‘ငါသည် ပုံသက်သေကိုပြခဲ့ပြီ’
‘ငါသည် ပုံသက်သေကိုပြခဲ့ပြီ’
“သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့် . . . သည်။”—ဟေဗြဲ ၅:၁၂။
၁။ ဟေဗြဲ ၅:၁၂ ပါစကားများသည် ခရစ်ယာန်တစ်ဦးကို အဘယ်ကြောင့် တစ်စုံတစ်ရာသော စိုးရိမ်မကင်းဖြစ်စေနိုင်သနည်း။
အဓိကကျမ်းချက်ပါ မှုတ်သွင်းခံစကားလုံးများကို သင်ဖတ်ရှုသောအခါ သင်ကိုယ်တိုင်နှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိသလော။ ထိုသို့ခံစားရလျှင် အသင်တစ်ဦးတည်းမဟုတ်ပါ။ ခရစ်တော်၏နောက်လိုက်များအနေနှင့် သွန်သင်သူများဖြစ်ရမည်ကို ကျွန်ုပ်တို့သိကြပါသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့အသက်ရှင်နေသည့်အချိန်သည် အတတ်နိုင်ဆုံးသွန်သင်ပေးကြရန် အရေးတကြီးအချိန်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့၏သွန်သင်မှုသည် သွန်သင်ခံရသူအတွက် သေရေးရှင်ရေးပင် ဖြစ်စေနိုင်ကြောင်းလည်း သိကြပါသည်! (၁ တိမောသေ ၄:၁၆) သို့ဖြစ်၍ ကျွန်ုပ်တို့ကိုယ်ကို ကျိုးကြောင်းဆီလျော်စွာ ဤသို့မေးရပေမည်– ‘ကျွန်ုပ်သည် ဖြစ်သင့်ဖြစ်ထိုက်သော သွန်သင်သူတစ်ဦး အမှန်ဖြစ်၏လော။ ကျွန်ုပ်မည်သို့ တိုးတက်နိုင်မည်နည်း။’
၂၊ ၃။ (က) ထိရောက်သောသွန်သင်မှု၏ အခြေအမြစ်ကို သွန်သင်သူတစ်ဦး မည်သို့ရှင်းပြခဲ့သနည်း။ (ခ) ယေရှုသည် သွန်သင်မှုနှင့်ပတ်သက်၍ အဘယ်ပုံသက်သေကို တင်ပြခဲ့သနည်း။
၂ ဤစိုးရိမ်မကင်းဖြစ်မှုတို့ကြောင့် ကျွန်ုပ်တို့စိတ်ဓာတ်ကျစရာမလိုပါ။ သွန်သင်ခြင်းကို ထူးချွန်သောအတတ်ပညာအချို့အဖြစ်သာ ကျွန်ုပ်တို့ လုံးလုံးယူမှတ်မည်ဆိုလျှင် တိုးတက်ရမည့်အရေးကြောင့် မခံမရပ်နိုင်ဖြစ်သွားပေမည်။ သို့သော် ထိရောက်သောသွန်သင်မှု၏ အခြေအမြစ်သည် ကျွမ်းကျင်မှုမဟုတ်ဘဲ ထိုထက်အရေးပါသောအရာတစ်ခုဖြစ်သည်။ ဤအကြောင်းကို အတွေ့အကြုံရှိသွန်သင်သူတစ်ဦး မည်သို့ရေးသားခဲ့သည်ကို သတိပြုပါ– “ထိရောက်သောသွန်သင်မှုသည် အထူးအတတ်ပညာများ သို့မဟုတ် နည်းစနစ်များ၊ ပုံစံများ၊ အပြုအမူများအပေါ် မူတည်သည်မဟုတ်ပါ။ . . . သွန်သင်ခြင်းသည် အဓိကအားဖြင့် မေတ္တာပေါ်အခြေခံသည်။” သူသည် လောကပညာသွန်သင်သူတစ်ဦးအကြောင်း ဆိုလိုသည်မှာ မှန်ပါသည်။ သို့ရာတွင် သူ့အဆိုသည် ခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့၏သွန်သင်ခြင်းလုပ်ငန်းနှင့် ပိုသက်ဆိုင်ပေမည်။ မည်သို့အားဖြင့်နည်း။
၃ သွန်သင်သူတစ်ဦးဆိုင်ရာ ကျွန်ုပ်တို့၏စံနမူနာရှင်မှာ “ငါသည် . . . ပုံသက်သေကိုပြခဲ့ပြီ” ဟုမိမိ၏နောက်လိုက်များအား မိန့်ဆိုခဲ့သော ယေရှုခရစ်ပင်တည်း။ (ယောဟန် ၁၃:၁၅) ကိုယ်တော်သည် နှိမ့်ချမှုပြခြင်းဆိုင်ရာ မိမိ၏ပုံသက်သေကို ရည်ညွှန်းနေခြင်းဖြစ်သော်လည်း ကျွန်ုပ်တို့အတွက် ယေရှုတင်ပြခဲ့သော ပုံသက်သေတွင် မြေကြီးသားတစ်ဦးအနေနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူတို့အားသွန်သင်ပေးခြင်းဖြစ်သည့် ကိုယ်တော်၏အဓိကလုပ်ငန်းပါဝင်သည်။ (လုကာ ၄:၄၃) ယေရှု၏ဓမ္မအမှုကိုဖော်ပြရန် စကားလုံးတစ်လုံးတည်းကို သင်ရွေးချယ်ရမည်ဆိုလျှင် “ချစ်ခြင်းမေတ္တာ” ဟူသောစကားလုံးကို သင်ရွေးမည်မဟုတ်ပေလော။ (ကောလောသဲ ၁:၁၅; ၁ ယောဟန် ၄:၈) ကောင်းကင်ခမည်းတော် ယေဟောဝါအပေါ်ထားသည့် ယေရှု၏ချစ်ခြင်းမေတ္တာသည် ထူးကဲသာလွန်သည်။ (ယောဟန် ၁၄:၃၁) သို့တိုင် သွန်သင်သူတစ်ဦးအနေနှင့် ယေရှုသည် အခြားနည်းနှစ်နည်းဖြင့် ချစ်ခြင်းမေတ္တာကို တင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိသွန်သင်သော အမှန်တရားကိုချစ်မြတ်နိုးသည့်အပြင် မိမိ၏သွန်သင်မှုခံယူသူများကို ချစ်မြတ်နိုးတော်မူ၏။ ကျွန်ုပ်တို့အား တင်ပြခဲ့သော ပုံသက်သေနှင့်ပတ်သက်သည့် ဤကဏ္ဍနှစ်ရပ်ကို စေ့စေ့အာရုံစိုက်ကြပါစို့။
ဘုရားသခင့်အမှန်တရားအပေါ် ကြာမြင့်စွာကတည်းက တည်ရှိခဲ့သောမေတ္တာ
၄။ ယေရှုသည် ယေဟောဝါ၏သွန်သင်ခြင်းကို တန်ဖိုးထားမြတ်နိုးစိတ် မည်သို့မွေးမြူခဲ့သနည်း။
၄ သွန်သင်သည့်အကြောင်းအပေါ် သွန်သင်သူထားရှိသည့် သဘောထားသည် သူ၏သွန်သင်ခြင်းစွမ်းရည်ကို အတော်အတန်ဟေရှာယ ၅၀:၄၊ ၅ က အလွန်ဆီလျော်စွာ ဤသို့မှတ်တမ်းတင်သည်– “ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကိုနှိုးဆော်တော်မူ၏။ အရှင်ထာဝရဘုရားသည် ငါ့နားကိုဖွင့်တော်မူ၍ ငါလည်းမငြင်းမဆန်၊ နောက်သို့မဆုတ်။”
အကျိုးသက်ရောက်ပါသည်။ သူ၏စိတ်မဝင်စားမှုကို သင်သားများသိမြင်၍ သူတို့ထံ ကူးစက်သွားနိုင်သည်။ ယေရှုသွန်သင်သော အဖိုးတန်အမှန်တရားများဖြစ်သည့် ယေဟောဝါနှင့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ကိုယ်တော်အလွန်စိတ်ဝင်စားကြောင်း ထင်ရှားသည်။ ၎င်းအမှန်တရားကို ယေရှု အလွန်ချစ်မြတ်နိုးခဲ့သည်။ ကိုယ်တော်သည် သွန်သင်ခံရသည့်ဘဝကတည်းက ဤအမှန်တရားမြတ်နိုးသောသဘောကို မွေးမြူခဲ့သည်။ တစ်ပါးတည်းသောသားတော်သည် လူသားဘဝမခံယူမီ နှစ်ပေါင်းများစွာတစ်လျှောက် တလိုတလားသွန်သင်ခံခဲ့သည်။၅၊ ၆။ (က) ယေရှုနှစ်ခြင်းခံချိန်တွင် အဘယ်အရာ တွေ့ကြုံခဲ့ရသနည်း၊ ယင်းက ကိုယ်တော်အပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ (ခ) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ယေရှုနှင့်စာတန်စပ်ကြား အဘယ်ကွာခြားမှုကိုတွေ့ရသနည်း။
၅ ယေရှုသည် မြေကြီးပေါ်တွင် လူသားတစ်ဦးအဖြစ်ကြီးပြင်းလာစဉ် ဘုရားသခင့်ဉာဏ်ပညာတော်ကို ဆက်၍ချစ်မြတ်နိုးခဲ့သည်။ (လုကာ ၂:၅၂) ထို့နောက် ကိုယ်တော်နှစ်ခြင်းခံချိန်တွင် အလွန်ထူးခြားသောအဖြစ်အပျက်တစ်ခု တွေ့ကြုံခဲ့ရသည်။ “ကောင်းကင်ဖွင့်လှစ်” သည်ဟု လုကာ ၃:၂၁ ကဆိုသည်။ ထိုအချိန်တွင် ယေရှုသည် လူသားဘဝမတိုင်မီကအသက်တာကို ပြန်သတိရခဲ့ပုံရှိသည်။ ၎င်းနောက် တောကန္တာရ၌ ရက် ၄၀ တိုင် အစာရှောင်ခဲ့သည်။ ကောင်းကင်တွင်ရှိစဉ် ယေဟောဝါ၏သွန်သင်မှုကို ရခဲ့သည့်အကြိမ်ပေါင်းများစွာအကြောင်း ပြန်စဉ်းစားဆင်ခြင်ခြင်း၌ အမှန်တကယ်ပီတိဖြစ်ခဲ့ပေမည်။ သို့သော် များမကြာမီပင် ဘုရားသခင့်အမှန်တရားကို ကိုယ်တော်မြတ်နိုးမှုသည် စမ်းသပ်ခံခဲ့ရလေသည်။
