ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ မွေ့လျော်လော့
ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ မွေ့လျော်လော့
“ဖြောင့်မတ်ခြင်းတရားနှင့် [“ချစ်ခင်ကြင်နာမှု၊” ကဘ] ကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းကိုတွေ့တတ်၏။”—သု. ၂၁:၂၁။
၁။ ယနေ့ လူတို့၏အဘယ်လမ်းစဉ်များက ဆိုးကျိုးများပေါ်စေသနည်း။
“လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။” (သု. ၁၆:၂၅) ဤကျမ်းစကားက မျက်မှောက်ခေတ် လူအများစု၏လမ်းစဉ်ကို အတိအကျဖော်ပြခြင်းပါတကား! အများအားဖြင့် လူတို့သည် သူတစ်ပါး၏ အလိုအပ်ဆုံးအရာများကိုပင် လျစ်လျူရှုကာ မိမိတို့အမြင်၌ မှန်၏ဟုထင်မှတ်ရာကိုသာ လုပ်ဆောင်ကြသည်။ (သု. ၂၁:၂) သူတို့သည် တိုင်းပြည်၏ဥပဒေများနှင့် စံနှုန်းများကို လေးစားသည်ဟုဆိုကြသော်လည်း အခွင့်အရေးရလျှင် ဥပဒေမချိုးဖောက်ဘဲ ရှောင်ကွင်းရန်ကြိုးစားကြသည်။ အကျိုးဆက်မှာ အစိတ်စိတ်အမြွှာမြွှာကွဲပြား၍ ရှုပ်ထွေးပွေလီနေသော လူ့အဖွဲ့အစည်းဖြစ်သည်။—၂ တိမောသေ ၃:၁-၅။
၂။ လူသားတို့၏ကောင်းကျိုးအတွက် အဘယ်အရာ အရေးတကြီးလိုအပ်လျက်ရှိသနည်း။
၂ ကျွန်ုပ်တို့၏ကောင်းကျိုး—နှင့် လူ့မိသားစုတစ်ခုလုံး၏ ငြိမ်သက်မှုနှင့် လုံခြုံမှုအတွက်—တရားမျှတ၍ ဖြောင့်မတ်သော၊ လူတိုင်းလက်ခံ၍ လိုက်နာလိုသော ဥပဒေ သို့မဟုတ် စံတစ်ခု အရေးတကြီးလိုအပ်လျက်ရှိသည်။ မည်မျှပင်ပညာရှိပါစေ၊ မည်မျှပင်ရိုးဖြောင့်ပါစေ အဘယ်မည်သောလူသားမဆိုထုတ်ဆင့်သည့် ဥပဒေ သို့မဟုတ် စံတစ်ခုသည် အဆိုပါလိုအပ်ချက်ကို မပြည့်မီနိုင်ကြောင်း ထင်ရှားသည်။ (ယေရမိ ၁၀:၂၃; ရောမ ၃:၁၀၊ ၂၃) ထိုစံမျိုးရှိမည်ဆိုလျှင် အဘယ်တွင် တွေ့နိုင်သနည်း၊ ယင်းသည် အဘယ်အရာနှင့် တူမည်နည်း။ ထိုထက်အရေးကြီးမည်မှာ ထိုသို့သောစံရှိလျှင် ၎င်းကို သင်နှစ်သက်မည်လော၊ ထိုအတိုင်း လိုက်နာဆောင်ရွက်မည်လောဟူ၍ဖြစ်သည်။
ဖြောင့်မတ်သောစံ ရှာဖွေတွေ့ရှိခြင်း
၃။ လူအားလုံးလက်ခံနိုင်ဖွယ်ဖြစ်ပြီး အကျိုးရှိမည့်စံတစ်ခုကို ပြဋ္ဌာန်းရန် အရည်အချင်းအပြည့်မီဆုံးသူကား မည်သူနည်း၊ အဘယ်ကြောင့်နည်း။
၃ လူတိုင်းလက်ခံနိုင်ပြီး လူတိုင်းကိုအကျိုးလည်းပြုမည့် စံတစ်ခုရှာဖွေတွေ့ရှိရန် နိုင်ငံရေး၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုကန့်သတ်ချက်များအောက် မရှိသူ၊ လူတို့၏ အမြော်အမြင်နည်းမှု၊ အားနည်းမှုတို့မရှိသူတစ်ဦးထံ သွားရမည်။ တစ်ဦးတည်းသော အရည်အချင်းပြည့်မီသူမှာ အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်ဖြစ်ပြီး ကိုယ်တော်ဤသို့ကြေညာသည်– “မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ဟေရှာယ ၅၅:၉) ထို့အပြင် သမ္မာကျမ်းစာက ယေဟောဝါကို “[တည်ကြည်] သောဘုရား[သခင်]၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရား[သခင်]” ဟု ဖော်ပြထား၏။ (တရားဟောရာ ၃၂:၄) “ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏” ဟူသောအသုံးအနှုန်းကို သမ္မာကျမ်းစာတစ်လျှောက် ဖတ်ရှုရသည်။ (ထွက်မြောက်ရာ ၉:၂၇; ၂ ရာဇဝင်ချုပ် ၁၂:၆; ဆာလံ ၁၁:၇; ၁၂၉:၄; မြည်တမ်းစကား ၁:၁၈; ဗျာဒိတ် ၁၉:၂၊ ကဘ၊ အောက်ခြေမှတ်ချက်။) ယေဟောဝါသည် တည်ကြည်သော၊ တရားမျှတ၍ ဖြောင့်မတ်သောအရှင် ဖြစ်တော်မူသောကြောင့် အမြင့်မြတ်ဆုံးစံကိုရဖို့ ကိုယ်တော်အား ကျွန်ုပ်တို့မျှော်ကိုးနိုင်ကြသည်။
ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။” (၄။ “ဖြောင့်မတ်” ဟူသောစကားလုံး၏အဓိပ္ပာယ်ကား အဘယ်နည်း။
၄ “ဖြောင့်မတ်” ဟူသောစကားလုံးသည် ယနေ့ ခေတ်မစားတော့သည့် စကားလုံးဖြစ်နေသည်မှာမှန်၏။ လူအများစုက ထိုစကားလုံးကို တန်ဖိုးယုတ်လျော့စေသည့်အထိ အပျက်သဘောဖြင့် ရှုမြင်ကြပြီး သူတော်ကောင်းယောင်ဆောင်သော သို့မဟုတ် ဘာသာတရားကိုင်းရှိုင်း၍ ဘုရားတရားကြည်ညိုလေးမြတ် ဟန်ဆောင်ခြင်းနှင့် တတန်းတစားတည်းထားတတ်ကြသည်။ သို့ရာတွင် အဘိဓာန်တစ်စောင်အရ “ဖြောင့်မတ်” ဟူသည် “တရားမျှတသော၊ တည့်မတ်သော၊ သန့်ရှင်းဖြူစင်သော; အပြစ်မဲ့သော; ဘုရားသခင့်ပညတ် သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ လက်ခံထားသောစံများနှင့်ညီခြင်း; ဖြောင့်မှန်စွာ သို့မဟုတ် တရားမျှတစွာပြုမူခြင်း” အဓိပ္ပာယ်ရှိ၏ဟုဆိုသည်။ ဤသို့သောဂုဏ်အင်္ဂါများပါဝင်သည့် ဥပဒေ သို့မဟုတ် စံတစ်ခုကို သင်နှစ်မြို့မည်မဟုတ်ပေလော။
၅။ သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် ဖြောင့်မတ်ခြင်းဂုဏ်ရည်တော်ကို ပုံဖော်ပြပါ။
၅ ဖြောင့်မတ်ခြင်းအရည်အသွေးနှင့်ပတ်သက်၍ ဂျူးဒေးယကားစွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “ဖြောင့်မတ်ခြင်းသည် တွေးတောယူဆချက်သက်သက်မျှမဟုတ်ဘဲ ဆက်ဆံရေးအားလုံး၌ တရားမျှတ၍ ဟုတ်မှန်ရာကို ပြုလုပ်ခြင်းပါဝင်သည်။” ဥပမာ၊ ဘုရားသခင့်ဖြောင့်မတ်ခြင်းသည် ကိုယ်တော်၌ရှိသည့် သန့်ရှင်းစင်ကြယ်ခြင်းကဲ့သို့သော အတွင်းသဘော သို့မဟုတ် ကိုယ်ပိုင်ဂုဏ်ရည်တော်မျှသာမဟုတ်ပါ။ သို့ဖြစ်မည့်အစား ၎င်းသည် ဟုတ်မှန်သည့်နည်းများဖြင့် ကိုယ်တော့်ပင်ကိုသဘောထား၏ ဖော်ပြချက်ဖြစ်သည်။ ယေဟောဝါသည် သန့်ရှင်းစင်ကြယ်သောကြောင့် ကိုယ်တော်ပြုလေသမျှ၊ ကိုယ်တော်ထံမှ စဖြစ်ပေါ်လာသမျှသည် ဖြောင့်မတ်၏ဟုဆိုနိုင်သည်။ သမ္မာကျမ်းစာဆိုသည့်အတိုင်းပင် “ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။”—ဆာလံ ၁၄၅:၁၇။
