလုပ်သာ၍ခက်ပေသည်။ လိုအပ်သည်မှာ ဈေးကြီးသည့်တန်ဆာပလာအမျိုးမျိုး၊ စက်ကိရိယာအမျိုးမျိုးမဟုတ်ဘဲ ကောင်းစွာစီစဉ်မှုရှိခြင်းနှင့် တစ်သမတ်တည်းအားထုတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်၊ ကျွန်ုပ်တို့အဝတ်အစား၊ ကျွန်ုပ်တို့နေအိမ်၊ ကားအစရှိသည်တို့ကို စင်ကြယ်စေဖို့ အချိန်ဖယ်ထားရမည်။ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများအပြင် အမှုဆောင်ခြင်း၊ အစည်းအဝေးတက်ခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းတို့ဖြင့် အလုပ်များနေခြင်းက ဘုရားသခင်နှင့် လူတို့အရှေ့ စင်ကြယ်၍ နှစ်သက်လက်ခံနိုင်ဖွယ် အနေအထားကို ဆက်ထိန်းသိမ်းရန်တာဝန်မရှိဟုမဆိုနိုင်ပေ။ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏” ဟူသော အကျွမ်းတဝင်ရှိကြသောမူသည် ကျွန်ုပ်တို့၏ ဤဘဝကဏ္ဍတွင်လည်း ထပ်တူထပ်မျှသက်ဆိုင်၏။—ဒေ. ၃:၁။
မညစ်ညူးသောနှလုံး
၁၄။ ကာယရေးစင်ကြယ်မှုထက် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစင်ကြယ်မှုတို့က ပိုအရေးကြီးသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၄ ကာယစင်ကြယ်မှုကိုဂရုပြုဖို့ အရေးကြီးသကဲ့သို့ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစင်ကြယ်မှုကို အလေးထားဖို့ သာ၍အရေးကြီးသည်။ ဤသို့ကျွန်ုပ်တို့ကောက်ချက်ချရခြင်းမှာ ဣသရေလလူမျိုးသည် ကာယရေးမစင်ကြယ်မှုကြောင့်မဟုတ်ဘဲ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဘက် ဖောက်ပြန်ခဲ့ကြခြင်းကြောင့် ယေဟောဝါ၏ငြင်းပယ်မှုကိုခံခဲ့ရကြောင်းကို ပြန်သတိရခြင်းကြောင့်ဖြစ်သည်။ သူတို့သည် ‘အပြစ်ရှိသောအမျိုး၊ မကောင်းမှုဝန်ကိုထမ်းရွက်သောဟေရှာယ ၁:၄၊ ၁၁-၁၆။
လူစု’ ဖြစ်ကြသောကြောင့် သူတို့ပူဇော်သမျှ၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို သူတို့စောင့်ခဲ့ခြင်းနှင့် သူတို့၏ဆုတောင်းချက်များပင်လျှင် ကိုယ်တော်အတွက် ပင်ပန်းစရာဖြစ်ကြောင်း ပရောဖက်ဟေရှာယမှတစ်ဆင့် သူတို့ကို ယေဟောဝါမိန့်ဆိုခဲ့သည်။ ဘုရားသခင့်မျက်နှာသာတော်ကို ပြန်လည်ရရှိလိုလျှင် သူတို့အဘယ်အရာပြုသင့်သနည်း။ “ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြလော။ သင်တို့ [မကောင်းမှု] များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့” ဟု ယေဟောဝါမိန့်မှာခဲ့သည်။—၁၅၊ ၁၆။ အဘယ်အရာက လူတစ်ဦးကို ညစ်ညူးစေသည်ဟု ယေရှုမိန့်ဆိုခဲ့သနည်း၊ ယေရှု၏စကားများမှ ကျွန်ုပ်တို့မည်သို့အကျိုးရရှိနိုင်သနည်း။
၁၅ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစင်ကြယ်မှု ပို၍အရေးကြီးကြောင်းကိုနားလည်ရန် ဖာရိရှဲများနှင့် ကျမ်းတတ်များက ယေရှု၏တပည့်တော်များသည် အစာမစားမီ လက်မဆေးကြသောကြောင့် မစင်ကြယ်ဟုဆိုသောအခါ ကိုယ်တော်မိန့်ဆိုခဲ့သောစကားကို သုံးသပ်ကြည့်ပါ။ “ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာဖြစ်သည်” ဟုဆိုလျက် ထိုကိစ္စကိုတည့်မတ်ပေးခဲ့သည်။ ထို့နောက် ယေရှုဤသို့ရှင်းပြခဲ့သည်– “ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲကထွက်လာ၍ လူကို ညစ်ညူးစေသောအရာဖြစ်၏။ မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ၍၊ လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူးစေသည်မဟုတ်။”—မဿဲ ၁၅:၁၁၊ ၁၈-၂၀။