၆ ယေရှုသည် မောပန်း၍ ဆာလောင်နေသောအခါ ကိုယ်တော်အား စုံစမ်းသွေးဆောင်ဖို့ စာတန်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ ဤသားတော်နှစ်ပါးသည် ကွာခြားလိုက်လေခြင်း! နှစ်ပါးစလုံးသည် ဟေဗြဲကျမ်းစာစောင်များကို ကိုးကားခဲ့ကြသော်လည်း လားလားမျှမတူသော စိတ်ထားဖြင့်ဖြစ်သည်။ စာတန်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ကျိုးအတွက် မလေးမခန့်၊ မလိမ့်တပတ်အသုံးပြုခဲ့သည်။ ထိုပုန်ကန်သူသည် ဘုရားသခင့်အမှန်တရားကို မထီမဲ့မြင်သာပြုတတ်သည်။ ယေရှုမူကား ဘုရားသခင့်နှုတ်မြွက်စကားတော်ကို တန်ဖိုးထားမြတ်နိုးစွာဖြင့် ကိုးကားရာတွင် ကျမ်းချက်များကို ဂရုတစိုက်အသုံးပြုကြောင်း ထင်ရှားသည်။ ထိုမှုတ်သွင်းခံစကားတော်များကို မရေးမီ နှစ်ပေါင်းများစွာကတည်းက ယေရှုတည်ရှိခဲ့ပြီဖြစ်သော်လည်း ၎င်းတို့ကို ကိုယ်တော်ရိုသေလေးမြတ်ခဲ့သည်။ ၎င်းတို့သည် ကိုယ်တော့်ကောင်းကင်ခမည်းတော်နှုတ်မြွက်သော အဖိုးတန်အမှန်တရားများဖြစ်၏။ ယေဟောဝါထံမှ ဤနှုတ်မြွက်စကားတော်သည် အစားအစာထက်ပင် အရေးကြီးကြောင်း စာတန်ကို ကိုယ်တော်မိန့်ဆိုခဲ့သည်။ (မဿဲ ၄:၁-၁၁) ယေရှုသည် ယေဟောဝါသွန်သင်ပေးခဲ့သမျှ အမှန်တရားကို တန်ဖိုးထားမြတ်နိုးခဲ့သည်။ သို့သော် သွန်သင်သူတစ်ဦးအဖြစ် ထိုမြတ်နိုးမှုကို ကိုယ်တော်မည်သို့တင်ပြခဲ့သနည်း။
ကိုယ်တော်သွန်သင်ပေးသောအမှန်တရားကို ချစ်မြတ်နိုးမှု
၇။ ယေရှုသည် ကိုယ်ပိုင်သွန်သင်ချက်များကို အဘယ်ကြောင့်မတီထွင်ခဲ့သနည်း။
၇ ယေရှုသည် မိမိသွန်သင်ပေးသောအမှန်တရားကို ချစ်မြတ်နိုးကြောင်း အစဉ်ထင်ရှားသည်။ ကိုယ်တော်သည် ကိုယ်ပိုင်အတွေးအခေါ်များ ထုတ်ဖော်လိုလျှင် အလွယ်တကူတီထွင်နိုင်၏။ ကိုယ်တော်၏အသိဉာဏ်ပညာသည် အလွန်ကြွယ်ဝတော်မူ၏။ (ကောလောသဲ ၂:၃) သို့ရာတွင် မိမိဟောပြောသွန်သင်သော စကားမှန်သမျှသည် မိမိ၏စကားမဟုတ် ကောင်းကင်ခမည်းတော်၏စကားဖြစ်ကြောင်း နားဆင်သူများကို ထပ်ခါတလဲသတိပေးခဲ့သည်။ (ယောဟန် ၇:၁၆; ၈:၂၈; ၁၂:၄၉; ၁၄:၁၀) ကိုယ်တော်သည် ဘုရားသခင့်အမှန်တရားကို တန်ဖိုးထားမြတ်နိုးလွန်းသောကြောင့် မိမိကိုယ်ပိုင်အတွေးအခေါ်နှင့် အစားမထိုးနိုင်ပေ။
၈။ ဓမ္မအမှုစချိန်တွင် သမ္မာကျမ်းစာကိုအမှီပြုသည့် ပုံသက်သေကို ယေရှုမည်သို့တင်ပြခဲ့သနည်း။
၈ ယေရှုသည် ဓမ္မအမှုကိုစတင်သည်နှင့် ပုံသက်သေချမှတ်ပေးတော်မူခဲ့သည်။ မိမိသည် ကတိထားရာမေရှိယဖြစ်ကြောင်း ဘုရားသခင့်လူမျိုးတော်အား ကိုယ်တော်ဦးဆုံးကြေညာခဲ့သည့်နည်းကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် လူအုပ်ရှေ့ထွက်ပေါ်လာ၍ မိမိသည် ခရစ်တော်ဖြစ်ကြောင်းကြေညာပြီး မိမိအမှန်ပြောကြောင်း သက်သေထူရန် ရင်သပ်ရှုမောဖွယ် အံ့ဖွယ်အမှုများကို ပြုလုပ်ပြခဲ့သလော။ မဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် ဘုရားသခင်၏လူများ ကျမ်းစာစောင်များကို ဖတ်ရှုလေ့ရှိသော တရားဇရပ်သို့သွားလေသည်။ ထိုတွင် ဟေရှာယ ၆၁:၁၊ ၂ ပါပရောဖက်ပြုချက်ကို အသံကျယ်ကျယ်ဖြင့်ဖတ်ပြီး ဤပရောဖက်ပြုချက်ဆိုင်ရာ အမှန်တရားသည် မိမိနှင့်သက်ဆိုင်ကြောင်း ရှင်းပြခဲ့သည်။ (လုကာ ၄:၁၆-၂၂) ကိုယ်တော်၏အံ့ဖွယ်အမှုများစွာက ကိုယ်တော်ကို ယေဟောဝါကျောထောက်နောက်ခံကြောင်း ဖော်ပြသည်။ သို့တိုင် ကိုယ်တော်သည် သွန်သင်ပေးရာတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အစဉ်အမြဲအမှီပြုသည်။