၆။ မိမိခေတ်မှ မယုံကြည်သူဂျူးအချို့နှင့်ပတ်သက်၍ ပေါလုအဘယ်သို့ဆိုခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၆ တမန်တော်ပေါလုသည် ရောမမြို့ရှိ ခရစ်ယာန်များထံစာရေးရာတွင် ဤအချက်ကို အလေးပေးဖော်ပြခဲ့သည်။ မယုံကြည်သူဂျူးအချို့နှင့်ပတ်သက်၍ သူဤသို့ရေးသားခဲ့သည်– “ထိုသူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုမသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကိုတည်စေခြင်းငှာ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။” (ရောမ ၁၀:၃) ထိုသူတို့သည် “ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုမသိ” ဟု ပေါလု အဘယ်ကြောင့်ပြောရသနည်း။ သူတို့သည် ပညတ်တရားတည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သောစံများ သွန်သင်ခံခဲ့ကြရသည်မဟုတ်လော။ အမှန်သွန်သင်ခံခဲ့ကြရသည်။ သို့သော် ထိုသူအများစုသည် ဖြောင့်မတ်ခြင်းတရားကို လူသားချင်းဆက်ဆံရာ၌အသုံးပြုရမည့် မိမိတို့၏လမ်းညွှန်စံအဖြစ် ယူမှတ်မည့်အစား ယင်းသည် ဘာသာရေးစည်းမျဉ်းများကို လစ်ဟင်းမှုမရှိ၊ အပင်ပန်းခံစောင့်စည်းကာမှ ရရှိလာနိုင်သော အကျင့်မွန်ဖြစ်သည်ဟု သဘောထားကြ၏။ ယေရှုခေတ်မှ ဘာသာရေးခေါင်းဆောင်များကဲ့သို့ သူတို့သည် တရားသဖြင့်ပြုခြင်းနှင့် ဖြောင့်မတ်ခြင်းတရားတို့၏ ဆိုလိုရင်းကို နားလည်လွဲခဲ့ကြသည်။—မဿဲ ၂၃:၂၃-၂၈။
၇။ ယေဟောဝါ၏ဖြောင့်မတ်ခြင်းကို မည်သို့ဖော်ပြထားသနည်း။
၇ လုံးဝခြားနားစွာ ယေဟောဝါ၏ဖြောင့်မတ်ခြင်းကို ကိုယ်တော်၏စီရင်ချက်အားလုံးတွင် အထင်အရှားတွေ့မြင်ရ၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားက တမင်အမှားပြုသူများ၏အပြစ်များကို လျစ်လျူမရှုစေသော်လည်း ယင်းက ကိုယ်တော်အား ကြောက်ရွံ့ပြီး ခပ်ခွာခွာနေစေသော အကြင်နာကင်းမဲ့၍ တင်းမာသော ဘုရားသခင်မဖြစ်စေပါ။ ယင်းအစား ကိုယ်တော်၏ဖြောင့်မတ်သောလုပ်ရပ်များသည် ကိုယ်တော့်ထံလူတို့ချဉ်းကပ်စေ၍ အပြစ်၏ကြောက်မက်ဖွယ်ဆိုးကျိုးများမှ ကယ်တင်ခံရရန် အခြေအမြစ်ကိုပေးသနားတော်မူခဲ့ပြီ။ ထို့ကြောင့် ယေဟောဝါကို “ဖြောင့်မတ်သောဘုရား[သခင်]၊ ကယ်တင်သောဘုရား[သခင်]” ဟုဆိုခြင်းသည် လုံးဝသင့်လျော်ပေသည်။—ဟေရှာယ ၄၅:၂၁။
ဖြောင့်မတ်ခြင်းနှင့် ကယ်တင်ခြင်း
၈၊ ၉။ ပညတ်တရားသည် ဘုရားသခင့်ဖြောင့်မတ်ခြင်းကို အဘယ်နည်းများဖြင့် ဖော်ပြသနည်း။
၈ ဘုရားသခင့်ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏ကယ်တင်ခြင်းဆိုင်ရာ မေတ္တာပါသောလုပ်ရပ်များ၏ ဆက်စပ်မှုကိုနားလည်ဖို့ မောရှေမှတစ်ဆင့် ဣသရေလလူမျိုးအား ပေးခဲ့သည့်ပညတ်တရားကို သုံးသပ်ကြည့်ပါ။ ပညတ်တရားသည် ယုံမှားဖွယ်မရှိ ဖြောင့်မတ်ပေ၏။ မောရှေ၏နှုတ်ဆက်စကားတွင် ဣသရေလလူမျိုးတရားဟောရာ ၄:၈) ရာစုနှစ်များစွာကြာပြီးနောက် ဒါဝိဒ်မင်းက ဣသရေလအမျိုးကို ဤသို့အတိအလင်းပြောခဲ့သည်– “ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် . . . တရားနှင့်ညီ၍ တညီတညွတ်တည်းဖြောင့်မတ်ကြ၏။”—ဆာလံ ၁၉:၉။