၁၆ ယေရှု၏စကားများမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။ ဆိုးညစ်ခြင်း၊ အကျင့်ယိုယွင်းခြင်းနှင့် မစင်ကြယ်သောအကျင့်များသည် ဆိုးညစ်ယိုယွင်း၍ မစင်ကြယ်သော စိတ်တိမ်းညွတ်မှုများမှစတင်ကြောင်း ယေရှုညွှန်ပြခဲ့သည်။ တပည့်တော်ယာကုပ်ဖော်ပြသည့်အတိုင်း “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။” (ယာကုပ် ၁:၁၄၊ ၁၅) ထို့ကြောင့် ယေရှုဖော်ပြသော ကြီးလေးသည့်အပြစ်များကို ကျွန်ုပ်တို့မကျူးလွန်လိုပါက ထိုအရာများနှင့်ပတ်သက်သော မည်သည့်စိတ်တိမ်းညွတ်မှုကိုမဆို ကျွန်ုပ်တို့နှလုံးထဲမှ အမြစ်မကျန် လှန်ပစ်ရပေမည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ဖတ်ရှု၊ ကြည့်ရှု၊ နားထောင်ရာတို့ကို သတိပြုရမည်ဖြစ်သည်။ ယနေ့ လွတ်လပ်စွာပြောဆိုခွင့်နှင့် အနုပညာလုပ်ပိုင်ခွင့်ရှိ၏ဟုဆိုကာ ဖျော်ဖြေရေးနှင့် ကြော်ငြာလုပ်ငန်းများသည် သွေးသားဆန္ဒများကိုဖြေသိမ့်ပေးသော အသံနှင့်ရုပ်ပုံများကို တရစပ်ထုတ်လုပ်ပေးနေသည်။ ကျွန်ုပ်တို့နှလုံးထဲတွင် ထိုအရာအနည်းငယ်မျှ အမြစ်မစွဲစေရန် စိတ်ပိုင်းဖြတ်သင့်သည်။ အဓိကအချက်မှာ ဘုရားသခင့်စိတ်တော်နှင့်တွေ့ပြီး ကိုယ်တော်နှစ်သက်လက်ခံနိုင်ဖို့ စင်ကြယ်၍ မညစ်ညူးသောနှလုံးကို ဆက်၍ထိန်းသိမ်းထားရန် ကျွန်ုပ်တို့အဆက်မပြတ်သတိရှိရမည်။—သု. ၄:၂၃။
မွန်မြတ်သောလုပ်ငန်းများအတွက် သန့်စင်ခံရခြင်း
၁၇။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို အဘယ်ကြောင့် စင်ကြယ်သောအနေအထားသို့ ရောက်ရှိစေခဲ့သနည်း။
၁၇ ယေဟောဝါ၏အကူအညီဖြင့် ကိုယ်တော့်ရှေ့တော်မှောက်တွင် ကျွန်ုပ်တို့စင်ကြယ်သောအနေအထားရှိခြင်းသည် အမှန်ပင် ကောင်းချီးမင်္ဂလာနှင့် အကာအကွယ်ဖြစ်သည်။ (၂ ကောရိန္သု ၆:၁၄-၁၈) ထို့အပြင် ယေဟောဝါသည် သတ်သတ်မှတ်မှတ်ရည်ရွယ်ချက်တစ်ခုအတွက် မိမိ၏လူမျိုးတော်ကို စင်ကြယ်သောအနေအထားသို့ ရောက်ရှိစေကြောင်းကိုလည်း ကျွန်ုပ်တို့သိနားလည်ကြသည်။ ပေါလုက ခရစ်တော်ယေရှုသည် “ခပ်သိမ်းသော [မကောင်းမှု] မှ ငါတို့ကိုရွေးနုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး [“မွန်မြတ်သောလုပ်ငန်းများအတွက် ဇွဲရှိ၊” ကဘ] ၍၊ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဖို့စင်ကြယ်စေခြင်းငှာလည်းကောင်း ကိုယ်ကိုကိုယ်စွန့်ကြဲတော်မူ” ကြောင်း တိတုအားပြောခဲ့သည်။ (တိတု ၂:၁၄) သန့်စင်ခံရသောလူမျိုးတစ်မျိုးအနေနှင့် အဘယ်လုပ်ငန်းများအတွက် ကျွန်ုပ်တို့ဇွဲရှိသင့်သနည်း။
၁၈။ ကျွန်ုပ်တို့သည် မွန်မြတ်သောအလုပ်များအတွက် ဇွဲရှိကြောင်း မည်သို့တင်ပြနိုင်ကြသနည်း။
၁၈ ဦးဆုံးအနေနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူသိရှင်ကြားကြေညာခြင်းတွင် ကျွန်ုပ်တို့ကြိုးစားအားထုတ်သင့်သည်။ (မဿဲ ၂၄:၁၄) ထိုသို့ပြုခြင်းဖြင့် မည်သည့်အညစ်အကြေးမဆိုမရှိသောကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်နိုင်ဖို့မျှော်လင့်ချက်ကို နေရာအနှံ့ရှိလူခပ်သိမ်းအား ကျွန်ုပ်တို့ကမ်းလှမ်းကြသည်။ (၂ ပေတရု ၃:၁၃) မွန်မြတ်သောလုပ်ငန်းများတွင် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ဘုရားသခင့်ဝိညာဉ်တော်အသီးများကို တင်ပြခြင်းပါဝင်ပြီး ထိုနည်းအားဖြင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ဂုဏ်တင်နေကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃; ၁ ပေတရု ၂:၁၂) ထို့ပြင် သဘာဝဘေးဒဏ်များ၊ လူ့ဝမ်းနည်းပူဆွေးမှုများကြောင့် ဝမ်းနည်းပက်လက်ဖြစ်နေကြမည့် အမှန်တရား၌မရှိသူများကိုလည်း ကျွန်ုပ်တို့မေ့မထားကြပါ။ ပေါလု၏ ဤတိုက်တွန်းနှိုးဆော်ချက်ကို ကျွန်ုပ်တို့စိတ်စွဲမှတ်ထားကြသည်– “ထို့ကြောင့် ငါတို့သည်အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) သန့်ရှင်းစင်ကြယ်သောနှလုံးနှင့် စိတ်ရင်းမှန်ဖြင့်ပြုသော ဤလုပ်ငန်းအားလုံးကို ဘုရားသခင်အမှန်နှစ်သက်တော်မူ၏။—၁ တိမောသေ ၁:၅။
၁၉။ ကာယရေး၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစင်ကြယ်မှုဆိုင်ရာ မြင့်မားသောစံကို ကျွန်ုပ်တို့ဆက်ထိန်းသိမ်းမည်ဆိုလျှင် အဘယ်ကောင်းချီးများ ခံစားရမည်နည်း။
၁၉ အမြင့်မြတ်ဆုံးအရှင်၏ ကျေးကျွန်များအနေနှင့် ပေါလု၏ဤစကားများကို ကျွန်ုပ်တို့နှလုံးသွင်းကြသည်– “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။” (ရောမ ၁၂:၁) ယေဟောဝါ၏သန့်စင်ခြင်းခံရသောအခွင့်ထူးကို တန်ဖိုးထားကြပြီး ကာယရေး၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစင်ကြယ်မှုဆိုင်ရာ မြင့်မားသောစံကို အတတ်နိုင်ဆုံး ဆက်လက်ထိန်းသိမ်းထားနိုင်ကြပါစို့။ ဤသို့ပြုခြင်းက ယခုအချိန်၌ ကိုယ်ကိုကိုယ်လေးစားမှုရှိစေပြီး ကျေနပ်ရောင့်ရဲမှုရရှိစေမည်သာမက ဘုရားသခင်သည် ‘အရာခပ်သိမ်းကို အသစ်ပြုလုပ်’ သောအခါ “ရှေးဖြစ်ဖူးသောအရာ” တည်းဟူသော လက်ရှိဆိုးသွမ်း၊ ညစ်ညူးသောစနစ် ကွယ်ပျောက်သွားသည်ကို တွေ့မြင်ရမည့်အလားအလာရှိစေပါလိမ့်မည်။—ဗျာဒိတ် ၂၁:၄၊ ၅။
သင်မှတ်မိသလော
• စင်ကြယ်ခြင်းဆိုင်ရာ ပညတ်များစွာကို ဣသရေလလူမျိုးအား အဘယ်ကြောင့် ပေးခဲ့ရသနည်း။
• ကာယရေးစင်ကြယ်မှုက ကျွန်ုပ်တို့ဟောပြောသောသတင်းတရားကို မည်သို့ဆွဲဆောင်မှုပိုရှိစေသနည်း။
• ကာယရေးစင်ကြယ်မှုထက် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစင်ကြယ်မှုတို့က အဘယ်ကြောင့်ပိုအရေးကြီးသနည်း။
• ကျွန်ုပ်တို့သည် ‘မွန်မြတ်သောလုပ်ငန်းများအတွက် ဇွဲရှိ’ သောလူမျိုးတစ်မျိုးဖြစ်ကြောင်း မည်သို့တင်ပြနိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ကာယသန့်ရှင်းမှုက ကျွန်ုပ်တို့ဟောပြောသော သတင်းတရားကို ဆွဲဆောင်မှုပိုရှိစေ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ဆိုးညစ်သောအတွေးများက ဆိုးညစ်သောလုပ်ရပ်များကို ပြုလုပ်စေကြောင်း ယေရှုသတိပေးခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သန့်စင်ခံရသော လူမျိုးတစ်မျိုးအနေဖြင့် ယေဟောဝါသက်သေများသည် မွန်မြတ်သော လုပ်ငန်းများအတွက် ဇွဲရှိကြ