၉။ ယေရှုသည် ဖာရိရှဲများနှင့်ဆက်ဆံရာတွင် သမ္မာကျမ်းစာအပေါ် မိမိ၏တည်ကြည်သောမေတ္တာကို မည်သို့ဖော်ပြခဲ့သနည်း။
၉ ဘာသာရေးပြိုင်ဘက်များကယေရှုကိုစိန်ခေါ်သောအခါ ကိုယ်တော်သည် သူ့ပြိုင်ဘက်တို့ကိုအလွယ်တကူ အနိုင်ယူနိုင်သော်လည်း မိမိသည် သူတို့ထက်ဉာဏ်ရည်ဉာဏ်သွားသာကြောင်း ပြတော်မမူခဲ့ပါ။ ထိုသို့ပြုမည့်အစား ဘုရားမဿဲ ၁၂:၁-၅) မိမိတို့ကိုယ်ကိုဖြောင့်မတ်သည်ဟု ယူမှတ်နေသော ထိုသူများသည် ၁ ဓမ္မရာဇဝင် ၂၁:၁-၆ ပါမှုတ်သွင်းခံမှတ်တမ်းကို ကောင်းကောင်းဖတ်ဖူးခဲ့ကြပေမည်။ ဖတ်ခဲ့ကြလျှင် ၎င်း၌ပါသော အရေးကြီးသင်ခန်းစာတစ်ခုကို သူတို့သတိမပြုခဲ့ကြချေ။ ယေရှုမူကား ထိုအကြောင်းကိုဖတ်ရှုရုံမက ပြုခဲ့သည်။ ၎င်းကို ကိုယ်တော်အသေအချာစဉ်းစားဆင်ခြင်ပြီး နှလုံးမှတ်ကျုံးခဲ့သည်။ ထိုကျမ်းပိုဒ်တွင် ယေဟောဝါသွန်သင်ပေးသောမူများကို ကိုယ်တော်အလွန်တန်ဖိုးထားမြတ်နိုးခဲ့သည်။ ထို့ကြောင့် ထိုမှတ်တမ်းနှင့် မောရှေပညတ်မှစံနမူနာတစ်ခုကို ကိုယ်တော်အသုံးပြုပြီး ပညတ်တရား၏ ဟန်ချက်ညီသောဆိုလိုရင်းကို ဖော်ပြခဲ့သည်။ အလားတူ ယေရှု၏တည်ကြည်သောမေတ္တာက ဘာသာရေးခေါင်းဆောင်များ သမ္မာကျမ်းစာကို ကိုယ်ကျိုးအတွက် ပြုပြင်ပြောင်းလဲရန်၊ လူ့ထုံးတမ်းစဉ်လာ ရွှံ့နွံအောက်နစ်မြုပ်စေရန် ကြိုးစားကြသည်ကို ခုခံကာကွယ်ဖို့ လှုံ့ဆော်ပေးခဲ့သည်။
သခင့်နှုတ်မြွက်စကားတော်ကို အသုံးပြုပြီး သူတို့ကိုချေပခဲ့သည်။ ဥပမာ၊ ယေရှု၏နောက်လိုက်များက လယ်ကွင်းကိုဖြတ်သန်းသွားစဉ် ကောက်နှံကိုဆွတ်၍စားခြင်းဖြင့် ဥပုသ်ပညတ်ကိုချိုးဖောက်သည်ဟု ဖာရိရှဲများ စွပ်စွဲခဲ့သည့်အချိန်ကို ပြန်သတိရပါ။ ယေရှုဤသို့တုံ့ပြန်ခဲ့သည်– “ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ . . . စားသည့်အကြောင်းကို သင်တို့မဖတ်ဖူးသလော။” (၁၀။ ယေရှုသည် မိမိ၏သွန်သင်ခြင်းစွမ်းရည်နှင့်ပတ်သက်သော ပရောဖက်ပြုချက်များကို မည်သို့ပြည့်စုံစေခဲ့သနည်း။
၁၀ ယေရှုသည် မိမိသွန်သင်နေသောအကြောင်းကို ချစ်မြတ်နိုးခြင်းက ငြီးငွေ့စရာပုံစံဖြင့် စက်ရုပ်ဆန်ဆန် လုပ်ရိုးလုပ်စဉ်သွန်သင်ခြင်းမျှသာ ဘယ်သောအခါမျှ ဖြစ်စေလိမ့်မည်မဟုတ်ပါ။ မေရှိယသည် ‘နှစ်လိုဖွယ်ကောင်းသောနှုတ်ခမ်း’ နှင့် “ယဉ်ကျေးသောစကား” များကိုပြောဆိုမည်ဟု မှုတ်သွင်းခံပရောဖက်ပြုချက်များက အရိပ်အမြွက်ဖော်ပြထားသည်။ (ဆာလံ ၄၅:၂; ကမ္ဘာဦး ၄၉:၂၁၊ သမ) ယေရှုသည် ကိုယ်တော်အလွန်ချစ်မြတ်နိုးသော အမှန်တရားကို “တင့်တယ်လျောက်ပတ်သော . . . စကား” ဖြင့်သွန်သင်သောအခါ မိမိ၏သတင်းတရားကို လန်းဆန်း၍ အသက်ဝင်စေခြင်းဖြင့် ထိုပရောဖက်ပြုချက်များကို ပြည့်စုံစေခဲ့သည်။ (လုကာ ၄:၂၂) ကိုယ်တော်၏မျက်နှာပေါ် သူ၏စိတ်အားထက်သန်မှု ထင်ရှားခဲ့ပေမည်၊ ကိုယ်တော်ဟောပြောသောအကြောင်းအရာကို ကိုယ်တိုင်အလွန်စိတ်ဝင်စားကြောင်း သူ၏မျက်လုံးများက ဖော်ပြလိမ့်မည်မှာ သေချာသည်။ ကိုယ်တော်ဟောပြောသည်ကို ကြားနာရခြင်းသည် နှစ်လိုဖွယ်ကောင်းလိုက်မည်ဖြစ်ခြင်း၊ ကျွန်ုပ်တို့တတ်သိထားရာများကို သူတစ်ပါးအားပြောပြရာတွင် ကိုယ်တော်နည်းတူပြုလျှင် အလွန်ကောင်းမည်တကား!