ကို သူဤသို့သတိပေးခဲ့သည်– “ငါသည် ယနေ့ သင်တို့၌ထားသောတရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီးရှိသနည်း။” (၉ ယေဟောဝါသည် အမှားအမှန်ဆိုင်ရာ မိမိ၏စုံလင်သောစံကို ပညတ်တရားအားဖြင့် ထင်ရှားစေတော်မူ၏။ ပညတ်တရားသည် ဘာသာရေးကိစ္စရပ်များတွင်မက စီးပွားရေးကိစ္စများ၊ အိမ်ထောင်ရေး၊ စားသုံးရမည့်အစာ၊ ကျန်းမာရေးနှင့်ညီညွတ်သောအကျင့်များနှင့် တရားရေးဆုံးဖြတ်ချက်များ၌ပါ ဣသရေလလူမျိုး မည်သို့ကျင့်ကြံပြုမူရမည့်အကြောင်း အသေးစိတ်ဖော်ပြသည်။ ထို့အပြင် ပညတ်တရားတွင် ပညတ်ချိုးဖောက်သူများကို အရေးယူသည့် တင်းကျပ်သောဥပဒေများပါရှိပြီး အချို့ကိစ္စများတွင် ပညတ်တရားသည် သေဒဏ်ပင်ချမှတ်သည်။ * သို့သော် ပညတ်တရား၌ပါသော ဘုရားသခင့်ဖြောင့်မတ်သော တောင်းဆိုချက်များသည် ယနေ့ လူအများဆိုသကဲ့သို့ လူတို့၏လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကိုဆုံးရှုံးစေသည့် ကြမ်းတမ်းခက်ထန်၍ ငြီးငွေ့ဖွယ်ဝန်ထုပ်ဖြစ်ပါသလော။
၁၀။ ယေဟောဝါအားချစ်မြတ်နိုးသူများသည် ကိုယ်တော်၏ပညတ်တရားကို မည်သို့ယူမှတ်ကြသနည်း။
၁၀ ယေဟောဝါအား ချစ်မြတ်နိုးသူများသည် ကိုယ်တော်၏ဖြောင့်မတ်သော ပညတ်တော်များနှင့် ဥပဒေများ၌ အလွန်မွေ့လျော်ခဲ့ကြသည်။ သာဓကအနေနှင့် ကျွန်ုပ်တို့တွေ့ရှိခဲ့သည့်အတိုင်း ဘုရင်ဒါဝိဒ်သည် ယေဟောဝါ၏စီရင်တော်မူချက်များ ဖြောင့်မတ်မှန်ကန်ကြောင်း အသိအမှတ်ပြုရုံမက ၎င်းတို့ကို အလွန်မြတ်နိုးပြီး ကျေးဇူးတင်ခဲ့သည်။ ယေဟောဝါ၏တရားတော်များ၊ စီရင်တော်မူချက်များနှင့်စပ်လျဉ်း၍ သူဤသို့ရေးသားခဲ့သည်– “ရွှေထက်မက များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍ ပျားရည်ထက်မက ပျားလပို့ထက်ချိုကြ၏။ တရားတော်အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်းအကျိုးသည်ကြီးလှပါ၏။”—ဆာလံ ၁၉:၇၊ ၁၀၊ ၁၁။
၁၁။ ပညတ်တရားသည် ‘ခရစ်တော်ထံသို့ပို့ဆောင်သောအထိန်း’ ဖြစ်ကြောင်း မည်သို့ထင်ရှားသနည်း။
၁၁ ရာစုနှစ်များစွာကြာပြီးနောက် ပေါလုသည် ပညတ်တရား၏ သာ၍ကြီးမားသောတန်ဖိုးကို ညွှန်ပြခဲ့သည်။ ဂလာတိမြို့သားများထံ သူဤသို့စာရေးခဲ့သည်– “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။” (ဂလာတိ ၃:၂၄) ပေါလုခေတ်တွင် အထိန်း (စာသင်သောဆရာ၊ နိုင်ငံတော်စာကြောင်းကြားညှပ်ကျမ်း) တစ်ဦးသည် အိမ်ထောင်စုကြီးတစ်ခုရှိ အခိုင်းအစေ သို့မဟုတ် ကျေးကျွန်တစ်ဦးဖြစ်သည်။ သူ၏တာဝန်မှာ ကလေးသူငယ်များကိုစောင့်ထိန်း၍ ကျောင်းသို့ ကြိုပို့ပေးရ၏။ အလားတူ၊ ပညတ်တရားသည် အိမ်နီးချင်းနိုင်ငံများ၏ ယုတ်ညံ့သောကိုယ်ကျင့်တရားနှင့် ဘာသာရေးထုံးတမ်းများမှ ဣသရေလလူမျိုးကို ကာကွယ်ပေး၏။ (တရားဟောရာ ၁၈:၉-၁၃; ဂလာတိ ၃:၂၃) ထို့အပြင် ပညတ်တရားက ဣသရေလလူမျိုးကို သူတို့ အပြစ်သားများဖြစ်ကြောင်း၊ ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းလိုအပ်ကြောင်း သိရှိစေခဲ့သည်။ (ဂလာတိ ၃:၁၉) ယဇ်ပူဇော်ခြင်းအစီအစဉ်များကလည်း ရွေးနုတ်ဖိုးပူဇော်ရာယဇ်လိုအပ်ကြောင်းနှင့် မေရှိယအစစ်အမှန်ကို မည်သို့ခွဲခြားသိမြင်နိုင်ကြောင်း ပရောဖက်ပြုပုံစံပေးသည်။ (ဟေဗြဲ ၁၀:၁၊ ၁၁၊ ၁၂) ယေဟောဝါသည် ပညတ်တရားအားဖြင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဖော်ပြသည်မှန်သော်လည်း လူတို့၏အကျိုးနှင့် ထာဝရကယ်တင်ခြင်းကိုရည်မျှော်လျက် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။
