သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့
သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့
“သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။”—ဖိလိပ္ပိ ၄:၉။
၁၊ ၂။ မိမိတို့သည် ခရစ်ယာန်ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ပါသည်ဟု ယူဆကြသူများကို သမ္မာကျမ်းစာသြဇာလွှမ်းမိုးပါသလော။ ရှင်းပြပါ။
“ခရစ်ယာန်ဘာသာတရား တိုးတက်ပျံ့နှံ့လျက်ရှိသည်၊ ကျင့်ဝတ်စံနှုန်းများမူ ကျဆင်းလျက်ရှိသည်။” အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံလုံးတွင် စစ်တမ်းကောက်ယူရာ ရရှိသည့်အဖြေကို အီမားဂျင်း ထရန့်စ် (Emerging Trends) သတင်းလွှာခေါင်းစီးတွင် အကျဉ်းချုပ်ဖော်ပြခဲ့သည်။ ၎င်းနိုင်ငံတွင် ချာ့ခ်ျတက်ရောက်သူအရေအတွက် တိုးများလာပြီး ခရစ်ယာန်ဘာသာရေးသည် သူတို့၏အသက်တာတွင် အရေးပါသည်ဟု ဆိုနေကြပုံပေါက်သည်။ သို့ရာတွင် ထိုသတင်းက ဤသို့ဆို၏– “ထိုအရေအတွက်သည်
အထင်ကြီးစရာဖြစ်စေကာမူ၊ ခရစ်ယာန်ဘာသာရေးယုံကြည်ချက်သည် တစ်ဦးချင်းစီအပေါ်နှင့် လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်လုံးအပေါ် ဩဇာသက်ရောက်မှုနှင့်ပတ်သက်၍ အမေရိကန်လူမျိုးအများစု သံသယဖြစ်နေကြသည်။”
၂ ထိုအခြေအနေကို နိုင်ငံတစ်နိုင်ငံ၌သာ တွေ့ရခြင်းမဟုတ်ပါ။ ကမ္ဘာတစ်ဝန်း၌ သမ္မာကျမ်းစာကို လက်သင့်ခံပြီး ခရစ်ယာန်ဘာသာတရားကိုင်းရှိုင်းပါသည်ဟု ဆိုသူများစွာသည် သမ္မာကျမ်းစာ၏သြဇာလွှမ်းမိုးမှုကို မခံကြချေ။ (၂ တိမောသေ ၃:၅) သုတေသနအဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို အလွန်ရိုသေလေးမြတ်ကြသော်လည်း ကျမ်းစာဖတ်ဖို့၊ လေ့လာဖို့၊ ကျင့်သုံးဖို့ အချိန်ပေးခြင်းသည် အတိတ်တွင်ကျန်ရစ်ခဲ့ပြီ။”
၃။ (က) သမ္မာကျမ်းစာသည် ခရစ်ယာန်စစ်များဖြစ်လာသူတို့ကို မည်သို့အကျိုးပြုသနည်း။ (ခ) ယေရှု၏နောက်လိုက်များသည် ဖိလိပ္ပိ ၄:၉ တွင်မှတ်တမ်းတင်ထားသော ပေါလု၏ဆုံးမစကားကို မည်သို့ကျင့်သုံးကြသနည်း။
ကောလောသဲ ၃:၅-၁၀) ယေရှု၏နောက်လိုက်များအတွက် သမ္မာကျမ်းစာသည် စင်ပေါ်တင် ဖုန်တက်စေသည့် အသုံးမပြုဘဲထားသော စာအုပ်တစ်အုပ်မဟုတ်ပါ။ ယင်းသို့ဖြစ်မည့်အစား တမန်တော်ပေါလုက ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်များကို ဤသို့ပြောခဲ့၏– “သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။” (ဖိလိပ္ပိ ၄:၉) ခရစ်ယာန်များသည် ဘုရားသခင့်နှုတ်မြွက်စကားတော် အမှန်တရားကို လက်ခံရုံမျှမဟုတ်။ သူတို့မိသားစု၊ အလုပ်ခွင်၊ အသင်းတော်နှင့် အသက်တာ၏ အခြားကဏ္ဍတိုင်းတွင် သမ္မာကျမ်းစာပါ ဆုံးမစကားကို မပြတ်လိုက်လျှောက်ပြီး သင်ယူရရှိရာကို ကျင့်သုံးကြသည်။
၃ သို့ရာတွင် ခရစ်ယာန်စစ်များ၏ အခြေအနေသည် ကွာခြားသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ ဆုံးမစကားများကို သူတို့လက်တွေ့ကျင့်သုံးခဲ့ခြင်းကြောင့် သူတို့၏အတွေးအခေါ်နှင့် အကျင့်အကြံများကို ပြောင်းလဲနိုင်ခဲ့ပြီ။ ထို့ကြောင့် သူတို့တင်ပြသော ဥပဓိရုပ်သစ်ကို အခြားသူများ အလွယ်တကူသတိပြုမိကြသည်။ (၄။ ဘုရားသခင့်ပညတ်များကို လက်တွေ့ကျင့်သုံးရန် အဘယ်ကြောင့်မလွယ်ကူသနည်း။