၁၁။ သွန်သင်သူအဖြစ် ယေရှု၌ရှိသောစွမ်းရည်များက ကိုယ်တော်အား အဘယ်ကြောင့် တစ်ခါမျှ မာနမကြီးစေခဲ့သနည်း။
၁၁ ဘုရားသခင့်အမှန်တရားကို လိပ်ပတ်လည်အောင် နားလည်သဘောပေါက်ထား၍ နှစ်လိုဖွယ်နည်းဖြင့် ဟောပြောတတ်ခြင်းကြောင့် ယေရှုမာနထောင်လွှားခဲ့သလော။ လူသားများအနေနှင့် ထိုသို့ဖြစ်လေ့ရှိကြသည်။ သို့သော် ယေရှုသည် ဘုရားသခင်ရေးရာလမ်းစဉ်၌ ပညာရှိသူတစ်ဦးဖြစ်ကြောင်း သတိရပါ။ ထိုသို့သောဉာဏ်ပညာသည် မာန်မာနကြီးခြင်းကို ခွင့်မပြုပါ၊ အကြောင်းမှာ “စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။” (သု. ၁၁:၂) ယေရှုအား စိတ်ကြီးမဝင်၊ မာနမကြီးစေသောအကြောင်း နောက်တစ်ခုရှိသေးသည်။
ယေရှုသည် မိမိသွန်သင်ပေးသူများကို ချစ်မြတ်နိုးခဲ့
၁၂။ မိမိ၏တပည့်များ မိမိအား မကြောက်လန့်စေလိုကြောင်း ယေရှုမည်သို့ဖော်ပြခဲ့သနည်း။
၁၂ ယေရှုသည် လူတို့ကို အလွန်ချစ်ကြောင်း ကိုယ်တော်သွန်သင်ပေးစဉ် အမြဲထင်ရှားသည်။ မာန်ထောင်သူများနှင့်မတူဘဲ ကိုယ်တော်သွန်သင်ပုံသည် လူတို့ကိုမသိမ်ငယ်စေပါ။ (ဒေ. ၈:၉) ယေရှု၏အံ့ဖွယ်အမှုတစ်ခုကို တွေ့မြင်ပြီးနောက် ပေတရုသည် အလွန်အံ့အားသင့်ပြီး ယေရှု၏ဒူးတော်အနီး ပျပ်ဝပ်ခဲ့သည်။ သို့သော် ယေရှုသည် မိမိ၏နောက်တော်လိုက်များကို မိမိအား မကြောက်ရွံ့စေလိုပါ။ ထိုအခါ ကိုယ်တော်သည် ကြင်နာစွာဖြင့် “ကြောက်ရွံ့ခြင်းမရှိနှင့်” ဟုဆိုပြီးနောက် ပေတရုပါဝင်ရမည့် စိတ်လှုပ်ရှားဖွယ် တပည့်ဖြစ်စေခြင်းလုပ်ငန်းအကြောင်း ပြောပြခဲ့သည်။ (လုကာ ၅:၈-၁၀) ယေရှုသည် မိမိ၏တပည့်များကို သွန်သင်သူအား ကြောက်ရသောကြောင့်မဟုတ်ဘဲ ဘုရားသခင်နှင့်ပတ်သက်သော အဖိုးတန်အမှန်တရားကို မြတ်နိုးသောစိတ်၏ တိုက်တွန်းလှုံ့ဆော်မှုကို ခံစေလိုတော်မူသည်။
၁၃၊ ၁၄။ ယေရှုသည် အဘယ်နည်းမျိုးဖြင့် လူတို့ကို ကိုယ်ချင်းစာနာမှုတင်ပြခဲ့သနည်း။
၁၃ သွန်သင်ခံရသူများကို စာနာမှုပြခြင်းအားဖြင့်လည်း သူတို့ကိုယေရှုချစ်ကြောင်း ပေါ်လွင်ထင်ရှားသည်။ “လူအစုအဝေးတို့ကိုမြင်မဿဲ ၉:၃၅၊၃၆) သူတို့၏သနားစရာအခြေအနေကို ကိုယ်တော်မြင်ပြီး သူတို့ကိုကူညီပေးလိုခဲ့သည်။
တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” (၁၄ နောက်တစ်ချိန်တစ်ခါတွင် ယေရှုတင်ပြခဲ့သောစာနာမှုကို သတိပြုပါ။ လူအုပ်ထဲမှ သွေးသွန်နာစွဲသူ အမျိုးသမီးတစ်ဦးသည် ကိုယ်တော်အားချဉ်းကပ်၍ ဝတ်လုံတော်၏အနားကို တို့ထိသောအခါ အံ့ဖွယ်ကောင်းစွာ အနာပျောက်ကင်းခဲ့လေ၏။ မိမိထံမှ တန်ခိုးထွက်သွားကြောင်း ယေရှုသိသော်လည်း မည်သူအနာပျောက်သွားသည်ကို ကိုယ်တော်မသိခဲ့ပါ။ ထိုအခါ ၎င်းအမျိုးသမီးကို မရမကရှာဖွေလေသည်။ အဘယ်ကြောင့်နည်း။ ထိုအမျိုးသမီး စိုးရိမ်သည့်အတိုင်း ကျမ်းတတ်နှင့် ဖာရိရှဲတို့၏ ပညတ်စည်းမျဉ်းကို ချိုးဖောက်သည့်အတွက် သူ့ကိုပြစ်တင်ပြောဆိုဖို့မဟုတ်ပါ။ ယင်းအစား သူ့ကိုယေရှု ဤသို့မိန့်ဆိုခဲ့သည်– “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေ။” (မာကု ၅:၂၅-၃၄) ထိုစာနာသောစကားများကို သတိပြုပါ။ “အနာပျောက်စေ” ဟူ၍သာ ကိုယ်တော်မိန့်တော်မမူခဲ့ပေ။ ထိုသို့ဆိုမည့်အစား