မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘုရားသခင်၏နှုတ်မြွက်တော်သည် တန်ခိုးနှင့်ပြုပြင်တတ်’

‘ဘုရားသခင်၏နှုတ်မြွက်တော်သည် တန်ခိုးနှင့်ပြုပြင်တတ်’

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ မှတ်တမ်း

‘ဘုရားသခင်​၏​နှုတ်မြွက်တော်​သည် တန်ခိုး​နှင့်​ပြုပြင်​တတ်’

နေသာ​သည့် က​ရ​စ်​ဘီ​ယန်​ကျွန်းစု​ရှိ ဂျမေကာ​ကျွန်း​တွင် လူအများသည် သမ္မာကျမ်းစာ​နှင့် အကျွမ်းတဝင်​ရှိ၏။ အမှန်​မှာ၊ ဂျိမ်းစ်​ဘုရင်​ဘာသာပြန်​ကျမ်း​ကို အိမ်တိုင်း​လို​လို​တွင် တွေ့ ရှိ​နိုင်​သည်၊ “ဘုရားသခင်​၏ နှုတ် [မြွက်] တော်​သည် အသက်ရှင် . . . [ပြီး] တန်ခိုး​နှင့်​ပြုပြင်” တတ်​ကြောင်း လူ​အချို့ တွေ့ ကြုံ​ခံစား​ခဲ့​ကြ​ရပြီ။ (ဟေဗြဲ ၄:၁၂) အောက်ပါ​တွေ့ ကြုံ​မှု​က ဖော်ပြ​သည့်​အတိုင်း ယင်း​တန်ခိုး​သည် ဘဝ​အသက်တာ​များ​ကို ပြောင်းလဲ​ပေး​နိုင်​သည်။

က​လိ​ဗ်​လ​န်​အမည်​ရှိ အမျိုးသား​တစ်ဦး​သည် အလုပ်​မှ​အိမ်​သို့ ပြန်ရောက်​ရုံ​ရှိသေး​စဉ် ယေဟောဝါသက်သေ​တစ်ဦး သူ့​ထံ​လည်ပတ်​လာ​သည်။ ထို​သက်သေခံ​သည် ကျမ်းစာ​မှ​အကြောင်းအရာ​အချို့​ကို တင်ပြ​ပြောဆို​ပြီး​နောက် ထာဝရ​အသက်​ရစေသော အသိပညာ​ဟူ​သည့် ကျမ်းစာ​လေ့လာ​ရန် အထောက်အကူ​ပြု​စာအုပ်​တစ်အုပ်​ကို သူ့​အား ပေး​ထားခဲ့​သည်။ သမ္မာကျမ်းစာ​သည် မိမိ၏​အသက်တာကို မည်မျှ​ပြုပြင်ပေး​လိမ့်​မည်​ကို သူ​မသိ​ရှိခဲ့​ချေ။

က​လိ​ဗ်​လ​န်​သည် ဘုရားသခင်​ကို နည်း​မှန်​လမ်း​ကျ​ဝတ်ပြု​ရန် မိမိ​အား​ကူညီ​ပေးဖို့ ကိုယ်တော့်​ထံ တစ်နေ့​သုံးကြိမ် ဆုတောင်း​ခဲ့​၏။ သူ၏​မိဘများသည် နည်း​မှန်​လမ်းမှန် ဝတ်မပြု​ခဲ့​ကြ​ကြောင်း က​လိ​ဗ်​လ​န် သိထား​သော်လည်း အခြား​ဘာသာရေး​များ​ကို သူ​ဆန်းစစ်​လေ့လာ​ပြီး​နောက် အလွန်​စိတ်ပျက်​သွားခဲ့သည်။ ယေဟောဝါသက်သေ​များ​အကြောင်း သူ​ကြားဖူး​သော်လည်း ထို​သူတို့တွင် အမှန်တရား​ရှိမရှိ​ကို သူ​သံသယဝင်​မိ​၏။ သံသယ​ရှိနေ​လင့်​ကစား သူ့​အိမ်​သို့​လည်ပတ်​လာ​သည့် သက်သေခံ​နှင့် ကျမ်းစာ​သင်​ရန် က​လိ​ဗ်​လ​န်​သဘောတူ​လိုက်​သည်။ အဘယ်ကြောင့်​နည်း။ သက်သေခံ​များ​မှား​ကြောင်း ထောက်ပြ​လို​၍​ဖြစ်၏။