ဖြောင့်မတ်သည်ဟု ဘုရားသခင်ယူမှတ်သူများ
၁၂။ ဣသရေလလူမျိုးသည် ပညတ်တရားကို ဂရုတစိုက်လိုက်နာ စောင့်ရှောက်ခြင်းအားဖြင့် အဘယ်အကျိုးခံစားနိုင်မည်နည်း။
၁၂ ယေဟောဝါပေးသနားသော ပညတ်တရားသည် နည်းအမျိုးမျိုးဖြင့် ဖြောင့်မတ်တော်မူသောကြောင့် ၎င်းကိုနာခံခြင်းအားဖြင့်တရားဟောရာ ၆:၂၅) ထို့အပြင် ယေဟောဝါဤသို့ကတိပြုတော်မူ၏– “ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကိုကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။”—ဝတ်ပြုရာ ၁၈:၅; ရောမ ၁၀:၅။
ဣသရေလလူမျိုးသည် ဘုရားသခင်ရှေ့ ဖြောင့်မတ်သောအနေအထား ရရှိနိုင်ကြသည်။ ကတိထားရာပြည်ထဲ ဝင်ရောက်ခါနီးတွင် ဣသရေလလူမျိုးကို မောရှေဤသို့သတိပေးခဲ့သည်– “ငါတို့ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စောင့်ခြင်းငှာ သတိပြုလျှင် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်။” (၁၃။ ဖြောင့်မတ်သောပညတ်တရားကို ကျင့်စောင့်ဖို့ မိမိလူတို့ကိုတောင်းဆိုခြင်းကြောင့် ယေဟောဝါသည် မတရားဟုဆိုမည်လော။ ရှင်းပြပါ။
၁၃ ဝမ်းနည်းစရာမှာ ဣသရေလလူမျိုးသည် လူမျိုးတစ်မျိုးအနေနှင့် “ပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စောင့်” ဖို့ပျက်ကွက်ခဲ့ကြသောကြောင့် ကတိထားရာကောင်းချီးများကို မခံစားခဲ့ရကြချေ။ ဘုရားသခင့်ပညတ်တရားတော်သည် စုံလင်ပြီး သူတို့မှာမူ မစုံလင်ကြသည့်အတွက် ဘုရားသခင့်ပညတ်ချက်များကို မကျင့်စောင့်နိုင်ကြချေ။ ထို့ကြောင့် ဘုရားသခင်သည် မတရား၊ မဖြောင့်မတ်ဟုဆိုမည်လော။ မဆိုနိုင်ပေ။ ပေါလုဤသို့ရေးသားခဲ့သည်– “သို့ဖြစ်၍၊ အဘယ်သို့ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကိုပြုတော်မူသလော။ ထိုသို့မပြောရ။” (ရောမ ၉:၁၄) အမှန်မှာ၊ ပညတ်တရားမပေးမီနှင့် ပေးပြီးနောက်ပင်လျှင် ဘုရားသခင်သည် မစုံလင်၍အပြစ်သားများဖြစ်ကြသော လူတစ်ဦးချင်းစီကို ဖြောင့်မတ်သူအဖြစ် ယူမှတ်တော်မူခဲ့ပြီ။ ဘုရားသခင်ကိုကြောက်ရွံ့သော ထိုသူများတွင် နောဧ၊ အာဗြဟံ၊ ယောဘ၊ ရာခပ်နှင့် ဒံယေလတို့ပါဝင်သည်။ (ကမ္ဘာဦး ၇:၁; ၁၅:၆; ယောဘ ၁:၁; ယေဇကျေလ ၁၄:၁၄; ယာကုပ် ၂:၂၅) သို့ဖြစ်၍ မေးစရာမှာ အဘယ်အရာပေါ်အခြေပြုပြီး ဤသူတို့ကို ဖြောင့်မတ်သည်ဟု ဘုရားသခင်ယူမှတ်တော်မူခဲ့သနည်း။
၁၄။ လူတစ်ဦးသည် “ဖြောင့်မတ်” ၏ဟု ကျမ်းစာဆိုသောအခါ အဘယ်အရာကိုဆိုလိုသနည်း။