ကိုယ်တော်က “ရောဂါနှိပ်စက်ခြင်းနှင့်ကင်းလွတ်စေ” ဟုမိန့်ဆိုခဲ့သည်။ ဤတွင် စာသားအရ “နှိပ်စက်ညှဉ်းပန်းခြင်း” ဟုဆိုလိုနိုင်သောစကားလုံးကို မာကုအသုံးပြုထားသည်၊ နှိပ်စက်ညှဉ်းပန်းနည်းအဖြစ် ကျာပွတ်နှင့်ရိုက်လေ့ရှိသည်။ သို့ဖြင့် ထိုအမျိုးသမီးသည် ပြင်းထန်သောကာယနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားနေရမည်ဖြစ်ကြောင်း ယေရှုအသိအမှတ်ပြုခဲ့သည်။ ကိုယ်တော်သည် သူ့ကို ကိုယ်ချင်းစာပေးခဲ့သည်။
၁၅၊ ၁၆။ ယေရှုသည် လူတို့၏ကောင်းကွက်ကိုရှာကြည့်ကြောင်း ကိုယ်တော့်ဓမ္မအမှုမှ အဘယ်အဖြစ်အပျက်များက ဖော်ပြသနည်း။
၁၅ ယေရှုသည် လူတို့၌ အရည်အချင်းကောင်းများကို ရှာဖွေခြင်းအားဖြင့်လည်း သူတို့ကိုချစ်ကြောင်းဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် တမန်တော်တစ်ပါးဖြစ်လာသူ နာသနေလနှင့် ကိုယ်တော်တွေ့ဆုံချိန်ကို စဉ်းစားကြည့်ပါ။ “နာသနေလလာသည်ကို ယေရှုသည်မြင်တော်မူလျှင်၊ ‘လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့’ ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။” ယေရှုသည် အံ့ဖွယ်နည်းဖြင့် နာသနေလ၏အတွင်းစိတ်ကို အာရုံစိုက်လိုက်ရာ သူ့အကြောင်းများစွာသိသွားသည်။ နာသနေလ မစုံလင်သည်မှာ အမှန်ပင်။ ကျွန်ုပ်တို့အားလုံးနည်းတူ သူ့မှာအပြစ်များ၊ အမှားများရှိပါသည်။ အမှန်မှာ၊ ယေရှုအကြောင်း သူကြားသိသောအခါ သူက “နာဇရက်မြို့ထဲက ကောင်းသောအရာတစ်စုံတစ်ခုမျှ ထွက်နိုင်သလော” ဟူ၍ ဘွင်းဘွင်းကောက်ချက်ချခဲ့သည်။ (ယောဟန် ၁:၄၅-၅၁) သို့သော် နာသနေလအကြောင်း ပြောဆိုနိုင်စရာများမှ ယေရှုသည် သူ၏ကောင်းကွက်ဖြစ်သော သူ၏ရိုးဖြောင့်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။
၁၆ အလားတူ တစ်ပါးအမျိုးသား ရောမလူမျိုးတစ်ဦးဖြစ်ကောင်းဖြစ်မည့် တပ်မှူးတစ်ဦးက ယေရှုထံချဉ်းကပ်ပြီး မိမိ၏ဖျားနာနေသောကျွန်ကို ကုသပေးဖို့တောင်းဆိုသောအခါ ထိုသူ၌အမှားများရှိကြောင်း ယေရှုသိတော်မူခဲ့သည်။ ထိုခေတ်မှတပ်မှူးတစ်ဦး၏ ဘဝနောက်ကြောင်းသည် အကြမ်းဖက်မှု၊ သွေးသွန်းမှု၊ မှားယွင်းသောဝတ်ပြုမှုတို့နှင့် ပြည့်နေပေမည်။ သို့တိုင် ယေရှုသည် ထိုသူ၏ ကောင်းကွက်တစ်ခုဖြစ်သော သူ၏ထူးကဲသောယုံကြည်ခြင်းကို အာရုံစိုက်ခဲ့သည်။ (မဿဲ ၈:၅-၁၃) နောက်ပိုင်းတွင် ယေရှုသည် မိမိနံဘေးရှိ သစ်တိုင်ပေါ် အဆွဲခံထားရသောလူဆိုးနှင့် စကားပြောသောအခါ ထိုသူ၏ အတိတ်မှရာဇဝတ်ကျူးလွန်မှုအတွက် သူ့ကိုဆုံးမပြစ်တင်မည့်အစား အနာဂတ်အတွက် မျှော်လင့်ချက်ပေး၍ တိုက်တွန်းအားပေးခဲ့သည်။ (လုကာ ၂၃:၄၃) သူတစ်ပါးကို အပျက်သဘောနှင့် အပြစ်မြင်ခြင်းသည် သူတို့အတွက် စိတ်ဓာတ်ကျစရာသာဖြစ်မည်ကို ယေရှုကောင်းစွာသိတော်မူ၏။ သူတစ်ပါး၏ကောင်းကွက်ကို ကိုယ်တော်ရှာကြံခဲ့ခြင်းက လူများစွာကို ပို၍တိုးတက်စေရန် အားပေးခဲ့ပေမည်။
လူတို့၏အစေကိုခံလိုခြင်း
၁၇၊ ၁၈။ မြေကြီးပေါ် ကြွလာဖို့တာဝန်ရသောအခါ သူတစ်ပါးအစေကိုခံဖို့ အသင့်ရှိကြောင်း ယေရှုမည်သို့ဖော်ပြခဲ့သနည်း။