၄ ဘုရားသခင့်ပညတ်များနှင့် မူများကို ကျင့်သုံးရန် မလွယ်ကူပါ။ ကျွန်ုပ်တို့သည် “ဤလောကကိုအစိုးရသောဘုရား” ဟုကျမ်းစာခေါ်ဆိုထားသူ၊ စာတန်၏ ဩဇာအောက်ရှိ လောကတွင် အသက်ရှင်နေကြရသည်။ (၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉) ထို့ကြောင့် ယေဟောဝါဘုရားသခင်အား တည်ကြည်သည့် လမ်းစဉ်ပေါ်လျှောက်လှမ်းခြင်းမှ ကျွန်ုပ်တို့ကို ဟန့်တားနှောင့်ယှက်မည့် အဘယ်အရာမဆို သတိပြုရန် အရေးကြီးသည်။ ကျွန်ုပ်တို့သည် တည်ကြည်သူများ မည်သို့ဖြစ်နိုင်မည်နည်း။
“ကျန်းခံ့သောတရားစကားပုံစံကို” ကိုင်စွဲလော့
၅။ “ငါ့နောက်သို့ အဆက်မပြတ်လိုက်လော့” ဟူသော ယေရှု၏မိန့်တော်မူချက်သည် အဘယ်အရာကို ဆိုလိုသနည်း။
၅ ကျွန်ုပ်တို့သင်ယူရရှိရာကို ကျင့်သုံးခြင်း၏အသွင်တစ်ခုမှာ မယုံကြည်သူများက အတိုက်အခံပြုသော်လည်း စစ်မှန်သောဝတ်ပြုရေးကို တည်ကြည်စွာကိုင်စွဲထားခြင်းဖြစ်သည်။ ခံနိုင်ရည်ရှိရန် ကြိုးစားအားထုတ်ရမည်။ ယေရှုဤသို့မိန့်တော်မူ၏– “ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုစွန့်လွှတ်ရမည်။ ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့အဆက်မပြတ်လိုက်လော့။” (မဿဲ ၁၆:၂၄၊ ကဘ) ကျွန်ုပ်တို့သည် ယေရှုနောက်သို့ တစ်ပတ်၊ တစ်လ၊ တစ်နှစ်မျှသာလိုက်သင့်သည်ဟု ကိုယ်တော်မိန့်တော်မမူခဲ့ပါ။ ယင်းအစား ကိုယ်တော်က “ငါ့နောက်သို့ အဆက်မပြတ်လိုက်လော့” ဟုမိန့်တော်မူခဲ့သည်။ ထို့ကြောင့် ကိုယ်တော်၏တပည့်ဖြစ်ခြင်းဟူသည် ကျွန်ုပ်တို့ဘဝအသက်တာ တစ်ကာလမျှသာ၊ သို့မဟုတ် ခေတ္တယာယီသာ ဘုရားတရားကြည်ညိုခြင်းကိုမဆိုလိုကြောင်း ကိုယ်တော့်မိန့်တော်မူချက်က ဖော်ပြသည်။ စစ်မှန်သောဝတ်ပြုရေးကို တည်ကြည်စွာဆုပ်ကိုင်ထားခြင်းဟူသည် မည်သည့်အရာမဆို ကြုံတွေ့ရပါစေ ကျွန်ုပ်တို့ရွေးချယ်ထားသောလမ်းစဉ်တွင် ခိုင်မြဲစွာရပ်တည်နေခြင်းကို ဆိုလိုသည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။
၆။ ပထမရာစုခရစ်ယာန်များ ပေါလုထံမှသင်ယူခဲ့သည့် ကျန်းခံ့သောတရားစကားပုံစံကား အဘယ်နည်း။
၆ ပေါလုက လုပ်ဖော်ဆောင်ဖက် တိမောသေကို ဤသို့အားပေးခဲ့၏– “ငါ့ထံ၌ကြားရသည့် စင်ကြယ်သောတရားစကားပုံစံ [“ကျန်းခံ့သောတရားစကားပုံစံ၊” ကဘ] ကို ခရစ်တော်ယေရှု၌ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲကိုင်လော့။” (၂ တိမောသေ ၁:၁၃၊ သမ္မာ) အဘယ်အရာကို ပေါလုဆိုလိုသနည်း။ ဤတွင် “ပုံစံ” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် စာသားအရ ပန်းချီဆရာရေးဆွဲသည့်ပုံကြမ်းကို ရည်ညွှန်းသည်။ အနုစိတ်ဆွဲထားသည့်ပုံမဟုတ်သေးသော်လည်း ပိုင်းခြားသိမြင်သူတစ်ဦးသည် ဤပုံကြမ်းကိုကြည့်ရုံဖြင့် ရုပ်လုံးဖော်နိုင်သည်။ ထိုနည်းတူပင် တိမောသေနှင့် အခြားသူများအား ပေါလုသွန်သင်ပေးခဲ့သော အမှန်တရားပုံစံသည် ပေါ်ပေါက်နိုင်သည့် မေးခွန်းတိုင်းအတွက် တိကျသောအဖြေမပေးပါ။ သို့သော်လည်း ထိုသွန်သင်ချက်သည် စိတ်နှလုံးရိုးဖြောင့်သူများထံမှ ယေဟောဝါ အဘယ်အရာတောင်းဆိုတော်မူကြောင်းကို ပိုင်းခြားသိမြင်စေရန် ညွှန်ကြားချက်အလုံအလောက်ပေးသော ပုံကြမ်းတစ်ခုဖြစ်သည်။ သို့သော် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ထိုအမှန်တရားပုံစံကို ဆက်၍ဆုပ်ကိုင်ထားကြရမည်။