၁၄ လူတစ်ဦးကို “ဖြောင့်မတ်” သူဟု ကျမ်းစာဆိုသောအခါ သူသည် အပြစ်မရှိ သို့မဟုတ် စုံလင်သည်ဟုမဆိုလိုပေ။ ယင်းအစား ဘုရားသခင်နှင့် လူတို့ရှေ့ သူတို့တာဝန်ကျေပွန်သည်ဟူ၍ အဓိပ္ပာယ်ရှိသည်။ ဥပမာ၊ နောဧသည် “ဖြောင့်မတ်သောသူ၊” ဘုရားသခင် “မှာထားတော်မူသည်အတိုင်း . . . ပြု” သောကြောင့် “မိမိအမျိုး [တစ်ခေတ်တည်းသားများအလယ်] ၌ စုံလင်သောသူဖြစ်၏” ဟုသမုတ်ခံခဲ့ရသည်။ (ကမ္ဘာဦး ၆:၉၊ ၂၂; မာလခိ ၃:၁၈) နှစ်ခြင်းဆရာယောဟန်၏ မိဘများဖြစ်သော ဇာခရိနှင့် ဧလိရှဗက်တို့သည် “ထာဝရဘုရား၏ပညတ်တရားတော် အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း . . . ရှိကြ၏။” (လုကာ ၁:၆) ထို့ပြင် ဣသရေလလူမျိုးမဟုတ်သော ကော်နေလိအမည်ရှိသူ အီတလီတပ်မှူးတစ်ဦးသည် “ဘုရားသခင်ကိုကြောက်ရွံ့၍ [“ဖြောင့်မတ်၊” ကဘ]” သည်ဟုဖော်ပြခံရသည်။—တမန်တော် ၁၀:၂၂။
၁၅။ ဖြောင့်မတ်ခြင်းတရားသည် အဘယ်အရာနှင့် အလွန်နီးစပ်သနည်း။
၁၅ ထို့အပြင် လူတို့တွင်ရှိ ဖြောင့်မတ်ခြင်းတရားသည် ဘုရားသခင့်ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ရှောက်ခြင်းမျှသာမဟုတ်ဘဲ လူတစ်ဦး၏နှလုံးတွင်ရှိ သူ၏ယုံကြည်ခြင်း၊ ယေဟောဝါနှင့် ကိုယ်တော့်ကတိတော်များကို ကျေးဇူးတင်လေးမြတ်ခြင်းနှင့် များစွာဆက်စပ်သည်။ သမ္မာကျမ်းစာက အာဗြဟံသည် “ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏” ဟုဆိုသည်။ (ကမ္ဘာဦး ၁၅:၆) အာဗြဟံသည် ဘုရားသခင် ရှိသည်ကို ယုံကြည်သည်သာမက “အမျိုးအနွယ်” ဆိုင်ရာ ဘုရားသခင်၏ကတိတော်ကိုလည်း သူယုံကြည်စိတ်ချခဲ့သည်။ (ကမ္ဘာဦး ၃:၁၅; ၁၂:၂; ၁၅:၅; ၂၂:၁၈) ဤသို့သောယုံကြည်ခြင်းနှင့် ယင်းနှင့်ညီသော အကျင့်များပေါ်အခြေပြုလျက် ယေဟောဝါသည် အာဗြဟံနှင့် အခြားတည်ကြည်မှုရှိသူများ မစုံလင်ကြသော်လည်း သူတို့နှင့်ဆက်ဆံ၍ ကောင်းချီးပေးနိုင်တော်မူ၏။—ဆာလံ ၃၆:၁၀; ရောမ ၄:၂၀-၂၂။
၁၆။ ရွေးနုတ်ဖိုးကိုယုံကြည်ခြင်းက အဘယ်အကျိုးကျေးဇူးများရှိစေသနည်း။
၁၆ အဆုံးတွင် လူတို့ရှိဖြောင့်မတ်ခြင်းတရားသည် ယေရှုခရစ်၏ရွေးဖိုးပူဇော်ရာယဇ်ကို ယုံကြည်ခြင်းအပေါ် အမှီပြုသည်။ ပထမရာစုခရစ်ယာန်များနှင့်စပ်လျဉ်း၍ ပေါလုဤသို့ရေးသားခဲ့သည်– “ယေရှုခရစ်ရွေးနုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။” (ရောမ ၃:၂၄) ဤတွင် ပေါလုသည် ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ တွဲဖက်အမွေခံရန် ရွေးချယ်ခံရမည့်သူများအကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ သို့ရာတွင် ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်သည် အခြားသူသန်းပေါင်းများစွာတို့အတွက်လည်း ဘုရားသခင့်ရှေ့မှောက်တော်တွင် ဖြောင့်မတ်သော အနေအထားရရှိခွင့်ပေးသည်။ တမန်တော်ယောဟန်သည် အဆင်းအာရုံတစ်ခုတွင် “အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊ . . . ပလ္လင်တော်ရှေ့ သိုးသငယ်ရှေ့မှာရပ်နေကြ” သည်ကို တွေ့ခဲ့ရ၏။ သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေ” သောကြောင့် သူတို့၏ဝတ်လုံဖြူများက ဘုရားသခင်၏ရှေ့တွင် သန့်ရှင်းဖြောင့်မတ်သောအနေအထားရှိခြင်းကို ပုံဆောင်သည်။—ဗျာဒိတ် ၇:၉၊ ၁၄။
ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ မွေ့လျော်ခြင်း