မကြာမီ​ပင် က​လိ​ဗ်​လ​န်​သည် အမျိုးသမီး​နှစ်ဦး​နှင့် အကျင့်ပျက်​နေထိုင်ခြင်း​ကို ဘုရားသခင်​မနှစ်သက်​ကြောင်း သိရှိ​လာ​လေ​သည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) နှစ်ကြိမ်​မျှ​သာ ကျမ်းစာ​လေ့လာ​ပြီး​နောက် ထို​အမျိုးသမီးများနှင့် အဆက်ဖြတ်​ရန် သူအား​မွေး​လိုက်​သည်။ ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ ခရစ်ယာန်​အစည်းအဝေး​များ​ကိုလည်း စတက်​လေ​သည်။ သို့သော် ဤသို့​ပြုခြင်း​သည် နောက်ထပ်​စမ်းသပ်မှု​တစ်ခု ဖြစ်စေ​ခဲ့​၏။

က​လိ​ဗ်​လ​န်​သည် ရပ်ကွက်​ဘောလုံး​အသင်း​တွင် တက်ကြွ​စွာ ပါဝင်​နေ​သူ​ဖြစ်​ရာ ဘောလုံးပွဲ​များ​က အစည်းအဝေး​တက်​ခြင်း​ကို အနှောင့်အယှက်​ပေး​နေသည်။ သူ မည်သို့ ပြုလုပ်​မည်​နည်း။ က​လိ​ဗ်​လ​န်​သည် ကစားဖော်​ကစား​ဖက်​များ၊ အားကစား​နည်းပြ​ဆရာ​နှင့် မိတ်ဆွေ​သူငယ်ချင်းများ​၏ ဖိအား​ပေး​မှု​ကို ခံ​ခဲ့​ရ​သော်လည်း ထို​ဘောလုံး​အသင်း​မှ နုတ်ထွက်​ရန် ဆုံးဖြတ်​လိုက်​လေ​သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာ​က သူ့ကို​အကျိုးပေး​နေပါ​သည်!

က​လိ​ဗ်​လ​န်​သည် သူ​ရရှိ​ထားသော​ကျမ်းစာ​အသိပညာကို အခြားသူများ​အား စတင်​ဟောပြော​သည့်​အခါ သမ္မာကျမ်းစာ​၏​တန်ခိုး ထင်ရှား​လာ​ပြန်​သည်။ (တမန်​တော် ၁:၈) ယင်းကြောင့် သူနှင့် ဘောလုံး​ကန်​ခဲ့​သူ ကစားဖော်​နှစ်ဦး​သည် ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​များ​ကို စတင်​တက်ရောက်​လာ​ကြသည်။ က​လိ​ဗ်​လ​န်​သည် သတင်းကောင်း​ကြေညာသူ​တစ်ဦး​ဖြစ်​ဖို့ အရည်အချင်း​ပြည့်မီ​လာပြီး​နောက် အခြား​သူများကို သမ္မာကျမ်းစာ​နှင့် အကူအညီ​ပေး​ရာ ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ပါဝင်​ရခြင်း​မှ များစွာ​ရွှင်လန်း​ဝမ်းမြောက်မှု ရရှိခဲ့​၏။

ကျမ်းစာ​၏​တန်ခိုး​ကို ဆက်လက်​ခံစား​ခဲ့​ရ​ရာ အဆုံး​တွင် က​လိ​ဗ်​လ​န်​သည် ရေ​တွင်​နှစ်ခြင်း​ယူပြီး ယေဟောဝါ​ထံ သူ့ကိုယ်သူ​ဆက်ကပ်​အပ်နှံ​ခဲ့​၏၊ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​တစ်ဦး​အဖြစ်​နှင့် အသင်းတော်တွင် ခရစ်ယာန်​ဓမ္မ​အမှုထမ်း​တစ်ဦး​အဖြစ် အမှုဆောင်ခွင့်​ရ​ပေ​ပြီ။

သမ္မာကျမ်းစာ​သည် “အသက်ရှင် . . . [ပြီး] တန်ခိုး​နှင့်​ပြုပြင်” တတ်​ကြောင်းကို ဂျမေကာ​ကျွန်း​နှင့် ကမ္ဘာ​တစ်ဝန်း​ရှိ ထောင်နှင့်ချီ​သော​လူတို့သည် သိရှိနားလည်​လာကြပြီ။

[စာမျက်နှာ ၈ ပါ မြေပုံ/ ရုပ်ပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဂျမေကာ

[Credit Line]

Map and globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.