၇။ ခရစ်ယာန်များသည် ကျန်းခံ့သောတရားစကားပုံစံကို မည်သို့စွဲမြဲစွာ ဆုပ်ကိုင်ထားနိုင်သနည်း။
၇ ပထမရာစုမှ ဟုမေနဲ၊ အာလေဇန်ဒြု၊ ဖိလက်ကဲ့သို့သောသူများသည် “ကျန်းခံ့သောတရားစကားပုံစံ” နှင့်မကိုက်ညီသည့် အကြံအစည်များကို အားပေးထောက်ခံခဲ့ကြသည်။ (၁ တိမောသေ ၁:၁၈-၂၀; ၂ တိမောသေ ၂:၁၆၊ ၁၇) အစောပိုင်းခရစ်ယာန်များသည် အယူဖောက်ပြန်သူများကြောင့် လမ်းလွဲသွားခြင်းကို မည်သို့ရှောင်နိုင်ခဲ့ကြသနည်း။ မှုတ်သွင်းခံရေးသားချက်များကို သတိဝီရိယရှိရှိလေ့လာခြင်းနှင့် သူတို့အသက်တာတွင် ကျင့်သုံးခြင်းအားဖြင့်ဖြစ်သည်။ ပေါလုနှင့် အခြားတည်ကြည်သူများ၏ ပုံသက်သေကို လိုက်လျှောက်ကြသူများသည် သူတို့သင်ယူရရှိထားသည့် အမှန်တရားပုံစံနှင့် မကိုက်ညီသည့် အရာမှန်သမျှကို ခွဲခြားသိမြင်နိုင်ပြီး ငြင်းဆန်နိုင်ခဲ့ကြသည်။ (ဖိလိပ္ပိ ၃:၁၇; ဟေဗြဲ ၅:၁၄) “ပုစ္ဆာအမေးကိုဆွေးနွေး၍ စကားကြောင့်သာငြင်းခုံသောအားဖြင့် စိတ်ပေါ့သောသူ” များဖြစ်မည့်အစား သူတို့သည် ဘုရားသခင်ဝတ်၌မွေ့လျော်သော မှန်ကန်သည့်လမ်းစဉ် တွင် ဆက်လျှောက်လှမ်းခဲ့ကြသည်။ (၁ တိမောသေ ၆:၃-၆) ကျွန်ုပ်တို့လည်း သင်ယူရရှိထားသည့် အမှန်တရားကို လက်တွေ့ကျင့်သုံးကြခြင်းအားဖြင့် အလားတူလုပ်ဆောင်ကြသည်။ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်နေကြသော သန်းနှင့်ချီသူများသည် သူတို့သင်ယူရရှိခဲ့သော သမ္မာကျမ်းစာမှအမှန်တရားပုံစံကို မြဲမြံစွာဆုပ်ကိုင်ထားကြောင်း တွေ့မြင်ရခြင်းသည် တကယ်အားရှိစရာပင်။—၁ သက်သာလောနိတ် ၁:၂-၅။
‘မှားယွင်းသော ဒဏ္ဍာရီစကား’ ကိုငြင်းပယ်လော့
၈။ (က) ယနေ့အချိန်တွင် စာတန်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ကြိုးစားဖျက်ဆီးသနည်း။ (ခ) ၂ တိမောသေ ၄:၃၊ ၄ တွင်ပေါလု မည်သို့သတိပေးခဲ့သနည်း။
၈ စာတန်သည် ကျွန်ုပ်တို့သင်ယူခဲ့ရာများအပေါ် သံသယမျိုးစေ့ကြဲခြင်းအားဖြင့် ကျွန်ုပ်တို့၏တည်ကြည်မှုကို ချိုးဖျက်ရန် ကြိုးစားသည်။ ပထမရာစုမှာကဲ့သို့ ယနေ့လည်း အယူဖောက်ပြန်သူများနှင့် အခြားသူများသည် ရိုးဖြောင့်သူများ၏ ယုံကြည်ခြင်းကို ဖျက်ဆီးရန် ကြိုးစားကြသည်။ (ဂလာတိ ၂:၄; ၅:၇၊ ၈) တစ်ခါတစ်ရံ သူတို့သည် လူထုဆက်သွယ်ရေးကို အသုံးပြုပြီး ယေဟောဝါလူမျိုးတော်၏ နည်းလမ်းများ၊ သဘောထားများအကြောင်း ဗြောင်လိမ်လည်၍ မဟုတ်မမှန်သတင်း ဖြန့်ချိကြသည်။ အချို့တို့သည် အမှန်တရားမှ လမ်းလွဲသွားလိမ့်မည်ဟု ပေါလုဤသို့သတိပေး ရေးသားခဲ့၏– “နောင်ကာလ၌ လူတို့သည် စင်ကြယ်သော[သွန်သင်ခြင်း]ကို နားမခံနိုင်ဘဲ ယားတတ်သောနားရှိလျှင် မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ [အမှန်]တရားကိုနားမထောင်ဘဲ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်။”—၂ တိမောသေ ၄:၃၊ ၄။
၉။ ‘မှားယွင်းသော ဒဏ္ဍာရီစကား’ ဟုပေါလုရည်ညွှန်းခဲ့ရာတွင် အဘယ်အရာကို ဆိုလိုနိုင်သနည်း။