၁၇ ယေရှုသည် မိမိသွန်သင်ပေးသူများကို ချစ်မြတ်နိုးကြောင်းထင်ရှားစေသည့် သာဓကနောက်တစ်ခုမှာ သူတို့၏အစေကို ကိုယ်တော်ခံလိုခြင်းဖြစ်သည်။ ဘုရားသခင့်သားတော်သည် လူသားဘဝမတိုင်မီက လူသားတို့ကို အစဉ်မပြတ်နှစ်သက်တော်မူခဲ့သည်။ (သု. ၈:၃၀၊ ၃၁) ကိုယ်တော်သည် ယေဟောဝါ၏ ‘နှုတ်မြွက်တော်’ သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူအဖြစ် လူသားတို့နှင့် ကြိမ်ပေါင်းများစွာဆက်ဆံရခြင်းကို မွေ့လျော်ခဲ့ပေမည်။ (ယောဟန် ၁:၁) သို့သော် ကိုယ်တော်သည် ကောင်းကင်၌ မြင့်မြတ်သောအရာ၏ “အသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်” ရသည့်အကြောင်းတစ်ကြောင်း မှာ လူသားတို့ကို အနီးကပ်သွန်သင်ပေးရန်ဖြစ်သည်။ (ဖိလိပ္ပိ ၂:၇; ၂ ကောရိန္သု ၈:၉) ယေရှုသည် မြေကြီးပေါ်ရှိစဉ် လူတို့၏အလုပ်အကျွေး၊ ကြည့်ရှုပြုစုမှုကို စောင့်မျှော်မနေခဲ့ပါ။ ထိုသို့ပြုမည့်အစား ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မဿဲ ၂၀:၂၇၊ ၂၈) ထိုစကားနှင့်အညီ ယေရှုအသက်ရှင်နေထိုင်ခဲ့သည်။
၁၈ ယေရှုသည် သွန်သင်ခံရသူများ၏အကျိုးအတွက် ကိုယ်ကိုကိုယ်မငဲ့ဘဲ သူတို့၏လိုအပ်ရာများကို နှိမ့်ချမှုဖြင့် ကူညီပေးခဲ့သည်။ ကိုယ်တော်သည် ကတိထားရာပြည်တော်တွင် မိုင်ပေါင်းရာနှင့်ချီ၍ ခြေလျင်ခရီးနှင်ပြီး လူများနိုင်သမျှများများထံ လှည့်လည်ဟောပြောခဲ့သည်။ စိတ်နေမြင့်သောဖာရိရှဲများ၊ ကျမ်းတတ်များနှင့်မတူဘဲ ကိုယ်တော်သည် နှိမ့်ချမှုရှိပြီး ချဉ်းကပ်ရလွယ်ကူသူဖြစ်ခဲ့သည်။ အလွှာအသီးသီးမှဖြစ်သည့် ရာထူးကြီးမြင့်သူများ၊ စစ်သားများ၊ ကျမ်းတတ်ကျွမ်းသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ ဆင်းရဲသားများ၊ ဖျားနာသူများနှင့် လူ့အဖွဲ့အစည်းမှ အပယ်ခံများပင် ကိုယ်တော်ထံ တလိုတလား၊ မကြောက်မရွံ့ချဉ်းကပ်ဝံ့ခဲ့ကြသည်။ ယေရှုသည် စုံလင်သော်လည်း လူသားဖြစ်သောကြောင့် မောပန်း၍ ဆာလောင်တတ်ပါသည်။ သို့ရာတွင် မောပန်းသည့်အခါ၊ အနားယူဖို့၊ ဆုတောင်းဖို့ အေးဆေးငြိမ်သက်စွာ နေလိုသောအခါ၌ပင် ကိုယ်တော်တိုင်၏လိုအပ်ရာထက် သူတစ်ပါးအစေခံခြင်းကို ဦးစားပေးခဲ့သည်။—မာကု ၁:၃၅-၃၉။
၁၉။ တပည့်များနှင့်ဆက်ဆံရာတွင် နှိမ့်ချမှု၊ စိတ်ရှည်မှုနှင့် ကြင်နာမှုပြသော ပုံသက်သေကို ယေရှုမည်သို့တင်ပြခဲ့သနည်း။
၁၉ ယေရှုသည် မိမိတပည့်များ၏အစေကိုခံရန်ပင် တလိုတလားရှိခဲ့သည်။ သူတို့ကို ကြင်နာစွာ၊ စိတ်ရှည်စွာ သွန်သင်ပေးခြင်းဖြင့် ထိုသို့ပြုတော်မူခဲ့သည်။ အရေးကြီးသောသင်ခန်းစာအချို့ကို သူတို့သဘောမပေါက်နိုင်ကြသောအခါ ကိုယ်တော်သည် စိတ်ပျက်ပြီး စိတ်တိုခြင်း သို့မဟုတ် အပြစ်တင်ပြောဆိုခြင်း ပြုတော်မမူခဲ့ပါ။ သူတို့နားလည်စေဖို့ နည်းသစ်များကို ကိုယ်တော်ဆက်ရှာကြံအသုံးပြုလေသည်။ ဥပမာ၊ မိမိတို့တွင် မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း အကြိမ်ကြိမ်ငြင်းခုံခဲ့ကြခြင်းကိုသာ စဉ်းစားကြည့်ပါလေ။ ယေရှုအသတ်မခံရမီ ညတိုင်အောင်ပင် အချင်းချင်းနှိမ့်ချစွာဆက်ဆံကြရန် သူတို့ကိုသွန်သင်ပေးဖို့နည်းသစ်များကို အကြိမ်ကြိမ်ရှာဖွေခဲ့ရသည်။ ယေရှုသည် အခြားကိစ္စအားလုံးမှာကဲ့သို့ နှိမ့်ချခြင်းကိစ္စတွင်လည်း “ငါသည် . . . ပုံသက်သေကိုပြခဲ့ပြီ” ဟုမှန်ကန်စွာ မိန့်ဆိုနိုင်ခဲ့သည်။—ယောဟန် ၁၃:၅-၁၅; မဿဲ ၂၀:၂၅; မာကု ၉:၃၄-၃၇။