၁၇။ ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်ရာတွင် အဘယ်ခြေလှမ်းများ လှမ်းကြရမည်နည်း။
၁၇ ယေဟောဝါသည် လူသားတို့ကို ဖြောင့်မတ်သောအနေအထားရရှိစေဖို့ မိမိ၏သားတော် ယေရှုခရစ်ကို မေတ္တာရှိစွာ ပေးအပ်ခဲ့သော်လည်း ထိုအနေအထားကို အလိုအလျောက်မရနိုင်ကြချေ။ သူတို့သည် ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြကြရမည်၊ မိမိ၏ဘဝကို ဘုရားသခင့်အလိုတော်နှင့်ညီညွတ်စေ၍ ရေတွင်နှစ်ခြင်းခံပြီး ယေဟောဝါထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံရမည်။ ထို့နောက် ဖြောင့်မတ်ခြင်းတရားနှင့်တကွ အခြားဝိညာဉ်ရေး အရည်အချင်းများကို ဆက်၍မီအောင်လိုက်ရမည်။ ကောင်းကင်ခေါ်တော်မူခြင်းခံရသော နှစ်ခြင်းခံခရစ်ယာန်တစ်ဦးဖြစ်သူ တိမောသေကို ပေါလုဤသို့တိုက်တွန်းခဲ့သည်– “ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်ကြလော့။” (၁ တိမောသေ ၆:၁၁; ၂ တိမောသေ ၂:၂၂) ထို့ပြင် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ [“ဆက်၍၊” ကဘ] ရှာကြလော့” ဟုမိန့်တော်မူသောအခါ ဆက်လက်ကြိုးပမ်းဖို့လိုကြောင်း အလေးအနက်ဖော်ပြခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ ခံစားရဖို့ ကျွန်ုပ်တို့ကြိုးစားအားထုတ်နေကြမည်ဖြစ်သော်လည်း ယေဟောဝါ၏ဖြောင့်မတ်သောနည်းလမ်းများကို မီအောင်လိုက်ဖို့ ထပ်တူကြိုးစားအားထုတ်ပါသလော။—မဿဲ ၆:၃၃။
၁၈။ (က) ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်ဖို့ အဘယ်ကြောင့်မလွယ်ကူသနည်း။ (ခ) လောတ၏ပုံနမူနာမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း။
၁၈ ဖြောင့်မတ်ခြင်းတရားကိုမီအောင်လိုက်ဖို့ အမှန်ပင်မလွယ်ကူပေ။ ယင်းသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့အားလုံးသည် မစုံလင်သူများဖြစ်ကြပြီး ကျွန်ုပ်တို့၏ဇာတိသဘောက မဖြောင့်မတ်တတ်သောကြောင့်ဖြစ်သည်။ (ဟေရှာယ ၆၄:၆) ထို့အပြင် ကျွန်ုပ်တို့ပတ်လည်ရှိ လူအများသည် ယေဟောဝါ၏ဖြောင့်မတ်သောနည်းလမ်းတော်များကို မလေးစားကြချေ။ ကျွန်ုပ်တို့၏အခြေအနေသည် နာမည်ပျက်သော သောဒုံမြို့၌နေထိုင်ခဲ့သူ လောတ၏အခြေအနေနှင့် ဆင်တူယိုးမှားဖြစ်သည်။ ရောက်အံ့ဆဲဆဲဖျက်ဆီးခြင်းဘေးမှ လောတကို ယေဟောဝါ အဘယ်ကြောင့်ကယ်လွှတ်ခဲ့ကြောင်း တမန်တော်ပေတရုရှင်းပြသည်။ ပေတရုဤသို့ဆို၏– “ထိုဖြောင့်မတ်သောသူသည် မတရားသောသူတို့တွင်နေစဉ်အခါ၊ သူတို့၏မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။” (၂ ပေတရု ၂:၇၊ ၈) ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် မိမိကိုယ်ကိုဤသို့မေးသင့်သည်– ‘ကျွန်ုပ်တို့ပတ်လည်ရှိ အကျင့်ယိုယွင်းမှုများကို နှလုံးထဲတွင် တိတ်တဆိတ်သဘောကျနေပါသလော။ ခေတ်စားနေသည့် အကြမ်းဖက်သောအပန်းဖြေမှု သို့မဟုတ် အားကစားအမျိုးမျိုးကို ကျွန်ုပ်မသတီရုံမျှဖြစ်သလော။ သို့မဟုတ် လောတကဲ့သို့ ထိုသို့သောမဖြောင့်မတ်သည့်အမှုများကြောင့် စိတ်အနှောင့်အယှက်ပြင်းစွာခံရသလော။’