၉ ကျန်းခံ့သောတရားစကားပုံစံကို ဆုပ်ကိုင်ထားကြမည့်အစား အချို့သူတို့သည် ‘မှားယွင်းသော ဒဏ္ဍာရီစကား’ များကို သိလိုစိတ်ပြင်းပြခဲ့ကြသည်။ ထိုမှားယွင်းသောဒဏ္ဍာရီစကားများကား အဘယ်နည်း။ ကျမ်းစစ်မဟုတ်သောကျမ်းပို၊ တိုးဘိကျမ်းတွင်ပါသော စိတ်ကူးပေါက်ရာရေးထားသည့်ပုံပြင်များကို ပေါလုဆိုလိုနေပေမည်။ * မှားယွင်းသောဒဏ္ဍာရီပုံပြင်များတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ မှန်းဆ၍ပြောဆိုသော ကောလာဟလသတင်းများလည်း ပါဝင်နိုင်၏။ အချို့သူများသည် “မိမိတပ်မက်ခြင်းအတိုင်း” ဘုရားသခင့်စံနှုန်းများနှင့်ပတ်သက်၍ အထိန်းအကွပ်မရှိ ရှုမြင်ကြသူများ သို့မဟုတ် အသင်းတော်တွင်ဦးစီးသူများကို အပြစ်ရှာသူများ၏ ဖြားယောင်းသွေးဆောင်မှုကို ခံခဲ့ကြရပေမည်။ (၃ ယောဟန် ၉၊ ၁၀; ယုဒ ၄) အချို့သူတို့သည် မည်သည့်နည်းဖြင့်ပင် ထိမိ၍လဲခဲ့ပါစေ သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားထက် မှားယွင်းသောစကားများကို ပို၍နှစ်သက်ပုံရသည်။ မကြာမီ ဤသူတို့သည် မိမိတို့သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်း မပြုတော့ဘဲ မိမိတို့ကိုယ်ကို ဝိညာဉ်ရေးအကျိုးယုတ်စေခဲ့ကြသည်။—၂ ပေတရု ၃:၁၅၊ ၁၆။
၁၀။ မျက်မှောက်ခေတ် မှားယွင်းသောဒဏ္ဍာရီပုံပြင်များကား အဘယ်နည်း၊ အထူးသတိပြုရန်လိုကြောင်း ယောဟန် မည်သို့ဖော်ပြခဲ့သနည်း။
၁၀ ကျွန်ုပ်တို့နားထောင်၊ ဖတ်ရှုရာများကို အသေအချာစစ်ဆေး ရွေးချယ်မည်ဆိုလျှင် မှားယွင်းသောဒဏ္ဍာရီစကားများကို မစွဲလမ်းမိရန် ရှောင်ရှားနိုင်သည်။ ဥပမာ၊ လူထုဆက်သွယ်ရေးနည်းလမ်းများသည် အကျင့်ပျက်ပြားခြင်းကို အားပေးအားမြှောက်ပြုလေ့ရှိသည်။ လူအများသည် မသိဝါဒီ သို့မဟုတ် ဘုရားသခင်မဲ့ဝါဒကို ဗြောင်ကျကျထွန်းကားစေကြသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်း၁ ယောဟန် ၄:၁) ထို့ကြောင့် ကျွန်ုပ်တို့သတိပြုရန်လိုသည်။
ခံစာစောင်ဖြစ်သည်ကို ဝေဖန်ရေးသမားများက ပြောင်လှောင်ကြသည်။ ထို့ပြင် မျက်မှောက်ခေတ် အယူဖောက်ပြန်သူများသည် ခရစ်ယာန်တို့၏ယုံကြည်ချက်ကို မှောက်လှန်ဖျက်ဆီးရန် သံသယမျိုးစေ့များ ကြိုးစားကြဲကြသည်။ ပထမရာစုရှိ မှောက်မှားသောပရောဖက်များကြောင့်ဖြစ်ပေါ်ခဲ့သည့် ထပ်တူအန္တရာယ်နှင့်ပတ်သက်၍ တမန်တော်ယောဟန်က ဤသို့သတိပေးခဲ့သည်– “ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ။” (၁၁။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတွင် တည်မတည် ဆန်းစစ်ရန် နည်းတစ်နည်းကား အဘယ်နည်း။
၁၁ ယင်းနှင့်စပ်လျဉ်း၍ ပေါလုဤသို့ရေးသားခဲ့၏– “သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။” (၂ ကောရိန္သု ၁၃:၅) ကျွန်ုပ်တို့သည် ခရစ်ယာန်ယုံကြည်ချက်အားလုံးကို ဆုပ်ကိုင်ထားမထားသိရှိရန် မိမိကိုယ်ကိုစစ်ဆေးဖို့ တမန်တော်က အားပေးခဲ့သည်။ ကျွန်ုပ်တို့သည် အတိုက်အခံပြုသူများ၏စကားကို နားထောင်လိုစိတ်ရှိနေပါက ဆုတောင်း၍ မိမိတို့ကိုယ်ကို ဆန်းစစ်ရန်လိုပါသည်။ (ဆာလံ ၁၃၉:၂၃၊ ၂၄) ကျွန်ုပ်တို့သည် ယေဟောဝါ၏လူမျိုးတော်ကို အပြစ်ရှာတတ်သလော။ အပြစ်ရှာနေပါက၊ အဘယ်ကြောင့်နည်း။ တစ်ဦးတစ်ယောက်၏ စကား၊ သို့မဟုတ် အပြုအမူကြောင့် စိတ်နာခဲ့ဖူးပါသလော။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ်တို့သည် အရာရာကို အရှိအတိုင်းရှုမြင်ပါသလော။ ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေရသည့် မည်သည့်အခက်အခဲမဆိုသည် ခဏမျှသာဖြစ်သည်။ (၂ ကောရိန္သု ၄:၁၇) အသင်းတော်တွင် စုံစမ်းစမ်းသပ်မှုအချို့ခံနေရလျှင်ပင် ဘုရားသခင့်အမှုတော်ကို အဘယ်ကြောင့်မဆောင်ဘဲနေမည်နည်း။ တစ်ခုခုကြောင့် ကျွန်ုပ်တို့စိတ်အနှောင့်အယှက်ဖြစ်နေမည်ဆိုလျှင် ပြဿနာဖြေရှင်းရန် အတတ်နိုင်ဆုံးကြိုးစားပြီး ယေဟောဝါ၏လက်ထဲတွင် အပ်ထားခြင်းသည် ပို၍ကောင်းသည်မဟုတ်ပေလော။—ဆာလံ ၄:၄; သု. ၃:၅၊ ၆; ဧဖက် ၄:၂၆။
၁၂။ ဗေရိမြို့သားများသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်း မည်သို့ချမှတ်ခဲ့သနည်း။
၁၂ အပြစ်ရှာနေမည့်အစား ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှုနှင့် အသင်းတော်အစည်းအဝေးများမှ ရရှိထားသောအချက်အလက်များအပေါ် ဝိညာဉ်ရေးအမြင်ရှိဖို့ အမြဲကြိုးစားကြစို့။ (၁ ကောရိန္သု ၂:၁၄၊ ၁၅) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သံသယဝင်နေမည့်အစား သမ္မာကျမ်းစာကို စေ့စေ့ကြည့်ရှုစစ်ဆေးခဲ့ကြသည့် ပထမရာစုမှ ဗေရိမြို့သားများ၏ သဘောထားမျိုးရှိခြင်းသည် အလွန်ပညာရှိသည်တကား! (တမန်တော် ၁၇:၁၀၊ ၁၁) ထို့နောက် မှားယွင်းသော ဒဏ္ဍာရီစကားများကို ငြင်းပယ်ပြီး အမှန်တရားကို ဆုပ်ကိုင်ထားခြင်းအားဖြင့် သင်ယူရရှိရာကို ကျင့်သုံးကြစို့။
၁၃။ ကျွန်ုပ်တို့သည် မှားယွင်းသောဒဏ္ဍာရီစကားများကို မထင်မမှတ်ဘဲ မည်သို့ပျံ့နှံ့သွားစေနိုင်သနည်း။
၁၃ ကျွန်ုပ်တို့သတိထားရမည့် မှားယွင်းသောဒဏ္ဍာရီပုံပြင်စကားတစ်မျိုး ရှိသေးသည်။ များသောအားဖြင့် အီးမေးလ်မှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်သတင်းမြောက်မြားစွာ ပျံ့နှံ့လေ့ရှိသည်။ အထူးသဖြင့် သတင်းအချက်အလက်များ၏ ရင်းမြစ်ကို ကျွန်ုပ်တို့မသိရပါက ထိုကဲ့သို့သောသတင်းများကို သတိပြုသင့်သည်။ နာမည်ကောင်းရှိသူ ခရစ်ယာန်တစ်ဦးပို့လိုက်သည့် တွေ့ကြုံမှု သို့မဟုတ် အဖြစ်အပျက်တစ်ခုဖြစ်လျှင်ပင် ထိုပုဂ္ဂိုလ်သည် ထိုသတင်းအချက်အလက်ကို ကိုယ်တိုင်ကိုယ်ကျကြားသိထားရာ ဖြစ်ချင်မှဖြစ်မည်။ ထို့ကြောင့် မှန်မမှန်မသိရသော သတင်းများကို တစ်ဆင့်ပြောဆိုခြင်း သို့မဟုတ် ဆက်၍ပျံ့နှံ့စေခြင်းတို့ကို မပြုရန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် “တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကား” သို့မဟုတ် “သန့်ရှင်းမြင့်မြတ်ရာကို မခန့်လေးစားပြုသည့် မှားယွင်းသောဒဏ္ဍာရီစကားများ” ကို ထပ်မံပြောဆိုလိုကြမည် မဟုတ်သည်မှာ သေချာသည်။ (၁ တိမောသေ ၄:၇) ကျွန်ုပ်တို့ သည် တစ်ယောက်ကိုတစ်ယောက် မှန်မှန်ကန်ကန်ပြောဆိုရမည်ဖြစ်သောကြောင့် မမှန်သောစကားများကို အမှတ်တမဲ့ပင် ပျံ့နှံ့မသွားစေရန်သတိပြုခြင်းသည် ပညာရှိရာကျသည်။—ဧဖက် ၄:၂၅။
အမှန်တရားကို လက်တွေ့ကျင့်သုံးခြင်း အကျိုးကျေးဇူးများ