၂၀။ အဘယ်သွန်သင်နည်းက ယေရှုကို ဖာရိရှဲများနှင့် ကွာခြားစေခဲ့သနည်း၊ ၎င်းသွန်သင်နည်းသည် အဘယ်ကြောင့်ထိရောက်ခဲ့သနည်း။
၂၀ ယေရှုသည် အဘယ်ပုံသက်သေဖြစ်ကြောင်း တပည့်များအား ပြောရုံမျှမဟုတ်သည်ကို သတိပြုပါ; ကိုယ်တော်တိုင် “ပုံသက်သေကိုပြခဲ့” သည်။ သူတို့ကိုပုံသက်သေအားဖြင့် သွန်သင်ပေးတော်မူခဲ့သည်။ မိမိစေခိုင်းသည့်အရာများကို လုပ်ဆောင်ရန် မိမိသည် အဆင့်အတန်းမြင့်လွန်းလှသည်ဟု ယူမှတ်သည့်အလား သူတို့ကိုနှိမ့်ချ၍ အထက်စီးမှ ကိုယ်တော်ပြုမူပြောဆိုတော်မမူချေ။ ဖာရိရှဲတို့သာ ထိုသို့ပြုမူကြသည်။ သူတို့နှင့်ပတ်သက်၍ ကိုယ်တော်က “သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၃:၃) ကိုယ်တော်၏သွန်သင်ချက်များသည် အဘယ်အရာဖြစ်ကြောင်း သင်သားများသဘောပေါက်စေရန် နှိမ့်ချစွာ ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြခဲ့သည်။ ထို့ကြောင့် မိမိ၏နောက်လိုက်များကို ရုပ်ပစ္စည်းပဓာနမထားဘဲ ရိုးရှင်းသည့်ဘဝဖြင့်နေထိုင်ရန် ကိုယ်တော်တိုက်တွန်းသောအခါ အဘယ်အရာကိုဆိုလိုကြောင်း သူတို့ဇဝေဇဝါမဖြစ်ခဲ့ကြပေ။ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှမရှိ” ဟူသော ကိုယ်တော့်စကား မှန်ကန်ကြောင်း သူတို့သိမြင်ခဲ့ကြသည်။ (မဿဲ ၈:၂၀) ယေရှုသည် နှိမ့်ချစွာပုံသက်သေပြခြင်းအားဖြင့် တပည့်များ၏အစေကိုခံခဲ့သည်။
၂၁။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို ဆွေးနွေးကြမည်နည်း။
၂၁ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးဆရာဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ! ကိုယ်တော်သွန်သင်ပေးရာကို တန်ဖိုးထားမြတ်နိုးကြောင်းနှင့် ကိုယ်တော်သွန်သင်ပေးသူများကို ချစ်ခင်ကြောင်း ကိုယ်တော်အားမြင်တွေ့၊ ကြားနာသူအားလုံးက သိရှိနိုင်ပါသည်။ ကိုယ်တော်ပြသခဲ့သောပုံသက်သေကို ယနေ့ လေ့လာသင်ကြားနေကြသူ ကျွန်ုပ်တို့အားလုံးလည်း ယင်းကို အထင်အရှားတွေ့မြင်ကြရပါသည်။ သို့သော် ခရစ်တော်၏စုံလင်သောပုံသက်သေကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်နိုင်ကြမည်နည်း။ နောက်ဆောင်းပါးက ထိုမေးခွန်းကို ဆွေးနွေးတင်ပြပါမည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ထိရောက်သောသွန်သင်ခြင်း၏ အခြေခံအုတ်မြစ်ကား အဘယ်နည်း၊ ယင်းကို မည်သူပုံသက်သေပြခဲ့သနည်း။
• မိမိသွန်သင်ပေးသောအမှန်တရားကို တန်ဖိုးထားမြတ်နိုးကြောင်း အဘယ်နည်းများဖြင့် ယေရှုတင်ပြခဲ့သနည်း။
• ယေရှုသည် မိမိသွန်သင်ပေးသူများကို ချစ်မြတ်နိုးကြောင်း မည်သို့တင်ပြခဲ့သနည်း။
• ယေရှုသည် နှိမ့်ချစွာဖြင့် မိမိသွန်သင်ပေးသူများ၏အစေကို ခံလိုကြောင်း အဘယ်ပုံသက်သေများက တင်ပြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယေရှုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ မူများကို တန်ဖိုးထားမြတ်နိုးကြောင်း မည်သို့တင်ပြခဲ့သနည်း