၁၉။ ဘုရားသခင့်ဖြောင့်မတ်ခြင်း၌ မွေ့လျော်ကြမည်ဆိုလျှင် အဘယ်ကောင်းချီးများကို ခံစားကြရမည်နည်း။
ဆာလံ ၁၅:၁၊ ၂) ဘုရားသခင့်ဖြောင့်မတ်ခြင်းကို မီအောင်လိုက်ပြီး ၎င်း၌မွေ့လျော်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်ဆက်ဆံရေးကောင်းရှိပြီး ကိုယ်တော်၏မျက်နှာသာနှင့် ကောင်းချီးကို ဆက်လက်ခံစားနိုင်ကြမည်။ သို့ဖြင့် ကျွန်ုပ်တို့၏ဘဝသည် ကျေနပ်စရာကောင်းပြီး ကိုယ့်သိက္ခာကိုယ်လေးစား၍ စိတ်ငြိမ်သက်မှုရှိသောဘဝဖြစ်ပေလိမ့်မည်။ “ဖြောင့်မတ်ခြင်းတရားနှင့် [“ချစ်ခင်ကြင်နာမှု၊” ကဘ] ကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းကိုတွေ့တတ်၏” ဟုဘုရားသခင့်နှုတ်မြွက်တော်ကဆို၏။ (သု. ၂၁:၂၁) ထို့အပြင် ဟုတ်မှန်ရာကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခြင်းက လူလူချင်းဆက်ဆံရေးကောင်းပြီး ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဘက် ဘဝအရည်အသွေးတိုးတက်မြင့်မားစေသည်။ ဆာလံဆရာဤသို့ဖော်ပြခဲ့သည်– “ခပ်သိမ်းသောအခါတို့၌ တရားကိုစောင့်ရှောက်၍ ဖြောင့်မတ်စွာကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။”—ဆာလံ ၁၀၆:၃။
၁၉ အန္တရာယ်ထူပြော၍ မသေချာမရေရာသော ဤခေတ်ကာလတွင် ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ မွေ့လျော်ခြင်းမှ လုံခြုံမှုနှင့် ကာကွယ်မှုရရှိနိုင်သည်။ “အိုထာဝရဘုရား တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည်နေရပါမည်နည်း” ဟူသော မေးခွန်းကို ဒါဝိဒ်မင်းက “ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့် . . . သောသူ” ဟုဖြေဆိုခဲ့သည်။ ([အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 မောရှေပညတ်တရား၏ကျယ်ပြန့်မှုနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကိုသိလိုလျှင် ယေဟောဝါသက်သေများထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၂၊ စာမျက်နှာ ၂၁၄-၂၀ ပါ “ပညတ်ပဋိညာဉ်၏အင်္ဂါရပ်အချို့” ဆောင်းပါးကိုရှု။
သင်ရှင်းပြနိုင်သလော
• ဖြောင့်မတ်ခြင်းတရားဟူသည် အဘယ်နည်း။
• ကယ်တင်ခြင်းနှင့် ဘုရားသခင့်ဖြောင့်မတ်ခြင်းတရားသည် မည်သို့ဆက်စပ်သနည်း။
• အဘယ်အရာပေါ်အခြေပြုလျက် လူတို့ကို ဖြောင့်မတ်သည်ဟု ဘုရားသခင်ယူမှတ်သနည်း။
• ယေဟောဝါ၏ဖြောင့်မတ်ခြင်းတရား၌ ကျွန်ုပ်တို့ မည်သို့မွေ့လျော်နိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဒါဝိဒ်မင်းကြီးသည် ဘုရားသခင့် ပညတ်တော်များကို အလွန်မြတ်နိုးကြောင်း ဖော်ပြခဲ့
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
နောဧ၊ အာဗြဟံ၊ ဇာခရိ၊ ဧလိရှဗက်နှင့် ကော်နေလိတို့ကို ဖြောင့်မတ်သူများဟု ဘုရားသခင်ယူမှတ်ခဲ့။ အကြောင်းရင်းကို သင်သိသလော