၁၄။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ ကျွန်ုပ်တို့သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။
၁၄ ကိုယ်ပိုင်လေ့လာမှုနှင့် ခရစ်ယာန်အစည်းအဝေးများမှ ကျွန်ုပ်တို့တတ်သိလာရာများကို လက်တွေ့ကျင့်သုံးခြင်းသည် အကျိုးများစွာရှိသည်။ ဥပမာ၊ ယုံကြည်သူချင်းများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး တိုးတက်လာကြောင်း တွေ့မြင်ရပေမည်။ (ဂလာတိ ၆:၁၀) ကျမ်းစာမူများကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးကြသည့်အခါ ကျွန်ုပ်တို့၏စိတ်ထား ပိုကောင်းလာပေမည်။ (ဆာလံ ၁၉:၈) ထို့ပြင် ကျွန်ုပ်တို့သင်ယူရရှိရာကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ‘ဘုရားသခင်၏သွန်သင်ချက်ကို တန်ဆာဆင်’ ပြီး စစ်မှန်သောဝတ်ပြုရေးသို့ အခြားသူများကို သွေးဆောင်နိုင်ပေမည်။—တိတု ၂:၆-၁၀။
၁၅။ (က) လူငယ်တစ်ဦး ကျောင်းတွင်သက်သေခံရန် မည်သို့သတ္တိမွေးခဲ့သနည်း။ (ခ) ဤတွေ့ကြုံမှုမှ သင်အဘယ်အရာ သင်ယူခဲ့သနည်း။
၁၅ ယေဟောဝါသက်သေများတွင် ကိုယ်ပိုင်လေ့လာမှုပြုခြင်း၊ ခရစ်ယာန်စာပေစာတမ်းများ ဖတ်ရှုခြင်းအပြင် အသင်းတော်အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်းကြောင့် သင်ယူရရှိထားရာများကို လက်တွေ့ကျင့်သုံးကြသူ လူငယ်များစွာရှိသည်။ သူတို့၏အမူအကျင့်ကောင်းသည် ကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းနေဖက်များအတွက် အစွမ်းထက်သော သက်သေခံချက်တစ်ရပ်ဖြစ်သည်။ (၁ ပေတရု ၂:၁၂) ဥပမာ၊ အမေရိကန်ပြည်ထောင်စုရှိ ၁၃ နှစ်အရွယ် မိန်းမငယ် လက်စလီကို သုံးသပ်ကြည့်ပါ။ သူသည် မိမိ၏ယုံကြည်ချက်အကြောင်း ကျောင်းနေဖက်များအားပြောပြရန် အခက်တွေ့ကြောင်း ဝန်ခံသည်၊ သို့သော် တစ်နေ့သောအခါ ထိုအခြေအနေပြောင်းလဲသွားသည်။ “လူတွေဟာ ကုန်ပစ္စည်းတွေရောင်းဖို့ ဘယ်လိုကြိုးစားကြတဲ့အကြောင်း အတန်းထဲမှာ ဆွေးနွေးတဲ့အခါ မိန်းကလေးတစ်ယောက်က လက်ထောင်ပြီး ယေဟောဝါသက်သေတွေလုပ်သလိုပဲလို့ ပြောလိုက်တယ်။” သက်သေခံတစ်ဦးအနေနှင့် လက်စလီ မည်သို့တုံ့ပြန်ခဲ့သနည်း။ “ကျောင်းမှာ ကျွန်မဟာ အမြဲတမ်း အေးအေးဆေးဆေးနေတတ်တဲ့အတွက် ကျွန်မရဲ့ယုံကြည်ခြင်းကို ချေပပြောဆိုလိုက်လို့ လူတိုင်းအံ့သြသွားကြတယ်” ဟုသူပြောပြသည်။ လက်စလီ၏ရဲရင့်မှု ရလဒ်မှာ အဘယ်နည်း။ “အဲ့ဒီကျောင်းနေဖက်မှာ တခြားမေးခွန်းတွေရှိတဲ့အတွက် သူ့ကို ဘရိုရှာတစ်စောင်နဲ့ ဝေစာတစ်စောင်ဝေငှနိုင်ခဲ့တယ်” ဟု လက်စလီပြောပြသည်။ မိမိတို့သင်ယူခဲ့ရာကို လက်တွေ့ကျင့်သုံးခဲ့ကြသည့် လူငယ်လေးများသည် ကျောင်းတွင် သက်သေခံရန် သတ္တိမွေးကြသည့်အခါ ယေဟောဝါ အမှန်တကယ်ပင် ရွှင်လန်းပါလိမ့်မည်!—သု. ၂၇:၁၁; ဟေဗြဲ ၆:၁၀။
၁၆။ သက်သေခံလူငယ်တစ်ဦးသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အဘယ်အကျိုးကျေးဇူးခံစားခဲ့ရသနည်း။
၁၆ နောက်တစ်ဦးမှာ အဲလစ်ဇဘက်ဖြစ်သည်။ သူသည် ခုနစ်နှစ်အရွယ်ကတည်းက မူလတန်းတက်ချိန် တစ်လျှောက်လုံးတွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သူတာဝန်ကျသည့်အခါတိုင်း ဘုရားသခင့်နိုင်ငံတော်ခန်းမသို့လာရန် သူ၏ဆရာဆရာမများကို ဖိတ်ခေါ်ခဲ့သည်။ ဆရာမဖြစ်သူက မတက်ရောက်နိုင်ခဲ့လျှင် အဲလစ်ဇဘက်သည် ကျောင်းဆင်းပြီးနောက် သူ၏ဟောပြောချက်ကို ဆရာမအား တင်ဆက်ပြောဆိုခဲ့သည်။ အထက်တန်းကျောင်းနောက်ဆုံးနှစ်တွင် အဲလစ်ဇဘက်သည် သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှရသည့် အကျိုးကျေးဇူးအကြောင်း စာမျက်နှာဆယ်မျက်နှာရှိ အစီရင်ခံစာတစ်ခုကို ရေးသားပြီး ဆရာဆရာမလေးယောက်ရှေ့ တင်ပြပြောဆိုခဲ့သည်။ ထို့ပြင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းပုံစံတစ်ခုကို တင်ပြခွင့်ရသောကြောင့် “ဆိုးသွမ်းမှုကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုသနည်း” အကြောင်းကို ဟောပြောရန် သူရွေးချယ်ခဲ့သည်။ အဲလစ်ဇဘက်သည် ယေဟောဝါသက်သေများ၏ သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပညာရေးအစီအစဉ်မှ အကျိုးခံစားခဲ့ရသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သင်ယူခဲ့ရာများကို လက်တွေ့ကျင်သုံးခြင်းဖြင့် ယေဟောဝါအား ချီးမွမ်းဂုဏ်တင်နိုင်ခဲ့သော ခရစ်ယာန်လူငယ်များစွာတွင် တစ်ဦးမျှဖြစ်သည်။
၁၇၊ ၁၈။ (က) သမ္မာကျမ်းစာက ရိုးသားမှုနှင့်ပတ်သက်၍ မည်သို့ဆုံးမသနည်း။ (ခ) အမျိုးသားတစ်ဦးသည် ရိုးသားသည့်အမူအကျင့်ရှိသော ယေဟောဝါသက်သေတစ်ဦးကြောင့် အဘယ်အကျိုးခံစားခဲ့ရသနည်း။
၁၇ သမ္မာကျမ်းစာက အရာရာတွင် ရိုးသားစွာပြုမူရန် ခရစ်ယာန်များအား ဆုံးမသည်။ (ဟေဗြဲ ၁၃:၁၈) မရိုးသားမှုသည် အခြား သူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပြင် ပို၍အရေးကြီးသည်မှာ ယေဟောဝါကိုယ်တော်တိုင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည်။ (သု. ၁၂:၂၂) ယုံကြည်စိတ်ချရသော ကျွန်ုပ်တို့၏ အမူအကျင့်သည် သင်ယူရရှိရာကို လက်တွေ့ကျင့်သုံးနေကြောင်း ဖော်ပြပြီး ယင်းကြောင့် ယေဟောဝါသက်သေများကို လူတို့ပိုမိုလေးစားခဲ့ကြသည်။
၁၈ ဖိလစ်အမည်ရှိသူ စစ်မှုထမ်းတစ်ဦး၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ငွေပမာဏမဖြည့်ရသေးသော လက်မှတ်ထိုးထားသည့် သူ၏ချက်လက်မှတ်တစ်စောင် ပျောက်သွားသည်၊ ယင်းကို စာတိုက်မှ ရောက်လာသည့် စာတစ်စောင်တွင် ပြန်ရရှိမှ ထိုချက်လက်မှတ် ပျောက်နေကြောင်း သူသိခဲ့ရသည်။ ထိုချက်လက်မှတ်ကို ကောက်ရသူမှာ ယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး မိမိ၏ဘာသာရေးယုံကြည်ချက်ကြောင့် ၎င်းချက်လက်မှတ်ကို ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည့် စာတိုလေးတစ်စောင်ပါ ပါရှိသည်။ ဖိလစ် အလွန်အံ့သြသွားသည်။ “ကျွန်တော့်ငွေ ဒေါ်လာ ၉,၀၀၀ စလုံးပြောင်သွားအောင် သူတို့ထုတ်ယူလိုက်နိုင်တယ်!” ဟုသူပြောပြသည်။ တစ်ခါက ချာ့ခ်ျတွင် သူ၏ဦးထုပ်အခိုးခံခဲ့ရချိန်တွင် သူအလွန်စိတ်ပျက်ခဲ့ဖူးသည်။ မျက်နှာသိတစ်ဦးက သူ့ဦးထုပ်ကို ယူသွားခဲ့ပြီး ယခုမူ သူစိမ်းတစ်ဦးက ဒေါ်လာထောင်ချီအဖိုးတန်သော ချက်လက်မှတ်ကို ပြန်ပို့ပေးခဲ့သည်! မှန်ပါသည်၊ ရိုးသားသောခရစ်ယာန်များသည် ယေဟောဝါဘုရားသခင်ကို အမှန်တကယ်ဂုဏ်တင်ကြသည်!
သင်ယူရရှိရာကို ဆက်၍ကျင့်သုံးခြင်း
၁၉၊ ၂၀။ ကျွန်ုပ်တို့သိရှိလာသည့် ကျမ်းစာဆိုင်ရာအကြောင်းအရာများနှင့်အညီ ပြုမူနေထိုင်ခြင်းမှ မည်သို့အကျိုးကျေးဇူး ခံစားရမည်နည်း။
၁၉ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သင်ယူရရှိရာကို လက်တွေ့ကျင့်သုံးသူများသည် အကျိုးကျေးဇူးများစွာ ရိတ်သိမ်းရကြသည်။ တပည့်တော်ယာကုပ် ဤသို့ရေးသားခဲ့၏– “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့် မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။” (ယာကုပ် ၁:၂၅) မှန်ပါသည်၊ ကျွန်ုပ်တို့သင်ယူရရှိသော ကျမ်းစာဆိုင်ရာ အကြောင်းအရာများနှင့်အညီ လုပ်ဆောင်ကြမည်ဆိုလျှင် စစ်မှန်သည့်ပျော်ရွှင်မှုရှိပြီး ဘဝဖိစီးမှုများကို ကောင်းစွာဖြေရှင်းနိုင်ပေမည်။ ထို့ပြင် ယေဟောဝါ၏ကောင်းချီးခံစားရပြီး ထာဝရအသက်မျှော်လင့်ချက်ရှိမည်!—သု. ၁၀:၂၂; ၁ တိမောသေ ၆:၆။
၂၀ သို့ဖြစ်၍ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာပြီး ဆက်၍ကျင့်သုံးပါ။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများနှင့်အတူ မှန်မှန်စုဝေးပြီး ခရစ်ယာန်အစည်းအဝေးများတွင် တင်ဆက်သည့်အကြောင်းအရာကို အာရုံစိုက်ပါ။ သင်ယူရရှိရာကို လက်တွေ့ကျင့်သုံးပါ၊ ထိုသို့ကျင့်လျှင် “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။”—ဖိလိပ္ပိ ၄:၉။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ဘီ.စီ.အီး. သုံးရာစုတွင် ရေးသားခဲ့ခြင်းဖြစ်နိုင်သည့် တိုးဘိကျမ်းတွင် တိုးဘိုင်ယပ်စ်အမည်ရှိသူ ဂျူးတစ်ဦး၏ အယူသီးစွာ ပြောဆိုခဲ့သောစကားများပါရှိသည်။ ဤသူသည် ငါးကြီးတစ်ကောင်၏ နှလုံး၊ သည်းခြေနှင့် အသည်းတို့ကိုအသုံးပြုကာ အနာရောဂါကုသနိုင်စွမ်းရှိပြီး နတ်ဆိုးတို့ကို နှင်ထုတ်နိုင်၏ဟု ဆိုသည်။
သင်မှတ်မိသလော
• “ကျန်းခံ့သောတရားစကားပုံစံ” ကားအဘယ်နည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ဆက်၍ဆုပ်ကိုင်ထားနိုင်သနည်း။
• အဘယ် ‘မှားယွင်းသော ဒဏ္ဍာရီစကားများ’ ကို ကျွန်ုပ်တို့ ငြင်းပယ်ရန်လိုသနည်း။
• ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သိရှိလာရာများကို လက်တွေ့ကျင့်သုံးသူများသည် အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အစောပိုင်းခရစ်ယာန်များသည် အယူဖောက်ပြန်သူများကြောင့် လမ်းလွဲသွားခြင်းအဖြစ်ကို မည်သို့ရှောင်နိုင်ခဲ့သနည်း
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
လူထုဆက်သွယ်ရေး၊ အင်တာနက်နှင့် မျက်မှောက်ခေတ် အယူဖောက်ပြန်သူများမှတစ်ဆင့် သံသယမျိုးစေ့များကြဲနိုင်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
မှန်မမှန်မသိရသော အကြောင်းအချက်များကို ပျံ့နှံ့စေခြင်းသည် ပညာမဲ့ရာရောက်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အလုပ်၊ ကျောင်းနှင့်အခြားမည်သည့်နေရာတွင်မဆို ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သူတို့ဖတ်ရှုရာများကို လက်တွေ့ကျင့်သုံးကြ